နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဟံစေဒဠှဓမ္မဿ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒဠှဓမ္မဇာတ်ကို၊ ကောသမ္ဗီပြည်ကို မှီ၍ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဥတေနမင်းဘဒ္ဒဝတီဆင်မကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌။ ဩဋ္ဌဗျာဓိသည်မြို့မှထွက်၍ညအခါမြို့သို့ဝင်သော ဘုရားလောင်းကိုမြင်၍ ရှိခိုး၍ဘုရားလောင်း၏ခြေရင်း၌ငိုကြွေးလျက်။ အရှင်၊ မင်းသည် အကျွန်ုပ်ကိုပျိုသောကာလ၌ ကျေးဇူးများ၏ဟုမှတ်၍ ကြီးစွာသောစည်းစိမ်အခြံအရံကိုပေး၏။ ယခုအိုသောကာလ၌အလုံးစုံသောစည်းစိမ်အခြံအရံကိုဖြတ်၍ အကျွန်ုပ်၌ စိတ်ကိုမျှလည်းမပြု၊ အကျွန်ုပ် သည်ကိုးကွယ်ရာမရှိသည်ဖြစ်၍ တော၌မြက်သစ်ရွက်တို့ကိုစားလျက်အသက်မွေးရ၏။ ဤသို့ဆင်းရဲခြင်းသို့ရောက်သော အကျွန်ုပ်ကိုယခုအခါယာဉ်၌ကစိမ့်သောငှါအိုးထိန်းအားပေး၏။ အရှင်တို့ကိုထား၍ အကျွန်ုပ်အား တစ်ပါးသောကိုးကွယ်ရာသည်မရှိ။ မင်းအားအကျွန်ုပ်ပြုသောကျေးဇူးကို အရှင်တို့သည်သိပါစေကုန်လော့၊ အကျွန်ုပ်တောင်းပန်ပါ၏။ ယခုအခါအကျွန်ုပ်အားပျောက်သောစည်းစိမ်ကိုပကတိရှိသည်ကိုပြုပါလော့ဟုဆို၍။ ။
(၁ဝ၈၇)အဟံ စေ ဒဠှဓမ္မဿ၊ဝဟန္တိ နာဘိရာဓယိံ။
ဓရန္တီ ဥရသိ သလ္လံ၊ယုဒ္ဓေ ဝိက္ကန္တစာရိနီ။ ။
(၁၀၈၈)နူန ရာဇာ န ဇာနာတိ၊မမ ဝိက္ကမပေါရိသံ။
သင်္ဂါမေ သုကတန္တာနိ၊ဒူတဝိပ္ပဟိတာနိ စ။ ။
(၁၀၈၉)သာ နူနာဟံ မရိဿာမိ၊အဗန္ဓု အပရာယိနီ။
တဒါ ဟိ ကုမ္ဘကာရဿ၊ဒိန္နာ ဆကဏ-ဟာရိကာ။ ။
ဟူသောသုံးဂါထာတို့ကိုဆို၏။ ။
(၁၀၈၇-၁၀၈၉)သာမိ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ တံတံကိစ္စံ၊ လည်၌သန္ဒေသစာခွေစွပ်၍ ထိုထိုမင်းအထံသို့တမန်အမှုကိုရွက်ဆောင်ခြင်း, စစ်မြေပြင်အတွင်း၌ ဗိုလ်တဲကိုဖျက်ဆီးခြင်း ဟူသော ကိစ္စထိုထိုကို။ ဝဟန္တီ၊ ရွက်ဆောင်၍၎င်း။ ယုဒ္ဓေ၊ စစ်ထိုးသောကာလ၌။ ဥရသိ၊ ရင်၌။ ဗဒ္ဓံ၊ ဘွဲ့အပ်သော။ သလ္လံ၊ သန်လျက်လှံမကို။ ဓရန္တိ၊ တစ်ဖက်ရန်သူ၏အထက်သို့ရှေးရှုဆောင်၍၎င်း။ ဝိက္ကန္တစာရိနီ၊ မနစ်မဆုတ် အားထုတ်လုံ့လပြု၍ တစ်ဘက်ရန်ဗိုလ်ထုကို အောင်စေသောစစ်ထိုးခြင်းဖြင့် နင်းချိုးမဆုတ်စုတ်စုတ်ဝင်သွား၍၎င်း။ ဒဠှဓမ္မဿ၊ ဒဠှဓမ္မမင်း၏။ စိတ္တံ၊ စိတ်ကို။ (ထည့်)။ စေနာဘိရာဓယိံ၊ အကယ်၍မနှစ်သက်စေနိုင်သည်ဖြစ်အံ့။ ဒါနိ၊ ယခု။ အညော၊ ငါမှတစ်ပါးသော။ ကော၊ အဘယ်သူသည်။ တဿ၊ ထိုဒဠှဓမ္မမင်း၏။ စိတ္တံ၊ စိတ်ကို။ အာရာဓယိဿတိ၊ နှစ်သက်စေနိုင်လတ္တံ့နည်း။ (ဒါနိစသည်ကားပါဌသေသ)။ ။
