Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

220. Dhammadhajajātakaṃ (2-7-10)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုဇီဝိတရူပေါသိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏သတ်အံ့သောငှါလုံ့လပြုခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်တစ်စုံတစ်ယောက်သောသူအားမကြားမူ၍ ပြာသာဒ်မှသက်၍ အဦးဖွင့်သောတံခါးဖြင့်လျှင်မြို့မှထွက်၍တောသို့ဝင်၍ တစ်ခုသောသစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရားရှစ်ပါး နှိပ်စက်လတ်သော် မတုန်လှုပ်ခြင်းဟုဆိုအပ်သော သဘောကိုဆင်ခြင် လျက်နေ၏။ သိကြားသည်ထိုအကြောင်းကိုသိ၍ တောသားမုဆိုးကဲ့သို့ ဖြစ်၍ဘုရားလောင်းသို့ကပ်လေ၍၊ ပုဏ္ဏား၊သင်သည်နူးညံ့သိမ်မွေ့သော သဘောရှိလျက်အလွန်ဆင်းရဲသော သဘောရှိဘိသကဲ့သို့ ဤတောသို့ဝင်၍အဘယ်ပြုလျက်နေသနည်း၊ ဤအနက်ကိုမေးလိုရကား။ ။

(၂၉၅)သုခံ ဇီဝိတ-ရူပေါ-သိ၊ရဋ္ဌာ ဝိဝန-မာဂတော။

သော ဧကကော ရုက္ခ-မူလေ၊ကပဏော ဝိယ ဈာယသိ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၂၉၅)ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သုခံသုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတ-ရူပေါ၊ အသက်ရှည်သော သဘောရှိသည်။ အသိ၊ ဖြစ်၏။ သောတွံ၊ ထိုသင်သည်။ ရဋ္ဌာ၊ ပြည့်သောလူရှိရာမြို့ရွာအရပ်မှ။ ဝိဝနံနိရုဒကဋ္ဌာနံအရညံ၊ ရေမရှိသော တောကြီးအရပ်သို့။ အာဂတော၊ ဝင်လတ်၍။ ရုက္ခ-မူလေ၊ သစ်ပင်ရင်း၌။ ကပဏောဝိယ၊ အထီးကျန်သောသူကဲ့သို့။ ဧကကော၊ တစ်ယောက်အထီးထီး။ နိသိန္နော၊ နေလျက်။ ဈာယသိ၊ ကြံမှိုင်၏။ ကိံနာမ၊ အဘယ်မည်သောအမှုကိုလျှင်။ စိန္တေသိ၊ ကြံဘိသနည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။

(၂၉၆)သုခံ ဇီဝိတ-ရူပေါ-သ္မိ၊ရဋ္ဌာ ဝိဝန-မာဂတော။

သော ဧကကော ရုက္ခ-မူလေ၊ကပဏော ဝိယ ဈာယာမိ။

သတံ ဓမ္မံအနုဿရံ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၉၆)သမ္မ၊ အဆွေ။ ဧတံ၊ ဤသင်ဆိုသောစကားသည်။ သစ္စံ၊ မှန်ပေ၏။ အဟံ၊ ငါသည်။ သုခံ၊ ချမ်းသာစွာ။ ဝါ။ သုခံသုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတ-ရူပေါ၊ အသက်ရှည်သော သဘောရှိသည်။ အသ္မိ၊ ဖြစ်၏။ သောအဟံ၊ ထိုငါသည်။ ရဋ္ဌာ၊ ပြည့်သောလူရှိရာမြို့ရွာအရပ်မှ။ ဝိဝနံနိရုဒကဋ္ဌါနံအရညံ၊ ရေမရှိသောတောကြီးအရပ်သို့။ အာဂတော၊ ဝင်လတ်၍။ ရုက္ခ-မူလေ၊ သစ်ပင်ရင်း၌။ ကပဏောဝိယ၊ အထီးကျန်သောသူကဲ့သို့။ ဧကကော၊ တစ်ယောက်ထီးထီး။ နိသိန္နော၊ နေလျက်။ ဈာယာမိ၊ ကြံမှိုင်၏။ သတံ၊ ဘုရားပစ္စေကဗုဒ္ဓါသာဝကဟုဆိုအပ်သော သူတော်ကောင်းတို့၏။ ဓမ္မံ၊ လာဘာလာဘစသောလောကဓံတရားရှစ်ပါးသည်နှိပ်စက်သော်လည်းမတုန်လှုပ်ခြင်းဟုဆိုအပ်သော တရားသဘောကို။ အနုဿရံ အနုဿရန္တော၊ အဖန်တလဲလဲအောက်မေ့လျက်။ နိသိန္နော၊ နေသည်။ အမှိ၊ ဖြစ်၏။ ။

