နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တယောဂိရီ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကာမနီတဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ ကာမနီတအမည်ရှိသောပုဏ္ဏားကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဆေးသ္မားပုဏ္ဏားယောင်ဆောင်သော သိကြားမင်းသည် အတွင်းတော်သို့ဝင်၍ ဘဝံဇယတု,ဟု၊အောင်ဆုဆက်ပြီး၍၊ လျောက်ပတ်စွာရပ်၏။ မင်းသည်သင်သည်ငါ့ကိုဆေးကုအံ့လောဟုမေး၏။ မင်းမြတ်၊ ကုအံ့ဆိုသည်ရှိသော်၊ ထိုသို့တပြီးကားကုလော့ဟုဆို၏။ မင်းမြတ်၊ ကောင်းပြီဟုဆို၍၊ ယခုအနာ၏လက္ခဏာကိုဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟုဆိုသည်ရှိသော်၊ အသျှင်ပုဏ္ဏား၊ ငါ၏အနာသည် သောကကိုအမှီပြု၍ဖြစ်၏ဟုဆို၏။ အသျှင်မင်းမြတ်သည် အဘယ်ကိုကြားအပ်သနည်းဟုဆို၏။ တစ်ယောက်သောလုလင်သည် လာလတ်၍ငါ့အားသုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ ပေးအံ့ဟုဆို၏။ ငါသည်ထိုလုလင်အားနေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ။ ထိုလုလင်သည် ငါ့အားအမျက်ထွက်၍ တစ်ပါးသော မင်းအထံသို့သွားသည် ဖြစ်လတ္တံ့၊ ထိုသို့သွားလေသည်ရှိသော် ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေသတည်းဟု ကြံသောငါ့အား ဤအနာသည်ဖြစ်၏ဟုဆို၍၊ သင်သည်ငါ၏လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ ဖြစ်သောအနာကိုဆေးကုအံ့သောငှါအကယ်၍ စွမ်းနိုင်အံ့၊ ကုစားလော့ဟုထိုအနက်ကိုထင်စွာပြလိုရကား။ ။
(၃၁၁)တယော ဂိရိံ အန္တရံ ကာမယာမိ၊ပဉ္စာလာ ကုရုယော ကေကကေ စ။
တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုအခါ၌ထိုမင်းကို သိကြားမင်းသည်၊ မင်းမြတ်၊ တွေဝေ မိုက်မဲသောသင်မင်းမြတ်ကိုသစ်မြစ်ဆေးအစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသောဆေးဖြင့်သာလျှင်ကုစားအပ်၏ဟုဆိုလို၍။ ။
(၃၁၂)ကဏှာ-ဟိဒဋ္ဌဿ ကရောန္တိ ဟေ-ကေ၊အမနုဿ-ပဝိဋ္ဌဿ ကရောန္တိ ပဏ္ဍိတာ။
