မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ မယှံ၊ ငါအား။ မုဒုလက္ခဏံ၊ မုဒုလက္ခဏာအမည်ရှိသောမိဘုရားကို။ အလဒ္ဓါ၊ မရမီ။ ပုရေ၊ ရှေးကာလ၌။ ဧကာဣစ္ဆာ၊ မုဒုလက္ခဏာကိုငါရမူကားကောင်းလေစွာ့ဟု တစ်ခုသောအလိုရမ္မက်သည်။ အာသိ၊ ဖြစ်ပြီ။ ယတော၊ အကြင်အခါ၌။ မေ၊ ငါသည်။ အဠာရက္ခီ၊ ကျယ်သောတင့်တယ်သော မျက်စိရှိသောမုဒုလက္ခဏာမိဘုရားကို။ လဒ္ဓါ၊ ရအပ်၏။ အထ၊ ထိုသို့ရသောအခါ၌။ မေ၊ ငါ၏။ သာဣစ္ဆာ၊ ထိုရှေးအခါ၌ဖြစ်သောအလိုရမ္မက်သည်။ ဣစ္ဆံ၊ အိမ်ကိုအလိုရှိသောတဏှာ,အဆောက်အဦကိုအလိုရှိသောတဏှာ, အသုံးအဆောင်ကို အလိုရှိသောတဏှာ, ဤသို့စသည်မတတ်နိုင်အောင်အဆင့်ဆင့်တိုးပွါး၍များပြားသောအလိုရမ္မက်ကို။ ဝိဇာယထဇနေတိဥပ္ပါဒေတိ၊ ဖြစ်စေ၏။ သာတဏှာ၊ ထိုအဆင့်ဆင့်ပွါးများသောတဏှာရမ္မက်သည်။ မေ၊ ငါအား။ အပါယတော၊ အပါယ်မှ။ သီသံ၊ ဦးခေါင်းကို။ ဥက္ခိဝိတုံ၊ ချီကြွခြင်းငှါ။ နဒဿတိ၊ မပေးလတ္တံ့။ မေ၊ ငါအား။ ဣမာယ၊ ဤမုဒုလက္ခဏာမိဘုရားဖြင့်။ အလံ၊ တန်ပြီ။ ဝါ၊ အလိုမရှိပြီ။ ထွညေဝ၊ အသျှင်မင်းကြီးသည်ပင်လျှင်။ တဝဘရိယံ၊ အသျှင်မင်းကြီးမိဖုရားကို။ ဂဏှ၊ ယူကာမူ။ အဟံပန၊ ငါမူကား။ ဟိမဝန္တံ၊ ဟိမဝန္တာသို့။ ဂမိဿာမိ၊ ပြေးတော့အံ့။ (ဤသို့ဆို၍ထိုခဏ၌လျှင်ကွယ်သောဈာန်ကိုဖြစ်စေ၍၊ ကောင်းကင်၌နေလျက်တရားဟော၍ မင်းအားအဆုံးအမကိုပေးပြီးလျှင်ကောင်းကင်ဖြင့်သာလျှင် ဟိမဝန္တာသို့သွား၍တဖန်လူ့ပြည်သို့မလာပြီ။ ထိုဟိမဝန္တာ၌သာလျှင်ဗြဟ္မဝိဟာရတို့ကိုပွါးစေလျက်မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ဖြစ်၏)။ ။
မုဒုလက္ခဏဇာတကံဆဋ္ဌံ။၆၆။