(ဝိဝနံ၌ဝန,ကားရေကိုဟောသည်။ ဝိဂတံဝနံဥဒကံဧတ္ထာတိဝိဝနံ,ပြု။ ရေမရှိရာတောကိုရသတည်း။ ထို့ကြောင့်မဟုတ်လော။ နိရုဒက ဋ္ဌာနံအရညံ,ဟု၊အဋ္ဌကထာဖွင့်သတည်း။ ကိံ နာမေတံ စိန္တေ သိ,ကား ပါဌသေသတည်း။ ဧတံကားအနက်မရှိ။ တွံ၊ သင်သည်။ စိန္တေသိ၊ ကြံ၏။ ဧတံ၊ ဤသင်ကြံသောအကြံသည်။ ကိံနာမ၊ အဘယ်အကြံနည်း။ ဤသို့ပေးမူအနက်ရှိ၏။ ကိံနာမေတံစိန္တေသိကားပါဌသေသမဟုတ်။ စျာယသိ၏အဖွင့်ဆိုငြားအံ့။ ပါဌသေသဟုတ်ကြောင်းကိုဆိုပေအံ့၊ဒုတိယဂါထာအဖွင့်၌ ကပဏောဝိယဈာယာမိ,ဖွင့်ပြီး၍။ ယံပနဝဒေသိ ကိံ နာမေတံ စိန္တေသီတိသန္တေပဝေဒေမိ၊ ဟုအနုသန္ဓေအသစ်တက်ပြန်သောကြောင့် ပါဌသေသဖြစ်ကြောင်းကိုသိရသတည်း။ ဤနှစ်ဂါထာသာ ပါဌဇာတ် ဝယ်လာရှိသတည်း။ ယခုအခါအဋ္ဌကထာ၌လာသည်ကိုလည်းသိသာအောင်ဇိုးဇဉ်းဆိုလိုက်အံ့။ ။

