Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

174. Dubbhiyamakkaṭajātakaṃ (2-3-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အဒမှတေဝါရိပဟူတရူပံ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒုဗ္ဘိယမက္ကဋဇာတ်ကို၊ ဝေဠုဝန်ကျောင်း၌သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်၊ ထိုမျောက်၏အမူအရာကိုမြင်၍၊ ဟယ်ပျက်ချော်သောမျောက်၊ငါသည်ရေငတ်သည်ဖြစ်၍ ပင်ပန်းသောသင်အားများစွာသောရေကိုပေး၏။ သင်သည် ယခုအခါ၌ ငါ့အားနှုတ်သီးဖြင့်ဖောက်ပြန်သော ရှုဖွယ်ရှိသည်ကိုပြုဘိ၏။ ယုတ်မာသောသူအား ပြုအပ်သောကျေးဇူးပြုခြင်းမည်သည်ကားအကျိုးမဲ့တကားဟုဆိုလို၍။ ။

(၁၉၉)အဒမှ တေဝါရိ ပဟူတ-ရူပံ၊ဃမ္မာ-ဘိတတ္တဿ ပိပါသိတဿ။

သောဒါနိပိတွာန ကိရိံ ကရောသိ၊အ-သင်္ဂမော ပါပ-ဇနေန သေယျော။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၉၉)ဟရေဒုဋ္ဌမက္ကဋ၊ ဟယ်ပျက်ချော်သောမျောက်။ ဃမ္မာဘိတတ္တဿ၊ နွေအပူဖြင့် အလွန်ပူပန်သည်ဖြစ်၍။ ပိပါသိတဿ၊ ရေငတ်သော။ တေ၊ သင်အား။ ပဟူတရူပံ၊ များစွာသော။ ဝါရိံ၊ ရေကို။ (နိဂ္ဂဟိတ်ကျေ)။ အဒမှ၊ ပေးကုန်ပြီ။ သောတွံ၊ ထိုသင်သည်။ ဒါနိ၊ ယခု။ ပိတွာန၊ ငါပေးသောရေကိုသောက်ပြီး၍။ မုခ-မက္ကဋိကံ၊ သွားကိုဖြည်းပြလျက်၊မျက်နှာဖောက်၍ မျောက်အမူအရာကို။ ကရောန္တော၊ ပြုလျက်။ ကိရိံ၊ ကိရိကိရိဟူသောအသံကို။ ကရောသိ၊ ပြုဘိ၏။ ပါပ-ဇနေန၊ ယုတ်မာသောသူနှင့်။ အ-သင်္ဂမော၊ မပေါင်းဖော်ခြင်းသည်သာလျှင်။ သေယျော၊ ကောင်းမြတ်၏။

ထိုအဆွေခင်ပွန်းပြစ်မှားတတ်သောမျောက်သည် ထိုစကားကိုကြား၍၊သင်သည်ဤမျှဖြင့်သာလျှင် ပြစ်မှားသောအမှုပြီးပြီဟူသော အမှတ်ကိုပြု၏။ ယခုအခါ၌သင်၏ ဦးခေါင်းပေါ်၌မစင်ကိုချ၍သွားအံ့ဟုဆိုလိုရကား။

(၂ဝဝ)ကောတေ သုတော ဝါ ဒိဋ္ဌောဝါ၊သီလဝါနာမ မက္ကဋော။

ဣဒါနိခေါ တံ ဥဟဇ္ဇံ၊ဧသာ အသ္မာက ဓမ္မတာ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၀၀)ဘောဗြာဟ္မဏ၊ အိုပုဏ္ဏား။ သီလဝါ၊ သူပြုဖူးသောကျေးဇူးကိုသိတတ်သည်ဖြစ်၍သီလရှိသော။ မက္ကဋောနာမ၊ မျောက်မည်သည်ကား။ အတ္ထီတိ၊ လောကဓာတ်၌ရှိ၏ဟူ၍။ တေ၊ သင်သည်။ ကော၊ အဘယ်၌၊အဘယ်မှာ။ သုတောဝါ၊ ကြားမူလည်းကြားဖူးပါသနည်း။ ဒိဋ္ဌောဝါ၊ မြင်မူလည်းမြင်ဘူးပါသနည်း။ ဣဒါနိခေါ၊ ယခု၌လျှင်။ အဟံ၊ ငါသည်။ တံ၊ သင့်ခေါင်းပေါ်သို့။ ဥပဇ္ဇံ၊ ကျင်ကြီး စွန့်လိုက်ဦးအံ့။ ဧသာ၊ ဤသို့ကျေးဇူးပြုသောသူ၏ခေါင်းပေါ်သို့ကျင်ကြီးစွန့်ခြင်းသည်။ အသ္မာကံ၊ မျောက်ဖြစ်သောငါတို့၏။ ဓမ္မတာ၊ အမျိုးသဘောတည်း။ (ကောတေ,၌ကော,ကားကွ,၏အနက်။ ဥဟဒန္တိ ပိဥမိဟန္တိပိ,၌ကဲ့သို့ ဥဟဇ္ဇံ၌ဟဒဓာတ်ကရီသုဿဂ္ဂအနက်ကိုဟောသည်။ အံဝိဘတ်။ အမှာကံ၏မှ,ကိုသ္မ,ပြု၍အသ္မာကံ,ပြီးသည်။ ဆန်းအလို့ငှာနိဂ္ဂဟိတ်ချေ၍အသ္မာက,နေစေ။ ။ အမှာကမမှေသုနံမှောသ္မတ္တံ။ ။ အသ္မာကံ၊အမှာကံ။ ဝုတ္တိရက္ခဏဋ္ဌာနေ ပနအသ္မိံ သုဣတိဒိဿတိ ဧကာရဿဣကာရာဒေသဝသေန။ ဣဓဟေ မန္တံဂိမှိသူတိပဒေဝိယ။ သဒ္ဒနီတိ။ အမှာကအမှေသုနံ၊အမှာကံအမှေသုပုဒ်တို့၏။ မှော၊ မှသည်။ သ္မတ္တံ၊ သ္မဖြစ်၏။ အသ္မာကံအမှာကံ၊ ငါတို့အား၊ငါတို့၏။ အသ္မေသု အမှေသု၊ ငါတို့၌။ ဝုတ္တိရက္ခဏဋ္ဌာနေပန၊ လဟုကိုစောင့်သင့်ရာ၌ကား။ ဣဓဟေမန္တ ဂိမှိသူတိပဒေ၊ ၌။ ဧကာရဿ၊ ၏။ ဣကာရာဒေသဝသေန၊ ဖြင့်။ ဒိဿတိဝိယ၊ သို့။ ဧကာရဿ၊ ၏။ ဣကာရာဒေသဝသေန၊ ဖြင့်။ အသ္မိသုဣတိ၊ ဟူ၍။ ဒိဿတိ၊ ၏။ ဧကာရဿဣကာရာဒေသဝသေနကိုပုံပြင်နှစ်ပါး၌ယှဉ်။၎င်းအ္နံ)။ ။

**ဒုဗ္ဘိယမက္ကဋဇာတကံစတုတ္ထံ။**၁၇၄။