Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

359. Suvaṇṇamigajātakaṃ (5-1-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိက္ကမ ရေ ဟရိပါဒ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုဝဏ္ဏမိဂရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအမျိုးသ္မီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ဘုရားလောင်း၏မယားသည်ကား ပြေးပြီး၍သမင်တို့၏ အတွင်း၌ကြည့်လတ်သော် ဘုရားလောင်းကိုမမြင်၍ ဤဘေးသည်ငါ၏ ချစ်စွာသောလင်အားဖြစ်သောဘေးဖြစ်ရာ၏ဟုလျင်မြန်သဖြင့် ဘုရားလောင်း ၏အထံသို့သွား၍ မျက်ရည်စွတ်သောမျက်နှာရှိသည်ဖြစ်၍ငိုလျက်၊ အရှင်သည်အားကြီး၏။ ဤကျော့ကွင်းသည်သင့်ကိုခံအံ့သောငှါမတတ်နိုင်လတ္တံ့။ အဟုန်ကိုဖြစ်စေ၍ ထိုကျော့ကွင်းကို ဖြတ်လော့ဟုအားထုတ်ခြင်းကိုဖြစ်စေလိုရကား။ ။

(၇၅၇)ဝိက္ကမ ရေ ဟရိ-ပါဒ၊ဝိက္ကမ ရေ မဟာမိဂ။

ဆိန္ဒ ဝါရတ္တိကံ ပါသံ၊နာဟံ ဧကာ ဝနေ ရမေ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၇၅၇)ဟရိ-ပါဒ၊ ရွှေအဆင်းနှင့်တူသောခြေရှိသော။ ရေ၊ ငါ့ချစ်လင် သမင်မင်း။ ဝိက္ကမ၊ ရက်ရက်စုတ်စုတ် အားထုတ်တော်မူလော့။ ဝါ၊ ငင်ဆောင့်ရုန်းတော်မူလော့။ မဟာ-မိဂ၊ မြတ်သောသမင်မင်းဖြစ်သော။ ရေ၊ ငါ၏ချစ်လင်။ ဝိက္ကမ၊ အားထုတ်တော်မူလော့။ ဝရတ္တိကံ၊ သားရေလွန်ဖြင့်ပြုအပ်သော။ ပါသံ၊ ကျော့ကွင်းကို။ ဆိန္ဒ၊ ဖြတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဧကာ၊ ချစ်လင်နှင့်ကင်း၍တစ်ယောက်ထည်းတည်း။ ဝနေ၊ တော၌။ နရမေ၊ မမွေ့လျော်နိုင်။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသမင်မင်းသည်။ ။

(၇၅၈)ဝိက္ကမာမိ န ပါရေမိ၊ဘူမိံ သုမ္ဘာမိ ဝေဂသာ။

ဒဠှော ဝါရတ္တိကော ပါသော၊ပါဒံ မေ ပရိကန္တတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၇၅၈)ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ ဝိက္ကမာမိဝီရိယံကရောမိ၊ အားထုတ်လုံ့လပြုပါ၏။ နပါရေမိ၊ ကျော့ကွင်းပြတ်ကျအောင် ကိစ္စပြီးတိုင်မတတ်နိုင်။ ဝေဂသာ၊ အဟုန်ဖြင့်။ ဘူမိံ၊ မြေကို။ သုမ္ဘာမိ၊ ကျောက်ကန်ပါ၏။ ဝရတ္တိကော၊ သားရေလွန်ဖြင့် ပြုအပ်သော။ ပါသော၊ ကျော့ကွင်းသည်။ ဒဠှော၊ မြဲမြံလှ၏။ မေ၊ ငါ၏။ ပါဒံ၊ ခြေကို။ ပရိကန္တတိ၊ ထက်ဝန်းကျင်ဖြတ်၏။ ။