ထိုအခါ၌ထိုဘုရားလောင်းကိုသိကြားမင်းသည်၊ပုဏ္ဏား၊ ဤသို့သူတော်ကောင်းတို့၏သဘောကိုဆင်ခြင်သည် ဖြစ်လတ်သော် သင်သည်ဤအရပ်၌ အဘယ့်ကြောင့် နေဘိသနည်းဟုဆို၏။ အဆွေ၊ မင်းသည် လေးပါးသောအင်္ဂါနှင့်ပြည့်စုံသောဥယျာဉ်စောင့်ကိုဆောင်စေ၏။ ထိုသို့ သဘောရှိသော ဥယျာဉ်စောင့်ကို ရအံ့သောငှါမစွမ်းနိုင်။ ထိုငါသည်သူတစ်ပါး၏လက်၌သေသဖြင့် အဘယ်ပြုအံ့နည်း။ တောသို့ဝင်၍ ကိုးကွယ်ရာမရှိသောသေခြင်းဖြင့် သေအံ့ဟုကြံ၍ ဤသို့လာ၍နေ၏ဟု ဘုရားလောင်းသည်ဆို၏။ ပုဏ္ဏား၊ ငါသည် သိကြားနတ်မင်းတည်း။ ငါသည် သင့်တို့ဥယျာဉ်အစရှိသည်တို့ကို ဖန်ဆင်းအပ်ကုန်ပြီ။ အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကိုဖန်ဆင်းအံ့သောငှါမတတ်ကောင်း။ သင်တို့၏မင်း၏ဦးခေါင်းကို တန်းဆာဆင်တတ်သော ဆေတ္တာသည်သည် ဆတ္တပါဏိမည်၏။ ထိုဆတ္တပါဏိသည်အင်္ဂါလေးပါးနှင့်ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသောဥယျာဉ်စောင့်ဖြင့်အလိုရှိသည်ရှိသော် ထိုဆေတ္တာသည်ကိုဥယျာဉ်စောင့်ကိုပြုစိမ့်သောငှါဆိုလေလော့ဟုသိကြားမင်းသည် ဘုရားလောင်းအားအဆုံးအမကိုပေး၍မကြောက်လင့်ဟုနှစ်သိမ့်စေ၍မိမိ၏နတ်ပြည်သို့လျှင် သွား၏။ ဘုရားလောင်းသည် အိမ်သို့သွား၍ နံနက်စာစားပြီးသော်မင်းအိမ်တံခါးသို့သွား၍ ဆတ္တပါဏိကိုလည်းထိုမင်းအိမ်တံခါး၌လျှင် မြင်၍ လက်၌ကိုင်၍၊ အဆွေဆတ္တပါဏိ၊ သင်သည် လေးပါးသောအင်္ဂါနှင့်ပြည့်စုံသလောဟုမေး၍၊ ငါ၏အင်္ဂါလေးပါးနှင့်ပြည့်စုံသည်၏အဖြစ်ကို သင်အား အဘယ်သူသည် ကြားသနည်းဟု ဆိုသည်ရှိသော်၊ သိကြားနတ်မင်းသည်ကြား၏ဟုဆို၍၊ အဘယ်အကြောင်းကြောင့်ကြားသနည်းဟုမေး သည်ရှိသော်၊ ဤမည်သောအကြောင်းကြောင့် ကြား၏ဟု အလုံးစုံကိုပြောဆို၏။ ထိုဆတ္တပါဏိသည် ငါသည်လေးပါးသော အင်္ဂါနှင့်ပြည့်စုံသည်မှန်၏ဟုဆို၏။ ထိုအခါ၌ထိုဆတ္တပါဏိကိုဘုရားလောင်းသည် လက်၌ကိုင်၍လျှင်မင်း၏ အထံသို့သွား၍၊ မင်းမြတ်၊ ဤဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့်ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့်ပြည့်စုံသောဥယျာဉ်စောင့်ဖြင့်အလိုသည်ရှိသော် ဤဆတ္တပါဏိကို ဥယျာဉ်စောင့်ပြုကုန်လော့ဟုဆို၏။ ထိုအခါ၌ထိုဆတ္တပါဏိကို မင်းသည်၊ အချင်း၊ သင်သည်အင်္ဂါလေးပါးနှင့်ပြည့်စုံသလောဟုမေး၏။ မင်းမြတ်၊ အကျွန်ုပ်သည်ငြူစူခြင်းမရှိ၊ ရစ်မျိုးကိုလည်းမသောက်၊ နမူးနထူးအလွန်အကျူးချစ်ခြင်းလည်းမရှိ၊ အမျက်မထွက်သောအကျင့်ကိုလည်း ဆောက်တည်၏။ ဤသို့အင်္ဂါလေးပါးနှင့်ပြည့်စုံ၏ဟုဆို၏။ ထိုအခါမင်းသည်၊ အိုဆတ္တပါဏိ၊သင်သည်အဘယ်ကိုအာရုံပြု၍ ငြူစူခြင်းမရှိသနည်းဟုမေး၏။ မင်းမြတ်၊ နာတော်မူလော့ဟုလျှောက်၍၊ မိမိ၏ငြူစူခြင်းမရှိသည်၏အကြောင်းကိုဆိုလိုရကား။

ဣတ္ထိယာ ကာရဏာ ရာဇ၊ဗန္ဓာပေသိံ ပုရောဟိတံ။

သော မံ အတ္ထေ နိဝေဒေသိ၊တသ္မာ-ဟံ အနုဿုယျကော။ ။

ဟူသောဂါထာကိုရွတ်၏။ ။

ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဣမသ္မိံ ယေဝဗာရာဏသီနဂရေ၊ ဤဗာရာဏသီပြည်၌သာလျှင်။ တာဒိသောဝ၊ သင်မင်းမြတ်ကဲ့သို့သဘောရှိသည်သာလျှင်ဖြစ်သော။ ရာဇာ၊ မင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဣတ္ထိယာ၊ မိန်းမ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ပုရောဟိတံ၊ ပညာရှိပုရောဟိတ်ကို။ ဗန္ဓာပေသိံ၊ နှောင်ဖွဲ့စေ၏။ သော၊ ထိုပုရောဟိတ်သည်။ မံ၊ အကျွန်ုပ်ကို။ အတ္ထေ၊ အကျိုးစီးပွါးတို့ကို။ နိဝေဒေသိ၊ ဟောကြားပေ၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အနုဿုယျကော၊ ငြူစူခြင်းမရှိ။ ။

