Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

1. Avāriyavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မာသုကုဇ္ဈဘူမိပတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဝါရိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကူးတို့ဆိပ်၌ တစ်ယောက်သော ကူးတို့သည်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည် ထိုမင်းကိုမြတ်သောမင်းကြီး၊ မင်းမည်သည် လေးပါးသောအဂတိသို့ လိုက်ခြင်းတို့ကိုကြဉ်၍ မမေ့မလျှော့သာလျှင် သည်းခံခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံသည်ဖြစ်၍လျှင် မင်းပြုအပ်၏ဟုဆို၍ နေထိုင်ဆုံးမလိုရကား။ ။

(၈၄၇)မာသု ကုဇ္ဈ ဘူမိပတိ၊မာသု ကုဇ္ဈ ရထေသဘ။

ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ရာဇာ ရဋ္ဌဿ ပူဇိတော။ ။

(၈၄၈)ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေ ဝါ ယဒိ ဝါ ထလေ။

သဗ္ဗတ္ထ အနုသာသာမိ၊မာသု ကုဇ္ဈ ရထေသဘ။ ။

ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။

(၈၄၇-၈၄၈)ဘူမိပတိ၊ မြေကိုအစိုးရသော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသုကုဇ္ဈ၊ အမျက်မထွက်လင့်။ ရထေသဘ၊ ရထားစီးသူရဲတကာတို့၏ ဥသဘဖြစ်သော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသုကုဇ္စျ၊ အမျက်မထွက်လင့်။ ကုဒ္ဓံ၊ အမျက်ထွက်သောသူကို။ အပ္ပဋိကုဇ္စျန္တော၊ အတုံ့အမျက်မထွက်သော။ ရာဇာ၊ မင်းကို။ ရဋ္ဌဿ၊ တိုင်းနိုင်ငံသူသည်။ ပူဇိတော၊ ပူဇော်ထိုက်၏။ ။

ရထေသဘ၊ ရထားစီးသူရဲတကာတို့၏ဥသဘဖြစ်သောမင်းကြီး။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းရာအရပ်၌၎င်း။ ယဒိ၊ ထိုမြို့။ ထလေဝါ၊ ကြည်း၌၎င်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသုကုဇ္ဈ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါဆုံးမ၏။ ဟိသစ္စံ၊ မှန်၏။ ရာဇာနောနာမ၊ မင်းတို့မည်သည်ကား။ ဝါစာဝုဓာ၊ အမိန့်တော်လျှင်လက်နက်ရှိကုန်၏။ တေသံ၊ ထိုလက်နက်လျှာရင်းမကွေမကွင်းသော အာဏာရှင်မင်းတို့၏။ ကုဇ္ဈနဝစနမတ္တေန၊ အမျက်ထွက်၍ဆိုသောစကားမျှဖြင့်။ ဗဟူ၊ များစွာကုန်သောသူတို့သည်။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပါပုဏန္တိ၊ ရောက်တတ်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ အနုသာသာမိ၊ ပြင်းထန်အမျက်ထွက်တော်မမူလင့်ဟုဆုံးမ၏။ ။

ထိုမိုက်လှစွာသော ကူးတို့သူကြီးကို ရည်၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။

(၈၄၉)အဝါရိယပိတာ နာမ၊အဟု ဂင်္ဂါယ နာဝိကော။

ပုဗ္ဗေ ဇနံ တာရေတွာန၊ပစ္ဆာ ယာစတိ ဝေတ္တနံ။

တေနဿ ဘဏ္ဍနံ ဟောတိ၊န စ ဘောဂေဟိ ဝဍ္ဎတိ။ ။

ဟူသောဤတတိယအဘိသမ္ဗုဒ္ဓဂါထာကိုဟောတော်မူ၏။ ။

(၈၄၉)ဂင်္ဂါယ၊ ဂင်္ဂါ၌။ နာဝိကော၊ ကူးတို့သည်သည်။ အဝါရိယ ပိတာနာမ၊ သမီးအဝါရိယ၏ အဘဖြစ်၍ အဝါရိယပိတာမည်သည်။ အဟု၊ ဖြစ်၏။ သော၊ ထိုအဝါရိယ ကူးတို့သည်သည်။ ပုဗ္ဗေ၊ လက်ဦး၌။ ဇနံ၊ ကူးတို့စီးသူ လူအပေါင်းကို။ တာရေတွာန၊ ကူးစေ၍။ ပစ္ဆာ၊ နောက်မှ။ ဝေတ္တနံ၊ ကူးတို့ခကို။ ယာစတိ၊ တောင်း၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တနည်း။ တေနပစ္ဆာယာစိယမာနေန၊ ထိုသို့နောက်မှ ကူးတို့ခတောင်းအပ်သောလူအပေါင်းနှင့်။ သဒ္ဓိံ၊ တကွ။ အဿ၊ ထိုကူးတို့သည်အား။ ဘဏ္ဍနံ၊ ခိုက်ရန်သည်။ ဟောတိ၊ ဖြစ်၏။ ဘောဂေဟိ၊ စည်းစိမ်တို့ဖြင့်။ နစဝဍ္ဎတိ၊ မပွါးစီးသည်သာတည်း။ ။

ဘုရားလောင်းသည်ထိုကူးတို့သူကြီးသို့ကပ်၍။ ဒါယကာ၊ ငါ့ကိုထိုမှာဘက်သို့ ပို့လော့ဟုဆို၏။ ထိုစကားကိုကြား၍ ကူးတို့သည်သည်၊ ရဟန်း၊ ငါ့အား အခပေးလတ္တံ့လောဟုဆို၏။ ဒါယကာ၊ စည်းစိမ်၏ပွါးကြောင်းမည်သော တရားစကားကို သင့်အား ဟောအံ့ဟုဆို၏။ ထိုစကားကို ကြား၍ ကူးတို့သည်သည် ဤရဟန်းသည် ငါ့အား တစ်စုံတစ်ခုကို မချွတ်ပေးလတ္တံ့ဟုထိုရသေ့ကိုထိုမှာဘက်သို့ဆောင်၍ ငါ့အားအခကိုပေးလော့ဟုဆို၏။ ထိုရသေ့သည်၊ ဒါယကာ ကောင်းပြီဟုဆို၍၊ ရှေးဦးစွာ စည်းစိမ်၏ပွါးကြောင်းဖြစ်သောတရားစကားကိုဟောလိုရကား။ ။

(၈၅၀)အ-တိဏ္ဏံယေဝ ယာစဿု၊အပါရံ တာတ နာဝိက။

အညော ဟိ တိဏ္ဏဿ မနော၊အညော ဟောတိ ပါရေသိနော။ ။

ဟူသောဤဂါထာကိုဆို၏။ ။

(၈၅၀)တာတနာဝိက၊ အမောင်ကူးတို့သည်။ အပါရံ၊ ထိုမှာဘက် ကမ်းတဘက်သို့။ အတိဏ္ဏံယေဝ၊ မကူးမပို့မီလျှင်။ ဇနံ၊ ဤမှာဘက်ကမ်း၌တည်သောကူးတို့စီးသူကို။ (ထည့်)။ ယာစဿု၊ ကူးတို့ခတောင်းလော့။ တတော၊ ထိုကူးတို့စီးသူမှ။ (ထည့်)။ လဒ္ဓံ၊ ရအပ်သော ကူးတို့ခကို။ ဂဟေတွာ၊ ယူ၍။ ဂုတ္တဋ္ဌာနေ၊ လုံသောအရပ်၌။ ဌပေတွာ၊ ထား၍။ ပစ္ဆာ၊ နောက်မှ။ မနုဿေ၊ ကူးတို့စီးသူတို့ကို။ ပရတီရံ၊ ထိုမှာဘက်ကမ်းသို့။ နိယျာသိ၊ ပို့ဆောင်လော့။ ဧဝံ၊ ဤသို့ပို့သည်ရှိသော်။ တေ၊ သင်အား။ ဘောဂဝဍ္ဎိ၊ ဥစ္စာ၏ပွါးခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဟိသစ္စံ၊ မှန်၏။ တိဏ္ဏဿ၊ ထိုမှာဘက်ကမ်းသို့ ကူးပြီးသောသူ၏။ မနော၊ စိတ်သည်။ အညော၊ ကူးတို့ခမပေးမူ၍ သွားလိုရကားတစ်ပါးသောအမူသည်။ ဟောတိ၊ ဖြစ်၏။ ပါရေသိနော၊ ထိုမှာဘက်ကမ်းသို့ ကူးလိုမူးမူးရှိသောသူ၏။ မနော၊ စိတ်သည်။ အညော၊ ကူးခြင်းရှေးရှေးအတိုင်းထက် အလွန်ပေး၍ သွားလိုသော တစ်ပါးသောအမူသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့လူတို့စိတ်နှစ်ထွေဖြစ်သောကြောင့်။ တွံ၊ သင်သည်။ အတိဏ္ဏံယေဝ၊ ထိုမှာဘက်သို့ မကူးမပို့မီလျှင်။ ယာစေယျာသိ၊ ကူးတို့ခကို ရှေးဦးရအောင် တောင်းဦးလော့။ ။

ထိုစကားကို ကြား၍ ကူးတို့သည်သည် ဤရသေ့ကား ရှေးဦးစွာငါ့အား ဆုံးမသည် ဖြစ်လတ္တံ့။ ယခုအခါ၌ကား ငါ့အား တစ်စုံတစ်ခုသော ဝတ္ထုကိုပေးလတ္တံ့ဟုကြံ၏။ ထိုအခါ ထိုကူးတို့သည်ကို ဘုရားလောင်းသည်၊ ဒါယကာ၊ ရှေးဦးစွာသင့်အား စည်းစိမ်၏ပွါးကြောင်းဖြစ်သော ဤစကားကို ဟောအပ်ပြီ။ ယခုအခါ အကျိုး, အကြောင်း၏ ပွါးကြောင်း ဖြစ်သောစကားကိုနာလော့ဟုဆုံးမလိုရကား။ ။

(၈၅၁)ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေ ဝါ ယဒိ ဝါ ထလေ။

သဗ္ဗတ္ထ အနုသာသာမိ၊မာသု ကုဇ္ဈိတ္ထ နာဝိက။ ။

ဟူသောဤဂါထာကိုဆို၏။ ။

(၈၅၁)နာဝိက၊ ကူးတို့သည်။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းသောအရပ်၌၎င်း။ ယဒိ၊ ထိုမြို့။ ထလေဝါ၊ ကြည်း၌၎င်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသုကုဇ္ဈိတ္ထ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါဆုံးမ၏။ ။

ဤသို့ကူးတို့သည်အား အကျိုးအကြောင်း၏ ပွားကြောင်းဖြစ်သောစကားကိုဆို၍ သင်အားဆိုအပ်သော ဤစကားသည် အကြောင်းအကျိုးကို ပွားစေတတ်သော စကားတည်းဟုဆို၏။ ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံးအမကိုတစ်စုံတစ်ခုအရိုအသေပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍၊ ရဟန်း၊ ဤသည်ကားသင်သည် ငါ့အားပေးအပ်သောလှေခလောဟုဆို၏။ ဒါယကာ၊ ဟုတ်၏ဟုဆိုသည်ရှိသော်၊ ဤစကားဖြင့်ငါ့အားအလိုမရှိ။ ငါ့အားတစ်ပါးသောဝတ္ထုကိုပေးလော့ဟုဆို၏။ ဒါယကာ၊ ဤစကားကိုထား၍ ငါ့အား တစ်ပါးသော ဝတ္ထုသည် မရှိဟုဆို၏။ ထိုသို့မရှိဘဲလျက်အဘယ့်ကြောင့် ငါ့လှေကိုစီးသနည်းဟုရသေ့ကို ဂင်္ဂါနား၌လှည်း၍ရင်၌ထိုင်၍ ထိုရသေ့၏မျက်နှာကိုသတ်ပုတ်၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤသို့လျှင်အကြင်ဆုံးမခြင်းကို ထိုရသေ့သည်ပေး၍မင်း၏အထံမှရွာမြတ်ကိုရ၏။ ထိုအဆုံးအမကိုလျှင် အလွန်မိုက်သောကူးတို့သည်အားဆို၍မျက်နှာ၌ပုပ်ခတ်ခြင်းကိုရ၏။ ထိုကြောင့်အဆုံးအမပေးသောသူသည် သင့်သောသူအားသာလျှင် ပေးအပ်၏။ မသင့်သောသူအား မပေးအပ်ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ထိုဂါထာ၏အခြားမဲ့၌။ ။

(၈၅၂)ယာယေဝါနုသာသနိယာ၊ရာဇာ ဂါမ-ဝရံ အဒါ။

တာယေဝါနုသာသနိယာ၊နာဝိကော ပဟရီ မုခံ။ ။

ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာကိုဟေါတော်မူ၏။ ။

(၈၅၂)ယာယေဝါနုသာသနိယာဝါ၊ အကြင်အဆုံးအမဖြင့်လျှင်။ ရာဇာ၊ မင်းသည်။ ဂါမဝရံ၊ ရွာမြတ်ကို။ အဒါ၊ ပေး၏။ တာယေဝါနုသာသနိယာ၊ ထိုအဆုံးအမဖြင့်လျှင်။ နာဝိကော၊ ကူးတို့သည်သည်။ မုခံ၊ မျက်နှာကို။ ပဟရိ၊ သတ်ပုတ်၏။ ။

ကူးတို့သည်သည်ရသေ့ကိုသတ်ပုတ်စဉ်လျှင် ကူးတို့သည်မယားသည် ထမင်းယူ၍လာလတ်သော် ထိုယုတ်မာသောယောက်ျားကိုမြင်၍၊ အရှင်၊ ဤရသေ့သည်ကားမင်း၏ဆရာဖြစ်၏။ မသတ်ပုတ်လင့်ဟုဆို၏။ ကူးတို့သည်သည်တဘန် အမျက်ထွက်၍လျှင်သင်သည်ပင်လျှင်ဤရသေ့စဉ်းလဲကိုသတ်ပုတ်စိမ့်သောငှါမပေးဟုဆို၍ထိုမိန်းမကိုသတ်၍လည်းစေ၏။ ထိုအခါ ထမင်းခွက်သည်ကျ၍ကွဲ၏။ ထိုမိန်းမ၏လည်းလေးသော ကိုယ်ဝန်ရှိသည်၏အဖြစ်ကြောင့်ကိုယ်ဝန်သည်မြေ၌ကျ၏။ ထိုအခါ ထိုယောက်ျားကိုလူတို့သည်ခြံရံကုန်၍သူသတ်ခိုးသူတည်းဟုဖမ်း၍နှောင်ဖွဲ့၍မင်းအားပြကုန်၏။ မင်းအားဆုံးဖြတ်၍ ထိုကူးတို့သည်အားမင်းဒဏ်ပြုစေ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ထိုအကြောင်းကို ပြတော်မူလိုရကား။ ။

(၈၅၃)ဘတ္တံ ဘိန္နံ ဟတာ ဘရိယာ၊ဂဗ္ဘော စ ပတိတော ဆမာ။

မိဂေါဝ ဇာတရူပေန၊န တေန-တ္ထံ အဗန္ဓိ သု။ ။

ဟူသောဤဩသာနဂါထာကိုဟောတော်မူ၏။ ။

(၈၅၃)ဘတ္တံ၊ ထမင်းခွက်သည်။ ဘိန္နံ၊ ကွဲ၏။ ဘရိယာ၊ မယားကို။ ဟတာပဟတာ၊ ပုတ်ခတ်သတ်အပ်၏။ ဂဗ္ဘောစ၊ ကိုယ်ဝန်သည်လည်း။ ဆမာဆမာယံ၊ မြေ၌။ ပတိတော၊ လျှောကျ၏။ မိဂေါ၊ သမင်သည်။ သုဝဏ္ဏံဝါ၊ ရွှေကို၎င်း။ ဟိရညံဝါ၊ ငွေကို၎င်း။ မုတ္တာမဏိအာဒီနိဝါ၊ ပုလဲပတ္တမြားစသည်တို့ကို၎င်း။ မဒ္ဒိတွာ၊ နင်း၍။ ဂစ္ဆန္တောပိ၊ သွားသော်၎င်း။ အတ္ထရိတွာ၊ ဖြန့်ခင်း၍။ နိပဇ္ဇန္တောပိ၊ အိပ်သော်၎င်း။ တေနဇာတရူပေန၊ ထိုရွှေငွေစသည်ဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံဝုဒ္ဓိံ၊ အစီးအပွားကို။ ဗန္ဓိတုံနိဗ္ဗတ္တေဘုံ၊ ဖြစ်စေခြင်းငှါ။ နသက္ကောတိဣဝ၊ မတတ်နိုင်၏သို့။ ဧဝမေဝ၊ ဤအတူလျှင်။ သောအန္ဓဗာလော၊ ထိုအဝါရိယ၏အဘကူးတို့သူကြီးငမိုက်ထီးသည်။ တေန၊ ထိုရသေ့ဟောသော ဘောဂဝဍ္ဎိ အတ္ထဝဍ္ဎိ ဓမ္မဝဍ္ဎိ တရားဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ နအဗန္ဓိဗန္ဓိတုံဝဍ္ဎေတုံ၊ ပွါးစေခြင်းငှါ။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှါ။ နသက္ခိ၊ မတတ်နိုင်။ ။

(ရထဿပူဇိတော၌၊ တပစ္စည်းသည်အရဟအနက်ကိုထွန်းသတည်း။ ထိုကြောင့် ပူဇော်ထိုက်၏ဟူသောအနက်ကိုယောဇနာသည်။ အညောဟိတိဏ္ဏဿ တိဏ္ဏယမာနော,ရှိသည်ကားပါဌ်ပျက်သည်။ အနက်ကိုရှာသော်တိဏ္ဏဿမနော,ရှိမှသင့်သည်။ ။

အညောဟိတိဏ္ဏဿမနောတိတာတပရတီရံဂတဿအညောမနောဘဝတိအဒတွာဂန္တုကာမောဟောတိ။ ယောပနေသပါရေသီနာမပရတီရံဧသတိပရတီရံဂန္တုကာမောဟောတိ၊ သော အတိရေကံဒတွာ ဂန္တုကာမောဟောတိ။ ဣတိပါရေသိနောအညောမနောဟောတိ, ဟူသော အဋ္ဌကထာကိုမြော်၍ တိဏ္ဏဿမနော, နေမှတော် သည်။ တိဏ္ဏဿကိုပရတီရံ ဂတဿဖွင့်သည်။ အညောမနောကို အညောမနောဘဝတိ အဒတွာဂန္တုကာမောဟောတိ,ဟုဖွင့်သည်။ အညောဟောတိပါရေသိနောကိုလည်း၊ ပါရေသိနောအညောမနောဟောတိ, ဟုဖွင့်သည်ဖြစ်၍စင်စစ်ယုံကြည်အပ်၏။ ။ အတ္ထေသနေယထာမူတိ,ဟုကျမ်းလည်းရှိသည်။ ။ အတ္တပါတိကိုဘတ္တံဆိုသည်။ ဆမဂတိယံ။ ဆမတိဂစ္ဆတိဧတ္ထာတိဆမာ။ ဆမာယ,လိုလျက်ယကျေသည်။ ထိုကြောင့်ဆမာယဘူမိယံ,ဘွင့်သည်။ အဗန္ဓိသု၌အဗန္ဓိသောဖြတ်။ အဗန္ဓိသူတိဧတ္ထအဗန္ဓိသောဧဝမတ္ထောဒဋ္ဌဗ္ဗော။ သဩဣတိဣမေသံပဒါနံသူတိသန္ဓိဟောတိ။ (အဋ္ဌကထာ)။ ။ ဩကာရောအာကာရံဥကာရဉ္စ။ ။ ဝိဝဋ္ဋစ္ဆဒါ။ အာရုဂျံ။ နတေနတ္ထံအဗန္ဓိသု။ အဝှါယန္တုသုယုဒ္ဓေန၊ အပိနုဟနုကာသန္တာ။ ။ သဒ္ဒနီတိကျမ်းလည်းရှိသည်။ ။ ဩကာရော၊ ဩအက္ခရာသည်။ အာကာရဉ္စ၊ အာအက္ခရာအဖြစ်သို့၎င်း။ ဥကာရဉ္စ၊ ဥအက္ခရာအဖြစ်သို့၎င်း။ ပပ္ပေါတိ၊ ရောက်၏။ ။