န ကာမနီတဿ ကရောတိ ကောစိ၊ဩက္ကန္တ-သုက္ကဿ ဟိ ကာ တိကိစ္ဆာ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၃၁၂)မဟာရာဇ၊ မင်းမြတ်။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကဏှာဘိဒဋ္ဌဿ၊ မည်းသောအဆင်းရှိသော မြွေဟောက်တို့သည် ခဲအပ်သောသူအား။ တိကိစ္ဆံ၊ မန္တရားဆေးဝါးတို့ဖြင့်ကုစားခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိကုန်သော ဖုတ်မန္တရားတတ်ဆေးသမားတို့သည်။ အမနုဿ-ပဝိဋ္ဌဿ၊ ဖုတ်ဘီလူးတို့သည်ပူးဝင်နှိပ်စက်အပ်သောသူနာအား။ တိကိစ္ဆံ၊ ဗလိနတ်စာပူဇော်ခြင်း, အရံအတားပြုခြင်း, ဆေးထိုးခြင်း, ဆေးသောက်ခြင်း, စသည်တို့ဖြင့်ကုစားခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ကာမနီတဿ ကာမေဟိနီ တဿ၊ ဝတ္ထုကာမကိလေသကာမတို့သည် ဖျက်ဆီးအပ်သော ဆေးသောက်ခြင်းရှိသော။ ကာမဝသိကဿ၊ ကာမဂုဏ်နိုင်ငံသို့ လိုက်သောသူ့အား။ ပဏ္ဍိတေဟိ၊ ပညာရှိတို့ကို။ အညတြ၊ ထား၍။ အညော၊ ပညာရှိမှတစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ တိကိစ္ဆံ၊ ကုစားခြင်းကို။ နကရောတိ၊ မပြုနိုင်။ ကိံကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဩက္ကန္တ-သုက္ကဿ၊ ကုသိုလ်တရားအပိုင်းအခြားကိုလွန်၍ အကုသိုလ်တရား၌တည်သောပုဂ္ဂိုလ်အား။ မန္တော သဓာဒီဟိ၊ မန္တရားဆေးဝါးစသည်တို့ဖြင့်။ ကာနာမ၊ အဘယ်မည်သော။ တိကိစ္ဆာ၊ ကုစားခြင်းသည်။ အတ္ထိ၊ ရှိအံ့နည်း။ (မန္တရားဆေးဝါးတို့ဖြင့်ကုစားခြင်းငှါ မတတ်နိုင်ဟူလို)။ ။
ဤသို့ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍အလွန် ဤသို့ဆုံးမ၏။ မင်းမြတ်၊ သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ရအံ့၊ ဤလေးမြို့တို့၌မင်းအဖြစ်ကိုပြုလတ်သော်၊ တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကိုဝတ်နိုင်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင်စားနိုင်အံ့လော၊ လေးခုကုန်သောမြတ်သော အိပ်ရာတို့၌ တပြိုင်နက်ပင်အိပ်နိုင်အံ့လော။ မင်းမြတ်၊ တဏှာ့အလိုသို့လိုက်ခြင်းမည်သည်ကားမသင့်။ ထိုတဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။ ထိုတဏှာသည် ပွါးလတ်သည်ရှိသော်၊ အကြင်သူသည်ထိုတဏှာကိုပွါးစေ၏။ ထိုတဏှာ၏တည်ရာဖြစ်သောပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သောငရဲကြီးတို့၌၎င်း၊ ဥဿဒ္ဒငရဲ တစ်ဆယ့်ခြောက်ထပ်တို့၌၎င်း၊ အထူးထူးအပြားပြားအားဖြင့် ပြားကုန်သောငရဲမှ ကြွင်းကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟုဆို၏။ ဤသို့ဘုရားလောင်းသည် မင်းကို ငရဲအစရှိသောဘေးဖြင့် ခြိမ်းခြောက်၍တရားကိုဟော၏။ မင်းသည်လည်း ထိုဘုရားလောင်း၏တရားကိုနာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျှင် အနာမရှိသည်၏ အဖြစ်သို့ရောက်၏။ ။