အဗန္ဓာ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။ ဗန္ဓာပိတတ္ထမုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။ ။ ဟူသောဗန္ဓနဇာတ်၌လာသောနည်းဖြင့်လျှင်တစ်ပါးသောကာလ၌ ဤဆတ္တပါဏိသည်မင်းဖြစ်၍ခြေရင်း၌မြဲကုန်သော ခြောက်ကျိပ်လေးယောက်ကုန်သောအမတ်တို့နှင့်တကွ ချွတ်ယွင်းပြီး၍ မိမိ၏နှလုံးအလိုကို မဖြည့်သောဘုရားလောင်းကိုဖျက်ဆီးလိုသောမိဖုရားသည် ချောပစ်၍ နှောင်ဖွဲ့စေ၏။ ထိုအခါ၌ ထိုဘုရားလောင်းကို နှောင်ဖွဲ့၍ဆောင်အပ်သည်ရှိသော်၊ ဘုရားလောင်းသည် မိဖုရား၏အဟုတ်အမှန်ဖြစ်သောအပြစ်ကိုကြား၍မိမိသည်လွတ်သည် ရှိသော်၊ မင်းသည်နှောင်ဖွဲ့ စေအပ်ကုန်သော အလုံးစုံလည်း ဖြစ်ကုန်သောခြေရင်း၌မြဲစွဲကုန်သောအမတ်တို့ကိုလွှတ်စေ၍၊ မင်းမြတ်၊ ထိုခြောက်ကျိပ်လေးယောက်ကုန်သောအမတ်တို့၏၎င်း၊ မိဖုရား၏၎င်းအပြစ်ကို အသျှင်မင်းမြတ်တို့သည် သည်းခံတော်မူကုန်လော့ဟုဆုံးမ၏။ အလုံးစုံကို အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်အကျယ်အားဖြင့်သိအပ်၏။ ထိုစကားကိုကြား၍။ ။ ဣတ္ထိယာကာရဏာရာဇ၊ ဗန္ဓာပေသိံပုရောဟိတံ။ သောမံအတ္ထေနိဝေဒေသိ၊ တသ္မာဟံအနုဿုယျကော။ ။ ဟူ၍ဆို၏။ ထိုအခါ၌ကား၊ ထိုမင်းသည် ငါသည်တစ်သောင်းခြောက်ထောင်ကုန်သောမိန်းမကိုစွန့်ပစ်၍ ထိုတစ်ယောက်ထည်းသောမိန်းမကိုသာလျှင် ကိလေသာ၏အစွမ်းအားဖြင့် ထောက်ပံ့ပါသော်လည်း ရောင့်ရဲစိမ့်သောငှါ မစွမ်းနိုင်။ ဤသို့အလိုဆန္ဒ ပြည့်နိုင်ခဲကုန်သော မိန်းမတို့အား အမျက်ထွက်ခြင်းမည်သည်ကား၊ ဝတ်သောအဝတ်သည် ညစ်နွမ်းလတ်သည်ရှိသော်၊ အဘယ့်ကြောင့် နင်ညစ်နွမ်းဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ စားသောထမင်းသည်မစင်၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဘယ့်ကြောင့်မစင်၏အဖြစ်သို့ နင်ရောက်ရဘိသနည်းဟု အမျက်ထွက်သည် နှင့်တူ၏။ ယခုအခါယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့မရောက်သေး၊ ထိုမျှလောက်သောကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ့အား ငြူစူခြင်းတို့သည် မဖြစ်စေကုန် သတည်း၊ဟု ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ငြူစူခြင်းမရှိသည်ဖြစ်၏။ ဤအကြောင်းကိုရည်၍။ တသ္မာဟံအနုဿုယျကော, ဟူ၍ဆို၏။ ။

ထိုအခါ၌ထိုဆတ္တပါဏိကို မင်းသည်၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ ရစ်မျိုးကို မသောက်သနည်းဟုမေး၏။ ထိုဆတ္တပါဏိသည်ထိုအကြောင်းကိုကြားလိုရကား။ ။