ထိုအခါဘုရားလောင်းကို၊ သမင်မသည်၊ အရှင်၊ မကြောက်လင့်၊ ကျွန်ုပ်သည် ကိုယ်စွမ်းဖြင့်မုဆိုးကိုတောင်းပန်၍ အရှင့်အသက်ကိုဆောင်ယူအံ့၊ တောင်းပန်အံ့သောငှါအကယ်၍ မတတ်နိုင်အံ့၊ ကျွန်ုပ်အသက်ကိုလည်းပေး၍ အရှင့်အသက်ကိုဆောင်ယူအံ့ဟု ဘုရားလောင်းကိုနှစ်သိမ့်စေ၍ သွေးလိမ်းကျံသော ဘုရားလောင်းကို မိမိကိုယ်၌မှီစေ၍ရပ်၏။ မုဆိုးသည်လည်း သန်လျက်လှံကိုယူ၍ ကမ္ဘာကိုလောင်သော မီးထသကဲ့သို့ ကိုးကားကိုးကားလာ၏။ သမင်မသည်မုဆိုးကိုမြင်၍၊ အရှင်၊ မုဆိုးသည်လာ၏။ ကျွန်ုပ်သည်ကိုယ်အစွမ်းကိုပြုအံ့၊ အရှင်သည် မကြောက်လင့်ဟု သမင်မင်းကိုနှစ်သိမ့်စေ၍ မုဆိုးအားခရီးဦးကြို၍လျောက်ပတ်စွာရပ်နေ၍ မုဆိုးကိုရှိခိုး၍၊ အရှင်၊ အကျွန်ုပ်လင်ရွှေသမင်သည်အကျင့်သီလနှင့်ပြည့်စုံ၏။ ရှစ်သောင်းသောသမင်တို့၏မင်းဖြစ်၏ဟု-ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုဆို၍ သမင်မင်းသည်တည်စဉ်လျှင် မိမိအားသတ်ခြင်းကို တောင်းပန်လို၍။ ။

(၇၅၈)အတ္ထရဿု ပလာသာနိ၊အသိံ နိဗ္ဗာဟ လုဒ္ဒက။

ပဌမံ မံ ဝဓိတွာန၊ဟန ပစ္ဆာ မဟာ-မိဂံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၇၅၈)လုဒ္ဒက၊ မုဆိုး။ တွံ၊ သင်သည်။ ပလာသာနိ၊ ပေါက်ဘက်တို့ကို။ အတ္ထရဿု၊ ခင်းလော့။ အသိံ၊ သန်လျက်ကို။ နိဗ္ဗာဟ၊ အိမ်မှထုတ်လော့။ ပဌမံ၊ ရှေးဦးစွာ။ မံ၊ ငါ့ကို။ ဝဓိတွာန၊ သတ်၍။ ပစ္ဆာ၊ နောက်မှ။ မဟာ-မိဂံ၊ မြတ်သောသမင်မင်းကို။ ဟန၊ သတ်လော့။ ။

ထိုစကားကိုကြား၍မုဆိုးသည် လူဖြစ်သောမိန်းမသည်လည်း လင်၏အကျိုးငှါကိုယ်အသက်ကိုမစွန့်။ ဤသမင်မသည်ကား တိရစ္ဆာန်ဖြစ်လျက်အသက်ကိုစွန့်၏။ လူ၏ဘာသာဖြစ်သော သာယာသော အသံဖြင့် လည်းပြောဆို၏။ ယနေ့ငါသည် ဤသမင်မအား၎င်း၊ သမင်မ၏လင်အား၎င်း အသက်ကိုပေးအံ့ဟု။ ။

(၇၅၉)န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ဘာသန္တိံ မာနုသိံ မိဂိံ။

တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ဧသော စာပိ မဟာမိဂေါ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၇၅၉)မေမယာ၊ ငါသည်။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေး၌။ ဧဝံ၊ ဤသို့သောအထူးအဆန်းအာရုံကို။ (ထည့်)။ ဒိဋ္ဌံဝါ၊ မြင်အပ်ဖူးသည်၎င်း။ သုတံဝါ၊ ကြားအပ်ဖူးသည်၎င်း။ နတ္ထိ၊ မရှိ။ ဟိသစ္စံ၊ မှန်၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေး၌။ (ထည့်)။ မာနုသိံ၊ လူ့ဘာသာစကားကို။ ဘာသန္တိံ၊ ချက်ချက်ချာချာဆိုတတ်စွာသော။ မိဂိံ၊ သမင်မကို။ နေဝအဒ္ဒသံ၊ မမြင်စဘူးသည်သာတည်း။ နအဿောသိံ၊ မကြားစဘူးသည်သာတည်း။ ဘဒ္ဒေ၊ ဥပါယ်ရေးရာသိလိမ္မာ၍ သနားစရာဖြစ်သောအသျှင်မ။ တွဉ္စ၊ သျှင်မသည်လည်း။ သုခီ၊ ချမ်းသာရှိသည်။ ဟောဟိ၊ ဖြစ်လေလော့။ ဧသောစာပိ မဟာမိဂေါ၊ ဤသင်၏ချစ်လင် မြတ်သောသမင်မင်းသည်လည်း။ သုခီ၊ ချမ်းသာရှိသည်။ ဟောဟိ၊ ဖြစ်လော့။ တုမှေဒွေပိဇနာ၊ သင်တို့ ဇနီးမောင်နှံနှစ်ပါးတို့သည်လည်း။ သုခီ၊ ချမ်းသာရှိကုန်သည်။ နိဒ္ဒုက္ခာ၊ ဆင်းရဲကင်းကုန်သည်။ ဟောထ၊ ဖြစ်ကြလေကုန်လော့။ ။

