Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

267. Kakkaṭakajātakaṃ (3-2-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သိင်္ဂီမိဂေါ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကက္ကဋဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောမိန်းမကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ ဘုရားလောင်းဆင်သည် ကုဠီရရေကန်ကိုအမှီပြု၍နေကုန်သောခပ်သိမ်းသောဆင်တို့ကိုစည်းဝေးစေ၍ ခပ်သိမ်းသောဆင်တို့နှင့် တကွရေကန်၏အနီးသို့သွား၍ ထိုပုဇွန်သည် သက်သောကာလ၌ဖမ်းသလော၊ အစာကိုယူသောကာလ၌ ဖမ်းသလော၊ တက်သော ကာလ၌ ဖမ်းသလောဟုမေး၏။ တက်သောကာလ၌ဖမ်း၏ဟုကြား၍၊ ထိုသို့တပြီးကားသင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်းအစာကိုယူ၍ရှေးဦးစွာ တက်ကြကုန်။ ငါသည်နောက်နေရစ်အံ့ဟုဆို၏။ ဆင်တို့သည် ဘုရားလောင်းဆင်ဆိုတိုင်းပြုကြကုန်၏။ ပုဇွန်သည် နောက်မှ တက်သောဘုရားလောင်းကို ညှပ်ဖြင့်ပန်းပဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့တက်မနှစ်ခုဖြင့်ခြေ၌မြဲစွာကိုင်၏။ ဆင်မသည် ဘုရားလောင်းကိုမစွန့်မူ၍အနီး၌သာနေ၏။ ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သော ငှါမတတ်နိုင်။ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက်မိမိသို့ရှေးရှုသည်ကိုပြု၏။ ဘုရားလောင်းသည်သေဘေးဖြင့်ကြောက်၍မိသောမြည်ခြင်းကိုမြည်၏။ ခပ်သိမ်းသောဆင်တို့သည်ဘေးမှကြောက်ကုန်ရကားကြိုးကြာသံနှင့် တူသောအသံကိုမြည်၍ကျင်ကြီးကျင်ငယ်ကိုစွန့်ကုန်လျက်ပြေးကုန်၏။ ဘုရားလောင်း၏ဆင်မသည်လည်းကြောက်ခြင်းကို သည်းခံအံ့ သောငှာမတတ်နိုင်၍ပြေးအံ့သောငှါအားထုတ်၏။ ထိုအခါ ထိုဆင်မကိုဘုရားလောင်းသည်မိမိအား ပုဇွန်မိသည်၏အဖြစ်ကိုသိစေ၍ထိုဆင်မကိုမပြေးစိမ့်သောငှါ။ ။

(၄၀၆)သိင်္ဂီမိဂေါ အာယတ-စက္ခုနေတ္တော၊အဋ္ဌိ-တ္တစော ဝါရိ-သယော အ-လောမော။

တေနာ-ဘိဘူတော ကပဏံ ရုဒါမိ၊မာ ဟေဝ မံ ပါဏ-သမံ ဇဟေယျ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၄၀၆)ရေနုကာ၊ ဆင်မ။ သိင်္ဂီမိဝေါ၊ သိင်္ဂီရွှေအဆင်းနှင့်တူသော အဆင်းရှိသောပုဇွန်သည်။ ဝါ၊ ဦးချိုကိစ္စကိုပြီးစေတတ်သောတက်မရှိသောပုဇွန်သည်။ အာယတ-စက္ခု-နေတ္တော၊ ပြူးပြူးထွက်သောရှည်သောမျက်စိရှိ၏။ အဋ္ဌိ-တ္တစော၊ အရိုးဟူသောအရေရှိ၏။ ဝါရိ-သယော၊ ရေ၌နေ၏။ အ-လောမော၊ အမွေးမရှိ။ တေန၊ ထိုရွှေပုဇွန်သည်။ အဘိဘူတော၊ မြဲစွာညှပ်လျက်နှိပ်စက်ဖမ်းယူအပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ သနားဖွယ်သောအသံကို။ ရုဒါမိ၊ ငိုမြည်တမ်း၏။ ဗျသနပ္ပတ္တံ၊ ပျက်စီးခြင်းသို့ရောက်သော။ ပါဏ-သမံ၊ အသက်အတူချစ်အပ်သော။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ မာဟေဝဇဟေယျဇဟေယျာသိ၊ မစွန့်ပါလင့်။ ။