မတ္တော အဟံ မဟာ-ရာဇ၊ပုတ္တ-မံသာနိ ခါဒယိံ။

တဿ သောကေနဟံ ဖုဋ္ဌော၊မဇ္ဇ-ပါနံ ဝိဝဇ္ဇယိံ။ ။

ဟူသောဤဂါထာကိုဆို၏။ ။

မဟာ-ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ မတ္တော၊ ရစ်သည်ဖြစ်၍။ ပုတ္တ-မံသာနိ၊ သား၏အသားတို့ကို။ ခါဒယိံ၊ စားဖူး၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသေလေသောသားအား။ သောကေန၊ အောက်မေ့စိုးရိမ်ခြင်းသည်။ ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ မဇ္ဇပါနံ၊ သေသောက်ခြင်းကို။ ဝိဝဇ္ဇယိံ၊ ကြဉ်ရှောင်၏။ ။

မင်းမြတ်၊ အကျွန်ုပ်သည် ရှေး၌သင်မင်းကဲ့သို့သော သဘောရှိသောဗာရာဏသီမင်းဖြစ်၍ရစ်မျိုးနှင့်ကင်း၍ဖြစ်အံ့သောငှါမစွမ်းနိုင်၊ အမဲမရှိသောထမင်းကိုလည်းစားအံ့သောငှါမစွမ်းနိုင်။မြို့၌ဥပုသ်နေ့တို့၌ သားငါး မသတ်စေလင့်ဟုစည်လည်စေ၏။ စားတော်ချက်သည် ပက္ခ၏တစ်ဆယ့်သုံးရက်နေ့၌လျှင် အမဲကိုယူ၍ထား၏။ မကောင်းသဖြင့်ထိုအမဲကိုထားအပ်သော်ထိုအမဲကိုခွေးတို့သည်စားကုန်၏။ စားတော်ချက်သည် ဥပုသ်နေ့၌ အမဲကိုမရ၍မင်းအားအထူးထူးအပြားပြား မြတ်သောအရသာရှိသော ဘောဇဉ်ကိုချက်၍ ပြာသာဒ်သို့တင်၍ကပ်အံ့သောငှါ မဝံ့ရကား၊မိဖုရားသို့ ကပ်လေ၍၊ အသျှင်မိဖုရား၊ ယနေ့အကျွန်ုပ်သည်အမဲကိုမရ၊ အမဲမရှိသော စားတော်မည်သည်ကို ဆက်ကပ်အံ့သောငှါမဝံ့၊ အသို့ပြုပါရအံ့နည်းဟုလျှောက်၏။ အမောင်စားတော်ချက်၊ ငါ၏သားကိုမင်းသည်ချစ်လေးမြတ်၏နှစ်သက်၏။ ငါ၏သားကိုမြင်၍မင်းသည် ထိုသားတော်ကိုလျှင်နမ်းတော်မူလျက်ဖက်တော်မူလျက်မိမိ၏ရှိသည်၏အဖြစ်ကိုလည်း မသိ။ ငါသည်သားကို တန်းဆာဆင်၍မင်း၏ပေါင်ပေါ်၌နေစေအံ့။ မင်းအားသားတော်နှင့်တကွမွေ့လျော်ပျော်ပါးကစားစဉ်ကာလ၌သင်သည် စားတော်ထမင်းကိုတည်လေလော့ဟုဆို၏။ ထိုမိဖုရားသည်ဤသို့ဆို၍မိမိ၏သားကိုဆင်အပ်သောတန်းဆာကိုဆင်ယင်၍ မင်း၏ပေါင်ပေါ်၌နေစေ၏။ မင်းအားသားတော်နှင့်တကွ ကစားမွေ့လျော် ရွှင်ပျော်စဉ် ကာလ၌စားတော်ချက်သည် စားတော်ကိုတည်၏။ မင်းသည်သုရာရစ်သည်ဖြစ်၍စားတော်ခွက်၌အမဲဟင်းလျာကား အဘယ်မှာနည်းဟုမေး၍။ မင်းမြတ်၊ ယနေ့ဥပုသ်နေ့ဖြစ်ရကား၊ သားငါးမသတ်စေလင့်ဟုစည်လည်သည့်အဖြစ်ကြောင့်အမဲကိုမရဟုလျှောက်သည်ရှိသော်။ ငါ့ဖို့အမဲမည်သည်ကို ရခဲသလောဟုဆို၍ တင်ထက်၌နေသော ချစ်စွာသောသား၏လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ စားတော်ချက်၏ရှေ့သို့ပစ်လိုက်၍ လျင်စွာပြည့်စုံစေ၍ ဆောင်ခဲ့လော့ဟုဆို၏။ စားတော်ချက်သည် ထိုမင်းအမိန့်ရှိတိုင်းပြု၏။ မင်းသည် သား၏အသားဖြင့်စားတော်တည်၏။ မင်းမှကြောက်ခြင်းကြောင့် ငိုအံ့သောငှါ၎င်း၊ မျက်ရည်ထွက်စိမ့်သောငှါ၎င်း စွမ်းနိုင်သောတစ်ယောက်သောသူမည်သည် မရှိ။ မင်းသည်စားပြီး၍ အိပ်ရာအပြင်၌ အိပ်ပျော်ခြင်းသို့ရောက်၍ မိုးသောက်သောကာလ၌ နိုးလတ်၍ သုရာရစ်ခြင်း ပြေလတ်သော် ငါ၏သားတော်ကိုဆောင်ခဲ့ကြကုန်လော့ဟုဆို၏။ ထိုကာလ၌ မိဖုရားသည် ငိုကြွေးလျက်ခြေရင်း၌ဝပ်၏။ သျှင်မ၊ အဘယ်အကြောင်းကြောင့်ငိုသနည်းဟုမေးသည်ရှိသော်၊ မင်းမြတ်၊ ယမန်နေ့က အသျှင်မင်းမြတ်သည် သားကိုသတ်၍ သား၏အသားဖြင့် ပွဲတော်တည်လေပြီဟု လျှောက်၏။ မင်းသည်စိုးရိမ်ခြင်းကြောင့်မျက်ရည်ယို၍ငိုကြွေး၍။ ငါ့အားဤဆင်းရဲသည်သေသောက်ခြင်းကိုအမှီပြု၍ဖြစ်၏ဟု သုရာသောက်ခြင်း၌အပြစ်ကို မြင်၍ဤနေ့မှစ၍အကြင်မျှလောက်အရဟတ္တဖိုလ်သို့မရောက်သေး၊ ထိုမျှလောက် ဤသို့သဘောရှိသောပျက်စီးခြင်းကိုပြုတတ်သောသုရာမည်သည်ကိုမသောက်အံ့ဟု မြေမှုန့်ကိုယူ၍ မျက်နှာကိုပွတ်၍ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ရစ်မျိုးမည်သည်ကိုမသောက်စဘူး။ ဤကိုရည်၍၊မတ္တောအဟံမဟာရာဇ,အစရှိသောဤဂါထာကိုရွတ်၏။