ဤသို့ထိုသမင်မကိုနှစ်သိမ့်စေ၍ မုဆိုးသည်ဘုရားလောင်း၏ အထံသို့သွား၍ သားရေလွန်ကိုပဲခွပ်ဖြင့်ဖြတ်၍ ခြေ၌ငြိသောသားရေလွန်ကို သာယာစွာထုတ်၍ အကြောကိုအကြောချင်း၊ အသားကိုအသားချင်း၊ အရေကိုအရေချင်းစပ်၍ ခြေကိုလက်ဖြင့်ဆုပ်၏။ ထိုခဏ၌လျှင်ဘုရားလောင်း၏ ဖြည့်အပ်ပြီးသော ပါရမီအာနုဘော် အားဖြင့်၎င်း မုဆိုး၏မေတ္တာအာနုဘော်အားဖြင့်၎င်းသမင်မ၏ အဆွေခင်ပွန်း၌စောင့်ရှောက်သော တရား၏ အာနုဘော်အားဖြင့်၎င်း ဤသို့မေတ္တာပါရမီချစ်ကြိုးတင်ညီကြသဖြင့် အကြောအသားအရေတို့သည် အချင်းချင်းစပ်ကုန်၏။ ဘုရားလောင်းသည်ချမ်းသာလျက်ဆင်းရဲကင်းလျက်ရပ်၏။ သမင်မသည် ချမ်းသာသောဘုရားလောင်းကိုမြင်၍ဝမ်းမြောက်ခြင်းဖြစ်၍ မုဆိုးအားအနုမောဒနာပြုလို၍။ ။

(၇၆ဝ)ဧဝံ လုဒ္ဒက နန္ဒဿု၊သဟ သဗ္ဗေဟိ ဉာတိဘိ။

ယထာ-ဟ-မဇ္ဇ နန္ဒါမိ၊မုတ္တံ ဒိတွာ မဟာမိဂံ။ ။

ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။

(၇၆ဝ)လုဒ္ဒက၊ မုဆိုး။ အဇ္ဇ၊ ယနေ့။ အဟံ၊ သည်။ မုတ္တံ၊ ကျော့ကွင်းမှလွတ်သော။ မဟာ-မိဂံ၊ မြတ်သောသမင်မင်းကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိယထာ၊ နှစ်သက်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်စေသတည်း။ ။

ဘုရားလောင်းသည် ဤမုဆိုးကားငါ၏ကိုးကွယ်ရာဖြစ်ပြီ။ ငါသည်လည်း မုဆိုး၏ကိုးကွယ်ရာ ဖြစ်သင့်၏ဟု ကျက်စားရာမြေ၌ မြင်အပ်သောတစ်ခုသော ပတ္တမြားတုံးကိုမုဆိုးအားပေး၍။ အဆွေ၊ ယနေ့မှစ၍ပါဏာတိပါတ အစရှိသည်ကိုမပြုလင့်။ ဤပတ္တမြားဖြင့်ဥစ္စာကို ဖြစ်စေ၍သားမယားတို့ကိုမွေးလျက် ဒါနသီလအစရှိကုန်သော ကောင်းမှုတို့ကိုပြုလော့ဟုမုဆိုးအား အဆုံးအမကိုပေး၍တောသို့ဝင်၏။ ။

(ဝိက္ကမ၌ဝိရှေးရှိသောကမုဓာတ်သည်လုံ့လပြုခြင်းအနက်ကိုဟော၏။ ထိုကြောင့်။ ဝိက္ကမာတိပရက္ကမ,ဟူ၍၎င်း။ ဝိက္ကမာမီတိဘဒ္ဒေအဟံဝီရိယံကရောမိ,ဟူ၍၎င်းဘွင့်သည်။ ။