ဝိဝဋ္ဋစ္ဆဒါဝိဝဋ္ဋစ္ဆဒေါ၊ ဖွင့်လှစ်ပယ်ခွါအပ် ပြီးသော သုံးပါးသောဝဋ်, ခုနှစ်ပါးသော အမိုးအပိတ်ရှိတော်မူ၏။ အာရုဂျံအာရောဂျံ၊ အနာကင်းသူ၏အဖြစ်။ သောအန္ဓဗာလော၊ အဝါရိယအဘကူးတို့သူကြီးထိုငမိုက်ထီးသည်။ တေန၊ ထိုရသေ့ဟောသော ဘောဂဝဍ္ဎိ အတ္ထဝဍ္ဎိ ဓမ္မဝဍ္ဎိ တရားဖြင့်။ အတ္ထံ၊ မိမိအကျိုးစီးပွါးကို။ နအဗန္ဓိ၊ ပွါးစီးဖြစ်ထွန်းစေခြင်းငှာမတတ်နိုင်။ သုယုဒ္ဓေန၊ လက်တည်းဆိုင်ကာ ငါနှင့်စစ်ပြိုင်သဖြင့်။ အဝှါယန္တုအဝှါယန္တော၊ ထောင်ထောင်ထားထား ထိပါးချုတ်ချယ်၏။ (အဝှါယန္တူတိအဝှါယန္တော၊ အယမေဝဝါပါဌေါ။ (ဘူရိဒတ်)။ ဝှေဗဒ္ဓါယံ၊ ဗဒ္ဓါအဟင်္ကာရောဃဋ္ဋနံဝါ သါရဗ္ဘကရဏံဝါ။ (ဓာတုမာလာ)။ အပိနုကိုအပိနောဖြတ်။ နောအမှာကံ၊ ငါကျီးတို့၏။ ဟနုကာ၊ မေးနှုတ်သီးတို့သည်။ အပိ၊ စင်စစ်။ သန္တာ၊ ပင်ပန်းကုန်ပြီ။ အပိနုဟနုကာသန္တာတိအပိအမှာကံ ဟနုကာကိလန္တာ။ (သမုဒ္ဒကာကဇာတ်)။ ။

အဝါရိယဇာတကံ ပဌမံ။၃၇၆။

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မာတာတကုဇ္ဈိန ဟိသာဓုကောဓော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသေတကေတုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသေတကေတုကို၊ ဆရာသည်၊ အမောင်သေတကေတု၊ ထိုစဏ္ဍာလအားအမျက်မထွက်လင့်၊စဏ္ဍာလသားသည်ပညာရှိ၏။ ဤသို့သဘောရှိသော အရှေ့အရပ်အစရှိသည်ကိုမမေး၊ တစ်ပါးသောအရပ်ကိုမေး၏။ သင်သည်မြင်အပ်ကြားအပ်သိအပ်သောတရားထက် မမြင်အပ် မသိအပ် မကြားအပ်သော တရားသာလျှင် အလွန်များ၏ဟုဆို၍ ဆုံးမလိုရကား။ ။

(၈၅၄)မာ တာတ ကုဇ္ဈိ န ဟိ သာဓု ကောဓေါ၊ဗဟုံပိ တေ အဒိဋ္ဌမဿုတဉ္စ။

မာတာ ပိတာ ဒိသတာ သေတကေတု၊အာစရိယမာဟု ဒိသတံ ပသတ္ထာ။ ။

(၈၅၅)အဂါရိနော အန္နဒပါနဝတ္ထဒါ၊အဝှာယိကာ တမ္ပိ ဒိသံ ဝဒန္တိ။

ဧသာ ဒိသာ ပရမာ သေတကေတု၊ယံ ပတွာ ဒုက္ခီ သုခိနော ဘဝန္တိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၈၅၄-၈၅၅)တာတသေတကေတု၊ အမောင်သေတကေတု။ မာကုဇ္ဈိ၊ အမျက်မထွက်လင့်။ ကောဓော၊ အမျက်မည်သည်ကား။ ဥပ္ပဇ္ဇမာနော၊ ဖြစ်လတ်သော်။ သုဘာသိတဒုဗ္ဘာသိတံ၊ ကောင်းစွာဆိုအပ်သောစကား မကောင်းသဖြင့်ဆိုအပ်သောစကားကို၎င်း။ အတ္ထာနတ္ထံ၊ အကျိုးရှိသည်မရှိသည်ကို၎င်း။ ဝါ၊ အနက်ဟုတ်သည်မဟုတ်သည်ကို၎င်း။ ဟိတာဟိတံ၊ အစီးအပွါးရှိသည်မရှိသည်ကို၎င်း။ ဇာနိတုံ၊ သိခြင်းငှါ။ အဒဒတ္တာ၊ မပေးတတ်သည်၏အဖြစ်ကြောင့်။ နဟိသာဓု၊ အလျှင်းမကောင်းသည်သာတည်း။ တေတယာ၊ သင်သည်။ ဒိဋ္ဌတော၊ မြင်အပ်သောတရားထက်။ အဒိဋ္ဌဉ္စအဒိဋ္ဌမေဝ၊ မမြင်အပ်သောတရားသည်သာလျှင်။ ဗဟုံပိဗဟုတရံ၊ အထူးသဖြင့်များ၏။ သုတတော၊ ကြားအပ်သောတရားထက်။ အသုတဉ္စအသုတံဧဝ၊ မကြားအပ်သောတရားသည်သာလျှင်။ ဗဟုံပိဗဟုတရံ၊ အထူးသဖြင့်များ၏။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဘသည်၎င်း။ ပုတ္တာနံ၊ သားတို့၏။ ပုရိမတရံ၊ ရှေးဦးစွာ။ ဥပ္ပဇ္ဇမာနတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့်။ ပုရတ္ထိမာ၊ အရှေ့အရပ်ဖြစ်ကုန်သော။ ဒိသတာဒိသာ၊ အရပ်မည်ကုန်၏။ (တာအနက်မရှိ)။ အာစရိယံ၊ ဆရာကိုကား။ ဒိသတံဒိသာနံ၊ အရပ်မျက်နှာတို့တွင်။ ပသဌာ၊ ချီးမွမ်းအပ်ကုန်သော။ ဒက္ခိဏဒိသာတိ၊ တောင်အရပ်ဟူ၍။ ဗုဒ္ဓါဒယော၊ ဘုရားစသောအရိယာတို့သည်။ အာဟု၊ ဟောတော်မူကုန်၏။ တနည်း။ အာစရိယံ၊ ဆရာကို။ ဒိသတံ၊ တောင်အရပ်မျက်နှာဟူ၍။ ပသဋ္ဌာ၊ ချီးမွမ်းအပ်သော ဘုရားပစ္စေကဗုဒ္ဓါအရိယာမြတ်တို့သည်။ အာဟု၊ ဟောတော်မူကုန်၏။ ။

အဂါရိနော၊ အိမ်၌နေကုန်သောသူတို့သည်။ အန္နပါနဝတ္ထဒါ၊ ထမင်းအဖျော်အဝတ်ပုဆိုးကိုလည်းပေးလှူတတ်ကုန်၏။ အဝှါယိကာ၊ ဤအိမ်မှဒေယျဓမ္မဝတ္ထုကိုခံတော်မူပါဟုပင့်ခေါ်ဖိတ်မန်တတ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တံပိ၊ ထိုအိမ်၌နေသောသူကိုလည်း။ ဒိသံ၊ ဓမ္မိကသမဏဗြာဟ္မဏတို့သည် ကပ်အပ်သည်၏အဖြစ်ကြောင့်တစ်ခုသော အရပ်မည်၏ဟူ၍။ ဝဒန္တိ၊ ဘုရားပစ္စေကဗုဒ္ဓါအရိယာအရှင်မြတ်တို့ ဟောတော်မူကုန်၏။ တနည်း။ ယေတေအဂါရိနော၊ အကြင်အိမ်၌နေသော သူတို့သည်။ အန္နပါနဝတ္ထဒါ၊ ထမင်းအဖျော်အဝတ်ပုဆိုးကို ပေးလှူတတ်ကုန်၏။ တေသံ၊ ထိုပေးလှူတတ်ကုန်သော ပစ္စယဒါယကာတို့အား။ အဝှါယိကာ၊ ခြောက်ထပ်သော ကာမာဝစရနတ်ပြည်သမ္ပတ္တိကို ပေးတတ်သောအနက်ကြောင့် အထက်အထက်သော စည်းစိမ်သမ္ပတ္တိသို့ခေါ်ယူဆောင်သွားတတ်ကုန်သော ဓမ္မိကသမဏဗြာဟ္မဏတို့သည်။ သန္တိ၊ ရှိကုန်၏။ တံပိ၊ ထိုအထက်အထက်သောစည်းစိမ်သမ္ပတ္တိသို့ခေါ်ယူဆောင်သွားတတ်သောဓမ္မိက သမဏဗြာဟ္မဏကိုလည်း။ ဒိသံဥပရိမဒိသံနာမ၊ အထက်အရပ်မည်၏ဟူ၍။ ဝဒန္တိ၊ ဘုရားပစ္စေကဗုဒ္ဓါ အရိယာအရှင်မြတ်တို့ဟောတော်မူကုန်၏။ သေတကေတု၊ အမောင်သေတကေတု။ ယံနိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သို့။ ပတွာ၊ ရောက်၍။ ဒုက္ခီ၊ ဇာတိဇရာဗျာဓိမရဏစသော အထူးထူးအပြားပြားသော ဒုက္ခနှိပ်စက်ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ နိဒ္ဒုက္ခာ၊ ဆင်းရဲကင်းကုန်သည်ဖြစ်၍။ သုခိနော၊ ချမ်းသာပြည့်စုံကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတာဧသာဧဝ၊ ထိုအသင်္ခတဓာတ်မြတ်သော နိဗ္ဗာန်မြို့သည်သာလျှင်။ ပရမာ၊ လွန်မြတ်သော။ အဂတပုဗ္ဗာ၊ တစ်ရံတစ်ဆစ်ရှေးကာလမရောက်ဘူးသော။ ဒိသာ၊ အရပ်မည်၏။ ။

ထိုခဏ၌မင်းသည် လာလတ်၍ မိစ္ဆာအကျင့်ကိုကျင့်ကုန်သော ထိုရသေ့တို့ကိုမြင်၍နှစ်သက်သည်ဖြစ်၍ သေတကေတုရသေ့သို့ကပ်၍ရှိခိုးပြီးလျှင်တင့်တယ်သောအရပ်၌နေလျက် ပုရောဟိတ်နှင့်တကွ စကားပြောဆိုလိုသည်ဖြစ်၍။ ။

(၈၅၆)ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ၊ဒုမ္မက္ခရူပါ ယေမေ ဇပ္ပန္တိ မန္တေ။

ကစ္စိ နု တေ မာနုသကေ ပယောဂေ၊ဣဒံ ဝိဒူ ပရိမုတ္တာ အပါယာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၈၅၆)ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ခရာဇိနာ၊ ခွါနှင့်တကွသောသစ်နက်ရေကိုဆောင်ကုန်သော။ ဇဋိလာ၊ ဆံကျစ်ရှိကုန်သော။ ပင်္ကဒန္တာ၊ အညစ်အကြေးကပ်ငြိသောသွားရှိကုန်သော။ ဒုမ္မက္ခ-ရူပါ၊ ညစ်နွမ်းသော သဘောရှိကုန်သော။ ယေဣမေ၊ အကြင်သို့သဘောရှိသောဤရသေ့တို့သည်။ မန္တေ၊ ဗေဒင်တို့ကို။ ဇပ္ပန္တိ၊ သရဇ္ဈာယ်ကုန်၏။ မာနုသကေ၊ လူတို့၏အမှုဖြစ်သော။ ပယောဂေ၊ ပယောဂ၌။ ပတိဋ္ဌိတာ၊ တည်ကုန်သော။ တေဣသယော၊ ထိုရသေ့တို့သည်။ ဣဒံဣမံလောကံ၊ ဤလောကကို။ ဝိဒူ၊ သိကုန်၍။ ဝါ၊ဝိဒူပါကဋီကတွာ၊ ထင်ရှားပြုကုန်၍။ အပါယာ၊ အပါယ်မှ။ ပရိမုတ္တာကစ္စိနု၊ လွတ်ကုန်ပြီလော။ ။

ထိုစကားကိုကြား၍ ဆရာပုရောဟိတ်သည်။ ။

(၈၅၇)ပါပါနိ ကမ္မာနိ ကတွာန ရာဇ၊ဗဟုဿုတော စေ န စရေယျ ဓမ္မံ။

သဟဿဝေဒေါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၈၅၇)ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ ဗဟုဿုတော၊ များသောအကြားအမြင်ရှိသည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့နှလုံးပြု၍။ သဟဿဗေဒေါပိ၊ ဗေဒင်တစ်ထောင်ကိုတတ်သောသူသည်လည်း။ ဓမ္မံ၊ သုံးပါးသော သုစရိုက်တရားကို။ စေနကရေယျ၊ အကယ်၍မပြုငြားအံ့။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ အကုသိုလ်ဒုစရိုက်တို့ကို။ ကတွာကရေယျ၊ ပြုငြားအံ့။ ကတွာန၊ ပြုပြီး၍။ တံဗာဟုဿစ္စံ၊ ထိုဗေဒင်ဗဟုဿုတကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလနှင့်သမာပတ်ဟုဆိုအပ်သော နိဗ္ဗာန်ရောက်ကြောင်း အခြေကောင်းသို့။ အပတွာ၊ မရောက်မူ၍။ ဒုက္ခာ၊ အပါယ်ဆင်းရဲဝဋ်ဆင်းရဲမှ။ အတ္တာနံ၊ မိမိကိုယ်ကို။ နပမုဉ္စေ၊ မလွတ်နိုင်သည်သာတည်း။ ။

ထိုစကားကိုကြား၍ မင်းသည်ရသေ့တို့၌ ကြည်ညိုခြင်းကိုပယ်၏။ ထိုနောင်မှ သေတကေတုရသေ့သည် ဤမင်းအားရသေ့တို့၌ ကြည်ညိုခြင်းဖြစ်၏။ ထိုကြည်ညိုခြင်းကိုကား ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခတ်၍ ဖြတ်သကဲ့သို့ဖြတ်၏။ ငါသည်ထိုပုဏ္ဏားနှင့် တကွစကားဆိုခြင်းငှါသင့်၏ ဟုသေတကေတုရသေ့သည် ပုဏ္ဏားနှင့်တကွပြောဆိုလိုသည်ဖြစ်၍။ ။

(၈၅၈)သဟဿဝေဒေါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။

မညာမိ ဝေဒါ အဖလာ ဘဝန္တိ၊သသံယမံ စရဏမေဝ သစ္စံ။ ။

ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။

(၈၅၈)သဟဿဗေဒေါပိ၊ ဗေဒင်တစ်ထောင်ကို တတ်သောသူသည်လည်း။ တံဗာဟုဿစ္စံ၊ ထိုဗေဒင်ဗဟုဿုတကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သီလနှင့်သမာပတ်ဟုဆိုအပ်သောနိဗ္ဗာန်ရောက်ကြောင်းအခြေကောင်းသို့။ အပတွာ၊ မရောက်မူ၍။ ဒုက္ခာ၊ အပါယ်ဆင်းရဲ,ဝဋ်ဆင်းရဲမှ။ အတ္တာနံ၊ မိမိကိုယ်ကို။ နပမုဉ္စေ၊ အကယ်၍မလွတ်စေနိုင်ငြားအံ့။ ဧဝံသန္တေ၊ ဤသို့မလွတ်စေနိုင်သည်ရှိသော်။ ဗေဒါ၊ ဗေဒင်သုံးပုံတို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သသံယမံ၊ သီလသံယမနှင့် တကွသော။ စရဏမေဝ၊ သမာပတ္တိဟုဆိုအပ်သောစရဏသည်သာလျှင်။ သစ္စံ၊ မှန်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အဟံမညာမိ၊ ငါအောက်မေ့၏။ ။

ထိုစကားကိုကြား၍ ပုရောဟိတ်ပုဏ္ဏားသည်။ ။

(၈၅၉)န ဟေဝ ဝေဒါ အဖလာ ဘဝန္တိ၊သသံယမံ စရဏမေဝ သစ္စံ။

ကိတ္တိဉှိ ပပ္ပေါတိ အဓိစ္စ ဝေဒေ၊သန္တိံ ပုဏေတိ စရဏေန ဒန္တော။ ။

ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။

(၈၅၉)ဗေဒါ၊ ဗေဒင်သုံးပုံတို့သည်။ အဖလာ၊ အကျိုးမရှိနိရတ္ထကဖြစ်ကုန်သည်။ နဟေဝဘဝန္တိ၊ မဖြစ်ကုန်သည်သာတည်း။ သသံယမံ၊ သီလသံယမနှင့်တကွသော။ စရဏမေဝ၊ သမာပတ္တိဟုဆိုအပ်သော စရဏကိုသာလျှင်။ သစ္စံ၊ အမှန်ဟူ၍။ ကရေယျ၊ ပြုရာ၏။ တေစဗေဒေ၊ ထိုဗေဒင်တို့ကိုကား။ သစ္စံ၊ အမှန်ဟူ၍။ နကရေယျ၊ မပြုရာ။ ဟိသစ္စံ၊ မှန်၏။ ဗေဒေ၊ ဗေဒင်သုံးပုံတို့ကို။ အဓိစ္စ၊ သဘောသကန်ကျနအောင်သင်ကြား၍။ ကိတ္တိံ၊ မျက်မှောက်ကင်္ကာကျော်စောခြင်းသို့။ ပဗ္ဗောတိ၊ ရောက်၏။ စရဏေန၊ သီလသံယမနှင့်တကွသောသမာပတ်ဟုဆိုအပ်သောစရဏဖြင့်။ ဒန္တော၊ ယဉ်ကျေးသောသူသည်။ သန္တိံ၊ စင်စစ်ငြိမ်းရာနိဗ္ဗာန်သို့။ ပုဏေတိ၊ ရောက်၏။ ။

( သီလ၌တည်၍ သမာပတ်ကိုဖြစ်စေ၍၊ ထိုသမာပတ်လျှင်အခြေရှိသောဝိပသာနာကိုပွါးစေ၍ စင်စစ်ငြိမ်းရာနိဗ္ဗာန်သို့ ရောက်၏ဟူလိုသည်။ ။ ဒုမ္မက္ခရူပါတိ အနဉ္စိတာမဏ္ဍိတလူခနိဝါ သနာမာလာဂန္ဓဝိလေပနဝဇ္ဇိတာကိလိဋ္ဌရူပါတိ ဝုတ္တံဟောတိ၊ ဟု-အဋ္ဌကထာဖွင့်ရကား။ ဒုမ္မက္ခသင့်သည်ဒုမ္မုက္ခမသင့်)။ ။