ထိုအခါ၌ ဆတ္တပါဏိကိုမင်းသည်၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ ချစ်ခြင်းမရှိသနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကြားလိုရကား။ ။

ကိတဝါသောနာမဟံရာဇ၊ပုတ္တော ပစ္စေကဗောဓိဿ မေ။

ပတ္တံ ဘိန္ဒိတွာ စ ဌိတော၊နိသ္နေဟော တဿ ကာရဏာ။ ။

ဟူသောဤဂါထာကိုရွတ်၏။ ။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဗာရာဏသိယေဝ၊ ဗာရာဏသီပြည်၌သာလျှင်။ ကိတဝါသောနာမ၊ ကိတဝါသအမည်ရှိသော။ ရာဇာ၊ မင်းဖြစ်ဖူး၏။ တဒါ၊ ထိုအခါ၌။ မေ၊ အကျွန်ုပ်၏။ ပုတ္တော၊ သားသည်။ ပစ္စေကဗောဓိဿ၊ ပစ္စေကဗုဒ္ဓါ၏။ ပတ္တံ၊ သပိတ်တော်ကို။ ဘိန္ဒိတွာစ၊ ခွဲ၍သာလျှင်။ ဌိတော၊ ငရဲ၌တည်၏။ တဿ၊ ထိုသား၏။ ကာရဏာ၊ အကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ နိသ္နေဟော၊ ချစ်ခြင်းမရှိ။ ။

