Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

249. Sālakajātakaṃ (2-10-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဧကပုတ္တကောဘဝိဿတိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသာလကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောမထေရ်ကြီးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

တစ်ယောက်သော အလမ္ပာယ်သည် မျောက်တစ်ခုကိုသင်၍ ဆေးကိုကိုင်စေ၍ ထိုမျောက်ကိုမြွေကိုကစေ၍ အသက်မွေးခြင်းကိုပြု၏။ ထိုအလမ္ပာယ်သည် ဗာရာဏသီပြည်၌ ပွဲလမ်းသဘင် ကြွေးကြော်သည်ရှိသော်၊ ပွဲလမ်းသဘင်ကစားလိုသည်ဖြစ်၍ ဤမျောက်ကို မမေ့မလျော့ပါလင့်ဟုဆို၍ ထိုမျောက်ကိုထိုစပါးကုန်သည်လက်၌ထား၍ ပွဲသဘင်ကစား၍ ခုနှစ်ရက်မြောက်သောနေ့၌ထိုစပါးကုန်သည်၏ အထံသို့သွား၍ မျောက်သည်အဘယ်မှာနည်းဟုမေး၏။ မျောက်သည်အရှင်၏အသံကို ကြား၍လျှင်စပါးဈေးမှလျင်မြန်စွာထွက်လာ၏။ ထိုအခါထိုမျောက်ကို အလမ္ပာယ်သည် ဝါးခြမ်းဖျားဖြင့်ကျောက်၌ရိုက်၍ယူပြီးလျှင် ဥယျာဉ်သို့သွား၍လျောက်ပတ်သောအရပ်၌ချည်၍အိပ်ပျော်လေ၏။ မျောက်သည် ထိုအလမ္ပာယ်အိပ်ပျော်သည်၏အဖြစ်ကိုသိ၍ မိမိ၏အနှောင်အဖွဲ့ကိုဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးမှည့်ကိုစားပြီးလျှင် အစေ့တို့ကို အလမ္ပာယ်၏ ကိုယ်ပေါ်သို့ချ၏။ အလမ္ပာယ်သည်နိုး၍ ကြည့်လတ်သည်ရှိသော်မျောက်ကိုမြင်၍ ချိုသာနာဖွယ်သောစကားဖြင့်လှည့်ပတ်၍ သရက်ပင်မှသက်စေ၍ဖမ်းအံ့ဟုကြံလျက်ထိုမျောက်ကိုဖြားယောင်းလိုရကား။ ။

(၃၅၄)ဧက-ပုတ္တကော ဘဝိဿသိ၊တွဉ္စ နော ဟေဿသိ ဣဿရော ကုလေ။

ဩရောဟ ဒုမသ္မာ သာလက၊ဧဟိ ဒါနိ ဃရကံ ဝဇေမသေ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၅၄)သာလက၊ သာလက။ တွံ၊ သင်သည်။ နော၊ ငါတို့၏။ ကုလေ၊ အိမ်၌။ ဧကပုတ္တကော၊ တစ်ယောက်ထည်းသောသားသည်။ ဘဝိဿသိ၊ ဖြစ်ရလတ္တံ့။ မေ၊ ငါ၏။ ဘောဂါနံ၊ စည်းစိမ်တို့ကို။ ဣဿရော၊ အစိုးရသည်။ ဟေဿသိ၊ ဖြစ်ရလတ္တံ့။ ဒုမသ္မာ၊ သရက်ပင်မှ။ ဩရောဟ၊ ဆင်းခဲ့လော့။ ဣဒါနိ၊ ယခုအခါ၌။ ဃရကံ၊ အိမ်သို့။ ဝဇေမသေ၊ သွားကြကုန်အံ့။ ဧဟိ၊ လာလော့။

မျောက်သည်ထိုစကားကိုကြား၍။

(၃၅၅)နနု မံ သုဟဒယော-တိ မညသိ၊ယဉ္စ ဟနသိ မံ ဝေဠု-ယဋ္ဌိယာ။

ပက္ကမ္ဗ-ဝနေ ရမာမသေ၊ဂစ္ဆ တွံ ဃရကံ ယထာ-သုခံ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၅၅)ဘောအဟိကုဏ္ဍိက၊ အိုအလမ္ပာယ်သမား။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ သုဟဒယောတိမညသိနနူ၊ လိမ်မာသောစိတ်ရှိ၏ဟူ၍အောက်မေ့သည်မဟုတ်တုံလော။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဝေဠုယဋ္ဌိယာ၊ ဝါးခြမ်းဖျားဖြင့်။ ယဉ္စဟနသိ၊ အကြင်ကြောင့်ရိုက်၏။ တေန၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ ပက္က-မ္ဗဝနေ၊ သရက်သီး မှည့်သောတော၌။ ရမာမသေ၊ မွေ့လျော်ကုန်အံ့။ တွံ၊ သင်သည်။ ဃရကံ၊ အိမ်သို့။ ယထာ-သုခံ၊ အလိုအတိုင်း။ ဂစ္ဆ၊ သွားလေလော့။ ။

သာလကဇာတကံ နဝမံ။၂၄၉။