သေတကေတုဇာတကံ ဒုတိယံ။၃၇၇။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပင်္ကောစကာမာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒရီမုခဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ မြတ်သောတောထွက်တော်မူခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါ မင်းကို ပစ္စေကဗုဒ္ဓါသည်၊ ဗြဟ္မဒတ်မင်း၊ သင်သည်တရားသဖြင့် မင်းပြု၏လော။ အဂတိသို့လားခြင်းကို လိုက်သလော။ ဥစ္စာ၏အကျိုးငှါ လူတို့ကို နှိပ်စက်သလော။ အလှူအစရှိသော ကောင်းမှုတို့ကို ပြုနိုင်၏လော။ ဤသို့အစရှိသည်တို့ကိုဆိုလျက် ပဋိသန္ဓာရကိုပြု၍၊ ဗြဟ္မဒတ်မင်း၊ ယခုအခါ၌အသက်ကြီးပြီ။ သင်မင်းကြီးသည် ကာမတို့ကိုစွန့်၍ ရဟန်းပြုခါတန်ပြီဟုဆို၍မင်းအားတရားဟောလိုရကား။ ။

(၈၆၀)ပင်္ကော စ ကာမာ ပလိပေါ စ ကာမာ၊ဘယဉ္စ မေတံ တိမူလံ ပဝုတ္တံ။

ရဇော စ ဓူမော စ မယာ ပကာသိတာ၊ဟိတွာ တုဝံ ပဗ္ဗဇ ဗြဟ္မဒတ္တ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၈၆၀)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်း။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဝါ၊ ဝတ္ထုကာမ,ကိလေသကာမတို့သည်။ ပင်္ကောစ၊ ရေ၌ရောက်ကုန်သော မြက်, မှော်,ကုမုဒြာကြာ,ချုံကန်စွန်းနွယ်, စသည်တို့နှင့်လည်းတူ၏။ ကာမာ၊ ကာမဂုဏ်တို့သည်။ ပလိပေါစ မဟာကဒ္ဒမောစ၊ အားကြီးစွာသော ညွန်တို့နှင့်လည်းတူ၏။ ဧတံ၊ ဤကာမကို။ တိမူလံ၊ သုံးခုသောအမြစ်တို့ဖြင့် တည်သကဲ့သို့ မလှုပ်မရှားအားကြီးစွာသော။ ဘယဉ္စ၊ ဘေးဟူ၍လည်း။ ပဂုတ္တံ၊ ဘုရားပစ္စေကဗုဒ္ဓါအရိယာအရှင်မြတ်တို့သည်ဟောတော်မူအပ်၏။ တနည်း။ ဧတံ၊ ဤကာမကို။ မယာ၊ ငါသည်။ တိမူလံ၊ အမြစ်သုံးသွယ်ရှိသော။ ဘယဉ္စ၊ ဘေးဟူ၍လည်း။ ပဝုတ္တံ၊ အပြားအားဖြင့် ဟောအပ်၏။ ရဇောစ၊ မြူဟူ၍၎င်း။ ဓူမောစ၊ အခိုးဟူ၍၎င်း။ မယာ၊ ငါသည်။ ပကာသိတော၊ ပြအပ်၏။ တသ္မာ၊ ထို့ကြောင့်။ တုဝံ၊ သင်သည်။ ဣမေ ကာမေ၊ ဤကာမဂုဏ်တို့ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇ၊ ရဟန်းပြုလော့။ ။

ထိုစကားကိုကြား၍ မင်းသည်၊ ကိလေသာတို့သည် မိမိအား နှောင်ဘွဲ့သည်၏အဖြစ်ကိုပြလို၍။ ။

(၈၆၁)ဂဓိတော စ ရတ္တော စ အဓိမုစ္ဆိတော စ၊ကာမေသွဟံ ဗြာဟ္မဏ ဘိံသရူပံ။

တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊ကာဟာမိ ပုညာနိ အနပ္ပကာနိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၈၆၁)ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသောရှင်ရဟန်း။ အဟံ၊ ငါသည်။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဂဓိတောစ၊ လိုချင်မက်မောသည်၎င်း။ ဝါ၊ အဘိဇ္ဈာကာယဂန္ထဖြင့် ဘွဲ့စည်း တုပ်နှောင်အပ် သည်၎င်း။ ရတ္ထောစ၊ ရာဂဖြင့် တပ်စွန်းစွဲကပ်သည်၎င်း။ အဓိမုစ္ဆိတောစ၊ အလွန်လျှင်မိန်းမောတွေဝေသည်၎င်း။ ဟောမိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ ဤအသက်မွေးခြင်းဖြင့် အလိုရှိသော။ တနည်း။ အာဇီဝိကတ္ထော၊ အသက်ရှည်သရွေ့သုံးဆောင်ခံစားလိုသော။ အဟံ၊ ငါသည်။ ဘိံသရူပံ၊ ကြောက်မက်ဖွယ်သော သဘောရှိသော။ ဝါ၊ ကြောက်မက်ဘွယ် အားသန်သောသဘောရှိသော။ တံကာမံ၊ ထိုဝတ္ထုကာမ,ကိလေသကာမကို။ ပဟာတုံ၊ စွန့်ပစ်ခြင်းငှါ။ နဥဿဟေ နဥဿဟာမိ၊ မစွမ်းနိုင်။ ဣဒါနိ၊ ယခုအခါ၌။ (ထည့်) အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ဒါန,သီလ,ဥပေါသထ, ဟုဆိုအပ်သောကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုပါအံ့။ ။

ဒရီမုခပစ္စေကဗုဒ္ဓါသည် ဘုရားလောင်းသည် ရဟန်းပြုအံ့သောငှါ မတတ်နိုင်ဟူ၍ ဆိုသည်ရှိသော်လည်း ဝန်ချခြင်းကို မပြုမူ၍ အလွန်လည်းဆုံးမလို၍။ ။

(၈၆၂)ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊ဩဝဇ္ဇမာနော န ကရောတိ သာသနံ။

ဣဒမေဝ သေယျော ဣတိ မညမာနော၊ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒေါ။ ။

(၈၆၃)သော ဃောရရူပံ နိရယံ ဥပေတိ၊သုဘာသုဘံ မုတ္တကရီသပူရံ။

သတ္တာ သကာယေ န ဇဟန္တိ ဂိဒ္ဓါ၊ယေ ဟောန္တိ ကာမေသု အဝီတရာဂါ။ ။

ဟူသောနှစ်ဂါထာတို့ကိုဟော၏။ ။

(၈၆၂-၈၆၃)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်း။ ယော၊ အကြင်သူသည်။ အတ္ထကာမဿ၊ အစီးအပွါးကိုအလိုရှိသော။ ဟိတာနုကမ္ပိနော၊ အစီးအပွါးကိုရှာသော နူးညံ့သောစိတ်ဖြင့် အစဉ်စောင့်ရှောက်သနားတတ်သောသူသည်။ ဝါ၊ ၏။ ဩဝဇ္ဇမာနော၊ ဆုံးမအပ်သည်ရှိသော်။ သာသနံ၊ အဆုံးအမကို။ နကရောတိ၊ မလိုက်နာ။ ဣဒမေဝ၊ ဤငါသည်ယူအပ်သော အယူသည်သာလျှင်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ မညမာနော၊ မှတ်ထင်သည်။ ဟောတိ၊ ဖြစ်၏။ သောမန္ဒော၊ ထိုပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဝါ၊ ပဋိသန္ဓေနေခြင်းသို့။ ဥပေတိ၊ ရောက်ရ၏။ ။

သော၊ ထိုအမိဝမ်းတွင်းသို့ ဝင်ရသောသူသည်။ ဃောရရူပံ၊ ကြမ်းကြုတ်သော သဘောရှိသော။ သုဘာ သုဘံ၊ တင့်တယ်သောအစီးအပွါးကိုအလိုရှိကုန်သော ယောဂါဝစရကုလပုတ္တတို့သည် အသုဘဟူ၍ ရှုအပ်သော။ ဝါ၊ ကုလပုတ္တတို့အား အသုဘဖြစ်၍ ထင်သော။ မုတ္တကရီသပူရံ၊ ကျင်ကြီး,ကျင်ငယ်တို့ဖြင့်ပြည့်သော။ နိရယံ၊ ခြေ,လက်လေးဖက်တုပ်ကွေး၍ခံရာ မာတုကုစ္ဆိဟုဆိုအပ်သောစတုကုဏ္ဍိကငရဲသို့။ ဥပေတိ၊ ကပ်ရ၏။ ယေ၊ အကြင်သူတို့သည်။ သတ္တာအာသတ္တာလဂ္ဂိတာ၊ တွယ်တာကပ်ငြိကုန်သည်ဖြစ်၍။ ဂိဒ္ဓါ၊ မက်မောတွေဝေခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။ သကာယေ၊ မိမိကာယဟုဆိုအပ်သော အမိဝမ်းခေါင်းတို့ကို။ နဇဟန္တိ၊ မစွန့်နိုင်ကုန်။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ကာမေသု၊ ဝတ္ထုကာမ,ကိလေသကာမတို့၌။ အဝီတရာဂါ၊ မကင်းသောရာဂရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ။

ဤသို့လျှင် ဒရီမုခပစ္စေကဗုဒ္ဓါသည်၊ အမိဝမ်းသို့ကပ်ခြင်း အရင်းရှိသောဆင်းရဲကို၎င်း၊ အမိသည်ဝမ်းဖြင့်ဆောင်ခြင်းအရင်းရှိသော ဆင်းရဲကို၎င်းပြပြီး၍၊ ယခုအခါ ကိုယ်ဝန်ဖွားခြင်းအရင်းရှိသောဆင်းရဲကို ပြအံ့သောငှါ။ ။

(၈၆၄)မီဠှေန လိတ္တာ ရုဟိရေန မက္ခိတာ၊သေမှေန လိတ္တာ ဥပနိက္ခမန္တိ။

ယံ ယဉှိ ကာယေန ဖုသန္တိ တာဝဒေ၊သဗ္ဗံ အသာတံ ဒုခမေဝ ကေဝလံ။

(၈၆၅)ဒိသွာ ဝဒါမိ န ဟိ အညတော သဝံ၊ပုဗ္ဗေနိဝါသံ ဗဟုကံ သရာမိ။

ဟူသောဤအခွဲနှင့်တကွသောနှစ်ဂါထာတို့ကိုဟော၏။ ။

(၈၆၄-၈၆၅)မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ မီဠှေန၊ ကျင်ကြီးဖြင့်။ လိတ္တာ၊ လိမ်းကျံ အပ်ကုန်သည်ဖြစ်၍။ ရုဟိရေန၊ အမိဝမ်းသွေးဖြင့်။ မက္ခိတာ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍။ သေမှေန၊ သလိပ်ဖြင့်။ လိတ္တာဝ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍သာလျှင်။ ဥပနိက္ခမန္တိ၊ အမိဝမ်းမှဖွားရကုန်၏။ ဟိသစ္စံ၊ မှန်၏။ တာဝဒေဝ၊ ထိုဖွားသောခဏ၌လျှင်။ ယံနိက္ခမနမဂ္ဂံ၊ အကြင်ဖွားထွက်ရာဖြစ်သော ယောနိဝကို။ ကာယေန၊ ကိုယ်ဖြင့်။ ဖုသန္တိ၊ ထိကုန်၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ အသာတံ၊ မသာယာအပ်သည်ဖြစ်၍။ ကေဝလံ၊ ချမ်းသာနှင့်မရောသော။ ဒုက္ခမေဝ၊ ဒုက္ခသာလျှင်။ ဟောတိ၊ ဖြစ်၏။ ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ ငါသည်။ ဣမံဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော တရားစကားကို။ ဝဒန္တော၊ ဟောသည်ရှိသော်။ အညတောသဝံ၊ တစ်ပါးသောရဟန်းပုဏ္ဏား၏ကြားအပ်သောစကားသံကို။ သုတွာ၊ ကြား၍။ နဟိဝဒါမိ၊ ဟောသည်မဟုတ်။ အတ္တနောပန၊ မိမိ၏ကား။ ပစ္စေကဗောဓိဉာဏေန၊ ပစ္စေကဗောဓိဉာဏ်ဖြင့်။ ဒိသွာ၊ ကိုယ်တိုင်မြင်၍။ ဝဒါမိ၊ ဟော၏။ အဟံ၊ ငါသည်။ ဗဟုကံ၊ များစွာသော။ ပုဗ္ဗေနိဝါသံ၊ ပုဗ္ဗေနိဝါသကို။ သရာမိ၊ အောက်မေ့နိုင်၏။ ။

ယခုအခါ သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ဤသို့ဒရီမုခပစ္စေကဗုဒ္ဓါသည်မင်းကိုကောင်းစွာဆိုအပ်သောစကားဖြင့် ချီးမြှောက်၏ဟုမိန့်တော်မူ၍အဆုံး၌။ ။

(၈၆၆)စိတြာဟိ ဂါထာဟိ သုဘာသိတာဟိ၊ဒရီမုခေါ နိဇ္ဈာပယိ သုမေဓံ။ ။

ဟူသောဤထက်ဝက်သောအဘိသမ္ဗုဒ္ဓဂါထာကိုဟေါတော်မူ၏။ ။

(၈၆၆)ဘိက္ခဝေ၊ ရဟန်းတို့။ ဒရီမုခေါ၊ ဒရီမုခအမည်ရှိသော ပစ္စေကဗုဒ္ဓါသည်။ သုဘာသိတာဟိ၊ ကောင်းစွာဟောအပ်ကုန်သော။ စိတြာဟိ၊ တစ်ပါးမကများစွာသော အနက်ကိုမှီသည်ဖြစ်၍ ဆန်းကြယ် ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ သုမေဓံ၊ ကောင်းသောပညာရှိသော။ ရာဇာနံ၊ ဗြဟ္မဒတ်မင်းကြီးကို။ နိဇ္ဈာပယိသညာပေသိ၊ သိစေ၏။ ။

(ပင်္ကသည် ပင်္ကဇစသည်တို့၌ညွန်ကိုဟောသည်။ ဤ၌ကား။ ပင်္ကောတိဥဒကေဇာတာနိတိဏသေဝါလကုမုဒဂစ္ဆာဒီနိ အဓိပ္ပေတာနိ,ဟု-အဋ္ဌကထာဖွင့်သည် အားလျော်စွာယောဇနာသည်။ ပလိပေါဝုစ္စတိမဟာကဒ္ဒမေါယမှိ လဂ္ဂါသရဘမိဂါဒယောပိသီဟာပိ ဝါရဏါပိအတ္တာနံ ဥဒ္ဓရိတွာဂန္တုံနသက္ကောန္တိ ဝတ္ထုကာမာကိလေသကာမာပိတံ သရိက္ခတာယပလိပါတိဝုတ္တာ။ အဋ္ဌကထာဟူရကား။ ဝုစ်ကိုမငဲ့မူ၍ ပင်္ကောပလိပေါဟူ၍ ဆိုသည်။ ဝုစ်ကိုငဲ့မူပင်္ကာပလိပါဟူ၍လည်း ဆိုသင့်၏။ တနည်းသော်တုံ။ ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန, ဟူသောပုဒ်၌ဓမ္မာတိရေက ဓမ္မဝိသေသနှစ်ပါးသည် အဘိဓမ္မ၏အတ္ထ၏အဖြစ်ဖြင့် တစ်ခုထည်းဖြစ်၍ ဧကဝုစ်ဆိုသကဲ့သို့ငါးပါးသောဝတ္ထုကာမကိလေသကာမသည် များပြားသော်လည်း ပင်္ကပလိပအဖြစ်ဖြင့် တစ်ခုထည်းဖြစ်၍ ပင်္ကောပလိပေါ,ဟုဧကဝုစ်ဆိုသည်။ ဤသို့စသည်ဖြင့်ကျအောင်စစ်လေ။ ။

အာဇီဝကတ္ထောတိဣမဿပဒဿအတ္ထော ယာဝဇီဝါမိတာဝဆဍ္ဍေတုံနသက္ကောမီတိ။ ဟူသောဋီကာကိုရှု၍ဒုတိယအနက်ကိုယောဇနာသည်။ ။

ဃောရရူပံနိရယံဥပေတိ၌၊ မာတုကုစ္ဆိကိုနိရာသာဒအနက်ကြောင့် ဤ၌နိရယဟုဆိုအပ်သတည်း။ လေးဖက်တုပ်၍ကွေးလျက် မလှုပ်မရှက်သာခံရသော ငရဲအဘယ်နည်းဟုမေးမူ၊ မာတုကုစ္ဆိ, ဟုဖြေအပ်၏။ အဝီစိငရဲကြီး၌ ဖြစ်သောသတ္တဝါအား ထိုမှဤမှ ရှေးရှုပြေးခြင်း ထက်ဝန်းကျင်ပြေးခြင်းသည်ဖြစ်သေး၏။ ထို့ကြောင့် ထိုမဟာအဝီစီကိုစတုကုဏ္ဍိကငရဲဟုဆိုခြင်းငှါမအပ်။ မာတုကုစ္ဆိ၌ကားကိုးလဆယ်လတိုင်တိုင်မိန်းမှိုင် ကုပ်သေ ကွေးလျက်နေ၍ ထိုမှဤမှရွှေ့ခြင်းငှါမရသာ၊ အလွန်ကျဉ်းမြောင်းစွာသော အရပ်၌ ခြေလက်လေးဘက်တုပ်ကွေး၍ နေရရကား မာတုကုစ္ဆိကိုစတုကုဏ္ဍိကနိရယဟုဆိုသင့်သတည်း။ ။ သုဘာနံဟိတကာမာနံ ယောဂါဝစရကုလပုတ္တာနံ အလဘန္တိမာတုကုစ္ဆိယာဧတံ အဓိဝစနံကိုရှု၍သုဘာသုဘံကိုယောဇနာသည်။ သတ္တာတိအာသတ္တာလဂ္ဂိတာ။ သကာယေနဇဟန္တီတိ တံမာတုကုစ္ဆိ ၊ နပရိစ္စဇတာကို ရှု၍သတ္တာစသည်ကိုယောဇနာသည်)။ ။

ဒရီမုခဇာတကံ တတိယံ။၃၇၈။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာကောလာကာကသင်္ဃာစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤနေရုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ဘုရားလောင်း၏ ညီသည် အကြောင်းကို မသိ၍ ဤတောင်၌ အကြောင်းအသို့နည်းဟုအစ်ကိုယ်နှင့်တကွပြောဟောလိုသည်ဖြစ်၍။ ။

(၈၆၇)ကာကောလာ ကာကသင်္ဃာ စ၊မယဉ္စ ပတတံ ဝရ။

သဗ္ဗေဝ သဒိသာ ဟောမ၊ဣမံ အာဂမ္မ ပဗ္ဗတံ။ ။

(၈၆၈)ဣဓ သီဟာ စ ဗျဂ္ဃါ စ၊သိင်္ဂါလာ စ မိဂါဓမာ။

သဗ္ဗေဝ သဒိသာ ဟောန္တိ၊အယံ ကော နာမ ပဗ္ဗတော။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၈၆၇-၈၆၈)ပတတံ၊ ကောင်းကင်ပျံသွားငှက်အများတို့တွင်။ ဝရ၊ မြတ်သောနောင်တော်ဟင်္သာမင်း။ ဣမံပဗ္ဗတံ၊ ဤတောင်သို့။ အာဂမ္မ၊ ရောက်ကုန်၍။ ကာကောလာ၊ တောကျီးတို့သည်၎င်း။ ကာကသင်္ဃာစ၊ ပကတိသောကျီးအပေါင်းတို့သည်၎င်း။ မယဉ္စ၊ ငါတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသောငှက်တို့သည်ပင်။ သဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောမ၊ ဖြစ်ကုန်၏။ ။