မင်းသည်ထိုအကြောင်းကိုကြား၍ သားကိုစွဲ၍ဖြစ်သောစိုးရိမ်ခြင်းသည်နှိပ်စက်အပ်သည်ဖြစ်၍ငါ့အားဤစိုးရိမ်ခြင်းသည် ချစ်သောသူကြောင့်ဖြစ်၏။ ချစ်ခြင်းသည်အကယ်၍မဖြစ်ငြားအံ့၊ စိုးရိမ်ခြင်းသည် မဖြစ်လတ္တံ့ဟုကြံ၏။ ကြံပြီး၍ ယခုအခါ၌ဤကာလမှစ၍သဝိညာဏက၏၎င်း၊ အဝိညာဏက၏၎င်း၊ တစ်စုံတစ်ခုသောဝတ္ထု၌ချစ်ခြင်း မည်သည်ကားငါ့အားမဖြစ်စေသတည်းဟုဓိဋ္ဌာန်၏။ ထိုအခါမှစ၍ချစ်ခြင်းမည်သည်ကားမရှိ။ ထိုအကြောင်းကိုရည်၍၊ ကိတဝါသောနာမဟံ,အစရှိသောဂါထာကိုရွတ်၏။ ။

ထိုအခါ၌မင်းသည်၊ ဆတ္တပါဏိကို၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ အမျက်ထွက်ခြင်းမရှိသနည်းဟုမေး၏။ ထိုဆတ္တပါဏိသည်ထိုအကြောင်းကိုကြားလိုရကား။ ။

အရကော ဟုတွာ မေတ္တစိတ္တံ၊သတ္တဝဿာနိ ဘာဝယိံ။

သတ္တကပ္ပေ ဗြဟ္မလောကေ၊တသ္မာ အကောဓနော အဟံ။ ။

ဟူသောဤဂါထာကိုရွတ်၏။ ။

မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အရကော၊ အရကအမည်ရှိသောရသေ့သည်။ ဟုတွာ၊ ဖြစ်၍။ သတ္တ-ဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့် ယှဉ်သော စိတ်ကို။ ဘာဝယိံ၊ ပွါးစေဘူး၏။ ဘာဝေတွာ၊ ပွါးစေသောကြောင့်။ သတ္တကပ္ပေ၊ ခုနှစ်ပါးသောသံဝဋ္ဋဝိဝဋ္ဋကပ်တို့ပတ်လုံး။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ ဝသိံ၊ နေခဲ့ဘူး၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အကောဓနော၊ အမျက်ထွက်ခြင်းမရှိ။ ။

ဤဆတ္တပါဏိသည် မိမိ၏လေးပါးကုန်သောအင်္ဂါတို့ကို ဆိုအပ်ကုန်သည်ရှိသော်၊ မင်းသည်ပရိသတ်အားသတ်စိမ့်သောငှါ အမူအရာအမှတ်ကိုပေး၏။ ထိုခဏ၌ပင်လျှင်၊ အမတ်,ပုဏ္ဏား,သူကြွယ်,အစရှိကုန်သောသူတို့သည်ထကုန်၍ ဟယ်တံစိုးစားသော ခိုးသူပျက်။ သင်သည်တံစိုးမရ၍ပညာရှိကိုစွပ်စွဲ၍သေစေလို၏ဟု၊ ကာလကစစ်သူကြီးကို လက်ခြေတို့၌ကိုင်ကုန်၍ မင်းအိမ်မှချကုန်၍ကိုင်မိတိုင်းကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သောကျောက်,ဆောက်ပုတ်တို့ဖြင့်ဦးခေါင်းကိုခွဲကုန်၍ အသက်သေခြင်းသို့ရောက်စေကုန်၍ငင်ကုန်လျက် တံမြက်ချေးအမှိုက်စုရာ အရပ်၌စွန့်ကုန်၏။ ထိုအခါမှစ၍မင်းသည် တရားသဖြင့်မင်းအဖြစ်ကိုပြုလျက်ကံအားလျော်စွာလား၏)။ ။

ဓမ္မဓဇဇာတကံ ဒသမံ။၂၂၀။ ဗီရဏထမ္ဘဝဂ္ဂေါ သတ္တမော။ တဿုဒ္ဒါနံ။ ။

သောမဒတ္တဉ္စ,ဥစ္ဆိဋ္ဌံ,၊ကုရု, ပုဏ္ဏနဒီပိစ,၊ကစ္ဆပံ,မစ္ဆ,သေဂ္ဂုစ,။

ကူဋဝါဏိဇ,ဂရဟိ,၊ဓမ္မဓဇ,န္တိတေဒသ။ ။