နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိရုဟက ဆိန္နာပိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤရူဟကဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည် ပုရောဟိတ်ပုဏ္ဏားအမျက်ထွက်ကြောင်းကိုသိ၍ ပုရောဟိတ်ပုဏ္ဏားကိုခေါ်စေ၍၊ ဆရာ၊ မိန်းမအားအပြစ်မည်သည်ကားဖြစ်မြဲလျှင်တည်း။ ပုဏ္ဏေးမအားသည်းခံအံ့သောငှါသင့်၏ဟုသည်းခံစိမ့်သောငှါ။ ။
(၂၃၃)အပိရုဟက ဆိန္နာပိ၊ဇိယာ သန္ဓီယတေ ပုန။
သန္ဓီယဿု ပုရာဏိယာ၊မာ ကောဓဿ ဝသံ ဂမိ။
ဟူသောပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍။ ။
(၂၃၄)ဝိဇ္ဇမာနေသု ဝါကေသု၊ဝိဇ္ဇမာနေသု ကာရိသု။
အညံ ဇိယံ ကရိဿာမိ၊အလညေ-ဝ ပုရာဏိယာ။
ဟူသောဤဒုတိယဂါထာကိုပုဏ္ဏားလျှောက်၏။ ။
(၂၃၄)မဟာရာဇ၊ မင်းမြတ်။ ဝါကေသု၊ နူးညံ့သောလျှော်တို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်၎င်း။ ကာရီသု၊ လေးညှို့ကိုပြုကုန်သောသူတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်၎င်း။ အညံ၊ တစ်ပါးသော။ ဇိယံ၊ လေးညှို့သစ်ကို။ ကရိဿာမိ၊ ပြုအံ့။ ပုရာဏိယာ၊ လေးညှို့ဟောင်းနှင့်တူသောပုရာဏီဖြင့်။ မေ၊ အကျွန်ုပ်အား။ အလညေ-ဝ၊ အလိုမရှိပြီးသလျှင်ကတည်း။
ရုဟကဇာတကံ ပဌမံ။၁၉၁။