ဣဓ၊ ဤတောင်၌။ သီဟာစ၊ ခြင်္သေ့တို့သည်၎င်း။ ဗျဂ္ဃါစ၊ ကျားတို့သည်၎င်း။ မိဂါဓမာ၊ သားတကာတို့အောက် အယုတ်ဆုံးဖြစ်ကုန်သော။ သိင်္ဂါလာစ၊ မြေခွေးတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသောသားငှက်တို့သည်ပင်။ သဒိသာ၊ အဆင်တူမျှကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံပဗ္ဗတော၊ ဤတောင်သည်။ ကောနာမပဗ္ဗတော၊ အဘယ်မည်သောတောင်နည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။

(၈၆၉)ဣမံ နေရူတိ ဇာနန္တိ၊မနုဿာ ပဗ္ဗတုတ္တမံ။

ဣဓ ဝဏ္ဏေန သမ္ပန္နာ၊ဝသန္တိ သဗ္ဗပါဏိနော။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၈၆၉)ကနိဋ္ဌ၊ ညီထွေး။ ဣဓ၊ ဤတောင်၌။ ဝဏ္ဏေန၊ ကောင်းမြတ်သော ရွှေအဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံကုန်သည်ဖြစ်၍။ သဗ္ဗပါဏိနော၊ ခပ်သိမ်းသောသတ္တဝါတို့သည်။ ဝသန္တိ၊ နေကုန်၏။ ဥတ္တမံ၊ မြတ်သော။ ဣမံပဗ္ဗတံ၊ ဤတောင်ကို။ နေရူတိ၊ နေရုတောင်ဟူ၍။ မနုဿာ၊ လူတို့သည်။ ဇာနန္တိ၊ သိကုန်၏။ ။

ထိုစကားကိုကြား၍ညီတော်ရွှေဟင်္သာသည်။ ။

(၈၇ဝ)အမာနနာ ယတ္ထ သိယာ၊သန္တာနံ ဝါ ဝိမာနနာ။

ဟီနသမ္မာနနာ ဝါပိ၊န တတ္ထ ဝသတိံ ဝသေ။ ။

(၈၇၁)ယတ္ထာလသော စ ဒက္ခော စ၊သူရော ဘီရု စ ပူဇိယာ။

န တတ္ထ သန္တော ဝသန္တိ၊အဝိသေသကရေ နရေ။ ။

(၈၇၂)နာယံ နေရု ဝိဘဇတိ၊ဟီနဥက္ကဋ္ဌမဇ္ဈိမော။

အဝိသေသကရော နေရု၊ဟန္ဒ နေရုံ ဇဟာမသေ။ ။

ဟူသောသုံးဂါထာတို့ကိုဆို၏။ ။

(၈၇ဝ-၈၇၂)ယတ္ထ၊ အကြင်နေရာအရပ်၌။ သန္တာနံ၊ ပညာရှိသီလဝန်ဖြစ်ကုန်သောသူတို့အား။ အမာနနာ၊ မြတ်နိုးခြင်းမရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ဝိမာနနာဝါ၊ မထေမဲ့မြင်မလေးမစားပြုခြင်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ ဟီနသမ္မာနနာဝါပိ၊ ယုတ်သောအကျင့်ရှိသောဒုဿီလတို့အား မြတ်နိုးစုံမက်ခြင်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တတ္ထဝသတိံတသ္မိံ နိဝါသေ၊ ထိုသို့သဘောရှိသောနေရာအရပ်၌။ နဝသေ၊ မနေရာ။ ။

ယတ္ထ၊ အကြင်နေရာအရပ်၌။ အလသောစ၊ ပျင်းသောအတတ်ပညာမရှိသောသူသည်၎င်း။ ဒက္ခေါစ၊ အရေးအရာမြော်မြင်သောသူသည်၎င်း။ သူရောစ၊ ရဲရင့်သောသူသည်၎င်း။ ဘိရူစ၊ ကြောက်တတ်သောသူသည်၎င်း။ ပူဇိယာ၊ အတူအမျှ ပူဇော်အပ်ကုန်သည်။ ဝါ၊ တူမျှသော ပူဇော်သက္ကာရရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တတ္ထတသ္မိံ တာဒိသေ၊ ထိုသို့သဘောရှိသော။ အဝိသေသကရေ၊ အမြတ်ကျေးဇူး အထူးဝိသေသကိုမပြုတတ်သော။ နရေ၊ လူ့အထံ၌။ သန္တော၊ သူတော်ကောင်းတို့သည်။ နဝသန္တိ၊ မနေကုန်။ ။

အယံနေရု၊ ဤနေရုမည်သောရွှေတောင်သည်။ ဟီနဥက္ကဋ္ဌမဇ္ဈိမေ၊ ဇာတိဂေါတ္တ, ကုလာပဒေသ, သီလာစာရ, ဉာဏ,စသည်တို့ဖြင့် အယုတ်အမြတ်အလတ်ဖြစ်သောသူတို့ကို။ နဝိဘဇတိ၊ မဝေဘန်မခွဲခြမ်းတတ်။ အယံနေရု၊ ဤနေရုမည်သောရွှေတောင်သည်။ အဝိသေသကရော၊ အယုတ် အလတ် အမြတ်အားလျော်စွာ အထူးဝိသေသကိုမပြုတတ်။ ဟန္ဒ၊ လွတ်လွတ်။ နေရုံ၊ နေရုမည်သောရွှေတောင်ကို။ ဇဟာမသေ၊ စွန့်ကုန်အံ့။ ။

ဤသို့ဆို၍ဟင်္သာညီနောင်တို့သည် စိတ္တကုဋ်တောင်သို့ ပျံသွားကုန်၏။ ။ (နတတ္ထဝသတိ၌ဝသတိကား ရာဇဝသတိံဝသေ၌ကဲ့သို့ နေရာဟောသည်။ ဘုမ္မတ္ထ၌ဥပယောဂသက်သည်။ အဝိသေသကရောနရောရှိသည်ကားမသင့်။ ဝိသေသကရေနရေရှိမှသင့်သည်။ နရေကားသာမီပိကာဓာရတည်း။ ဘဂဝတိဗြဟ္မစရိယံဝုဿတိကဲ့သို့တည်း။ ဤသို့နရေဟူသောပုဒ်ဖြင့် စွန့်အပ်သောနေရာကိုယူမှအဝိသေသကရောနေရု၊ ဟန္နနေရုံဇဟာမသေ,ဟူသောနောက်စကားနှင့်ညီမည်)။ ။

နေရုဇာတကံ စတုတ္ထံ။၃၇၉။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အာသာဝတီ နာမ လတာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအာသင်္ကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါအာသင်္ကာသတို့သ္မီးသည်၊ မြတ်သောမင်းကြီး၊ သွားသည်ရှိသော် ငါသို့သောမိန်းမကိုအဘယ်မှာ ရလတ္တံ့နည်း။ တာဝတိံသာနတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သောနွယ်သည်ရှိ၏။ ထိုအာသာဝတီနွယ်၏ အသီး၏အတွင်း၌ နတ်အဖျော်သည်ဖြစ်၏။ ထိုနတ်အဖျော်ကို တစ်ကြိမ်သောက်သည်ရှိသော် လေးလတို့ပတ်လုံး ရစ်ကုန်၍ နတ်၏အိပ်ရာ၌နေကုန်၏။ ထိုအာသာဝတီနွယ်၏အသီးသည်ကားအနှစ်တစ်ထောင်ရှိသဖြင့်သီး၏။ သုရာကြူးကုန်သောနတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏အဖျော်ဖြစ်သော အသီးကိုရလတ္တံ့ ဟု ဆင်းရဲခြင်းကိုသည်းခံ၍အနှစ်တစ်ထောင်ပတ်လုံးမပြတ်သွား၍ ထိုအာသာဝတီနွယ်ကိုရောဂါကင်းပါ၏လောဟု ကြည့်လေ၏။ သင်မင်းကြီးသည်ကား တစ်နှစ်ဖြင့်သာလျှင်ငြီးငွေ့၏။ တောင့်တခြင်း၏ အကျိုးကို ရခြင်းမည်သည်ချမ်းသာ၏။ မငြီးငွေ့လင့်ဟုဆို၍။ ။

(၈၇၃)အာသာဝတီ နာမ လတာ၊ဇာတာ စိတ္တလတာဝနေ။

တဿာ ဝဿသဟဿေန၊ဧကံ နိဗ္ဗတ္တတေ ဖလံ။ ။

(၈၇၄)တံ ဒေဝါ ပယိရုပါသန္တိ၊တာဝ ဒူရဖလံ သတိံ။

အာသီသေဝ တုဝံ ရာဇ၊အာသာ ဖလဝတီ သုခါ။ ။

ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။

(၈၇၃-၈၇၄)မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ အာသာဝတီနာမ၊ အာသာဝတီအမည်ရှိသော။ လတာ၊ နွယ်သည်။ ဇာတာ၊ ပေါက်ရောက်၏။ တဿာ၊ ထိုအာသာဝတီနွယ်အား။ ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ ဧကံ၊ တစ်လုံးသော။ ဖလံ၊ အသီးသည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။ ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ထိုရွေ့လောက်။ ဒူရဖလေသတိ၊ ဝေးသော အသီးရှိသည်ဖြစ်လျက်။ တံ၊ ထိုအာသာဝတီနွယ်သို့။ ဒေဝါ၊ နတ်တို့သည်။ ပယိရုပါသန္တိ၊ အကြိမ်များစွာ အဘန်တလဲလဲဆည်းကပ်ကုန်၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာ၊ တောင့်တခြင်းသည်။ ဖလဝတီ၊ အကျိုးရှိမူ။ သုခါ၊ ချမ်းသာ၏။ ။

တဘန်မင်းသည်ငါ့အား ဤမိန်းမဖြင့်အဘယ် အကျိုး ရှိအံ့နည်းဟုဆို၍သွား၏။ ထိုသတို့သ္မီးသည်လည်း လေသာပြတင်း၌ရပ်၍ ကိုယ်ကိုပြ၏။ ဗာရာဏသီမင်းသည် သင်သည်နေရစ်လော့၊ ငါတို့သည်သွားကုန်အံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့် သွားအံ့နည်းဟုဆို၏။ သင်၏ အမည်ကိုသိခြင်းငှါမတတ်နိုင်ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့်အမည်ကိုမသိလတ္တံ့နည်း။ တောင့်တခြင်းဟူသည်ကား မပြည့်စုံသောမည်သည်မရှိ။ တစ်ခုသော ဗျိုင်းသည် တောင်ထိပ်၌ တည်လျက် မိမိတောင့်တအပ်သည်ကိုရ၏။ သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း။ မြတ်သောမင်းကြီး၊ သည်းခံဦးလော့ဟုဆို၍။ ။

(၈၇၅)အာသီသတေဝသော ပက္ခီ၊အာသီသတေဝ သော ဒိဇော။

တဿ စာသာ သမိဇ္ဈတိ၊တာဝ ဒူရဂတာ သတိ။

အာသီသေဝ တုဝံ ရာဇ၊အာသာ ဖလဝတီ သုခါ။ ။

ဟူသောဤတတိယဂါထာကိုရွတ်၏။ ။

(၈၇၅)မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ထိုရွေ့လောက်။ ဒူရဂတေ၊ တောင်ထိပ်မှငါးတို့၏၎င်း၊ ရေ၏၎င်း ဝေးသည်၏ အဖြစ်သည်။ သတိ၊ ဖြစ်လျက်။ သောပက္ခီ၊ ထိုပက္ခီမည်သောဗျိုင်းသည်။ အာသိသတေဝ၊ တောင့်တသလျှင်ကတည်း။ သောဒိဇော၊ ထိုဒိဇမည်သောဗျိုင်းသည်။ အာသီသတေဝ၊ တောင့်တသလျှင်ကတည်း။ တဿစ၊ ထိုဗျိုင်းငှက်အားလည်း။ အာသာ၊ တောင့်တခြင်း၏အကျိုးသည်။ သမိဇ္ဈတိ၊ ပြည့်စုံသေး၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်သည်လည်း။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာ၊ တောင့်တခြင်းသည်။ ဖလဝတီ၊ အကျိုးရှိမူ။ သုခါ၊ ချမ်းသာ၏။ ။

မင်းသည် ထိုသတို့သ္မီးကိုမြင်၍၊ သင်သည်နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့်သွားအံ့နည်းဟုဆို၏။ သင်သည် ငါ့ကိုစကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ ကာမနှင့် ယှဉ်သောမွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ။ သင်၏သာယာသောစကားဖြင့်ကပ်ငြိ၍ နေသော ငါ့အားသုံးနှစ်တို့သည်လွန်ပြီ။ ယခုအခါသွားအံ့ဟုဆို၍။ ။

(၈၇၆)သမ္ပေသိ ခေါ မံ ဝါစာယ၊န စ သံသေသိ ကမ္မုနာ။

မာလာ သေရေယျကဿေဝ၊ဝဏ္ဏဝန္တာ အဂန္ဓိကာ။ ။

(၈၇၇)အဖလံ မဓုရံ ဝါစံ၊ယော မိတ္တေသု ပကုဗ္ဗတိ။

အဒဒံ အဝိဿဇံ ဘောဂံ၊သန္ဓိ တေနဿ ဇီရတိ။ ။

(၈၇၈)ယဉှိ ကယိရာ တဉှိ ဝဒေ၊ယံ န ကယိရာ န တံ ဝဒေ။

အကရောန္တံ ဘာသမာနံ၊ပရိဇာနန္တိ ပဏ္ဍိတာ။ ။

(၈၇၉)ဗလဉ္စ ဝတ မေ ခီဏံ၊ပါထေယျဉ္စ န ဝိဇ္ဇတိ။

သင်္ကေ ပါဏူပရောဓါယ၊ဟန္ဒ ဒါနိ ဝဇာမဟံ။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၈၇၆-၈၇၉)ဘဒ္ဒေ၊ ရှင်မ။ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ အဂန္ဓိကာ၊ အနံ့မရှိသော။ မာလာဣဝ၊ ပန်းကဲ့သို့။ တွံ၊ ရှင်မသည်။ မံ၊ ငါ့ကို။ ဝါစာယခေါ၊ စကားဖြင့်သာလျှင်။ သံသေသိ၊ ရောင့်ရဲစေ၏။ ကမ္မုနာစ၊ အမှုဖြင့်ကား။ နသံသေသိ၊ မရောင့်ရဲစေ။ ။

ဘဒ္ဒေ၊ ရှင်မ။ ယော၊ အကြင်သူသည်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဣမံနာမဘောဂံ၊ ဤမည်သောစည်းစိမ်ကို။ ဒဿာမိ၊ ပေးအံ့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ တံဘောဂံ၊ ထိုစည်းစိမ်ကို။ အဒဒံအဒဒန္တော၊ မပေးမူ၍။ အဝိဿဇအဝိဿဇန္တော၊ မစွန့်မူ၍။ အဖလံ၊ အကျိုးမရှိသော။ မဓုရံ၊ သာယာသော။ ဝါစံ၊ စကားသက်သက်ကို။ ပကုဗ္ဗတိ၊ ပြုတတ်၏။ တေန၊ ထိုသူနှင့်။ အဿ၊ ထိုအဆွေခင်ပွန်း၏။ သန္ဓိ၊ မိတ်ဘွဲ့ခြင်းအစေ့အစပ်သည်။ ဇီရတိ၊ ပျက်စီး၏။ ။

ဘဒ္ဒေ၊ ရှင်မ။ ယံ၊ အကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တံဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ နကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ နဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။ ။

ဘဒ္ဒေ၊ ရှင်မ။ ဝတ၊ စင်စစ်။ မေ၊ ငါ၏။ ဗလဉ္စ၊ ဗိုလ်ပါရဲမက်သည်လည်း။ ခီဏံ၊ ကုန်ပြီ။ ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ နဝိဇ္ဇတိ၊ မရှိ။ သွာဟံသောအဟံ၊ ထိုငါသည်။ ပါဏူပရောဓာယ၊ ဤအရပ်၌ပင်ငါ၏အသက်ချုပ်ပျက်စီးခြင်း၌။ အာသင်္ကေ၊ ရွံရှာ၏။ ဟန္ဒဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ဝဇာမိ၊ သွားအံ့။ ။

အာသင်္ကာသတို့သ္မီးသည်မင်း၏ စကားကိုကြား၍။ မြတ်သောမင်းကြီး၊ သင်မင်းကြီးသည် ငါ့အမည်ကိုမသိဟုဆို၏။ သင်မင်းကြီးသည် ငါ၏အမည်ကိုဆိုအပ်သလျှင်ကတည်း။ ဤအမည်သည်ကား ငါ၏အမည်တည်း။ အဘအားပြောဆို၍ငါ့ကိုယူ၍ သွားလော့ဟုဆို၍မင်းနှင့် တကွစကားပြောဆိုလိုရကား။ ။

(၈၈ဝ)ဧတဒေဝ ဟိ မေ နာမံ၊ယံ နာမသ္မိ ရထေသဘ။

အာဂမေဟိ မဟာရာဇ၊ပိတရံ အာမန္တယာမဟံ။ ။

ဟူသောဤဩသာနဂါထာကိုဆို၏။ ။

(၈၈ဝ)ရထေသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်သည်။ ယံနာမာ၊ အကြင်အာသင်္ကာဟူသောအမည်ရှိသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ အကျွန်၏။ ဧတဒေဝဟိနာမံ၊ ထိုအာသင်္ကာဟူသော အမည်ကိုပင်လျှင်။ တုဝံ၊ ရှင်မင်းကြီးသည်။ ဝဒသိ၊ ဆို၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့ဦးလော့။ အဟံ၊ အကျွန်ုပ်သည်။ ပိတရံ၊ ခမည်းတော်ကို။ အာမန္တယာမိ၊ ကြားဦးအံ့။ ။

(ထိုဥယျာဉ်၌မြက်သစ်ပင်တို့၏ အရောင်သည် ဥယျာဉ်သို့ ဝင်ကုန်သောနတ်တို့၏ကိုယ်အဆင်းဆန်းကြယ်သည်ကိုပြုတတ်၏။ ထို့ကြောင့် စိတ္တလတာဝန,ဟူသောအမည်သည်ဖြစ်သတည်း။ ကိုယ်အဆင်းဆန်းကြယ်သည်ကိုပြုတတ်သောနွယ်သစ်ပင်ရှိသော ဥယျာဉ်ဟူလိုသည်။ ။

တသ္မိံကိရဥယျာနေတိဏရုက္ခလတာဒိပ္ပဘာပဝိဋ္ဌာနံဒေဝတာနံ သရီရဝဏ္ဏံစိတြံကရောတိ၊ တေနဿစိတ္တလတာဝနံနါမ။ ။ (အဋ္ဌကထာ)။ ။ ပက္ခေဟိယုတ္တတာယပက္ခီ။ ဒွိက္ခတ္တုံ ဇာတတာယ ဒိဇော။ ။ တာဝဒူရဂတေသတီတိ ပဗ္ဗတမတ္ထကတော မစ္ဆာနဉ္စ ဥဒကဿစ ဒူရဘာဝေသတိ,ဟု-အဋ္ဌကထာဖွင့်သောကြောင့် ဂတ,သည် ဘါဝအနက်ဟေါ။ ဘာဝေ,ဆိုလျှင် ဆန်းပျက်အံ့စိုးသောကြောင့် ဂတေ,ဆိုသည်။ ။

