Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

177. Tindukajātakaṃ (2-3-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဓနုဟတ္ထကလာပေဟိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတိန္ဒုကဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ပညာပါရမီကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ရှစ်သောင်းကုန်သော မျောက်တို့သည် လူတို့ကိုမြင်ကုန်၍သေဘေးမှကြောက်ကုန်ရကား၊မျောက်မင်းကိုထား၍ ငါတို့အားတစ်ပါးသောကိုးကွယ်ရာသည်မရှိပြီဟုမျောက်မင်း၏အထံသို့သွားကုန်၍။ ။

(၂၀၅)ဓနု-ဟတ္ထ-ကလာပေဟိ၊နေတ္တိံ သ-ဝရ-ဓါရိဘိ။

သမန္တာ ပရိကိဏ္ဏမှ၊ကထံ မောက္ခော ဘဝိဿတိ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၂၀၅)ဝါနရိ-န္ဓ၊ မျောက်မင်း။ ဓနု-ဟတ္ထ-ကလာပေဟိ၊ လေးတောင့်လက်စွဲကုန်ထသော။ နေတ္တိံ သ-ဝရ-ဓာရိဘိ၊ မြတ်သောသန်လျက်ကိုဆောင်ကုန်သောသူတို့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ မယံ၊ အကျွန်ုပ်တို့ကို။ ပရိကိဏ္ဏမှ၊ ဝန်းရံကုန်၏။ ကထံကေနကာရဏေန၊ အဘယ်သို့သောအကြောင်းဖြင့်။ အမှာကံ၊ အကျွန်ုပ်တို့အား။ မောက္ခော၊ သေဘေးမှလွတ်ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း။ ။

ထိုမျောက်၏စကားကိုကြား၍မျောက်မင်းသည်၊မကြောက်ကြကုန်လင့်။ လူတို့မည်သည်ကားများသောကိစ္စရှိကုန်၏။ယခုလည်းမဇ္ဈိမယံသည်သာဖြစ်၏။ ငါတို့ကိုသတ်ကုန်အံ့ဟူ၍ဝန်းရံကုန်သော ထိုသူတို့အားဝန်းရံခြင်းဟူသော ဤကိစ္စ၏အန္တရာယ်ကို ပြုတတ်သော တစ်ပါးသောကိစ္စသည်ဖြစ်ငြားအံ့လည်းမသိဟုမျောက်တို့ကိုနှစ်သိမ့်စေလိုရကား။ ။

(၂ဝ၆)အပ္ပေဝ ဗဟု-ကိစ္စာနံ၊အတ္ထော ဇာယေထ ကောစိ နံ။

အတ္ထိ ရုက္ခဿ အစ္ဆိန္နံ၊ခဇ္ဇထ-ညေဝ တိန္ဒုကံ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၀၆)ဘောန္တောဝါနရ-ဂဏာ၊ အိုမျောက်အပေါင်းတို့။ ဗဟု-ကိစ္စာနံ၊ များသောကိစ္စရှိကုန်သောသူတို့အား။ အညော၊ တစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ခုသော။ အတ္ထော၊ အမှုကိစ္စသည်။ အပ္ပေဝဇာယေထ၊ ဖြစ်ငြားအံ့လည်းမသိ။ ရုက္ခဿ၊ တည်ပင်၏။ အစ္ဆိန္နံ၊ မပြတ်သော အသီးသည်။ အတ္ထိ၊ ရှိ၏။ တိန္ဒုကံ၊ တည်သီးကို။ တုမှေ၊ သင်တို့သည်။ ခဇ္ဇထညေဝ၊ အလိုရှိတိုင်းသာလျှင်စားကြကုန်။ ။

(ဓနုကလာပဟတ္ထေဟိ,ဆိုလိုလျက်ဆန်းလိုက်၍ ဓနုဟတ္ထကလာပေဟိ,ဆိုသည်။ နေတ္တိံသ,၌ နိဂ္ဂဟိတ်ရှိမှသဒ္ဒါဆန်းနှစ်ပါးလိုက်သည်။ နိဂ္ဂတောတိံ သတောအင်္ဂုလိတောနေတ္တိံသော။ ။ အဘိဓာန်ဋီကာ။ ။ သုံးဆယ့်သုံးပန်း။ လက်သစ်ဖြန်းအောင်။ ရှည်ခြင်းဆောင်သား။ အရောင်ယူမြောက်။ မရှုစောက်တည်း။ ဆင်ပေါက်လည်ပင်း။ ပြတ်လျှင်းဘနန်း။ မျောမျောသွန်းသား။ မြိုက်ချွန်းအသွား။ သန်လျက်ထားကို။ ဝံ့စားရဲလှ။ မျိုပြီးမှလျှင်,ဟူသောစကားကိုမှီးလျှင်၊ သုံးဆယ်ထက်သုံးလက်သစ်လွန်သေး၏မှတ်ရာသည်။ ။ ကောစိနံ,၌၊နန္တိနိပါတမတ္တံ။ ခဇ္ဇထညေဝ,၌၊ ခဇ္ဇထဧဝဖြတ်၍ ယလာ၊ သယေစ,ကိုယေစ,ဟု ယောဂဝိဘာဂပြု၍၎င်း၊ ယ,ကို ဉ,ပြု၍ ဒွေးဘော်လာကမပြီးဘဲ နေရတော့မည်မဟုတ်၊ယုတ္တိသာပဋ္ဌာန)။ ။

**တိန္ဒုကဇာတကံ သတ္တမံ။**၁၇၇။