Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

227. Gūthapāṇajātakaṃ (2-8-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သူရောသူရေန သင်္ဂမ္မ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂူထပါဏဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

တစ်ခုသောမစင်စားသောပိုးသည် မစင်နံ့နံသောကြောင့်လာလတ်၍ ထိုသေသောက်ကြူးတို့၏ သေသောက်ရာအရပ်၌ စွန့်အပ်သောသုရာကိုမြင်၍ချင်ခြင်းကြောင့်သောက်၍ရစ်သည်ဖြစ်၍မစင်ပုံသို့တက်၏။ ထိုပိုးသည် တက်လတ်သော်မစင်စိုသည်အတံငယ်ညွတ်၏။ ထိုမစင်ပိုးသည်ငါ့ကို မြေကြီးသည်ပင် ခံအံ့သောငှါ မစွမ်းနိုင်ဟုကြုံးဝါး၏။ ထိုခဏ၌လျှင်အမုန်ရစ်သော ဆင်ပြောင်တစ်စီးသည်ထိုအရပ်သို့ လာလတ်၍ မစင်နံ့၏နံခြင်းကြောင့်စက်ဆုပ်ရွံရှာ၍ဖဲ၏။ ထိုမစင်ပိုးသည်ထိုဆင်ပြောင်ကြီးကို မြင်၍ဤဆင်ပြောင်ကြီးသည် ငါမှကြောက်သောကြောင့်ပြေး၏ဟု အမှတ်ရှိသည်ဖြစ်၍ ဤဆင်ပြောင်ကြီးနှင့်တကွ စစ်ထိုးခြင်းကို ပြုအံ့သောငှါသင့်၏ဟုနှလုံးသွင်း၍ခေါ်လိုရကား။ ။

(၃ဝ၉)သူရော သူရေန သင်္ဂမ္မ၊ဝိက္ကန္တေန ပဟာရိနာ။

ဧဟိ နာဂ နိဝတ္တဿု၊ကိံ-နု ဘီတော ပလာယသိ။

ပဿန္တု အင်္ဂ-မဂဓာ၊မမ တုယှဉ္စ ဝိက္ကမံ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၀၉)ဘောမဟာနာဂ၊ အိုဆင်ကြီး။ သူရော၊ ရဲရင့်သောသူမည်သည်။ ဝိက္ကန္တေန၊ ကြီးသောလုံ့လရှိထသော။ ပဟာရိနာ၊ စစ်ထိုးခြင်းငှါ စွမ်းနိုင်ထသော။ သူရေန၊ ရဲရင့်ထသော။ မယာ၊ ငါနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂမ္မ၊ ဆိုင်မိကြ၍။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အသင်္ဂမေတွာ၊ တစ်ကြိမ်တလီမျှစစ်မထိုးဘဲ။ ဂစ္ဆသိ၊ သွားဘိသနည်း။ ဧကသမ္ပဟာရောပိ၊ တစ်ကြိမ်သော စစ်ထိုးခြင်းကိုလည်း။ ဒါတဗ္ဗော၊ ပေးအပ်သည်။ သိယာနိနု၊ ဖြစ်ကောင်းသည် မဟုတ်လော။ တသ္မာ၊ ထို့ကြောင့်။ မဟာ-နာဂ၊ ဆင်ကြီး။ ဧဟိ၊ လာလှည့်ဦး။ နိဝတ္တဿု၊ ပြန်ခဲ့ဦး။ ဘီတော၊ ငါမှကြောက်သည်ဖြစ်၍။ ပလာယသိကိန္နု၊ ပြေးသလော။ မမစ၊ ငါ၏၎င်း။ တုယှဉ္စ၊ သင်၏၎င်း။ ဝိက္ကမံ၊ လုံ့လကို။ အင်္ဂ-မဂမာ၊ အင်္ဂတိုင်းသား,မဂဓတိုင်းသားတို့သည်။ ပဿန္တု၊ ကြည့်ကြပါစေကုန်သတည်း။ ။

ထိုဆင်သည်နားထောင်၍ ထိုမစင်ပိုး၏ စကားကိုကြား၍ ပြန်လည်ပြီးသော်၊ထိုမစင်ပိုး၏အထံသို့သွား၍ထိုမစင်ပိုးကိုခြိမ်းခြောက်လိုရကား။

(၃၁၀) န တံ ပါဒါ ဝဓိဿာမိ၊န ဒန္တေဟိ န သောဏ္ဍိယာ။

မီဠှေန တံ ဝဓိဿာမိ၊ပူတိ ဟညတု ပူတိနာ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၁၀)ဂူထပါဏ၊ မစင်ပိုး။ တံ၊ သင့်ကို။ ပါဒါပါဒေဟိ၊ ခြေတို့ဖြင့်။ နဝမိဿာမိ၊ ငါမသတ်အံ့။ ဒန္တေဘိ၊ အစွယ်တို့ဖြင့်လည်း။ နဝမိဿာမိ၊ ငါမသတ်အံ့။ သောဏ္ဍိယာ၊ နှာမောင်းဖြင့်လည်း။ နဝမိဿာမိ၊ ငါမသတ်အံ့။ မီဠှေန၊ မစင်ဖြင့်သာလျှင်။ တံ၊ သင့်ကို။ ဝမိဿာမိ၊ သတ်လိုက်အံ့။ ပူတိ၊ ပုပ်သောမစင်ပိုးသည်။ ပူတိနာ၊ ပုပ်သောမစင်ဖြင့်။ ဟညတု၊ သေစေသတည်း။ ။

(ဤသို့ဆို၍ထိုမစင်ပိုး၏ထိပ်ထက်၌ ကြီးစွာသောမစင်တုံးကိုချလိုက်၍ ကျင်ငယ်စွန့်၍ ထိုအရပ်၌လျှင်ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ကြိုးကြာသံနှင့်တူသောအသံကို ဟည်းလျက်တောသို့လျှင်ဝင်၏)။ ။

ဂူထပါဏဇာတကံ သတ္တမံ။၂၂၇။