ဗလဉ္စဝတမေခီဏံ၊ပါထေယျဉ္စနဝိဇ္ဇတိ။ သင်္ကေပါဏူပရောဓာယ၊ဟန္ဒဒါနိဝဇာမဟံ။ ။ ဟူသော ဤဂါထာကိုမြင်သောကြောင့်။ ။ ကာလဝဏ္ဏဗျဝဓာနေ၊ သန္ဓိနာမနသမ္ဘဝေ။ ဂါထာသုဒုတိယန္တေန၊တတိယာဒိစကာလိကံ။ ။ ဟူသောဤစကားသည် ယေဘုယျ။အလျှင်းမရကောင်းသည်မဟုတ်ဟုမှတ်)။ ။

အာသင်္ကဇာတကံ ပဉ္စမံ။၃၈ဝ။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နမေရုစ္စိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမိဂါလောပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဆိုနိုင်ခက်သော တစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

လင်းတမင်းသည် သားကိုခေါ်၍၊ အမောင်၊သင်သည် အလွန်မြင့်စွာ ပျံသတတ်။ အလွန်မြင့်စွာ ပျံသော လင်းတသည် အသက် ကုန်ခြင်းသို့ ရောက်လတ္တံ့ဟုဆို၍။ ။

(၈၈၁)န မေ ရုစ္စိ မိဂါလောပ၊ယဿ တေ တာဒိသီ ဂတိ။

အတုစ္စံ တာတ ပတသိ၊အဘူမိံ တာတ သေဝသိ။ ။

(၈၈၂)စတုက္ကဏ္ဏံဝ ကေဒါရံ၊ယဒါ တေ ပထဝီ သိယာ။

တတော တာတ နိဝတ္တဿု၊မာဿု ဧတ္တော ပရံ ဂမိ။ ။

(၈၈၃)သန္တိ အညေပိ သကုဏာ၊ပတ္တယာနာ ဝိဟင်္ဂမာ။

အက္ခိတ္တာ ဝါတဝေဂေန၊နဋ္ဌာ တေ သဿတီသမာ။ ။

ဟူသောသုံးဂါထာတို့ကိုဆို၏။ ။

(၈၈၁-၈၈၃)တာတမိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အတုစ္စံ အတိဥစ္စံ၊ အလွန်မြင့်စွာ။ ပတသိ၊ ပျံ၏။ တာတမိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အဘူမိံ၊ အရာမဟုတ်သည်ကို။ သေဝသိ၊ မှီဝဲ၏။ ယဿတေ၊ အကြင်သင်၏။ တာဒိသီ၊ ထိုသို့အရာမဟုတ်သည်ကိုမှီဝဲခြင်းသဘောရှိသော။ ဂတိ၊ အလွန်မြင့်စွာပျံခြင်းသည်။ မေ၊ ငါ့အား။ နရုစ္စိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။ ။

တာတ မိဂါလောပ၊ ချစ်သားမိဂါလောပ။ ယဒါ၊ အကြင်အခါ၌။ တေ၊ သင်အား။ ပထဝီ၊ မြေသည်။ စတုက္ကဏ္ဏံ၊ လေးထောင့်ရှိသော။ ကေဒါရံဝ၊ လယ်ကဲ့သို့။ ခုဒ္ဒကာ၊ ငယ်သည်။ ဟုတွာ၊ ဖြစ်၍။ ပညာယမာနာ၊ ထင်သည်။ သိယာ၊ ဖြစ်ငြားအံ့။ တာတ၊ ချစ်သား။ အထ၊ ထိုသို့မြေကြီးသည်လယ်ကွက်လောက်မျှငယ်သည်ဖြစ်၍ ထင်သည်ရှိသော်။ တွံ၊ သင်သည်။ ဧတ္တော၊ ဤမျှလောက်သောအရပ်မှ။ နိဝတ္တဿု၊ နစ်ခဲ့လော့။ တတော၊ ထိုအရပ်မှ။ ပရံ၊ အလွန်။ မာဂမိ၊ မသွားလေလင့်။ ။

(သု,ကား အနက်မရှိ)။ ။ အညေပိ၊ သင်မှတစ်ပါးလည်းဖြစ်ကုန်သော။ ဝိဟင်္ဂမာ၊ ကောင်းကင်သို့ ပျံတတ်ကုန်သော။ ပတ္တယာနာ၊ အတောင်လျှင်ယာဉ်ရှိကုန်သော။ သကုဏာ၊ ငှက်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဿတီသမာ၊ မိမိကိုယ်ကို အမြဲတည်သော မြေကြီး, မြင်းမိုရ်တောင်စသည်တို့နှင့်အတူထင်မှတ်ကုန်သော။ တေသကုဏာ၊ ထိုငှက်တို့သည်။ ဝါတဝေဂေန၊ လေ၏အဟုန်သည်။ အက္ခိတ္တာ၊ မှုတ်လွှင့်အပ်ကုန်သည်ဖြစ်၍။ နဋ္ဌာ၊ မိမိအနှစ်တစ်ထောင်ရှည်သောအသက်အတိုင်းအရှည်ကို မပြည့်စေမူ၍ ပျက်စီးရကုန်၏။ ။

မိဂါလောပလင်းတသည် အဆုံးအမကိုမခံသည်၏အဖြစ်ကြောင့်၊ အဘစကားကိုနားမထောင်မူ၍ ပျံသဖြင့်၊ အဘသည် ကြားအပ်သောအပိုင်းအခြားကိုမြင်၍၊ ထိုအပိုင်းအခြားကိုလွန်၍ ကာလလေသို့ရောက်၏။ ထိုကာလလေကိုလည်းလွန်၍ ပျံသည်ရှိသော်ဝေရမ္ဘလေဝသို့ရောက်၏။ ထိုအခါထိုမိဂါလောပလင်းတကို ဝေရမ္ဘလေတို့သည် ခတ်ကုန်၏။ မိဂါလောပလင်းတသည်ဝေရမ္ဘလေတို့သည် ခတ်ကာမျှ၌လျှင် အပိုင်းအပိုင်းပြတ်၍ ကောင်းကင်၌လျှင် ကွယ်ပျောက်လေ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။

(၈၈၄)အကတွာ အပနန္ဒဿ၊ပိတု ဝုဒ္ဓဿ သာသနံ။

ကာလဝါတေ အတိက္ကမ္မ၊ဝေရမ္ဘာနံ ဝသံ အဂါ။ ။

(၈၈၅)တဿ ပုတ္တာ စ ဒါရာ စ၊ယေ စညေ အနုဇီဝိနော။

သဗ္ဗေ ဗျသနမာပါဒုံ၊အနောဝါဒကရေ ဒိဇေ။ ။

(၈၈၆)ဧဝမ္ပိ ဣဓ ဗုဒ္ဓါနံ၊ယော ဝါကျံ နာဝဗုဇ္ဈတိ။

အတိသီမံ စရော ဒိတ္တော၊ဂိဇ္ဈောဝါတီတသာသနော။

သဗ္ဗေ ဗျသနံ ပပ္ပေါန္တိ၊အကတွာ ဗုဒ္ဓ-သာသနံ။ ။

ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။

(၈၈၄-၈၈၆)ဘိက္ခဝေ၊ ရဟန်းတို့။ မိဂါလောပေါ၊ မိဂါလောပလင်းတသည်။ ဝုဒ္ဓဿ၊ ကြီးရင့်သော။ ပိတု၊ အဘဖြစ်သော။ အပနန္ဒဿ၊ အပနန္ဒလင်းတမင်း၏။ သာသနံ၊ အဆုံးအမကို။ အကတွာ၊ မလိုက်နာမူ၍။ ကာလဝါတေ၊ ဝေရမ္ဘလေ၏အောက်အဖို့၌ဖြစ်ကုန်သောကာလလေတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ အဂါ၊ ရောက်လေပြီ။ ။

တဿ၊ ထိုမိဂါလောပလင်းတ၏။ ပုတ္တာစ၊ သားတို့သည်၎င်း။ ဒါရာစ၊ မယားတို့သည်၎င်း။ အညေ၊ တစ်ပါးကုန်သော။ အနုဇီဝိနော၊ မိဂါလောပလင်းတကိုမှီ၍အသက်မွေးကုန်သော။ ယေစ၊ အကြင်လင်းတတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုလင်းတတို့သည်။ ဒိဇေ၊ ထိုမိဂါလောပလင်းတငှက်သည်။ အနောဝါဒကရေ၊ အဆုံးအမကို မလိုက်နာသည်ရှိသော်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။ ။

ဧဝံပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ဝါကျံ၊ စကားတော်ကို။ ယော၊ အကြင်သူသည်။ နာဝဗုဇ္ဈတိ၊ မသိ။ အတိသီမံ၊ အပိုင်းအခြားကိုလွန်၍။ စရော၊ ကျင့်တတ်၏။ ဒိတ္တောဂဗ္ဘိတော၊ ဆတ်ဆတ်မြားမြားစကားအမူကြမ်းကြုတ်၏။ အတီတသာသနော၊ အဆုံးအမစကားကိုလွန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုသူတို့သည်။ ဗုဒ္ဓသာသနံ၊ ဘုရားအဆုံးအမတော်ကို။ အကတွာ၊ မလိုက်နာမူ၍။ ဂိဇ္ဈောဝ၊ မိဂါလောပလင်းတကဲ့သို့။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။ ။

(သဿတီပထဝီပဗ္ဗတာဒီဟိသမံအတ္တာ နံမညမာနာအတ္တနောဝဿသဟဿပရိမာဏံအာယုံအပူရေတွာပိကာ လင်္ကတောအန္ထရာဝနဋ္ဌာတိအတ္ထော။ ။ ဟူသောအဋ္ဌကထာကိုထောက်သော်လင်းတအသက်တစ်ထောင်ရှိသည်။ ။ ကာလဝါတံနာမဝေရမ္ဘဝါတဿဟေဋ္ဌာစရဏဝါတံ။ ။(ဋီကာ)။ ။ ဒိတ္တောဂဗ္ဘိတော,ဟု-အဋ္ဌကထာဖွင့်ရကား။ ရိတ္တောမလို)။ ။

မိဂါလောပဇာတကံ ဆဋ္ဌံ။၃၈၁။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာနုကာဠေန ဝဏ္ဏေန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ကာဠကဏ္ဏီနတ်သ္မီးသည် ထိုခဏ၌လျှင် ညိုသောအဝတ်ကိုဝတ်၍ညိုသောနံ့သာပျောင်းကိုလိမ်း၍ ညိုသောပတ္တမြား တန်းဆာကို ဆင်၍ယန္တရား၌ထားအပ်သောကျောက်ကဲ့သို့ နတ်ပြည်မှသက်၍ မဇ္ဈိမယံ၏ အတွင်း၌ပြာသာဒ်၏ထွ​က်ဝင်ရာတံခါး၌ အိပ်ရာ၏အနီးဖြစ်သောအရပ်၌ ညိုသောအရောင်ကိုလွှတ်၍ ကောင်းကင်၌တည်၏။ သူဋ္ဌေးသည်ကြည့်လတ်သော် ထိုနတ်သ္မီးကိုမြင်၍ မြင်ကာမျှဖြင့်လျှင် ထိုနတ်သ္မီးအားမချစ်မနှစ်သက်ခြင်းသည်ဖြစ်၏။ သူဋ္ဌေးသည် ထိုနတ်သ္မီးနှင့်တကွစကားပြောဆိုလိုရကား။ ။

(၈၈၇)ကာ နု ကာဠေန ဝဏ္ဏေန၊န စာပိ ပိယ-ဒဿနာ။

ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ကထံ ဇာနေမု တံ မယံ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၈၈၇)ဘဒ္ဒေ၊ ရှင်မ။ ကာဠေန၊ မည်းညိုသော။ ဝဏ္ဏေန၊ ကိုယ်အဆင်း ဝတ်စားတန်းဆာတို့၏ အဆင်းဖြင့်။ ပိယဒဿနာ၊ ချစ်ဘွယ်သောအဆင်းရှိသည်။ နစာပိအသိ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင်သည်။ ကာဝါ၊ အဘယ်အမည်ရှိသနည်း။ ဝါ၊ အဘယ်သို့သောသူနည်း။ ကဿဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သ္မီးနည်း။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။ ။

ထိုစကားကိုကြား၍၊ ကာဠကဏ္ဏီနတ်သ္မီးသည်။ ။

(၈၈၈)မဟာရာဇဿဟံ ဓီတာ၊ဝိရူပက္ခဿ စဏ္ဍိယာ။

အဟံ ကာဠီ အလက္ခိကာ၊ကာဠကဏ္ဏီတိ မံ ဝိဒူ။

ဩကာသံ ယာစိတော ဒေဟိ၊ဝသေမု တဝ သန္တိကေ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၈၈၈)မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ အဟံ၊ ငါသည်။ ဝိရူပက္ခဿ၊ ဝိရူပက္ခအမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ စဏ္ဍိယာ၊ အမျက်ထွက်လေ့ရှိသည်ဖြစ်၍ကြမ်းကြုတ်သော။ ဓီတာ၊ သ္မီးတည်း။ အဟံ၊ ငါသည်။ အလက္ခိကာ၊ ပညာမရှိသော။ ကာဠီ၊ ကာဠီမည်သော နတ်သ္မီးတည်း။ မံ၊ ငါ့ကို။ ကာဠကဏ္ဏီတိ၊ ကာဠကဏ္ဏဟူ၍။ ဝိဒူ၊ စတုမဟာရာဇ်နတ်တို့သိကြကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းအပ်သောသင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ နေခွင့်ကို။ ဒေဟိ၊ ပေးလော့။ ။

ထိုနောင်မှ ဘုရားလောင်းသည်။ ။

(၈၈၉)ကိံသီလေ ကိံသမာစာရေ၊ပုရိသေ နိဝိသသေ တုဝံ။

ပုဋ္ဌာ မေ ကာဠိ အက္ခာဟိ၊ကထံ ဇာနေမု တံ မယံ။ ။

ဟူသောတတိယဂါထာကိုဆို၏။ ။

(၈၈၉)ကာဠိ၊ ကာဠီနတ်သ္မီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သီလရှိသော။ ကိံသမာစာရေ၊ အဘယ်အကျင့်ရှိသော။ ပုရိသေ၊ ယောက်ျား၌။ နိဝိသေ၊ စိတ်နှလုံးသက်ဝင်၍တည်သနည်း။ ပုဋ္ဌာ၊ မေးအပ်သောသင်နတ်သ္မီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။ ။

ထိုနောင်မှ ကာဠီနတ်သ္မီးသည် မိမိ၏ကျေးဇူးကိုဆိုလိုရကား။ ။

(၈၉၀)မက္ခီ ပဠာသီ သာရမ္ဘီ၊ဣဿုကီ မစ္ဆရီ သဌော။

သော မယှံ ပုရိသော ကန္တော၊လဒ္ဓံ ယဿ ဝိနဿတိ။ ။

(၈၉၁)ကောဓနော ဥပနာဟီ စ၊ပိသုဏော စ ဝိဘေဒကော။

ကဏ္ဍကဝါစော ဖရုသော၊သော မေ ကန္တတရော တတော။ ။

(၈၉၂)အဇ္ဇ သုဝေတိ ပုရိသော၊သဒတ္ထံ နာဝဗုဇ္ဈတိ။

ဩဝဇ္ဇမာနော ကုပ္ပတိ၊သေယျံ သော အတိမညတိ။ ။

(၈၉၃)ဒေဝပ္ပလုဒ္ဓေါ ပုရိသော၊သဗ္ဗမိတ္တေဟိ ဓံသတိ။

သော မယှံ ပုရိသော ကန္တော၊တသ္မိံ ဟောမိ အနာမယာ။ ။

ဟူသောဂါထာတို့ကိုဆို၏။ ။

(၈၉၀-၈၉၃)ယောပုရိသော၊ အကြင်ယောက်ျားသည်။ မက္ခီ၊ မိမိအားသူများပြုဘူးသောကျေးဇူးကို ချေဖျက်တတ်၏။ ပဠာသီ၊ အပြိုင်ပြုတတ်၏။ သာရမ္ဘီ၊ သူပြုသည်ထက်အလွန်ပြုတတ်၏။ ဣဿုကီ၊ ငြူစူတတ်၏။ မစ္ဆရီ၊ ဝန်တိုတတ်၏။ သဌော၊ စဉ်းလဲကောက်ကျစ်တတ်၏။ လဒ္ဓံ၊ ရအပ်သော။ ယသံ၊ စည်းစိမ်ကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ သောပုရိသော၊ ထိုယောက်ျားကို။ မယှံ၊ အကျွန်ုပ်သည်။ ကန္တော၊ ကြိုက်နှစ်သက်အပ်၏။ ။

ယောပုရိသော၊ အကြင်ယောက်ျားသည်။ ကောဓနော၊ အမျက်ထွက်လေ့ရှိ၏။ ဥပနာဟီစ၊ ရန်ငြိုးလည်းဖွဲ့တတ်၏။ ပိသုဏောစ၊ ချောပစ်သောစကားကိုလည်းဆိုတတ်၏။ ဝိဘေဒကော၊ အဆွေခင်ပွန်းကိုလည်းဖျက်ဆီးတတ်၏။ ကဏ္ဋကဝါစော၊ ဆူးကဲ့သိုငိုးလိုးငေါ်လော်အပြစ်ရှိသော စကားကိုလည်းဆိုတတ်၏။ ဖရုသော၊ ကြမ်းကြုတ်၏။ သောပုရိသော၊ ထိုယောက်ျားကို။ မေ၊ အကျွန်ုပ်သည်။ တတော၊ ထိုရှေးဆိုပြီးသောယောက်ျားထက်။ ကန္တကရော၊ သာလွန်၍ချစ်အပ်၏။ ။

ယောပုရိသော၊ အကြင်ယောက်ျားသည်။ အဇ္ဇ၊ ယနေ့ပြုအပ်သောအမှု။ သုဝေ၊ နက်ဖြန်ပြုအပ်သောအမှု။ ဣတိ၊ ဤသို့။ သဒတ္ထံ၊ မိမိအကျိုးမိမိအစီးအပွါးကို။ နာဝဗုဇ္ဈတိ၊ မသိတတ်။ ဩဝဇ္ဇမာနော၊ ဆိုဆုံးမအပ်သည်ရှိသော်။ ကုပ္ပတိ၊ အမျက်ထွက်တတ်၏။ သောပုရိသော၊ ထိုယောက်ျားသည်။ သေယျံ၊ ဇာတိဂေါတ္တကုလာပဒေသသီလာစာရကျေးဇူးတို့ဖြင့် မြတ်ပေသောသူကို။ အတိမညတိ၊ မထေမဲ့မြင်ပြုတတ်၏။ ။

ယောပုရိသော၊ အကြင်ယောက်ျားသည်။ ဒေဝပ္ပလုဒ္ဓေါ၊ ကာမဂုဏ်တို့၌မပြတ်မြူးသောအားဖြင့်မက်မောတတ်၏။ သဗ္ဗမိတ္တေဟိ၊ အလုံးစုံသောအဆွေခင်ပွန်းတို့မှ။ ဓံသတိ၊ ပျက်စီးဆုတ်ယုတ်တတ်၏။ သောပုရိသော၊ ထိုယောကျ်ားကို။ မယှံ၊ အကျွန်ုပ်သည်။ ကန္တော၊ ကြိုက်နှစ်သက်အပ်၏။ တသ္မိံပုရိသေ၊ ထိုယောက်ျား၌။ အဟံ၊ အကျွန်ုပ်သည်။ အနာမယာ၊ ရောဂါကင်းသည်။ ဟောမိ၊ ဖြစ်၏။ ။

