နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝဏ္ဏဂန္ဓရသူပေတော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒဓိဝါဟနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကိုမှီဝဲသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဒဓိဝါဟနမင်းသည် ဘုရားလောင်းကိုခေါ်၍၊ ပညာရှိ၊ ဤသရက်ပင်အားရှေး၌ဖြစ်သော ပူဇော်သက္ကာရမှယုတ်ခြင်းသည်မရှိ။ ဤသို့ဖြစ်လျက်လည်းထိုသရက်ပင်၏ အသီးသည်ခါး၏၊ အကြောင်းကားအသို့နည်းဟုမေးလိုရကား။ ။
(၂၂၃)ဝဏ္ဏ-ဂန္ဓ-ရသူ-ပေတော၊အမ္ဗော-ယံ အဟုဝါ ပုရေ။
တမေဝ ပူဇံ လဘမာနော၊ကေန-မ္ဗော ကဋုက-ပ္ဖလော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါ ဒဓိဝါဟနမင်းအား အကြောင်းကိုကြားလိုရကား ဘုရားလောင်းသည်။ ။
(၂၂၄)ပုစိမန္ဒ-ပရိဝါရော၊အမ္ဗော တေ ဒဓိဝါဟန။
မူလံ မူလေန သံသဋ္ဌံ၊သာခါ သာခံ နိဝိသရေ။
အသာတ-သန္နိဝါသေန၊တေန-မ္ဗော ကဋုကပ္ဖလော။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၂၄)ဒဓိဝါဟန၊ နို့ဓမ်းတည်းဟူသော စစ်သည်ဗိုလ်ပါရှိသောမင်းမြတ်။ တေ၊ အသျှင်မင်းမြတ်၏။ အမ္ဗော၊ မင်္ဂလာသရက်တော်သည်။ ပုစိမန္ဓ-ပရိဝါရော၊ တမာပင်တည်းဟူသော အခြံအရံရှိ၏။ မူလံ၊ သရက်ပင်၏အမြစ်သည်။ မူလေန၊ တမာပင်၏အမြစ်နှင့်။ သံသဋ္ဌံ၊ နှီးနှော၏။ သာခါ၊ တမာပင်၏အခက်တို့သည်။ သာခံ၊ သရက်ပင်၏အခက်သို့။ နိပိသရေ၊ ဝင်ကုန်၏။ အသာတ-သန္နိဝါသေန၊ မချိုကုန် သောတမာပင်တို့နှင့် ပေါင်းဖော်ခြင်းတည်းဟူသော။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ အမ္ဗော၊ သရက်ပင်သည်။ ကဋုကပ္ဖလော၊ ခါးသောအသီးရှိ၏။ (ဤ၌ကဋုကသဒ္ဒါသည်ကားခါးသောအရသာကိုဟောသတည်း။ စပ်သောအရသာမဟုတ်)။ ။
ဒဓိဝါဟနဇာတကံဆဋ္ဌံ။၁၈၆။