(၄၄) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သေယျော အမိတ္တော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤမကသဇာတ်ကို၊ မဂဓတိုင်းတို့၌ဒေသစာရီကြွတော်မူသည်ရှိသော်၊ တစ်ခုသောရွာငယ်၌ မိုက်ကုန်သောရွာသားလူတို့သည် မှက်တို့ကိုထိုးကုန်အံ့ဟု၊ အချင်းချင်းထိုးကုန်၍၎င်း ပုတ်ခတ်ကုန်၍၎င်း ဆင်းရဲခြင်းသို့ ရောက်ကုန်သည်တို့ကို အကြောင်းပြု၍ဟောတော်မူ၏။
(၄၄)လောကေ၊ လူ့ရွာ၌။ မတိယာ၊ ပညာနှင့်။ ဥပေတော၊ ပြည့်စုံသော။ အ-မိတ္တော၊ ရန်သူသည်။ သေယျော၊ မြတ်သေး၏။ မတိ-ဝိပ္ပဟီနော၊ ပညာမှကင်းသော။ မိတ္တော၊ အဆွေခင်ပွန်းသည်။ နတွေ-ဝသေယျော၊ မမြတ်သလျှင်ကတည်း။ ဧဠ-မူဂေါ၊ တံထွေးယိုသောခံတွင်းရှိသော လူမိုက်သည်။ ပုတ္တော၊ သားဖြစ်လျက်လည်း။ မကသံ၊ မှက်ကို။ ဝမိဿံ၊ သတ်အံ့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပိတု၊ အဘ၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒ၊ နှစ်စိတ်ခွဲလေပြီ။ ။
မကသဇာတကံစတုတ္ထံ။၄၄။