ပရက္ကမကို,အာကဍ္ဎေတီတိအတ္ထော၊ဆင့်ပြန်သည်ကား လုံ့လပြုလော့ဟူသည်ဆွဲငင်၍ ရုန်းလော့ဟူ၍ အဓိပ္ပါယတ္ထဆင့်သည်။ ကမုဓါတ်သည်အာကဍ္ဎနအနက်ကိုဟောသောကြောင့်မဟုတ်။ ။ ရေတိအာမန္တနေနိပါတော။ ။ ထိုသမင်သည်တကိုယ်လုံးရွှေအဆင်းရှိသည်ဖြစ်လျက်သမင်မသည်မိမိလင်၌ရိုသေသည်၏အစွမ်းအားဖြင့် ပါဒေဝန္ဒာမိသိရသာကဲ့သို့ဟရိပါဒဟူလေသည်။ ။ နပါရေမိ၌ပါရဓာတ်သည် ကမ္မသမ္ပတ္တိအနက်ကို ဟောသည်။ ။ ပါရ, တီရ, ကမ္မသမ္ပတ္တိယံ၊ ကမ္မသမ္ပတ္တိနာမကမ္မဿပရိသမာပနံနိဋ္ဌာပနံ။ ပါရေတိပါရံ။ တီရေတိတီရံ။ ဝိက္ကမာမိနပါရေမိ။ တိကိစ္စံတီရေတွာဂတောတီရဏပရိညာ။ (သဒ္ဒနီတိ)။ ။ နပါရေမီတိပါသံပတိတုံပနနသက္ကောမီတိအတ္ထော,ဟူသောအဋ္ဌကထာကိုမြင်ကာမျှဖြင့် နပါတေမိပြင်၍ကျော့ကွင်းကိုမချနိုင်ပါ, ယောဇနာသည်ကားသဒ္ဒါကျမ်းနှင့်မညီ။ ။ သုဘဓာတ်သည်ဘုဝါဒိဂိုဏ်း၌သောဘဏအနက်ကိုဟောသည်။ ရုဓာဒိဂိုဏ်း၌ကား ပုတ်ခတ်ခြင်းအနက်ကိုဟောသည်။ ။ သုဘပဟာရေ။ ယောနောဂါဝေါဝသုမ္ဘတိ။ ပရိသုမ္ဘတိ။ သံသုမ္ဘမာနာအတ္ထာနံကာလမာဂမယာမသေ။ ။ ကေသဂ္ဂဟဏမုက္ခေပါ၊ ဘုမျာစပရိသုမ္ဘနာ။ ဒတွာစနောပက္ကမတိ၊ ဗဟုဒုက္ခံအနပ္ပကံ။ (သဒ္ဒနီတိ)။ ။ ပရိကန္တတိ၌၊ကတိဆေဒနေ။ ဘုဝါဒိဂိုဏ်းဣကာရန္တဖြစ်၍နိဂ္ဂဟိတ်ရောက်သည်။ ရုဓာဒိဂိုဏ်းမဟုတ်။ ။ နမေသုတံဝဒိဋ္ဌံဝါ၊စသော စတုတ္ထဂါထာ၌။ ။ သုတံဝဒိဋ္ဌံဝါတိမယာဣတောပုဗ္ဗေဧဝံဒိဋ္ဌံဝါသုတံဝါနတ္ထိ။ ဘာသန္တိံ မာနုသိံမိဂိန္တိ အယဉှိ ဣတောပုဗ္ဗေမာနုသိံဝါစံဘာသန္တိံမိဂိံနေဝအဒ္ဒသံနအဿောသိံ၊ အဋ္ဌကထာဖွင့်ရကား သမင်မကိုဟောသောမိဂီသည် ဣတ္ထိလိင်ကိုဟောသည်ဟုဤမျှသာမြင်၍ သုတာဝါ ဒိဋ္ဌါဝါပြင်သည်ကါးမသင့်။ သုတံဝါဒိဋ္ဌံဝါနပုံးနေသည်ကားအနက်ဖြစ်သောအာရုံကိုငဲ့၍နေသည်။ ထိုကြောင့်။ ဧဝံဒိဋ္ဌံဝါသုတံဝါနတ္ထိဟုယောဇနာခဲ့သည်။ ။ ဘာသန္တီမာနုသိံမိဂီတိပိပါဠိ။ အယမေဝအတ္ထောနေယျော,ဟု-အဋ္ဌကထာတက်ပြန်သည့်အလိုကား။ မာနုသိံ၊ လူ့စကားကို။ ဘာသန္တီ၊ ဆိုသော။ မိဂီ၊ သမင်မသည်။ အတ္ထီတိ၊ ရှိ၏ဟူ၍။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေး၌။ မေမယာ၊ ငါသည်။ ဧဝံ၊ ဤသို့သောစကားကို။ သုတံဝါ၊ ကြားအပ်ဖူးသည်၎င်း။ ဒိဋ္ဌံဝါ၊ မြင်အပ်ဖူးသည်၎င်း။ နတ္ထိ၊ မရှိ။ ဟု-ယောဇနာ။ ။ တွဉ္စဘဒ္ဒေဧသောစာပိမဟာမိဂေါ သုခီဟောထ,ဟု-ပရောပုရိသ်ဆိုရမည်ကို ဂါထာဖြစ်၍ သုခီဟောဟ,ဟု-စပ်ကြားတွင် ချပ်ပြန်လေသည်)။ ။

သုဝဏ္ဏမိဂဇာတကံ နဝမံ။၃၅၉။