မမ၊ ငါ၏။ ဝါ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ ဝိက္ကမပေါရိသံပုရိသဝိက္ကမံ၊ ဗိုလ်ထုဖျက်သူရဲတို့၏ ကြီးမြဲလုံ့လကို၎င်း။ သင်္ဂါမေ၊ စစ်ပွဲ၌။ သုကတန္တာနိ၊ ဗိုလ်တဲကိုဖျက်ဆီးခြင်းစသော ကောင်းစွာပြုအပ်သောအမှုတို့ကို၎င်း။ ဒူတဝိပ္ပဟိတာနိစ၊ လည်၌သန္ဒေသစာခွေစွပ်၍ ဤမည်သောမင်းအားပေးလေဟုစေအပ်သောငါသည် တစ်နေ့ခြင်းဖြင့်သာ ယူဇနာတစ်ရာတိုင်သွား၍သံတမန်ကိစ္စအမှုတို့ကို၎င်း။ ရာဇာ၊ ဒဠှဓမ္မမင်းသည်။ နဇာနာတိနုန၊ မသိရှာလေယောင်တကား။ ဝါ၊ မသိရှာလေတော့သလော။ ။
သာအဟံ၊ ထိုငါသည်။ အဗန္ဓု၊ အဆွေခင်ပွန်းကောင်း မရှိသည်ဖြစ်၍။ အပရာဓိနီ အပတိဋ္ဌာအပဋိသရဏာ၊ တည်ရာမရကိုးကွယ်ရာမရသည်ဖြစ်၍။ မရိဿာမိနုန၊ သေရယောင်တကား။ တဒါဟိတထာဟိ၊ ထိုစကားသည်လျှင်မှန်၏။ ဝါ၊ ထိုငါ၏ ကျေးဇူးကို မသိသောကြောင့်သာလျှင်။ ဆကဏဟာရိကာ၊ နွားချေးဆောင်အစေအပါကို။ ကတွာ၊ ပြု၍။ ရညာ၊ ဒဠှဓမ္မမင်းသည်။ ကုမ္ဘကာရဿ၊ အိုးထိန်းအား။ ဒိန္နာ၊ ငါ့ကိုပေးအပ်၏။ ။
ဘုရားလောင်းသည် ဩဋ္ဌဗျာဓိစကားကိုကြား၍၊ သင်သည်မစိုးရိမ်လင့်။ ငါသည်မင်းအားဆို၍ သင့်အားစဉ်းစိမ်အခြံအရံကို ပကတိရှိသည်ကိုပြုအံ့ဟုဩဋ္ဌဗျာဓိကိုနှစ်သိမ့်စေ၍မြို့သို့ဝင်၍နံနက်စာစားပြီးသော် မင်း၏အထံသို့သွား၍ စကားကိုဖြစ်စေ၍၊ မြတ်သောမင်းကြီး၊ ဤမည်သော ဩဋ္ဌဗျာဓိသည် ဤမည်သောအရပ်၌၎င်း ဤမည်သောအရပ်၌၎င်းရင်၌ သန်လျက်မြားလှံတို့ကိုဘွဲ့၍ စစ်ထိုးခြင်းအမှုကိုထုတ်ဆောင်၏။ ဤမည်သောနေ့၌ကား လည်၌သန္ဒေသစာခွေကိုစွပ်၍စေလွှတ်၍ ယူဇနာတစ်ရာရှိသောအရပ်သို့သွား၏။ ရှင်မင်းကြီးတို့သည်လည်း ထိုဩဋ္ဌဗျာဓိအားကြီးစွာသော အခြံအရံတို့ကိုပေးကုန်၏။ ထိုဩဋ္ဌဗျာဓိသည် ယခုအဘယ်မှာနည်း,ဟုမေး၏။ ထိုဩဋ္ဌဗျာဓိကိုငါသည် နွားချေးဆောင်စိမ့်သောငှါ အိုးထိန်းသည်အားပေး၏,ဟုဆို၏။ ထိုအခါမင်းကိုဘုရားလောင်းသည် မြတ်သောမင်းကြီး၊ အရှင်မင်းကြီးတို့သည်ပြုအပ်သော အမှုသည်မလျောက်ပတ်။ အိုးထိန်းအားယာဉ်၌ကစိမ့်သောငှါပေးအံ့သောငှါမလျောက်ပတ်သလျှင်ကတည်းဟုဆို၍မင်းအားဆုံးမသည်၏အစွမ်းအားဖြင့်။ ။
