နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ပဗ္ဗတပတ္ထရေရမ္မေ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပဗ္ဗတပတ္ထရဇာတ်ကို၊ ဇေတဝန်းကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကြီးကို အကြောင်းပြု၍ဟောတော်မူ၏။
ထိုအခါမင်းသည် ဘုရားလောင်းကို ခေါ်စေ၍နေရာကိုပေး၍၊ပညာရှိ၊ ငါသည်သင့်ကို ပြဿနာမေးအံ့ဟုဆို၍၊ မင်းမြတ်၊ အသျှင်တို့မေးတော်မူကုန်လော့၊ ဖြေအံ့ဟုဆိုသည်ရှိသော်၊ ပြဿနာကိုမေးလိုရကား။
(၂၄၁)ပဗ္ဗတ-ပတ္ထရေရမ္မေ၊ဇာတာ ပေါက္ခရဏီ သိဝါ။
တံသိင်္ဂါလော အပါပယိ၊ဇာနံ သီဟေန ရက္ခိတံ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် မချွတ်ထိုမင်း၏နန်းတွင်းသူ၌ အမတ်တစ်ယောက်သည်မှားယွင်းသည်ဖြစ်လတ္တံ့ဟုသိ၍။ ။
(၂၄၂)ပိဝန္တိ စေ မဟာ-ရာဇ၊သာပဒါနိ မဟာ-နဒိံ။
န တေန အ-နဒီ ဟောတိ၊ခမဿု ယဒိ တေ ပိယာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၄၂)မဟာ-ရာဇ၊ မင်းမြတ်။ မဟာနဒိံ၊ ကြာတို့ဖြင့်ဖုံးလွှမ်းအပ်သည့်အဖြစ်ကြောင့် ပေါက္ခရဏီဟုရအပ်သောအမည်ရှိသောမြစ်ကြီးကို။ သာပဒါနိ၊ မြေခွေးသာမဟုတ်သေး ငှက်,ခွေး,ယုန်,ကြောင်,ကြံ့,ပြောင်,ကျား,ဆင်,သမင်, အစရှိသောသားမျိုး တို့သည်။ ပိဝန္တိစေ၊ သောက်ကုန်စေကာမူ။ တေန၊ ထိုအများချိုးသောက်သုံးစားခြင်းတည်းဟူသော အကြောင်းကြောင့်။ သာ၊ ထိုမြစ်ကြီးသည်။ အနဒီနာမ၊ မြစ်မမည်သည်။ နဟောတိ၊ မဖြစ်။ ဥစ္ဆိဋ္ဌနဒီပိ၊ အကြွင်းဖြစ်သောမြစ်မည်သည်လည်း။ နဟောတိ၊ မဖြစ်။ ဧဝံ၊ ဤအတူ။ သာပိ၊ ထိုလွန်ကျူးသောမိန်းမသည်လည်း။ အနိတ္ထီ၊ မိန်းမမမည်သည်။ နဟောတိ၊ မဟုတ်။ ဥစ္ဆိဋ္ဌိပိ၊ ကြွင်းကျန်ဖြစ်သောမိန်းမမည်သည်။ နဟောတိ၊ မဟုတ်။ သာဣတ္ထီ၊ ထိုမိန်းမကို။ တေ၊ အသျှင်မင်းမြတ်သည်။ ယဒိပိယာ၊ အကယ်၍မြတ်နိုးတော်မူသည်ဖြစ်အံ့။ ခမဿု၊ သည်းခံတော်မူလော့။ ။
ပဗ္ဗတပတ္ထရဇာတကံ ပဉ္စမံ။၁၉၅။