Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

207. Assakajātakaṃ (2-6-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အယမဿကရာဇေန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဿကဇာတ်ကိုဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သောနွားချေးပိုးဖိုမတို့သည်နွားချေးစိုင်ကိုဖောက်ကုန်လျက် မင်း၏ရှေ့သို့လာစေ ကုန်သတည်းဟု၊ ထိုနှစ်ခုကုန်သောနွားချေးပိုးဖိုမတို့၏လာခြင်းကိုပြု၏။ ထိုနှစ်ခုကုန်သော နွားချေးပိုးဖိုမတို့သည် ဘုရားလောင်း ဓိဋ္ဌာန်တိုင်းလျှင်လာလတ်ကုန်၏။ ဘုရားလောင်းသည်ထိုနွားချေးပိုးမကို ပြလျက်၊ မင်းမြတ်၊ ဤနွားချေးပိုးမသည်သင်မင်းမြတ်၏ ဥပရိမည်သောမိဖုရားတည်း။ သင့်ကိုစွန့်၍ နွားချေးပိုး အဖို၏နောင်မှလိုက်၏။ ထိုနွားချေးပိုးမကိုရှုကုန်လော့ဟုဆို၏။ အသျှင်ဘုရား၊ ဥပရိစဉ်လျက် နွားချေးပိုးအမျိုး၌ဖြစ်လတ္တံ့ဟူ၍အကျွန်ုပ်သည်မယုံဟုဆိုသည်ရှိသော်၊ မင်းမြတ်၊ထိုနွားချေးပိုးမကို ဆိုစေအံ့ဟုဆို၍၊ အသျှင်ဘုရား၊ ဆိုစေကုန်လော့ဟု လျှောက်သည်ရှိသော်၊ ဘုရားလောင်းသည်မိမိ၏ အာနုဘော်အားဖြင့်ထိုနွားချေးပိုးမကိုဆိုစေသတည်းဟုဓိဋ္ဌာန်၍ ဥပရိဟူ၍ခေါ်၏။ နွားချေးပိုးမသည်လူ့ဘာသာဖြင့်၊ အသျှင်ဘုရား၊အဘယ်ပြုအံ့နည်းဟုဆို၏။ သင်သည်လွန်လေပြီးသောဘဝ၌ အဘယ်အမည်ရှိသနည်းဟု ဆိုသည်ရှိသော်၊ အသျှင်ဘုရား၊ အဿကမင်း၏မိဖုရားဖြစ်သော ဥပရိအမည်ရှိသည်ဖြစ်၏ဟုဆို၏။ ယခုအခါ၌သင်သည် အဿကမင်းကိုတည်းချစ်သလော၊ ထိုသို့မဟုတ်မူကားနွားချေးပိုး အဖိုကိုတည်း ချစ်သလောဟုမေး၏။ အသျှင်ဘုရား၊ ထိုအဿကမင်းသည်ရှေးဘဝ၌ အကျွန်ုပ်၏လင်ဖြစ်၏။ ထိုအခါ၌အကျွန်ုပ်သည် ဤဥယျာဉ်၌အဿကမင်းနှင့်တကွ၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကိုခံစားလျက်သွားရ၏။ ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သောကာလမှစ၍ ထိုအဿကမင်းသည်အကျွန်ုပ်အား အသို့တော်သနည်း။ ထို့ကြောင့်ယခုအခါ၌ အကျွန်ုပ်သည် အဿကမင်းကိုသတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်လင်ဖြစ်သော နွားချေးပိုးအဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆိုလို၍၊ ပရိသတ်အလယ်၌လူ့ ဘာသာဖြင့်။ ။

(၂၆၉)အယ-မဿက-ရာဇေန၊ဒေသော ဝိစရိတော မယာ။

အနုကာမယ-ကာမေန၊ပိယေန ပတိနာ သဟ။

(၂၇ဝ)နဝေန သုခ-ဒုက္ခေန၊ပေါရာဏံ အပိဓီယတိ။

တသ္မာ အဿက-ရညာ-ဝ၊ကီဋော ပိယတရော မမ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၆၉-၂၇၀)ဘန္တေ၊ သျှင်ရသေ့။ အယံဒေသော၊ ဤမွေ့လျော်ပျော်ဖွယ်ရှိသောဥယျာဉ်အရပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မယာ၊ အကျွန်ုပ်သည်။ အနုကာမယကာမေန၊ ချစ်ချင်းချစ်ထသော။ ဝါ၊ သူ့ကိုချစ်သောအကျွန်ုပ်ကိုသူကလည်းချစ်ထသော။ ပိယေန၊ ရှေးဘဝကအလွန်ချစ်ထသော။ ပတိနာ၊ ထိုရှေးအတ္တဘောကလင်ဖြစ်ထသော။ အဿက-ရာဇေန၊ အဿကမင်းနှင့်။ သဟ၊ တကွ။ ဝိစရိတော၊ ကျင်လည်သွားလာဖူးသော။ ဒေသော၊ အရပ်တည်း။ ။

ဘန္တေ၊ သျှင်ရသေ့။ ဣဒါနိ၊ ယခုအခါ၌ကား။ နဝေန၊ အသစ်ဖြစ်သော။ သုခ-ဒုက္ခေန၊ ချမ်းသာဆင်းရဲသည်။ ပေါရာဏံ၊ အဟောင်းဖြစ်သောချမ်းသာဆင်းရဲကို။ ယသ္မာ၊ အကြင်ကြောင့်။ အဝိဓိယတိ၊ ဖုံးလွှမ်းအပ်၏။ (ဤသို့ဖုံးလွှမ်းအပ်သည်ကားလောကဓမ္မတာဖြစ်၏)။ တသ္မာ၊ ထို့ကြောင့်။ အဿက-ရညာ၊ လင်ဟောင်းဖြစ်သောအဿကမင်းထက်။ ကီဋောဝ၊ လင်သစ်ဖြစ်သောနွားချေးပိုးအဖိုကိုလျှင်။ မမ၊ အကျွန်ုပ်သည်။ ဝိယတရော၊ အလွန်ချစ်အပ်၏။ ။ (အနုကာမယကာမေနာတိ မယာတံကာမယမာနာယတေနမံ ကာမယမာနေန, ဖွင့်သောအဋ္ဌကထာအလို။ ။ တံကာမယတီတိကာမယမနာ။ ။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ ထိုအဿကမင်းကို။ ကာမယတိ၊ ချစ်ခင်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ကာမယမာနာ၊ မည်၏။ ။ မံကာမေတီတိကာမော။ ။ ယောရာဇာ၊ အကြင်အဿကမင်းသည်။ မံ၊ အကျွန်ုပ်ကို။ ကာမေတိ၊ ချစ်ခင်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောရာဇာ၊ ထိုအဿကမင်းသည်။ ကာမော၊ ကာမမည်၏။ ။ ကာမယမာနံကာမော ကာမယကာမော,ပြ၍။ ။ ကညေကာမယမာနံမံ၊ နကာမယသိကိံန္ဓိဒံ။ ။ ဟူသောပြယုဂ်တို့၌ကဲ့သို့။ ။ ကာမယမာနကာမော,ဆိုအပ်လျက်၊မာန ကိုချေ၍ကာမယကာမော,ပြီးသည်။ ။ ဓာဓာတ်၏ရှေးအပိ၏အ,သည်မကျေသည်လည်းရှိ၏။ ကျေ၍ပိဓိယတိ,ဟူ၍လည်းရှိသင့်၏။ ဤကားမကျေမှဆန်းသင့်သည်)။ ။

အဿကဇာတကံ သတ္တမံ။၂၀၇။