နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဂ္ဃန္တိမစ္ဆာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမစ္ဆုဒါနဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောစဉ်းလဲသောကုန်သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ထိုသပြာထုပ်ကိုမြင်၍မိမိ၏တံဆိပ်ကိုမြင်၍ မိမိ၏ဥစ္စာအဖြစ်ကိုသိ၍ယခုဤတံငါတို့သည် ဤငါးကိုသူတစ်ပါးတို့အားသပြာတစ်ထောင့်ခုနှစ်ပဲတို့ဖြင့်ပေးကုန်၏။ ငါတို့အထံသို့ရောက်၍ကား သပြာတစ်ထောင်သည်ငါတို့၏ဥစ္စာဖြစ်သောကြောင့် ခုနှစ်ပဲတို့ကိုသာလျှင် ယူ၍ပေးကုန်၏။ ဤအကြောင်းကိုမသိသောတစ်စုံတစ်ယောက်သောသူကို ယုံစေခြင်းငှာမတတ်ကောင်းဟုကြံ၍။ ။
(၄၆၉)အဂ္ဃန္တိ မစ္ဆာ အဓိကံ သဟဿံ၊န သော အတ္ထိ ယော ဣမံ သဒ္ဒဟေယျ။
မယှဉ္စ အဿု ဣဓ သတ္တ မာသာ၊အဟမ္ပိ တံ မစ္ဆု-ဒ္ဒါနံ ကိဏေယျံ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ဤသို့ဆို၍အဘယ်ကိုမှီ၍လျှင် ငါသည်ထိုအသပြာတို့ကို ရအပ်ကုန်သနည်းဟုကြံ၏။ ထိုခဏ၌မြစ်စောင့်နတ်သည်ကောင်းကင်၌ထင်သော အဆင်းဖြင့်ရပ်လျက်၊ငါကားဂင်္ဂါစောင့်နတ်တည်း။ သင်သည်ငါးတို့အား အကြွင်းဖြစ်သောထမင်းတို့ကိုပေး၍ ငါ့အား ဒါနအဖို့ကိုဝေ၏။ ထို့ကြောင့်ငါသည်သင်၏ဥစ္စာကိုစောင့်၏ဟုပြလိုရကား။ ။
(၄၇၀)မစ္ဆာနံ ဘောဇနံ ဒတွာ၊မမ ဒက္ခိဏ-မာဒိသိ။
တံ ဒက္ခိဏံ သရန္တိယာ၊ကတံ အပစိတိံ တယာ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဤစကားကိုဆို၍ ထိုနတ်သည် ဘုရားလောင်းအား ညီသည်ပြုအပ်သော စဉ်းလဲသောအမှုအလုံးစုံကိုဆို၍၊ ဤသူသည် ယခုနှလုံးခြောက်ကပ်သဖြင့်အိပ်၏။ ပြစ်မှားသောစိတ်ရှိသောသူအား စီးပွါးမည်သည်မရှိ။ ငါသည်ကားသင်၏ ဥစ္စာသည်မပျက်စီးစေလင့်ဟု ဥစ္စာကိုဆောင်ခဲ့၍သင့်အားပေး၏။ ဤဥစ္စာကို ညီခိုးသူအားမပေးမူ၍ သင်သာလျှင် ယူလော့ဟုဆို၍။ ။
(၄၇၁)ပဒုဋ္ဌ-စိတ္တဿ န ဖာတိ ဟောတိ၊န စာပိ တံ ဒေဝတာ ပူဇယန္တိ။
ယော ဘာတရံ ပေတ္တိကံ သာပတေယျံ၊အဝဉ္စယီ ဒုက္ကဋ-ကမ္မကာရီ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၇၁)ဒုက္ကဋ-ကမ္မကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသော။ ယော၊ အကြင်သူသည်။ ပေတ္တိကံ၊ အဘမှလာသော အမွေဥစ္စာဖြစ်သော။ သာပတေယျံ၊ ဥစ္စာနှစ်ကို။ အ-ဒါထု-ကာမော၊ မပေးလိုသည်ဖြစ်၍။ (ထည့်)။ ဘာတရံ၊ အစ်ကိုကို။ အဝဉ္စဟိ၊ လှည့်စား၏။ ပဒုဋ္ဌ-စိတ္တဿ၊ လောဘ,မာယာ,မိစ္ဆာဝိတက်,ဖျက်ဆီးအပ်သောစိတ်ရှိသော။ ဧဝရူပဿ၊ ဤကဲ့သို့သောပုဂ္ဂိုလ်အား။ (ထည့်)။ ဖာတိ၊ မျက်မြင်လောကဤဘဝတမလွန်လောက၌ပွါးစီးခြင်းမည်သည်။ နဟောတိ၊ မဖြစ်။ တံပုဂ္ဂလံ၊ ထိုသို့ညစ်ပတ်လှည့်စားတတ်သောပုဂ္ဂိုလ်ကို။ ဒေဝတာပိ၊ နတ်တို့သည်လည်း။ နစပူဇယန္တိ၊ ထိုသူ၏ ဥစ္စာကို စောင့်ရှောက်သောအားဖြင့် မပူဇော်ကုန်သည်သာတည်း။ ။
ဤသို့နတ်သည် အဆွေခင်ပွန်းပြစ်မှားသော ခိုးသူအား အသပြာကိုပေးစေခြင်းငှာအလိုမရှိ၍ဆို၏။ ဘုရားလောင်းသည်ကားဤသို့ပြုအံ့သောငှာမတတ်ကောင်းဟု ညီအားလည်း ငါးရာသော အသပြာ တို့ကိုပို့စေသလျှင်ကတည်း။ (အဟမ္ပိ,၌၊ပိသဒ္ဒါဖြင့်တံငါတို့လည်း ငါ့အားခုနှစ်ပဲသာအဖိုးဆိုကုန်၏။ ငါလည်းဝယ်၏ဟုပေါင်းသတည်း။ မစ္ဆုဒ္ဒါနန္တိ မစ္ဆဝဂ္ဂံ၊ အဋ္ဌကထာဖွင့်ရကား၊ ကြိမ်နွယ်တို့ဖြင့် ဗဟက်၌ထိုးလျှို၍အပေါင်းအစုပြုအပ်သောငါးအပေါင်းကို မစ္ဆုဒ္ဒါန, ဆိုသည်။ ဥပုဗ္ဗဒေဓာတ်။ ဒေပါလနေ။ ဒါယတိ။ ဒါနံ။ ဥဒ္ဓံဒါနံဥဒ္ဒါနံ။ ဥဒ္ဓံ၊ အထက်၌။ ဒါနံ၊ စောင့်တတ်သည်တည်း။ ဥဒါနံ၊ အထက်၌စောင့်တတ်သည်။ မစ္ဆာနံ ဥဒ္ဒါနံမစ္ဆု-ဒ္ဒါနံ,ပြု။ ဖရိုဖရဲတဖြင့်တကွဲမကြဲတစ်ပေါင်းထည်းယူလွယ်စိမ့်သောငှာ ကြိမ်နွယ်တို့ဖြင့် ထိုးလျှိုဖွဲ့သီအပ်သော ငါးအပေါင်းရသတည်း)။ ။
မစ္ဆုဒ္ဒါနဇာတကံ အဋ္ဌမံ။၂၈၈။