တယောဂိရိန္တိ တယောဂိရီ၊ အယမေဝဝါပါဌေါ,ဟုဖွင့်ရကားနှစ်ထွေသင့်သည်ပင်။ ဂိရီ, ရှိသောပါဌ်သည်တယောနှင့်လျော်သည်။ သုဒဿနဿ၊ သုဒဿနအမည်ရှိသော။ ဂိရိနော၊ သိကြားမင်းနေရာနတ်မြို့၏။ ဧတံဒွါရံ၊ ဤတံခါးသည်။ ပကာသတိ၊ ထင်ရှား၏။ ဤပြယုဂ်၌သုဒဿနအမည်ရှိသောနတ်မြို့ကို အသုရာတို့စစ်ထိုး၍ယူခြင်းငှါ ခဲယဉ်းသည်၏အဖြစ်ကြောင့်၎င်း၊ လှုပ်ရှားခြင်းငှာ ခဲယဉ်းသည်၏အဖြစ်ကြောင့်၎င်း၊ သုဒဿနဂိရိ, ဟုဆိုအပ်၏သို့၊ ထို့အတူဤ၌လည်းသုံးခုသောမြို့တို့ကို တယောဂိရီ, ဟုဆိုအပ်ကုန်၏။ အန္တရံ,ဟူသောပုဒ်သည် သမ္ဗန်ကိုငဲ့သည်ဖြစ်၍ ထိုသမ္ဗန်ကိုလည်း အဝေးသွား၍အခြားမရှာသင့်။ တယောဂိရီ,ဟူသောအနီးပုဒ်ကိုယူ၍၊တေသံ,ဟူသော သမ္ဗန်ကိုထည့်ရာသည်။ အန္တရံ, ဟူသောပုဒ်သည်ပဋ္ဌာနပုဒ်ကိုငဲ့သည်ဖြစ်၍ပဋ္ဌာနပုဒ်ကို ထည့်သည်ရှိသော်လည်း၊ သုံးပြည်ထောင်၏ အတွင်းသားသည်လည်း တိုင်းနိုင်ငံပင်ဖြစ်ရာသောကြောင့် ရဋ္ဌံပိ,ဟူသော ပဋ္ဌာနပုဒ်ကိုထည့်ရာသည်။ ပဉ္စာလာကုရုယောကေကကေစ,ဟူသောသရုပ်ကိုမြင်သဖြင့်၊ တိဝိဓံ,ဟူသောသရူပဝန္တကိုထည့်ရာသည်။ အန္တရံ ,၌နိဂ္ဂဟိတ်ကိုချေသော်ဆန်းလျော်၏။ သို့သော်လည်းအနက်မြုပ်သည်။ ဒုတိယပါဒကားဆန်းမရ။ ပဉ္စာလာ,စသည်တို့၌ဗဟုဝုစ်ဖြစ်သော်လည်း၊ ရဋ္ဌဝါစကရူ ဠှီဗဟုဝစနဖြစ်၍။ ပဉ္စာလာ၊ ပဉ္စာလတိုင်း၎င်း၊ဧကဝုစ်ပေးသည်။ ပဉ္စာလကုရုယော, ဟူ၍လည်းရှိ၏။ ကေကကေ,၌ ပဌမာအနက်၌ ဒုတိယာဝိဘတ်သက်သည်။ ။
အယမေတ္ထအတ္ထောတီဏိနဂရာနိ၊ တေသဉ္စအန္တရံတိဝိဓံရဋ္ဌံပိကာမယာမိ၊ ပဉ္စာလကုရုယောကေကကေစာတိ ဣမာနိတေသံရဋ္ဌာနံနာမာနိ၊ တေသုပဉ္စာလာတိဥတ္တရပဉ္စာလာ၊ တတ္ထကပိလံနာမနဂရံ။ ကူရဝေါတိကုရုရဋ္ဌံ၊ တတ္ထဣန္ဒပတ္တံနာမနဂရံ။ ကေကကေစာတိပစ္စတ္တေဥပယောဂဝစနံ၊တေန ကေကကရဋ္ဌံဒဿေတိ။ တတ္ထကေကကရာဇဓာနီ ယေဝနဂရံ။ ။ (အဋ္ဌကထာ)။ ။ (အချို့စာ၌၊တိအန္တရံ, ရှိသည်။ အသုန္ဒရ။ အက္ခရာလည်းလွန်သည်၊ သဒ္ဒါအနက်လည်းမလွန်။ ။ နီတံဟတပါနံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ဟတပါနန္တိနဋ္ဌပါနံ။ အထဝါဝဓနိယပါနံ,ဟု၊ဋီကာဆင့်သည်ဖြစ်၍၊၎င်းအားလျော်စွာအတ္ထယောဇနာသည်)။ ။
ကာမနီတဇာတကံ အဋ္ဌမံ။၂၂၈။