နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နာယံဃရာနံကုသလော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂါမဏိစဏ္ဍဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသားသည်ထိုမျောက်ကို အောက်အထက်ကြည့်၍ ဤသတ္တဝါကားလူမဟုတ်၊ ဤသတ္တဝါသည်မျောက်တည်းဟုသိ၍ မျောက်တို့မည်သည်ကား လူတို့ပြုတိုင်းပြုတိုင်းကိုဖျက်ဆီးတတ်ကုန်၏။ မပြုအပ်သေးသည်ကိုကားပြုခြင်းငှာ၎င်း စီရင်ခြင်းငှာ၎င်း မသိကုန်ဟုကြံ၍ အမတ်တို့အား။ ။
(၃၇၆)နာ-ယံ ဃရာနံ ကုသလော၊လောလော အယံ ဝလီ-မုခေါ။
ကတံ ကတံ ခေါ ဒူသေယျ၊ဧဝံ-ဓမ္မ-မိဒံ ကုလံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့ဆိုသောအခါ အမတ်တို့သည်၊ အရှင်မင်းမြတ်၊ အမိန့်တော်ရှိတိုင်းဖြစ်လတ္တံ့ဟုဆို၍၊ ထိုမျောက်ကိုပယ်၍၊ တစ်ရက်နှစ်ရက်လွန်သဖြင့်တဖန်ထိုမျောက်ကိုလျှင် တန်းဆာဆင်၍ တရားစီရင်ရာအရပ်သို့ ဆောင်၍၊ အရှင်မင်းမြတ်၊ ဤသူသည် ခမည်းတော်မင်းကြီးလက်ထက်တော်၌ တရားစီရင်သော အမတ်တည်း။ တရား အဆုံးအဖြတ်၌ လေ့လာပွန်းတီးသောသူတည်း။ ဤသူကို ချီးမြှောက်တော်မူ၍ တရားဆုံးဖြတ်သောအမှုကိုပြုစေခြင်းငှာသင့်၏ဟုလျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ပညာနှင့်ယှဉ်သော စိတ်ရှိသောလူ၏ အမွေးကားဤသို့သဘောရှိသည်မဟုတ်၊ ဤသတ္တဝါကားပညာနှင့် ယှဉ်သောစိတ်မရှိသောမျောက်တည်း၊ တရားဆုံးဖြတ်ခြင်းအမှုကို ပြုခြင်းငှာမတတ်ကောင်းသတည်းဟုသိ၍။ ။
(၃၇၇)နယိဒံ စိတ္တဝတော လောမံ၊နာ-ယံ အဿာသိကော မိဂေါ။
သိဋ္ဌံမေ ဇနသန္ဓေန၊နာ-ယံ ကိဉ္စိ ဝိဇာနာတိ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ဤသို့ ဆိုသောစကားကိုလည်းကြား၍ အမတ်တို့သည်၊ အရှင်မင်းမြတ်၊အမိန့်တော်ရှိတိုင်းဖြစ်လတ္တံ့ဟုဆို၍ ထိုမျောက်ကိုပယ်၍ တဖန် တစ်နေ့သ၌ထိုမျောက်ကိုပင်လျှင်တန်းဆာဆင်၍ တရားစီရင်ရာအရပ်သို့ဆောင်၍၊ အရှင်မင်းမြတ်၊ ဤယောက်ျားသည်ခမည်းတော်မင်းကြီးလက်ထက်တော်၌ မိဘတို့အားလုပ်ကျွေးသောအမျိုး၌ ကြီးသောသူတို့အား အရိုအသေအမှုကိုပြုတတ်သောသူတည်း၊ ဤသူအား ချီးမြှောက်တော်မူခြင်းငှာသင့်၏ဟုလျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ မျောက်တို့မည်သည်ကားလျှပ်ပေါ်သောစိတ်ရှိကုန်၏၊ ဤသို့သဘောရှိသောအမှုကိုပြုခြင်းငှာမစွမ်းနိုင်ကုန်ဟုကြံ၏။ ။
(၃၇၈)န မာတရံ ဝါ ပိတရံ၊ဘာတရံ ဘဂိနိံ သကံ။
ဘရေယျ တာဒိသော ပေါသော၊သိဋ္ဌံ ဒသရထေန မေ။ ။
ဟူသောတတိယဂါထာကိုဆို၏။ ။
(၃၇၈)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ပေါသော၊ ယောက်ျားသည်။ သကံမာတရံဝါ၊ မိမိအမိကို၎င်း။ ပိတရံဝါ၊ မိမိအဘကို၎င်း။ ဘာတရံ၊ မိမိအစ်ကိုကို၎င်း။ ဘဂိနိံ ဝါ၊ မိမိနှမကို၎င်း။ နဘရေယျ၊ မမွေးမြူရာ။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ပိတရာ၊ ခမည်းတော်ဖြစ်သော။ ဒသရထေန၊ ဒသရထမင်းကြီးသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ ။
ဝလိယောမုခေအဿာတိဝလိမုခေါ။ ။
အဿ၊ ထိုမျောက်၏။ မုခေ၊ မျက်နှာ၌။ ဝလိယော၊ တွန့်လိပ်သောအရေတို့သည်။ အတ္ထိသန္တိ၊ ရှိကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဝလိမုခေါ၊ ဝလိမုခမည်၏။ ။
နယိဒံ စိတ္တဝတောလောဓံ, ဟူသောစကားကို, သင့်မသင့်ကို ဆင်ခြင်တတ်သောပညာနှင့်ယှဉ်သောစိတ်မရှိသည်ကိုရည်၍ဆိုသည်။ မိမိတို့၏စိတ်ဖြင့်ကား စိတ်မရှိသော တိရစ္ဆာန်မည်သည်မရှိ။ ထိုအာဒါသမုခမင်းသား၏ ခမည်းတော်သည် လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် လူကိုသင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓမည်၏။ ဆယ်ဆူသောရထားတို့ဖြင့် ပြုအပ်သောကိစ္စကို မိမိ၏ရထားတစ်ခုဖြင့်သာလျှင် ပြုတတ်သောကြောင့်ဒသရထမည်၏။ ။
ပိတာဟိဿစတူဟိသင်္ဂဟဝတ္ထူဟိ ဇနသင်္ဂဟတောဇနသန္ဓောတိ ဝုစ္စတိ။ ဒသဟိ ရထေဟိ ကတ္တဗ္ဗာကတ္တဗ္ဗံ အတ္တနော ဧကေနေဝရတေနကရဏတောဒသရတောတိ။ ။ (အဋ္ဌကထာ)။ ။
ဂါမဏိစန္ဒ ဇာတကံ သတ္တမံ။၂၅၇။