ထိုအခါဘုရားလောင်းအားဆင်မသည်ပြန်လည်၍နှစ်သိမ့်စေလျက်။ ။

(၄၀၇)အယျ န တံ ဇဟိဿာမိ၊ကုဉ္ဇရံ သဋ္ဌိ-ဟာယနံ။

ပထဗျာ စာတုရ-န္တာယ၊သုပိယော ဟောသိ မေ တုဝံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၀၇)အယျ၊ အသျှင်။ အဟံ၊ ငါသည်။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိသောကာလမှယုတ်ထသော။ ကုဉ္ဇရံ၊ ဆင်မင်းဖြစ်သော။ တံ၊ အသျှင်ကို။ နဇဟိဿာမိ၊ မစွန့်အံ့။ စာတုရန္တာယ၊ သမုဒ္ဒရာလေးစင်းအဆုံးရှိသော။ ပထဗျာ၊ မြေ၌။ တုဝံ၊ သင့်ကို၊သင်သည်။ မေ၊ ငါသည်။ သုပိယော၊ အလွန်ချစ်အပ်သည်။ ဟောသိ၊ ဖြစ်၏။ ။

ထိုအခါဆင်မသည် ဘုရားလောင်းကိုထောက်ပံ့၍၊ အသျှင်၊ ယခုသင့်ကိုပုဇွန်နှင့်တကွအတံငယ်စကားပြောဆို၍ လွှတ်စေအံ့ဟုဆို၍ ပုဇွန်ကိုတောင်းပန်လိုရကား။ ။

(၄ဝ၈)ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ဂင်္ဂါယ ယမုနာယ။

တေသံ တွံ ဝါရိ-ဇော သေဋ္ဌော၊မုဉ္စ ရောဒန္တိယာ ပတိံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၀၈)ဘဒြဝဏ္ဏ၊ ရွှေရောင်ဝင်းဝင်း အဆင်းကောင်းပေသော ပုဇွန်မင်း။ သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ ဂင်္ဂါယ၊ ဂင်္ဂါ၌၎င်း။ ယမုနာယစ၊ ယမုနာ၌၎င်း။ ယေကုဠီရာ၊ အကြင်ပုဇွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေသံ၊ ကုန်အောင်စုံကုန်သော။ တေသံ၊ ထိုပုဇွန်တို့ထက်။ ဝါရိဇော၊ ရေ၌ဖြစ်သော။ တွံ၊ အသျှင်သည်သာလျှင်။ ဝဏ္ဏသမ္ပတ္တိယာစ၊ အဆင်း၏ပြည့်စုံခြင်းဖြင့်၎င်း။ မဟန္တေနစ၊ ကိုယ်ကောင်ခွန်အား ကြီးမားခြင်းဖြင့်၎င်း။ သေဋ္ဌော၊ မြတ်၏။ တေန၊ ထိုသို့မြတ်သောပုဂ္ဂိုလ်ဖြစ်ပေသောကြောင့်။ တံ၊ အသျှင်ပုဇွန်မင်းကို။ ယာစာမိ၊ ရှိခိုးဦးတင် တောင်းပန်ပါ၏။ ရောဒန္တိယာ၊ ငိုသောအကျွန်ုပ်၏။ ပတိ၊ လင်ကို။ မုဉ္စ၊ လွှတ်တော်မူပါ။ ။

ပုဇွန်သည်ထိုဆင်မ၏အသံ၌မိန်းမသံဟူသောအာရုံကိုယူ၍ မိန်းမသံသည်ငင်အပ်သောရာဂနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍ ဆင်၏ခြေမှတက်မ တို့ကိုဖြေသကဲ့သို့လျော့စေလျက်၊ ဤဆင်သည်လျော့သည်ရှိသော် ဤမည်သောအမှုကိုပြုလတ္တံ့ဟု ရာဂနှောက်၍ ဉာဏ်မှောက်ရကား တစ်စုံတစ်ခုကိုမသိ၍၊ ထိုအခါဆင်သည်ခြေကိုချီ၍ ပုဇွန်ကျောက်ကုန်းပြင်၌နင်း၏။ ထိုခဏ၌လျှင်အရိုးတို့သည်ကွဲကုန်၏။ ဆင်သည် ဝမ်းမြောက်သောအသံကို မြည်၏။ ခပ်သိမ်းသောဆင်တို့သည်စည်းဝေး၍ပုဇွန်ကိုထုတ်၍ ရေကန်၏အပဖြစ်သောအပြင်၌ထား၍ နင်းကုန်လျက် မုန့်မုန့်ညက်ညက်ကြေ စေကုန်၏။ ထိုပုဇွန်၏နှစ်ခုသော တက်မတို့သည်ကိုယ်မှပြတ်၍ လျောက်ပတ်သောအရပ်၌ကျကုန်၏။ ထိုကုဠီရရေကန်သည် ဂင်္ဂါမြစ်နှင့်တစ်စပ်တည်းဖြစ်၍ ဂင်္ဂါပြည့်သောကာလ၌ ဂင်္ဂါရေဖြင့်ပြည့်၏။ ဂင်္ဂါရေနည်းသည်ရှိသော်ရေကန်မှရေသည်ဂင်္ဂါသို့ဝင်၏။ ထိုအခါနှစ်ခုသောတက်မတို့သည်လည်း ဂင်္ဂါရေ၌မျောကုန်၏။ တစ်ခုသောတက်မသည် သမုဒ္ဒရာသို့ဝင်၏။ တစ်ခုသောတက်မကိုဒသဘာတိကမင်းတို့သည်ရေ၌ကစား ကုန်သော်ရကုန်၍အာလမ္ဗရမည်သောမုဒိန်းစည်ကို ပြုကုန်၏။ သမုဒ္ဒရာသို့ဝင်သော တက်မကိုကားအသုရာတို့သည်ယူကုန်၍ အာလမ္ဗရမည် သောစည်ကိုပြုကုန်၏။ ထို အသုရာတို့သည်နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကိုစွန့်ပစ်၍ ပြေးကုန်၏။ ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည်မိမိအကျိုးငှာ ယူခဲ့စေ၏။ ထိုစည်ကိုရည်၍ အာလမ္ဗရစည်၊ မိုးကဲ့သို့မြည်၏၊ဟုဆိုကြကုန်၏။ ။