ထိုအခါနတ်သ္မီးကိုကဲ့ရဲ့လိုသည်ဖြစ်၍ ဘုရားလောင်းသည်။ ။

(၈၉၄)အပေဟိ ဧတ္တော တွံ ကာဠိ၊နေတံ အမှေသု ဝိဇ္ဇတိ။

အညံ ဇနပဒံ ဂစ္ဆ၊နိဂမေ ရာဇဓါနိယော။ ။

ဟူသောဂါထာကိုဆို၏။ ။

(၈၉၄)ကာဠိ၊ ကာဠီအမည်ရှိသောနတ်သ္မီး။ တွံ၊ သင်သည်။ ဧတ္တော၊ ဤအရပ်မှ။ အပေဟိ၊ မမြင်ချင်ပါဘူးဖဲသွားပါလေ။ အမှေသု၊ ငါတို့၌။ ဧတံမက္ခာဒိကံ၊ ဤကျေးဇူးချေခြင်းအစရှိသောအမှုသည်။ နဝိဇ္ဇတိ၊ မရှိ။ တွံ၊ သင်သည်။ နိဂမေစ၊ နိဂုံး၌၎င်း။ ရာဇဓာနိယေစ၊ မင်းနေပြည်၌၎င်း။ အညံ၊ တစ်ပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂစ္ဆ၊ သွားပါလေ။ ။

ထိုစကားကိုကြား၍ ကာဠီနတ်သ္မီးသည် ကောင်းစွာဆောင်သည်ဖြစ်၍။ ။

(၈၉၅)အဟမ္ပိ ခေါ တံ ဇာနာမိ၊နေတံ တုမှေသု ဝိဇ္ဇတိ။

သန္တိ လောကေ အလက္ခိကာ၊သင်္ဃရန္တိ ဗဟုံ ဓနံ။

အဟံ ဒေဝေါ စ မေ ဘာတာ၊ဥဘော နံ ဝိဓမာမသေ။ ။

ဟူသောအနန္တရဂါထာကိုဆို၏။ ။

(၈၉၅)မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ အဟမ္ပိခေါ၊ အကျွန်ုပ်သည်လည်း။ ဧတံ၊ ထိုကျေးဇူးချေခြင်း အစရှိသောအမှုသည်။ နဝိဇ္ဇတိ၊ မရှိဟူ၍။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ လောကေ၊ လူ့ရွာ၌။ အလက္ခိကာ၊ သီလပညာမရှိကုန်သောသူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုသီလပညာ မရှိသောသူတို့သည်လည်း။ ဗဟုံဓနံ၊ များစွာသောဥစ္စာကို။ သံဃရန္တိ၊ ပေါင်းစုဆည်းပူးကုန်၏။ နံ၊ ထိုဥစ္စာကို။ အဟဉ္စ၊ အကျွန်ုပ်သည်၎င်း။ မေ၊ အကျွန်ုပ်၏။ ဘာတာ၊ မောင်တော်ဖြစ်သော။ ဒေဝေါစ၊ ဒေဝမည်သော နတ်သားသည်၎င်း။ ဥဘော၊ နှစ်ယောက်ကုန်သော မောင်နှမဖြစ်ကုန်သောအကျွန်ုပ်တို့သည်။ ဝိဓမာမသေ၊ ဖျက်ဆီးကုန်၏။ ။

ဤသို့ဆို၍ ကာဠီနတ်သ္မီးဖဲလေ၏။ ထိုကာဠီနတ်သ္မီးဖဲသောကာလ၌သိရီနတ်သ္မီးသည် ရွှေသောအဆင်းရှိကုန်သော အဝတ်နံ့သာပျောင်းတို့ဖြင့်ရွှေသောအဆင်းရှိသောတန်းဆာဖြင့် တန်းဆာဆင်လျက်သွား၍ ထွက်ဝင်ရာတံခါး၌ ရွှေသောအရောင်ကိုလွှတ်လျက် ညီညွတ်သောခြေတို့ဖြင့်ညီညွတ်စွာမြေ၌တည်၍ ရိုသေခြင်းနှင့်တကွရပ်၏။ ထိုသိရီနတ်သ္မီးကိုမြင်၍ဘုရားလောင်းသည်။ ။

(၈၉၆)ကာ နု ဒိဗ္ဗေန ဝဏ္ဏေန၊ပထဗျာ သုပတိဋ္ဌိတာ။

ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ကထံ ဇာနေမု တံ မယံ။ ။

ဟူသောဂါထာကိုဆို၏။ ။

(၈၉၆)ဘဒ္ဒေ၊ ရှင်မ။ တွံ၊ ရှင်မသည်။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော။ ဝဏ္ဏေန၊ ထူးမြတ်သောအဆင်းဖြင့်။ ပထဗျာ၊ မြေ၌။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်၏။ တွံ၊ သင်သည်။ ကာနု၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကာဝါ၊ အဘယ်အမည်ရှိသနည်း။ ကဿဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သ္မီးနည်း။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။ ။

ဘုရားလောင်း၏စကားကိုကြား၍ သိရီနတ်သ္မီးသည်။ ။

(၈၉၇)မဟာရာဇဿဟံ ဓီတာ၊ဓတရဋ္ဌဿ သိရီမတော။

အဟံ သိရီ စ လက္ခီ စ၊ဘူရိပညာတိ မံ ဝိဒူ။

ဩကာသံ ယာစိတော ဒေဟိ၊ဝသေမု တဝ သန္တိကေ။ ။

ဟူသောဂါထာကိုဆို၏။ ။

(၈၉၇)မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ အဟံ၊ ငါသည်။ ဓတရဋ္ဌသိရီမတော၊ ဘုန်းကြက်သရေပညာနှင့်ပြည့်စုံသောဓတရဋ္ဌအမည်ရှိသော။ (ဓတရဋ္ဌဿဓိမတောရှိမူ)။ ဓီမတော၊ ပညာရှိသော။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌအမည်ရှိသော။ မဟာရာဇဿ၊ မဟာရာဇ်နတ်မင်း၏။ ဓီတာ၊ သ္မီးတည်း။ အဟံ၊ ငါသည်။ သိရီစ၊ သိရီလည်းမည်၏။ လက္ခီစ၊ လက္ခီလည်းမည်၏။ မံ၊ ငါ့ကို။ ဘူရိပညာတိ၊ မြေကြီးနှင့်တူသော ပညာရှိသော နတ်သ္မီးဟူ၍။ ဝိဒူ၊ သိကုန်၏။ တဝ၊ သင်၏။ သန္တိကေ၊ အထံ၌။ ဝသေမု၊ နေလိုကုန်၏။ ယာစိတော၊ တောင်းအပ်သောသင်သည်။ မေ၊ ငါ့အား။ ဩကာသံ၊ အခွင့်ကို။ ဒေဟိ၊ ပေးလော့။ ။

နတ်သ္မီးစကားကိုကြား၍ ဘုရားလောင်းသည်။ ။

(၈၉၈)ကိံသီလေ ကိံသမာစာရေ၊ပုရိသေ နိဝိသသေ တုဝံ။

ပုဋ္ဌာ မေ လက္ခိ အက္ခာဟိ၊ကထံ ဇာနေမု တံ မယံ။ ။

ဟူသောဂါထာကိုဆို၏။ ။

(၈၉၈)လက္ခိ၊ လက္ခီမည်သောနတ်သ္မီး။ တုဝံ၊ သင်သည်။ ကိံသီလေ၊ အဘယ်သို့ သီလရှိသော။ ကိံသမာစာရေ၊ အဘယ်သို့ အကျင့်ရှိသော။ ပုရိသေ၊ ယောက်ျား၌။ နိဝိသေ၊ စိတ်နှလုံးသက်ဝင်၍တည်သနည်း။ ပုဋ္ဌာ၊ မေးအပ်သောသင်နတ်သ္မီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ မယံ၊ ငါတို့သည်။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။ ။

ဘုရားလောင်းစကားကိုကြား၍ သိရီနတ်သ္မီးသည်။ ။

(၈၉၉)ယော စာပိ သီတေ အထဝါပိ ဥဏှေ၊ဝါတာတပေ ဍံသသရီသပေ စ။

ခုဒ္ဒံ ပိပါသံ အဘိဘုယျ သဗ္ဗံ၊ရတ္တိန္တိဝံ ယော သတတံ နိယုတ္တော။ ။

(၉၀၀)ကာလာဂတဉ္စ န ဟာပေတိ အတ္ထံ၊သော မေ မနာပေါ နိဝိသေ စ တမှိ။

အက္ကောဓနော မိတ္တဝါ စာဂဝါ စ၊သီလူပပန္နော အသဌောဇုဘူတော။ ။

(၉၀၁)သင်္ဂါဟကော သခိလော သဏှဝါစော၊မဟတ္တပတ္တောပိ နိဝါတဝုတ္တိ။

တသ္မိံဟံ ပေါသေ ဝိပုလာ ဘဝါမိ၊ဦမိ သမုဒ္ဒဿ ယထာပိ ဝဏ္ဏံ။ ။

(၉၀၂)ယော စာပိ မိတ္တေ အထဝါ အမိတ္တေ၊သေဋ္ဌေ သရိက္ခေ အထ ဝါပိ ဟီနေ။

အတ္ထံ စရန္တံ အထဝါ အနတ္ထံ၊အာဝီ ရဟော သင်္ဂဟမေဝ ဝတ္တော။ ။

(၉၀၃)ဝါစံ န ဝဇ္ဇာ ဖရုသံ ကဒါစိ၊မတဿ ဇီဝဿ စ တဿ ဟောမိ။

ဧတေသံ ယော အညတရံ လဘိတွာ၊ကန္တာ သိရီ မဇ္ဇတိ အပ္ပပညော။

တံ ဒိတ္တရူပံ ဝိသမံ စရန္တံ၊ကရီသဌာနံဝ ဝိဝဇ္ဇယာမိ။ ။

(၉၀၄)အတ္တနာ ကုရုတေ လက္ခိံ၊အလက္ခိံ ကုရုတတ္တနာ။

န ဟိ လက္ခိံ အလက္ခိံ ဝါ၊အညော အညဿ ကာရကော။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၈၉၉-၉၀၄)မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ ယောပုရိသော၊ အကြင်ယောက်ျားသည်။ သီတေစာပိ၊ ချမ်းသော်၎င်း။ အထဝါ၊ ထိုမြို့။ ဥဏှေပိ၊ ပူသော်၎င်း။ ဝါတာတပေစ၊ လေ,နေပူရှိသော်၎င်း။ ဍံသ သရိံ သပေစ၊ မှက်, ခြင်,မြွေ, ကင်းသန်းရှိသော်၎င်း။ ခုဒ္ဒံ၊ မွတ်သိပ်ဆာလောင်ခြင်းကို၎င်း။ ပိပါသံ၊ ရေသိပ်ခြင်းကို၎င်း။ သဗ္ဗံ၊ အလုံးစုံသော။ ဧတံပရိဿယံ၊ ဤသီတ,ဥဏှ, စသော အလုံးစုံသော ဘေးရန်ကို။ အဘိဘုယျ၊ မြက်မျှမရေတွက် နှိပ်စက်လွှမ်းမိုး၍။ နိယုတ္တော၊ လုံ့လပြု၏။ ယော၊ အကြင်သူသည်။ ရတ္တိံဒိဝံ၊ ညဉ့်၌၎င်း,နေ့၌၎င်း။ သတတံ၊ အမြဲမပြတ်။ နိယုတ္တော၊ လုံ့လပြု၏။ ။

ကာလာဂတံ၊ ကာလ၌ရောက်သော။ အတ္ထဉ္စ၊ အကျိုးစီးပွါးကိုလည်း။ နဟာပေတိ၊ မယုတ်စေ။ သောပုရိသော၊ ထိုယောက်ျားသည်။ မေ၊ ငါ၏။ မနာပေါ၊ နှလုံးကိုပွါးစေတတ်၏။ တမှိ၊ ထိုယောက်ျား၌။ အဟံ၊ ငါသည်။ နိဝိသေ၊ စိတ်နှလုံးသက်ဝင်၍တည်၏။ ယောပုရိသော၊ အကြင်ယောက်ျားသည်။ အက္ကောဓနော၊ သည်းခံခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ထွက်ခြင်းအလေ့မရှိ။ မိတ္တဝါ၊ ကလျာဏမိတ်နှင့် ပြည့်စုံ၏။ စာဂဝါစ၊ ပစ္စည်းဝန်ပုပ်၊မသိုမြှုပ်ဘဲ၊ လက်ဆုပ်ဖြေဆန့်၊ ပေးဖြန့်စွန့်ကြဲခြင်းနှင့်လည်းပြည့်စုံ၏။ သီလူပပန္နော၊ ငါးပါးရန်သူ၊ ယူလည်းမရ၊ သီလဥစ္စာနှင့်လည်းပြည့်စုံ၏။ အသဌော၊ စဉ်းလဲကောက်ကျစ်ခြင်းလည်းမရှိ။ ဥဇုဘူတော၊ သတ်တမြားသို့၊ တရားထိန်းစောင့်၊ ဖြောင့်သောနှလုံးလည်းရှိ၏။ ။

သင်္ဂါဟကော၊ သင်္ဂြိုဟ်ချီးမြှင့်ထောက်ပံ့ခြင်းကိုလည်းပြုတတ်၏။ သခိလော၊ ပြေပြစ်နူးညံ့သော စကားလည်းရှိ၏။ သဏှဝါစော၊ စကားနှုတ်ဆို၊ပျားသို့ချို၍သိမ်မွေ့သောစကားလည်းရှိ၏။ မဟတ္တပတ္တောပိ၊ ကြီးကျယ်သော အရာဌာန အစိုးရခြင်းစည်းစိမ်သို့ ရောက်သော်လည်း။ နိဝါတဝုတ္တိ၊ မတက်မကြွ နှိမ့်ချသော အကျင့်လည်းရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝဏ္ဏံ၊ အဆင်းကို။ ဩလောကေန္တိ၊ ကြည့်သည်ရှိသော်။ ဦမီ၊ အဆင့်ဆင့်လာသော လှိုင်းတံပိုးသည်။ ဝိပုလာ၊ ပြန့်ပြောကြီးကျယ်သည်။ ဟောတိယထာ၊ ဖြစ်၏သို့။ ဧဝံတထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ တသ္မိံ ပေါသေ၊ ထိုယောက်ျား၌။ ဝိပုလာ၊ ပီတိအဟုန်၊လှိုင်းမခုန်သို့၊ နှစ်လိုပြန့်ပြောသည်။ ဘဝါမိ၊ ဖြစ်၏။ ။

ယောစ၊ အကြင်သူသည်လည်း။ မိတ္တေအပိ၊ အဆွေခင်ပွန်း၌၎င်း။ အထဝါ၊ ထိုမြို့။ အမိတ္တေအပိ၊ အဆွေခင်ပွန်း မဟုတ်သောသူ၌၎င်း။ သေဋ္ဌေ၊ မြတ်သောသူ၌၎င်း။ သရိက္ခေ၊ အတူဖြစ်သောသူ၌၎င်း။ အထဝါ၊ ထိုမြို့။ ဟီနေအပိ၊ ယုတ်သောသူ၌၎င်း။ အတ္ထံ၊ အကျိုးစီးပွါးကို။ စရန္တံ၊ ကျင့်သောသူ၌၎င်း။ အထဝါ၊ ထိုမြို့။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရန္တံ၊ ကျင့်သောသူ၌၎င်း။ အာဝိ၊ မျက်မှောက်၌၎င်း။ ရဟော၊ မျက်ကွယ်၌၎င်း။ ဧတသ္မိံမိတ္တာဒိဘေဒေ၊ ထိုမိတ္တစသည်အပြားရှိသောပုဂ္ဂိုလ်၌။ သင်္ဂဟမေဝ၊ လေးပါးသော သင်္ဂဟတရားကိုသာလျှင်။ ဝတ္တော ပဝတ္တော၊ ဖြစ်စေ၏။ ဝါ၊ ကျင့်သုံး၏။ ။

ယောပုရိသော၊ အကြင်ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ဖရုသံ၊ ကြမ်းကြုတ်သော။ ဝါစံ၊ စကားကို။ နဝဇ္ဇာ၊ မဆိုတတ်။ မတဿစ၊ သေသည်လည်းဖြစ်သော။ ဇီဝဿစ၊ အသက်ရှင်သည်လည်းဖြစ်သော။ တဿ၊ ထိုသူ၏။ အဟံ၊ ငါသည်။ မိတ္တိ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ အပ္ပပညော၊ နည်းသောပညာရှိသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကန္တိံ၊ နှစ်သက်အပ်သော။ သိရိံ၊ အသရေကို။ လဘိတွာ၊ ရ၍။ ဧတေသံ စာဂဝါဒီနံပုဂ္ဂလာနံ၊ ထိုဆိုအပ်ပြီးသော စာဂဝန္တစသော ပုဂ္ဂိုလ်တို့၏။ အညတရံ၊ တစ်ပါးပါးသော။ ဂုဏံ၊ ကျေးဇူးကို။ (ထည့်)။ မဇ္ဇတိပမဇ္ဇတိ၊ မေ့လျော့၏။ ပုနနယုဉ္ဇတိ၊ တဘန်အားမထုတ်ဟူလိုသည်။ ဒိတ္တရူပံဒိတ္တသဘာဝံ၊ ဆတ်ဆတ်မြားမြား ကြမ်းကြုတ်ခက်ထန်သောသဘောရှိသော။ ဝိသမံ၊ ကာယဒုစ္စရိတအစရှိသော မညီမညွတ်သောအကျင့်ကို။ စရန္တံ၊ ကျင့်သော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ သုစိဇာတိကော၊ စင်ကြယ်သောသဘောရှိသောသူသည်။ ကရီသဋ္ဌာနံ၊ မစင်တီးပြင်ကျင်ကြီးရှိရာ အရပ်ကို။ ဝိဝဇ္ဇတိဣဝ၊ ကြဉ်၏သို့။ အဟံ၊ ငါသည်။ ဒူရတော၊ ဝေးစွာမှ။ ဝိဝဇ္ဇယါမိ၊ ကြဉ်ရှောင်၏။ ။

လက္ခိံ၊ အသရေကို။ ဝါ၊ သီလပညာကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ အလက္ခိံ၊ သီလပညာအသရေမရှိသည်ကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ ဟိသစ္စံ၊ မှန်၏။ အညော၊ တစ်ယောက်သောသူသည်။ အညဿ၊ တစ်ယောက်သောသူ၏။ လက္ခိံဝါ၊ သီလပညာအသရေကို၎င်း။ အလက္ခိံဝါ၊ သီလပညာ အသရေမရှိသည်ကို၎င်း။ နကာရကော၊ မပြုနိုင်။ ဝါ၊ ပြုခြင်းငှါမတတ်ကောင်း။ ။