(၁၀၉၀)ယာဝတာသီသတီ ပေါသော, တာဝဒေဝ ပဝီဏတိ။
အတ္ထာပါယေ ဇဟန္တိ နံ၊ဩဋ္ဌိဗျာဓိံဝ ခတ္တိယော။ ။
(၁၀၉၁)ယော ပုဗ္ဗေ ကတကလျာဏော၊ကတတ္ထော နာဝဗုဇ္ဈတိ။
အတ္ထာ တဿ ပလုဇ္ဇန္တိ၊ယေ ဟောန္တိ အဘိပတ္ထိတာ။ ။
(၁၀၉၂)ယော ပုဗ္ဗေ ကတကလျာဏော၊ကတတ္ထော မနုဗုဇ္ဈတိ။
အတ္ထာ တဿ ပဝဍ္ဎန္တိ၊ယေ ဟောန္တိ အဘိပတ္ထိတာ။ ။
(၁၀၉၃)တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ယာဝန္တေတ္ထ သမာဂတာ။
သဗ္ဗေ ကတညုနော ဟောထ၊စိရံ သဂ္ဂမှိ ဌဿထာ။ ။
ဟူသောဤလေးဂါထာတို့ကိုဟော၏။ ။
(၁၀၉၀-၁၀၉၃)ဣဓ၊ ဤလူ့ရွာ၌။ ပေါသော၊ အသိပညာမရှိသောသူသည်။ ယာဝတာ၊ အကြင်မျှလောက်သောကာလပတ်လုံး။ အယံ၊ အသူသည်။ မေ၊ ငါ၏။ ဣဒံနာမ၊ ဤမည်သောအမှုကို။ ကာတုံ၊ ပြုခြင်းငှါ။ သက္ခိဿတိ၊ တတ်နိုင်လတ္တံ့။ ဣတိ၊ ဤသို့။ အာသိသတိ၊ တောင့်တ၏။ တာဝဒေဝ၊ ထိုမျှလောက်သောကာလပတ်လုံးသာလျှင်။ တံပုရိသံ၊ ထိုယောကျ်ားသို့။ ပဝီဏတိဘဇတိ၊ ဆည်းကပ်၏။ ခတ္တိယော၊ ငါတို့အရှင်ဒဠှဓမ္မမင်းသည်။ ဩဋ္ဌဗျာဓိ၊ သြဋ္ဌဗျာဓိအမည်ရှိသော ကုလားအုဌ်ကို။ ဇဟတိဣဝ၊ စွန့်၏သို့။ အတ္ထာပါယေ၊ အစီးအပွါးကင်းသောကာလ၌။ ဝါ၊ စွမ်းအင်ဗလ ဆုတ်ယုတ်သော ကာလ၌။ နာနာကိစ္စေသု၊ အထူးထူးသော ကိစ္စတို့၌။ ပတ္ထိတံ၊ တောင့်တအပ်သော။ နံပေါသံ၊ ထိုသူကို။ ဧကစ္စေ၊ အချို့ကုန်သော သူမိုက်တို့သည်။ ဇဟန္တိ၊ စွန့်ကုန်၏။ ။
ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ မိမိအားသူတစ်ပါးတို့သည်ပြုအပ်သောကောင်းသောကျေးဇူးရှိသည်ဖြစ်လျက်။ ကတတ္ထော၊ သူတစ်ပါးပြီးစေအပ်သော မှုကိစ္စရှိသည်ဖြစ်လျက်။ ပစ္ဆာပိ၊ နောက်၌လည်း။ တံပရေနကတံ၊ ထိုသူတစ်ပါးသည်ပြုအပ်သော ကျေးဇူးအမှုကိစ္စကို။ ဥပကာရဿ၊ ကျေးဇူးပြုတတ်သောသူ၏။ ဇရာဇိဏ္ဏကာလေ၊ အရွယ်ကြီးသဖြင့် အိုမင်းသောကာလ၌။ နာဝဗုဇ္ဈတိ၊ မအောက်မေ့မိ မသိလေတတ်။ တဿ၊ ထိုကျေးဇူးမသိသောသူ၏။ ဝါ၊ သူသည်။ ယေအတ္ထာ၊ အကြင်အကျိုးစီးပွါးတို့ကို။ အဘိပတ္ထိတာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေအတ္ထာ၊ ထိုအလိုရှိအပ်တောင့်တအပ်သော အကျိုးစီးပွါးတို့သည်။ ပလုဇ္ဇန္တိ၊ မီး၌ကျသောမျိုးစေ့ကဲ့သို့ပျက်စီးကုန်၏။ ဟိသစ္စံ၊ မှန်၏။ မိတ္တဒုဗ္ဘီ ပုဂ္ဂလဿ၊ အဆွေခင်ပွန်း ပြစ်မှားတတ်သော ပုဂ္ဂိုလ်၏။ ပတ္ထိတပတ္ထိတံ၊ တောင့်တတိုင်း တောင့်တတိုင်းသောအစီးအပွါးသည်။ အဂ္ဂိမှိ၊ မီး၌။ ပက္ခိတ္တဗီဇံဝိယ၊ ချအပ်သောမျိုးစေ့ကဲ့သို့။ နဿတိ၊ ပျက်စီး၏။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ မိမိအား သူတစ်ပါးတို့သည်ပြုအပ်သော ကောင်းသောကျေးဇူးရှိသည်ဖြစ်၍။ ကတတ္ထော၊ သူတစ်ပါးတို့ပြီးစေအပ်သောအမှုကိစ္စရှိသည်ဖြစ်၍။ ပစ္ဆာပိ၊ နောက်၌လည်း။ တံပရေနကတံ၊ ထိုသူတစ်ပါးသည်ပြုအပ်သောကျေးဇူးအမှုကိစ္စကို။ ဥပကာရကဿ၊ ကျေးဇူးပြုတတ်သောသူ၏။ ဇရာဇိဏ္ဏကာလေပိ၊ အရွယ်ကြီးသဖြင့် အိုမင်းသောကာလ၌သော်လည်း။ အနုဗုဇ္ဈတိ၊ သိ၏။ တဿ၊ ထိုသူ့ကျေးဇူးကိုသိသသူ၏။ ဝါ၊ သူသည်။ ယေအတ္ထာ၊ အကြင်အကျိုးစီးပွါးတို့ကို။ အဘိပတ္ထိကာ၊ တောင့်တအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေအတ္ထာ၊ ထိုအလိုရှိအပ်တောင့်တအပ်သော အကျိုးစီးပွါးတို့သည်။ ပဝဍ္ဎန္တိ၊ ကောင်းသောမြေ၌စိုက်အပ်သော မျိုးကဲ့သို့တိုးတက်ပွါးများကုန်၏။ ။
တံတေနကာရဏေန၊ ထိုအကြောင်းကြောင့်။ ဘဒ္ဒန္တေ၊ အိုအရှင်တို့။ ဝေါ၊ သင်တို့ကို။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆုံးမပါ၏။ ဧတ္ထ၊ ဤမင်းရင်ပြင်၌။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော ပရိသတ်တို့သည်။ သမာဂတာ၊ အညီအညွတ်စည်းဝေးကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုမှေ၊ အရှင်တို့သည်။ ကတညုနော၊ ကျေးဇူးကိုသိကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဟိ၊ အကျိုးကိုဆိုအံ့။ ကတညုနော၊ သူ့ကျေးဇူးကိုသိသောသူတော်ကောင်းတို့သည်။ စိရံ၊ ရှည်မြင့်စွာသောကာလပတ်လုံး။ သဂ္ဂမှိ၊ နတ်ပြည်၌။ ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၏စည်းစိမ်ကို။ အနုဘဝန္တာ၊ ခံစားကုန်လျက်။ ဝသထ၊ ချမ်းချမ်းသာသာနေရကုန်လတ္တံ့။ ။
(သဝေဒါနိအဟံဣဒါနိဟူသော အဋ္ဌကထာကိုရှု၍စေ,သင့်သည်။ ဝေ, မသင့်။ ။ ဓရန္တီသင့်သည်။ နုဓန္တိမသင့်။ ။ သုကတာနိဆိုလိုလျက်သုတ္တန္တကမ္မန္တစသည်တို့ကဲ့သို့ အန္တအနက်မရှိ။ ။ တဒါဟီတိတထာဟိ၊ အယမေဝဝါပါဌော။ (အဋ္ဌကထာ)။ ။ ဆကဏန္တိ ဂေါမယံ။ (ဋီကာ)။ ။ ဩဋ္ဌောတုကလဘောဘဝေ။ဟု-ကုလားအုဌ်ပရိယာယ်လာ၍ဩဋ္ဌဗျာဓိမည်သောကုလားအုဌ်ဟုယောဇနာသည်။ ။ ဩဋ္ဌဗျာဓိတံနာမိကာ။ (ဋီကာ)။ ။ ဩဋ္ဌဗျာဓိမည်သောဆင်ဟူ၍လည်းဆိုစကုန်၏။ ။ မနုဗုဇ္ဈတိ၌မအာဂုံ)။ ။
ဒဠှဓမ္မဇာတကံ စတုတ္ထံ။၄၁၀။