(သိင်္ဂီသုဝဏ္ဏဝဏ္ဏော မိဂေါ သိင်္ဂီမိဂေါ,ပြု။ ဤ၌မိဂသည် အခြေလေးချောင်းရှိသောသားကိုသာမဟော၊ အလုံးစုံအသက်ရှိသောသတ္တဝါကို သိမ်းယူသည်၏အစွမ်းအားဖြင့် ပုဇွန်ကိုပင် မိဂဆိုသည်။ (တနည်း)။ သိင်္ဂသဒိသာအလာဧတဿအတ္ထီတိသိင်္ဂီ,ပြု၍ဦးချိုကိစ္စကို ပြီးစေတတ်ရကား ဦးချိုနှင့်တူသော တက်မရှိသောပုဇွန်ရ၏။ ဒွီဟိအလေဟိသိင်္ဂ ကိစ္စံသာဓေန္တေဟိယုတ္တတာယသိင်္ဂီတိပိအတ္ထော။ ။ အဋ္ဌကထာ။ ။ စက္ခုစတံနေတ္တဉ္စာတိစက္ခုနေတ္တံ။ အာယတာနိစက္ခုနေတ္တာနိအဿာတိ အာယတစက္ခုနေတ္တော။ မျက်စိသည်ပင်မြင်တတ်သောအနက်ကြောင့် စက္ခုမည်သည်။ သတ္တဝါတို့ကိုဆောင်တတ်သောအနက်ကြောင့်နေတ္တမည်သည်။ အာယတာနိစက္ခုသင်္ခါတာနိနေတ္တာနိအဿာဘိအာယထစက္ခုနေတ္တာ, ဟူ၍လည်းပြုသင့်၏။ ကပကရုဏာယံ။ကပတိ၊ကပဏော,ဟုဓာတ်ကျမ်းလာရကား။ သနားဖွယ်သောသူ၏ငိုကြွေးသောအသံကို ဤ၌ကပဏဆိုသည်။ ကပဏံရုဒါမီတိကာရုညပ္ပတ္တောဟုတွာရုဒါမိပိမုဝါမိစ,ဟုအဋ္ဌကထာဖွင့်သည်ကား ပုဂ္ဂလာဓိဋ္ဌာန်တည်း။ ကပဏံ,ကို ကပဏောဟုတွာ, အနက်ဆိုလို၍မဟုတ်။ အဘယ့်ကြောင့်နည်းဟူမူကား။ ရုဒအဿုဝိမောစနေ, ဆိုသော်လည်း မျက်ရည်ထိုကာမျှကိုသာမယူရ၊ နှုတ်မြွက်၍ငိုခြင်းကိုဟောသောကြောင့် သကမ္မကဓာတ်ဖြစ်သတည်း။ ထိုကံသည်လည်းအချို့သောအရာဝယ်ပုဂ္ဂိုလ်သည် ကံဖြစ်သတည်း။ ထို့ကြောင့် ရောဒတီတိကိံရောဒတိ။ မတံပုတ္တံဝါဘာတရံဝါရောဒတိ, ဟူသည်တည်း။ ပထဗျာပထဝိယာ,ဖြတ်၍ယ,နှောင်းရာ ဣ,ကျေ။ဝ,ကိုဗ, ပြု၍ပထာဗျာပြီးသတည်း)။ ။

ကက္ကဋဇာတကံ သတ္တမံ။၂၆၇။