(အဟံကာဠီ၌ဤဒီဃ။ ပုဋ္ဌာမေကာဠိ၌ကား အာလုပ်ဖြစ်၍ဣရဿ။ မစ္ဆရီသဌော၌ဗုဒ္ဓဇဌနှင့်လိုသည်။ သဌ ကေတဝေ၊ဟိံသာ-သံကိလေသေသုစ၊သဌတိ၊သဌော။ သဌောတိကေရာဋိကော။ ။ (ဓာတုမာလာ)။ ။ ဒေဝပ္ပလုဒ္ဓေါတိရူပါဒီသု ကာမဂုဏေသုနိရန္တရဒေဝေနပလုဒ္ဓေါ အဘိဘူတော။ ဟူသောအဋ္ဌကထာ၌။ ဒိဝုဓာတ်၏ကီဠာအနက်ကိုရည်၍။ နိရန္တရဒေဝေန,ဆိုသည်။ ဓတရဋ္ဌသိရီမတော,ဟူ၍၎င်း။ ဓတရဋ္ဌဿဓီမတော, ဟူ၍၎င်းနှစ်ထွေရှိသည်တွင်ရှေးပါဠိသည်အဟံသိရီစလက္ခီစ, ဟူသောစကားကိုထောက်၍ဩဇာဂုဏ်ရောက်သည်။ လက္ခီစ၌ဒီဃ။ ပုဋ္ဌာမေလက္ခိ၌ ဣရဿ။ သရိံ၌နိဂ္ဂဟိတ်နှင့်သင့်သည်ကိုအောက်၌ဆိုဘူးပြီ။ အသဌော၌သဌောနည်းတူမှတ်။ သခိလောတိမုဒုဝါစေါ။ ကဏှဝါစောတိမဓုရဝစနော,အဋ္ဌကထာကိုမြော်၍ယောဇနာသည်။ အထဝါပိဟီနေလိုသည်။ ဟိနေမလို။ ။ ဧတေသံစာဂဝါဒီနံ ပုဂ္ဂလာနံယောပုဂ္ဂလောသိရိံလဘိတွာ။ အဋ္ဌကထာဟူရကား။ လဘိတွာ၏ကံကားသိရိံတည်း။ ဧတေသံဂုဏံအညတရံမဇ္ဇတိ,အဋ္ဌကထာရှိရကား။ အညတရံကားမဇ္ဇတိ၏ကံတည်း။ ။

ယေနယဿဟိသမ္ဗန္ဓော၊ ဒူရဋ္ဌံံပိစတဿတံ။ အတ္ထတောဟျသမာနာနံ၊အာသန္နတ္တမကာရဏံ။ ။ သိဇ္ဈတိဟူ၍၎င်း။ မိဇ္ဈတိဟူ၍၎င်းရှိသည်ကားမသင့်။ မဇ္ဇတိသင့်သည်။ ပုနနယုဉ္ဇတီတိ,ဟူသော အဋ္ဌကထာနှင့်လျော်သည်။ တံဒိတ္တရူပံဝိသမံစရန္တ န္တိတံဒိတ္တသဘာဝံဂဗ္ဘိတသဘာဝံကာယဒုစ္စရိတာ ဒိဘေဒံဝိသမံစရန္တံ။ ဟု-အဋ္ဌကထာဖွင့်ရကား။ ရိတ္တမသင့်၊ ဒိတ္တသင့်သည်)။ ။

သိရီကာဠကဏ္ဏီဇာတကံ သတ္တမံ။၃၈၂။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုစိတ္တပတ္တဆဒန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ ငြီးငွေ့သောရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုကြောင်မသည် ဤကြက်သည်အလွန်လျှင်လိမ္မာ၏။ ငါတို့ဥပါယ်၌ လိမ္မာသည်၏အဖြစ်ကိုမသိ။ ငါသည်ဤကြက်ကိုသင်၏ မယားဖြစ်အံ့ဟု ဖြားယောင်း၍ မိမိ၏အလိုသို့လိုက်သောကာလ၌စားခြင်းငှာသင့်၏။ ထိုကြောင်မသည် ဘုရားလောင်းနေသော သစ်ပင်ရင်းသို့သွား၍။ ချီးမွမ်းခြင်း ရှေးရှိသော စကားဖြင့်ဘုရားလောင်းကိုတောင်းပန်လိုရကား။ ။

(၉ဝ၅)သုစိတ္တပတ္တဆဒန၊တမ္ဗစူဠ ဝိဟင်္ဂမ။

ဩရောဟ ဒုမသာခါယ၊မုဓါ ဘရိယာ ဘဝါမိ တေ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၉၀၅)သုစိတ္တပတ္တဆဒန၊ အလွန်ဆန်းကြယ်သော အတောင်ဖြင့်ဖုံးလွှမ်းအပ်သော။ တမ္ဗစူဠဝိဟင်္ဂမ၊ သန္တာအသွေးတွေးတွေးနီသောဦးစွန်းမောက်ရှိသောငှက်မောင်မင်း။ ဒုမသာခါယ၊ သစ်ခက်မှ။ ဩရောဟ၊ သက်ခဲ့လော့။ မုဓာ၊ အသွင်းအခမယူအချည်းနှီးဖြင့်သာ။ တေ၊ သင်၏။ ဘရိယာ၊ မယားသည်။ ဘဝါမိ၊ ဖြစ်အံ့။ ။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်၊ ဤကြောင်မသည် ငါ၏ခပ်သိမ်းကုန်သော အဆွေအမျိုးတို့ကိုစားအပ်လေပြီ။ ယခုအခါ ငါ့ကိုဖြားယောင်း၍စားလို၏။ ထိုကြောင်မကိုလွှတ်လိုက်အံ့ဟုကြံ၍။ ။

(၉၀၆)စတုပ္ပဒီ တွံ ကလျာဏိ၊ဒွိပဒါဟံ မနောရမေ။

မိဂီ ပက္ခီ အသညုတ္တာ၊အညံ ပရိယေသ သာမိကံ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၉၀၆)ကလျာဏိ၊ ကောင်းသောသဘောရှိသော။ မနောရမေ၊ နှလုံးကိုမွေ့လျော်စေတတ်သော။ မိဂိ၊ ကြောင်မ။ တွံ၊ ရှင်မသည်။ စတုပ္ပဒီ၊ အခြေလေးချောင်းရှိ၏။ အဟံ၊ ငါသည်။ ဒွိပါဒေါ၊ အခြေနှစ်ချောင်းရှိသော။ ပက္ခီ၊ ငှက်ဖြစ်ခဲ့။ တွံ၊ သင်သည်။ အသညုတ္တာ၊ ငါနှင့်လင်မယားဖြစ်ခြင်းငှာမလျောက်ပတ်ခဲ့။ တွံ၊ ရှင်မသည်။ အညံ၊ ငါမှတစ်ပါးသော။ သာမိကံ၊ လင်ကို။ ပရိယေသ၊ ရှာလေလော့။ ။

ထိုစကားကိုကြား၍ ထိုကြောင်မသည် ဤကြက်သည် အလွန်လျှင်လိမ္မာ၏။ တစ်စုံတစ်ခုသော အကြောင်းဖြင့် လှည့်စားအံ့ဟုကြံ၍။ ။

(၉၀၇)ကောမာရိကာ တေ ဟေဿာမိ၊မဉ္ဇုကာ ပိယဘာဏိနီ။

ဝိန္ဒ မံ အရိယေန ဝေဒေန၊သာဝယ မံ ယဒိစ္ဆသိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၉၀၇)ကုက္ကုဋ၊ အမောင်ကြက်။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ကောမာရိကာ၊ သူတစ်ပါးနှင့်လက်ဖျားမရွယ် သူငယ်ကညာစစ်ဖြစ်သော။ မဉ္ဇုကာ၊ သာယာသောအသံရှိသော။ ပိယဘာဏိနီ၊ သင်ချစ်ဘွယ်သောစကားကိုသာဆိုတတ်သော မယားသည်။ ဟေဿာမိ၊ ဖြစ်အံ့။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မံ၊ ငါ့ကို။ ဝိန္ဒ၊ ရလော့။ မံ၊ ငါ့ကို။ ယဒိစ္ဆသိ၊ ကျွန်၏အဖြစ်ဖြင့် ကြားခြင်းငှာ အလိုရှိသည်ဖြစ်အံ့။ သာဝယ၊ တစ်ဆယ့်နှစ်ယူဇနာဗာရာဏသီပြည်၌ ကျွန်အဖြစ်ကိုကြားလေလော့။ ။

ထိုနောင်မှ ဘုရားလောင်းသည် ကြောင်မကို ခြိမ်းခြောက်၍ပြေးစိမ့်သောငှါ သင့်၏ဟုကြံ၍။ ။

(၉၀၈)ကုဏပါဒိနိ လောဟိတပေ၊စောရိ ကုက္ကုဋပေါထိနိ။

န တွံ အရိယေန ဝေဒေန၊မမံ ဘတ္တာရမိစ္ဆသိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၉၀၈)ကုဏပါဒိနိ၊ အကောင်ပုပ်ကိုစားလေ့ရှိသော။ လောဟိတပေ၊ သွေးကိုသောက်တတ်သော။ ကုက္ကုဋပေါထိနိ၊ ကြက်တို့ကိုသတ်တတ်သော။ စောရိ၊ ခိုးသူမ။ တွံ၊ သင်သည်။ အရိယေန၊ အပြစ်ကင်းသော။ ဝေဒေန၊ ရခြင်းဖြင့်။ မမံ၊ ငါ့ကို။ ဘတ္တာရံ၊ လင်ကို။ ကာတုံ၊ ပြုခြင်းငှါ။ (ထည့်)။ နဣစ္ဆတိ၊ အလိုမရှိ။ ဝဉ္စေတွာပန၊ လှည့်ပတ်၍မူကား။ မံ၊ ငါ့ကို။ ခါဒိတုကာမာ၊ စားလို၏။ ပါပေ၊ အယုတ်မ။ နဿ၊ ပျောက်လေပြေးလေလော့။ ။ (ဝဉ္စေတွာပနစသည်ကားပါဌသေသ)။ ။

သဗ္ဗညုမြတ်စွာဘုရားသည်ဘုရားဖြစ်တော်မူပြီး၍။ ။

(၉ဝ၉)ဧဝမ္ပိ စတုရာ နာရီ၊ဒိသွာန သ-ဓနံ နရံ။

နေန္တိ သဏှာဟိ ဝါစာဟိ၊ဗိဠာရီ ဝိယ ကုက္ကုဋံ။ ။

(၉၁၀)ယော စ ဥပ္ပတိတံ အတ္ထံ၊န ခိပ္ပမနုဗုဇ္ဈတိ။

အမိတ္တဝသမနွေတိ၊ပစ္ဆာ စ အနုတပ္ပတိ။ ။

(၉၁၁)ယော စ ဥပ္ပတိတံ အတ္ထံ၊ခိပ္ပမေဝ နိဗောဓတိ။

မုစ္စတေ သတ္တုသမ္ဗာဓါ၊ကုက္ကုဋောဝ ဗိဠာရိယာ။ ။

ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။

(၉ဝ၉-၉၁၁)ဗီဠာရီ၊ ကြောင်မသည်။ ကက္ကုဋံ၊ အလောင်းတော်ကြက်မင်းကို။ နေတုံ၊ ဖြားယောင်း၍ဆောင်ယူခြင်းငှါ။ ဝါယမတိဝိယ၊ လုံ့လပြု၏သို့။ ဧဝံပိ၊ ဤအတူလည်း။ စာတုရာ၊ တင့်တယ်စမ္ပယ်ခြင်းနှင့်ပြည့်စုံကုန်သော။ နာရီ၊ မိန်းမတို့သည်။ သဓနံ၊ ဥစ္စာကုန်လုံသော။ နရံ၊ ယောက်ျားကို။ ဒိသွာန၊ မြင်၍။ သဏှာဟိ၊ နူးညံ့သိမ်မွေ့ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ နေန္တိ၊ မိမိအလိုသို့ဆောင်တတ်ကုန်၏။ ။

ယောစ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာကြိမ်ကြိုက်လာသော။ အတ္ထံ၊ တစ်စုံတစ်ခုသောကိစ္စကို။ ခိပ္ပံ၊ လျင်တောက်တပို။ နအနူဗုဇ္ဈတိ၊ အဟုတ်အမှန်အားဖြင့်မသိ။ သော၊ ထိုမသိတတ်သောသူသည်။ အမိတ္တဝသံ၊ ရန်သူ့နိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာစ၊ နောက်၌လည်း။ အနုတပ္ပတိ၊ ပူပန်ရ၏။ ။

ယောစ၊ အကြင်ပညာရှိသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာ ကြိမ်ကြိုက်လာသော။ အတ္ထံ၊ တစ်စုံတစ်ခုသောကိစ္စကို။ ခိပ္ပမေဝ၊ လျင်တောက်တပိုသာလျှင်။ နိဗောဓတိ၊ သဘောအမှန်သိ၏။ သောပဏ္ဍိတော၊ ထိုပညာရှိသည်။ ဗီဠာရိယာ၊ ကြောင်မမှ။ မုတ္တော၊ လွတ်သော။ ကုက္ကုဋောဝ၊ အလောင်းတော်ကြက်မင်းကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်သူလက်တွင်းကျဉ်းမြောင်းခြင်းမှ။ မုစ္စတိ၊ လွတ်၏။ ။

(ကလျာဏိမိဂိအာလုပ်ဖြစ်၍ရဿနေသည်။ စတုပ္ပါဒီကားအာလုပ်မဟုတ်သောကြောင့်ဒီဃ။ ကုဏပံ အဒနသီလါဘက္ခဏ သီလာကုဏပါဒါနီဖြစ်လျက်အာလုပ်ဖြစ်၍ရဿနေသည်။ လောဟိတံ ပါတိပိဝတီတိ လောဟိတပါဖြစ်လျက် ဃတေစဖြင့်ဧပြုသည်။ စောရိကက္ကုဋပေါထိနိတို့၌လည်းရဿ။ သဓနံဟူ၍၎င်း၊ပဝရံဟူ၍၎င်းနှစ်ချက် ရှိသည်သင့်သည်ချည်း။ ။ ပဝရံရှိမူမြတ်သောပေး)။ ။

ကုက္ကုဋဇာတကံအဋ္ဌမံ။၃၈၃။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဓမ္မံစရထဉာတယော, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကိုဖြစ်စေတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဤသို့ဆိုပြီး၍လည်း ထိုငှက်တို့ကိုခေါ်၍ သင်တို့အားအဆုံးအမကို ပေးအံ့၊ ထိုအဆုံးအမကို နားထောင်ကြကုန်အံ့လောဟု-အဆုံးအမပေးသည်၏အစွမ်းအားဖြင့်။ ။

(၉၁၂)ဓမ္မံ စရထ ဉာတယော၊ဓမ္မံ စရထ ဘဒ္ဒ ဝေါ။

ဓမ္မစာရီ သုခံ သေတိ၊အသ္မိံ လောကေ ပရမှိ စ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၉၁၂)ဉာတယော၊ အဆွေအမျိုးဖြစ်ကုန်သောငှက်တို့။ တုမှေ၊ သင်တို့သည်။ ဓမ္မံ၊ ကာယသုစရိုက်စသည်အပြားရှိသော တရားကို။ စရထ၊ ကျင့်ကြကုန်လော့။ ဓမ္မံ၊ ကာယသုစရိုက်စသည်အပြားရှိသော တရားကို။ စရထ၊ တစ်ကြိမ်ကျင့်ကာနှင့်မတန် အဘန်ဘန်ကျင့်ကြကုန်လော့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဓမ္မစာရီ၊ တရားကိုကျင့်လေ့ရှိသောသူသည်။ အသ္မိံလောကေ၊ ဤမျက်မြင်လောက၌၎င်း။ ပရမှိစ၊ တမလွန်လောက၌၎င်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။

ငှက်တို့သည်ဤကျီးသည် အံ့ဘွယ်သရဲကိုပြုသဖြင့်အဥတို့ကိုစားအံ့သော ငှါဤသို့ဆို၏ဟုမသိ၍ထိုကျီးကိုချီးမွမ်းလိုသည်ဖြစ်၍။ ။

(၉၁၃)ဘဒ္ဒကော ဝတယံ ပက္ခီ၊ဒိဇော ပရမဓမ္မိကော။

ဧကပါဒေန တိဋ္ဌန္တော၊ဓမ္မမေဝါနုသာသတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၉၁၃)ဒိဇော၊ နှစ်ကြိမ်ဖြစ်သော။ အယံပက္ခီ၊ ဤကျီးသည်။ ဘဒ္ဒကောဝတ၊ ကောင်းစွတကား။ ပရမဓမ္မိကော၊ မြတ်သောအကျင့်သဘောရှိစွတကား။ ဧကပါဒေန၊ ခြေတဘက်ဖြင့်။ တိဋ္ဌန္တော၊ ရပ်လျက်။ ဓမ္မမေဝ၊ တရားကိုသာလျှင်။ အနုသာသတိ၊ ဆုံးမပေ၏။ ။

ငှက်မင်းသည်ငှက်တို့လာကုန်လတ်သော် ခပ်သိမ်းကုန်သောငှက်တို့ကို စည်းဝေး၍ ငါသည်သင်တို့သားငယ်တို့၏ရန်သူကို စုံစမ်းသည်ရှိသော်၊ ဤယုတ်မာသောကျီးသည် စားသည်ကိုမြင်၍ ထိုကျီးကိုဖမ်းကြကုန်လော့ဟု ငှက်အပေါင်းတို့ကိုခေါ်၍စည်းဝေးစေ၍ပျံအံ့။ ထိုကျီးကိုဖမ်းကုန်လော့ဟုဆိုလို၍။ ။

(၉၁၄)နာဿ သီလံ ဝိဇာနာထ၊အနညာယ ပသံသထ။

ဘုတွာ အဏ္ဍဉ္စ ပေါတဉ္စ၊ဓမ္မော ဓမ္မောတိ ဘာသတိ။ ။

(၉၁၅)အညံ ဘဏတိ ဝါစာယ၊အညံ ကာယေန ကုဗ္ဗတိ။

ဝါစာယ နော စ ကာယေန၊န တံ ဓမ္မံ အဓိဋ္ဌိတော။ ။

(၉၁၆)ဝါစာယ သခိလော မနောဝိဒုဂ္ဂေါ၊ဆန္နော ကူပသယောဝ ကဏှသပ္ပေါ။

ဓမ္မဓဇော ဂါမနိဂမာသုသာဓု၊ဒုဇ္ဇာနော ပုရိသေန ဗာလိသေန။ ။

(၉၁၇)ဣမံ တုဏ္ဍေဟိ ပက္ခေဟိ၊ပါဒါ စိမံ ဝိဟေဌထ။

ဆဝဉှိမံ ဝိနာသေထ၊နာယံ သံဝါသနာရဟော။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၉၁၄-၉၁၇)ဘောသကုဏာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုယုတ်မာသောကျီး၏။ သီလံ၊ သီလကို။ နဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိသည်ဖြစ်၍။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အဏ္ဍဉ္စ၊ အဥကို၎င်း။ ပေါတဉ္စ၊ သားငယ်ကို၎င်း။ ဘုတွာ၊ စား၍။ ဓမ္မောဓမ္မောတိ၊ တရားတရားဟူ၍။ ဘာသတိ၊ ဆို၏။ ဝါစာယ၊ နှုတ်ဖြင့်။ အညံ၊ တစ်ပါးကို။ ဘဏတိ၊ ဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အညံ၊ တစ်ပါးကို။ ကုဗ္ဗတိ၊ ပြု၏။ ဝါစါယ၊ နှုတ်ဖြင့်။ ဓမ္မံ၊ တရားကို။ စရတိ၊ ကျင့်၏။ ကာယေနစ၊ ကိုယ်ဖြင့်ကား။ ဓမ္မံ၊ တရားကို။ နောစရတိ၊ မကျင့်။ တသ္မာ၊ ထို့ကြောင့်။ တံဓမ္မံတသ္မိံ ဓမ္မေ၊ ထိုမိမိပြောဆိုသောစကား၌။ အယံ၊ ဤကျီးသည်။ နအဓိဋ္ဌိတော၊ မတည်ဟူ၍။ ဇာနိတဗ္ဗော၊ သိအပ်၏။ ။

