Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

235. Vacchanakhajātakaṃ (2-9-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုခါဃရာဝစ္ဆနခ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝစ္ဆနခဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ ရောဇမည်သော မလ္လာမင်းကို အကြောင်းပြု၍ဟောတော်မူ၏။

ထိုဗာရာဏသီသူဋ္ဌေးသည် တစ်နေ့သ၌ဆွမ်းဘုန်းပေးခြင်း ကိစ္စအဆုံး၌ ထိုဝစ္ဆနခပရိဗိုဇ်နှင့်တကွ သာယာစွာသောပျူငှါလောကဝတ်စကားကိုပြောဟောပြီး၍။ အသျှင်ဝစ္ဆနခ၊ ရဟန်းအဖြစ်မည်သည်ကား ဆင်းရဲငြိုငြင်၏။ အိမ်၌နေခြင်းသည်ချမ်းသာ၏။ အသျှင်ဝစ္ဆနခ၊ အသျှင်သည်လာလှည့်လော့၊ နှစ်ဦးကုန်သောငါတို့သည် အညီအညွတ်ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားကုန်လျက်နေကြကုန်အံ့၊ ဤသို့ဆို၍။ ။

(၃၂၅)သုခါ ဃရာ ဝစ္ဆနခ၊သ-ဟိရညာ သ-ဘောဇနာ။

ယတ္ထ ဘုတွာ ပိဝိတွာ စ၊သယေယျာသိ အနု-ဿုကော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၂၅)ဝစ္ဆနခ၊ အသျှင်ဝစ္ဆနခ။ ယတ္ထ၊ အကြင်ရတနာခုနှစ်ပါးစားဘွယ်ဘောဇဉ်တို့နှင့်ပြည့်စုံသောအိမ်၌။ အနု-ဿုကော၊ လုံ့လမပြုဘဲ။ ဘုတွာစ၊ စား၍သာ၎င်း။ ပိဝိတွာစ၊ သောက်၍သာ၎င်း။ သယေယျာသိ၊ နေလာလှည့်လော့။ သ-ဟိရညာ၊ ရွှေအစရှိသောရတနာခုနှစ်ပါးနှင့်ပြည့်စုံထသော။ သ-ဘောဇနာ၊ စားဘွယ်ဘောဇဉ်တို့နှင့်ပြည့်စုံထသော။ ဃရာ၊ အိမ်၌နေခြင်းသည်သာ။ သုခါ၊ ချမ်းသာ၏။ ။

ထိုအခါဘုရားလောင်းသည် ထိုဗာရာဏသီသူဋ္ဌေး၏ စကားကိုကြား၍၊သူဋ္ဌေးကြီး၊ သင်သည်မသိသည်၏အဖြစ်ကြောင့် ကာမဂုဏ်၌မက်မောသည်ဖြစ်၍ အိမ်၌နေရခြင်း၏ကျေးဇူးကိုဆို၏။ သင့်အား အိမ်၌နေရခြင်း၏ကျေးဇူးမဲ့ကိုငါဆိုအံ့။ ယခုအခါသင်နာလော့၊ ဤသို့ဆို၍။ ။

(၃၂၆)ဃရာ နာ-နီဟမာနဿ၊ဃရာ နာ-ဘဏတော မုသာ။

ဃရာ နာ-ဒိန္န-ဒဏ္ဍဿ၊ပရေသံ အနိကြုဗ္ဗတော။

ဧဝံ ဆိဒ္ဒံ ဒုရဘိသမ္ဘဝံ၊ကော ဃရံ ပဋိပဇ္ဇတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၂၆)မဟာ-သေဋ္ဌိ၊ သူဋ္ဌေးကြီး။ အနီ-ဟမာနဿ၊ အစဉ်မပြတ်လယ်ယာထွန်ခြင်းနွားကျောင်းခြင်းအစရှိသောအမှုဖြင့်လုံ့လမပြုသောသူ၏။ ဃရာ၊ ဃရာဝါသသည်ကား။ နတိဋ္ဌတိ၊ မတည်နိုင်။ ရသာအဘဏတော၊ လယ်ယာဥစ္စာရွှေငွေအစရှိသည်တို့၏ အကျိုးငှါမုသားမဆိုသောသူ၏လည်း။ ဃရာ၊ ဃရာဝါသမည်သည်ကား။ နတိဋ္ဌတိ၊ မတည်နိုင်။ နအာဒိန္န-ဒဏ္ဍဿ၊ ဒဏ်ပေးခြင်းကိုမယူထသော။ ပရေသံ၊ သူတစ်ပါးတို့အား။ အနိကြုဗ္ဗတော၊ နှိပ်စက်ခြင်းကိုမပြုသောသူ၏လည်း။ ဃရာ၊ ဃရာဝါသမည်သည်ကား။ နတိဋ္ဌတိ၊ မတည်နိုင်။ ဧဝံ၊ ဤသို့။ ဆိဒ္ဒံ၊ အပေါက်ရှိထသော။ ဒုရဘိသမ္ဘဝံ၊ ဖြစ်နိုင်ခဲသောသဘောရှိထသော။ ဃရံ၊ အိမ်ကို။ ကော၊ အဘယ်သူသည်။ ပဋိပဇ္ဇတိ၊ အုပ်စိုး၍နေချင်ဘိအံ့နည်း။ ။

ဝစ္ဆနခဇာတကံ ပဉ္စမံ။၂၃၅။