ဝါစာယ၊ နှုတ်ဖြင့်။ သခိလော၊ နူးညံ့၏။ မနောမနသာ၊ နှလုံးဖြင့်။ ဝိဒုဂ္ဂေါ၊ ဝင်နိုင်ခဲ၏။ ဝါ၊ မညီညွတ်။ ဆန္နော၊ ဖုံးလွှမ်းအပ်သော။ ကူပသယော၊ တွင်း၌တည်သော။ ကဏှသပ္ပေါဝ၊ မြွေဟောက်ကဲ့သို့။ ဓမ္မဓဇော၊ ဓမ္မဓဇသည်။ ဂါမနိဂမာသု၊ ရွာနိဂုံးတို့၌။ သာဓု၊ သူတော်ကောင်းဟူ၍။ ပဘာဝိတော၊ ထင်ရှား၏။ အယံ၊ ဤယုတ်မာသောငှက်ကို။ ဗာလိသေန၊ ဉာဏ်ပညာမရှိသော။ ပုရိသေန၊ ယောက်ျားသည်။ ဒုဇ္ဇာနော၊ သိခြင်းငှါခဲယဉ်း၏။ ။

ဣမံ၊ ဤကျီးကို။ တုဏ္ဍေဟိစ၊ နှုတ်သီးတို့ဖြင့်၎င်း။ ပက္ခေဟိစ၊ အတောင်တို့ဖြင့်၎င်း။ ဝိဟေဌထ၊ ညှဉ်းဆဲကြကုန်လော့။ ဣမံ၊ ဤကျီးကို။ ပါဒါစ၊ မိမိခြေဖြင့်လည်း။ ဝိဟေဌထ၊ ကန်ကြောက်ညှဉ်းဆဲကြကုန်လော့။ ဣမံဆဝံ၊ ဤယုတ်မာသောကျီးကို။ ဝိနာသေထ၊ ဖျက်ဆီးကြကုန်လော့။ ဟိသစ္စံ၊ မှန်၏။ အယံ၊ ဤကျီးသည်။ နသံဝါသနာရဟော၊ ငါတို့နှင့်အတူတကွနေခြင်းငှါမထိုက်။ ။

(ဘဒ္ဒံဝေါလိုလျက်ဆန်းအလို့ငှါနိဂ္ဂဟိတ်ကျေ။ တသ္မိံ ဓမ္မေအဓိဋ္ဌိတောလိုလျက်အဓိရှေးရှိသောဌာဓာတ်၏အယှဉ်ဖြစ်၍ အံသက်သည်။ ။ ဝါစာယသခိလောတိဝစနေနမုဒု။ မနောဝိဒုဂ္ဂေါတိမနသါဝိဒုဂ္ဂေါဒုပ္ပဝေသောဝိသမော။(အဋ္ဌကထာ)။ ။ ဂါမနိဂမေသု လိုလျက်လိင်ဖျက်၍ဂါမနိဂမာသုဆိုသည်။ ။ ဂါမနိဂမာသုသာဓူတိ ဂါမေသုစနိဂမေသုစသာဓု။ ဘဒ္ဒကောတိပဘာဝိတော။ (အဋ္ဌကထာ)။ ။ ဗာလိသေနအညာဏေန။(၎င်း)။ ။

ဓမ္မဓဇဇာတကံ နဝမံ။၃၈၄။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သစေဗြာဟ္မဏ ဂစ္ဆေသိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤနန္ဒိယမိဂရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါများကုန်သော နေ့တို့သည်လွန်သဖြင့် ထိုနန္ဒိယသမင်မင်း၏ မိဘတို့သည် ထိုနန္ဒိယသမင်မင်းကို ဖူးမြင်လိုကုန်သည်ဖြစ်၍ ငါတို့၏သားဖြစ်သောဆင်ပြောင်အားနှင့်တူသော အားရှိသောအစွမ်းနှင့် ပြည့်စုံသော နန္ဒိယသမင်မင်းသည် အကယ်၍ အသက်ရှင်သည် ဖြစ်အံ့၊ စောင်ရန်းကိုခုန်၍ငါတို့အားဖူးမြင်အံ့သောငှါ မချွတ်လာလတ္တံ့။ ထိုနန္ဒိယသမင်မင်းအား သတင်းစကားကို စေကုန်အံ့ဟုကြံ၍ ခရီး၏အနီး၌ ရပ်၍ပုဏ္ဏားတစ်ယောက်ကိုမြင်၍။ အရှင်၊ အဘယ်သို့သွားအံ့နည်းဟုလူတို့၏ စကားဖြင့်မေး၍၊ သာကေတမြို့သို့သွားအံ့ဟု ဆိုသည်ရှိသော်၊ သားအားသတင်းစကားကိုမှာလိုက်လိုသည်ဖြစ်၍။ ။

(၉၁၈)သစေ ဗြာဟ္မဏ ဂစ္ဆေသိ၊သာကေတေ အဇ္ဇုနံ ဝနံ။

ဝဇ္ဇာသိ နန္ဒိယံ နာမ၊ပုတ္တံ အသ္မာကမောရသံ။

မာတာ ပိတာ စ တေ ဝုဒ္ဓါ၊တေ တံ ဣစ္ဆန္တိ ပဿိတုံ။ ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၉၁၈)ဗြာဟ္မဏ၊ ပုဏ္ဏား။ သာကေတံ၊ သာကေတမြို့တို့။ တွံ၊ သင်သည်။ သစေဂစ္ဆေသိ၊ အကယ်၍သွားသည်ဖြစ်အံ့။ သာကေတေ၊ သာကေတမြို့၌။ အဇ္ဇုနံ၊ အဇ္ဇုနအမည်ရှိသော။ ဝနံ၊ ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအဇ္ဇုနဥယျာဉ်၌။ အသ္မာကံ၊ ငါတို့၏။ ဩရသံ၊ ရင်၌ဖြစ်သော။ နန္ဒိယံနာမ၊ နန္ဒိယအမည်ရှိသော။ ပုတ္တံ၊ သားကို။ တေ၊ သင်၏။ မာတာစ၊ အမိသည်၎င်း။ ပိတာစ၊ အဘသည်၎င်း။ ဝုဍ္ဎာ၊ ကြီးကုန်ပြီ။ တေ၊ ထိုမိဘတို့သည်။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှါ။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ဆိုပါလေ။ ။

ထိုပုဏ္ဏားသည်ကောင်းပြီဟုဝန်ခံ၍သာကေတမြို့သို့ရောက်၍ နက်ဖြန်နေ့၌ဥယျာဉ်သို့ဝင်၍ နန္ဒိယမည်သောသမင်သည် အဘယ်သမင်နည်းဟုမေး၏။ နန္ဒိယသမင်သည် ထိုပုဏ္ဏား၏အနီး၌ရပ်၍ငါတည်းဟုဆို၏။ ပုဏ္ဏားသည် ထိုအကြောင်းကိုကြား၍။ နန္ဒိယသမင်မင်းသည် ထိုစကားကိုကြား၍။ ငါသည် စောင်ရန်းကိုခုန်၍ မသွားနိုင်သည်မဟုတ်။ သွားနိုင်သည်လျှင်တည်း။ ငါသည်ကား မင်း၏ဥစ္စာဖြစ်သော ရိက္ခာရေအစာကိုစား၏။ ထိုအစာသည်ငါ့အားမြီအရာ၌ တည်၏။ ဤသမင်အပေါင်းတို့၏အလယ်၌ ကြာမြင့်စွာနေ၏။ မင်း၏၎င်း ထိုသမင်တို့၏၎င်း ချမ်းသာသောအဖြစ်ကိုမပြုမူ၍ မိမိအစွမ်းကိုမပြမူ၍ သွားခြင်းမည်သည် ငါ့အားမသင့်။ မိမိအလှည့် ရောက်သည်ရှိသော်ကားငါသည် ထိုသမင်တို့အား ချမ်းသာသောအဖြစ်ကိုပြု၍ ချမ်းသာစွာလာရအံ့ဟုဆို၏။ ထိုအကြောင်းကိုပြလိုသည်ဖြစ်၍။ ။

(၉၁၉)ဘုတ္တာ မယာ နိဝါပါနိ၊ရာဇိနော ပါနဘောဇနံ။

တံ ရာဇပိဏ္ဍံ အဝဘောတ္တံ၊နာဟံ ဗြာဟ္မဏ မုဿဟေ။ ။

(၉၂၀)ဩဒဟိဿာမဟံ ပဿံ၊ခုရပ္ပါနိဿ ရာဇိနော။

တဒါဟံ သုခိတော မုတ္တော၊အပိ ပဿေယျ မာတရံ။ ။

ဟူသောနှစ်ဂါထာကိုဆို၏။ ။

(၉၁၉-၉၂၀)ဗြာဟ္မဏ၊ ပုဏ္ဏား။ မယာ၊ ငါသည်။ ရာဇိနော၊ မင်း၏။ နိဝါပါနိ၊ ထိုထိုအရပ်၌ ထားအပ်သောရိက္ခာတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ ပါနဘောဇနံ၊ ရေအစာကို။ ဘုတ္တံ၊ စားအပ်၏။ တံရာဇပိဏ္ဍံ၊ ထိုမင်း၏ဥစ္စာဖြစ်သောအစာကို။ အဝဘောတ္တ၊ မကောင်းသဖြင့်စားအပ်သည်ကို။ ကာတုံ၊ ပြုခြင်းငှါ။ အဟံ၊ ငါသည်။ နဥဿဟေ၊ မဝံ့။ ။

ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ အတ္တနော၊ မိမိ၏။ ဝါရေ၊ အလှည့်သည်။ သမ္ပတ္တေ၊ ရောက်သည်ရှိသော်။ ခုရပ္ပါနိ၊ စဉ်းသွားတပ်သော မြားတို့ကို။ သန္နယှိတွာ၊ ဖွဲ့၍။ အာဂတဿ၊ လာသော။ အဿရာဇိနော၊ ထိုမင်းအား။ မိဂယူထတော၊ သားအပေါင်းမှ။ နိက္ခမိတွာ၊ ထွက်၍။ ဧကမန္တေ၊ တင့်အပ်သောအရပ်၌။ ဌတွာ၊ တည်၍။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မံ၊ ငါ့ကို။ ဝိဇ္ဈ၊ ပစ်လော့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ပဿံ၊ မိမိ၏နံပါးကို။ ဩဒဟိဿာမိ၊ ရှေးရှူထားအံ့။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ မရဏဘယာ၊ သေဘေးမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ သုခိတော၊ ချမ်းသာရောက်သည်ဖြစ်၍။ ရညာ၊ မင်းသည်။ အနုညာတော၊ ခွင့်ပြုအပ်သည်ဖြစ်၍။ မာတရံ၊ မယ်တော် ခမည်းတော်ကို။ အပိပဿေယျံ၊ ဖူးမြင်ရအံ့လည်းမသိ။ ။

ထိုစကားကိုကြား၍ ပုဏ္ဏားသည်သွား၏။ နောက်အဘို့၌ ထိုနန္ဒိယသမင်မင်း၏ အလှည့်ရောက်သောနေ့၌ မင်းသည်များစွာသော အခြံအရံဖြင့်ဥယျာဉ်သို့လာ၏။ ဘုရားလောင်းသည်တင့်အပ်သောအရပ်၌နေ၏။ မင်းသည် သမင်ကိုပစ်အံ့ဟုစဉ်းသွားကိုဘွဲ့၏။ ဘုရားလောင်းသည် တစ်ပါးကုန်သောသမင်တို့သည် သေဘေးဖြင့်ကြောက်၍ပြေးကုန်သကဲ့သို့ မပြေးမူ၍ ကြောက်ခြင်းမရှိသည်ဖြစ်၍ မေတ္တာကိုရှေ့ထားသည်ကိုပြု၍ လက်ျာနံပါးဖြင့်ခံ၍မတုန်မလှုပ်လျှင်နေ၏။ မင်းသည် ထိုသမင်၏မေတ္တာအာနုဘော်ဖြင့် မြားကိုလွှတ်အံ့သောငှါ မတတ်နိုင်။ ဘုရားလောင်းသည် မြတ်သောမင်းကြီး၊ မြားကိုအဘယ့်ကြောင့်မလွှတ်သနည်း၊ လွှတ်လော့ဟုဆို၏။ သမင်မင်း၊ ငါသည်မြားကိုလွှတ်အံ့သောငှါမတတ်နိုင်ဟုဆို၏။ မြတ်သောမင်းကြီး၊ ထိုသို့တပြီးကား ဂုဏ်ရှိသောသူတို့၏ ကျေးဇူးကို သိလော့ဟုဆို၏။ ထိုအခါမင်းသည် ဘုရားလောင်း၌ကြည်ညို၍ လေးကိုစွန့်၍ စိတ်မရှိသောဤမြားသည်လျက်ရှေးဦးစွာသင်၏ကျေးဇူးကိုသိ၏။ ငါသည် စိတ်ရှိသော လူဖြစ်လျက်လည်းသင်၏ကျေးဇူးကိုမသိ။ သမင်မင်း၊ သင်သည်ငါ့အားသည်းခံပါလော့။ သင်အားဘေးမဲ့ပေး၏ဟုဆို၏။ မြတ်သောမင်းကြီး၊ ငါ့အားရှေးဦးစွာဘေးမဲ့ပေး၏။ ဥယျာဉ်၌သမင်အပေါင်းကိုကား အသို့ပြုလတ္တံ့နည်းဟုဆို၏။ ထိုသမင်အပေါင်းတို့အားလည်းဘေးမဲ့ကိုပေး၏ဟုဆို၏။ ဤသို့ဘုရားလောင်းသည် နိဂြောဓဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်လျှင်ခပ်သိမ်းကုန်သော တော၌နေကုန်သော သားအပေါင်းကိုအား၎င်း၊ ကောင်းကင်၌ သွားကုန်သော ငှက်အပေါင်းတို့အား၎င်း၊ ရေ၌နေကုန်သော ငါးအပေါင်းတို့အား၎င်း ဘေးမဲ့ကိုပေးစေ၍ မင်းကိုပဉ္စသီတို့၌တည်စေ၍၊ မြတ်သောမင်းကြီး၊ မင်းမည်သည်အဂတိလိုက်ခြင်းကိုပယ်၍ဆယ်ပါးသောမင်းကျင့်တရားတို့ကို မပျက်စေမူ၍ တရားနှင့်ညီစွာမင်းပြုခြင်းငှါသင့်၏ဟုဆိုလို၍။ ။

ဒါနံ သီလံ ပရိစ္စာဂံ၊အဇ္ဇဝံ မဒ္ဒဝံ တပံ။

အက္ကောဓံ အဝိဟိံသဉ္စ၊ခန္တီစ အဝိရောဓနော။ ။

ဣစ္စေ-တေ ကုသလေ ဓမ္မေ၊ဌိတေ ပဿာမိ အတ္တနိ။

တတော မေ ဇာယတေ ပီတိ၊သောမနဿဉ္စ သဗ္ဗကံ။ ။

ဤသို့ဟောအပ်ကုန်သောမင်းကျင့်တရားဆယ်ပါးတို့ကို သမင်မင်းသည် ဂါထာဘွဲ့သဖြင့်ပြ၍ နှစ်ရက်သုံးရက်မင်း၏အထံ၌ ခပ်သိမ်းကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကိုပြုအံ့သောငှါ ရွှေစည်ကိုလည်စေ၍၊ မြတ်သောမင်းကြီး၊ မမေ့မလျော့သည် ဖြစ်လော့ဟုဆို၍မိဘတို့အားဖူးမြင်အံ့သောငှါသွား၏။ ဤအတိတ်ကိုဆောင်တော်မူပြီး၍သဗ္ဗညုမြတ်စွာဘုရားသည်။ ။

(၉၂၁)မိဂရာဇာ ပုရေ အာသိံ၊ကောသလဿ နိကေတနေ။

နန္ဒိယော နာမ နာမေန၊အဘိရူပေါ စတုပ္ပဒေါ။ ။

(၉၂၂)တံ မံ ဝဓိတုမာဂစ္ဆိ၊ဒါယသ္မိံ အဇ္ဇုနေ ဝနေ။

ဓနုံ အာရဇ္ဇုံ ကတွာန၊ဥသုံ သန္နယှ ကောသလော။ ။

(၉၂၃)တဿာဟံ ဩဒဟိံ ပဿံ၊ခုရပ္ပါနိဿ ရာဇိနော။

တဒါဟံ သုခိတော မုတ္တော၊မာတရံ ဒဋ္ဌုမာဂတော။ ။

ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။

(၉၂၁-၉၂၃)ဘိက္ခဝေ၊ ရဟန်းတို့။ ပုရေ၊ ရှေး၌။ ကောသလဿ၊ ကောသလမင်း၏။ နိကေတနေ၊ မင်းနေပြည်၌။ အဘိရူပေါ၊ အလွန်အဆင်းလှသော။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော။ နာမေန၊ အမည်အားဖြင့်။ နန္ဒိယောနာမ၊ နန္ဒိယမည်သော။ မိဂရာဇာ၊ သမင်မင်းသည်။ အာသိံ၊ ငါဖြစ်ဘူးပြီ။ ။

ဘိက္ခဝေ၊ ရဟန်းတို့။ ကောသလော၊ ကောသလမင်းသည်။ အဇ္ဇုနေဝနေ၊ ဘောက်ကြံ့ပင်များသည်ဖြစ်၍ အဇ္ဇုနဝန်မည်သော။ ဒါယသ္မိံ၊ သားတို့အား နေစိမ့်သောငှါ ပေးအပ်သောဥယျာဉ်၌။ တံမံ၊ ထိုငါ့ကို။ ဝဓိတုံ၊ သတ်အံ့သောငှါ။ ဓနုံ၊ လေးကို။ အာရဇ္ဇုံ၊ ညှို့နှင့်တကွဘွဲ့သည်ကို။ ကတွာန၊ ပြု၍။ ဥသုံ၊ မြားကို။ သန္နယှ၊ ဘွဲ့၍။ အာဂစ္ဆိ၊ လာ၏။ ။

အဟံ၊ ငါသည်။ တဿ၊ ထိုကောသလမင်းအား။ ပဿံ၊ လက်ျာနံပါးကို။ ဩဒဟိံ၊ ပစ်စိမ့်သောငှာခံ၏။ အဿရာဇိနော၊ ထိုကောသလမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတပ်သော မြားတို့ကို။ ဩဒဟိံ၊ ခံ၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာစွာ။ မုတ္တော၊ သေဘေးမှလွတ်သည်ဖြစ်၍။ မာတရံ၊ မယ်တော်ကို။ ဒဋ္ဌုံ၊ ဖူးမြင်အံ့သောငှါ။ ဂတော၊ သွား၏။ ။

(ဂစ္ဆသိလိုလျက်ဧပြု၍ဂစ္ဆေသိနေသည်။ တံရာဇပိဏ္ဍအဝဘောတ္တံ၊နာဟံဗြာဟ္မဏမုဿဟေ။ ဟူသောပါဌ်ဝယ်အဓိပ္ပါယ်ကား။ မင်း၏ဘောဇဉ်ကိုစားလျက် မင်း၏ကိစ္စကို မဆောင်ရွက်မပြီးသောသူသည် ယုတ်သောစားခြင်းကို စားသည်မည်၏။ ထိုကြောင့်ငါသည်ဤကဲ့သို့ယုတ်မာသောစားခြင်းကို စားခြင်းငှါမဝံ့ဟူလိုသည်။ အာရဇ္ဇုံကတွာလိုသည်။ ပါရဇ္ဇံမလို။ အာရဇ္ဇုံကတွာနာတိဇိယာယသဒ္ဓိံ ဧကတောကတွာအာရောပေတွာတိအတ္ထော။ (အဋ္ဌကထာ)။ ။

နန္ဒိယမိဂရာဇဇာတကံ ဒသမံ။၃၈၅။ အဝါရိယဝဂ္ဂေါ ပဌမော။ ။