Issues
Select Version
နိဿယ-1
မြန်မာဘာသာ
IAPT教学专用译文
中文
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

6. Nataṃdaḷhavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတံဒဠှံဗန္ဓနမာဟုဓီရာ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗန္ဓနာဂါရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ နှောင်အိမ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါဘုရားလောင်းသည်ထိုဟိမဝန္တာ၌နေလျက်ငါသည်ဖြတ်နိုင်ခဲသော ဤသို့သဘောရှိသည်ဖြစ်သော သားမယားတို့၌ ချစ်ခြင်းအနှောင်အဖွဲ့ဟုဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ကိုဖြတ်နိုင်၏ဟု ဥဒါန်းကိုကျူးရင့်လိုရကား။ ။

(၂၅၃)နတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။

သာရတ္တ-ရတ္တာ မဏိကုဏ္ဍလေသု၊ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။ ။

(၂၅၄)ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။

ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊အနပေက္ခိနော ကာမ-သုခံ ပဟာယ။ ။

ဟူသောဂါထာနှစ်ခုတို့ကိုဆို၏။ ။

(၂၅၃-၂၅၄)အာယသံ၊ သံဖြင့်ပြုအပ်သော။ ယံဗန္ဓနံ၊ အကြင်သံခြေခြင်း အစရှိသောအနှောင်အဖွဲ့သည်၎င်း။ ဒါရုဇံ၊ သစ်သားဖြင့်ဖြစ်သော။ ယံဗန္ဓနဉ္စ၊ အကြင်ထိပ်ကျဉ်းအစရှိသော အနှောင်အဖွဲ့သည်၎င်း။ ပဗ္ဗဇံ၊ ဖြူဆံမျက်လျှော်အစရှိသည်တို့ဖြင့်ပြုအပ်သော။ ယံဗန္ဓနဉ္စ၊ အကြင်ကြိုးအနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။ တံဗန္ဓနံ၊ ထိုဆိုအပ်ခဲ့ပြီးသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲ၏ဟူ၍။ ဓီရာဓိက္ကတပါပါ၊ စက်ဆုပ်အပ်သော အကုသိုလ်ရှိကုန်သော။ ဝါ၊ ပညာရှိကုန်သော ဘုရားပစ္စေကဗုဒ္ဓါသာဝကဗောဓိသတ္တသူမြတ်တို့သည်။ နအာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု၊ ပတ္တမြားနားဍောင်းတို့၌။ ဝါ၊ ပတ္တမြားစီအပ်သော ရွှေနားဍောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တ-ရတ္တာ၊ လွန်စွာတပ်သောရာဂဖြင့် တပ်စွန်းတတ်ကုန်၏။ တေသံ၊ ထိုသူတို့၏။ ယောသာရာဂေါစ၊ အကြင်လွန်စွာတပ်စွန်းခြင်းဟူသော အနှောင်အဖွဲ့သည်၎င်း။ တေသံ၊ ထိုသူတို့၏။ ပုတ္တ-ဒါရေသု၊ သားမယားတို့၌။ ယာအပေက္ခာစ၊ အကြင်တဏှာဟူသောငဲ့ကွက်ခြင်း အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။

တံဗန္ဓနံ၊ ထိုရာဂတဏှာဟူသော အနှောင်အဖွဲ့ကို။ ဒဗျံ၊ မြဲစွာဟူ၍။ ဓီရာဓိက္ကတပါပါ၊ စက်ဆုပ်အပ်သော အကုသိုလ်ရှိကုန်သော။ ဝါ၊ ပညာရှိကုန်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကဗောဓိသတ္တသူမြတ်တို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးဘုံသို့ ဆောင်တတ်ထသော။ သိထိလံ၊ နှောင်ဖွဲ့ရာအရပ်တို့၌ အပေါ်ရေအတွင်းရေ အသားတို့ကိုလည်း မဖြတ်တတ်,သွေးကိုလည်း မထွက်စေတတ်, နှောင်ဖွဲ့သည်၏အဖြစ်ကိုလည်း မသိစေတတ် ကြည်းကြောင်းခရီး ရေကြောင်း ခရီးအစရှိသည်တို့၌ အမှုတို့ကိုပြုစိမ့်သောငှါ ပေးတတ်သည်၏အဖြစ်ကြောင့် လျော့သောအနှောင်အဖွဲ့ရှိထသော။ ဒုပ္ပမုဉ္စံ၊ တစ်ကြိမ်မျှလည်းဖြစ်သော ကိလေသာ၊ရာဂတဏှာ အနှောင်အဖွဲ့စွဲမိကလိပ်ခဲသကဲ့သို့လွတ်စေနိုင်ခဲ ပြေနိုင်ခဲထသော။ ဧတမ္ပိ၊ ထိုသို့ပြေနိုင်ခဲ၍ မြဲလှစွာသောတဏှာအနှောင်အဖွဲ့ကိုစဉ်လည်း။ ဉာဏ-ခဂ္ဂေန၊ ဉာဏ်ဟူသောသန်လျက်ဖြင့်။ ဓီရာ၊ ပညာရှိတို့သည်။ ဆေတွာန၊ ဖြတ်၍။ ကာမ-သုခံ၊ ကာမဂုဏ်ချမ်းသာကို။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်ဘဲ။ ပဟာယ၊ စွန့်၍။ ဝဇန္တိ၊ သွားနိုင်ကုန်၏။ (ဓီရာတိဓိမာဓိက္ကတပါပါတိဓီရာ)။ (အဋ္ဌကထာ)။ ။ ဓီသဒ္ဒါသည်ဂရဟာအနက်ကိုဟောသည်။ ဓီဓိက္ကတပါပါယေသံ အတ္ထီတိဓီရာ, ပြု။ ယေသံ၊ အကြင်သူမြတ်တို့အား။ ဓီဓိက္ကတပါပါ၊ ကဲ့ရဲ့စက်ဆုပ်အပ်သောအကုသိုလ်တို့သည်။ ဝါ၊ ထွီထွီပြုအပ်သော အကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုသူမြတ်တို့သည်။ ဓီရာ၊ ဓီရမည်ကုန်၏။ ဓီ,ပုဒ်၊ မ္ဗောဒိတောရော,ဟူသောသုတ်ဖြင့်ရပစ္စည်းသက်။ ။ ဓိက္ကတပါပါတိဂရဟိတပါပါ။ (ဋီကာ)။ ။ ဤအ္နံကား ဒုလ္လဘတ္ထရခဲသောအနက်တည်း။ ။ တနည်းကား။ ဓီပညာယေသံအတ္ထီတိဓီရာ,ပြု။ ။ အထဝါဓီဝုစ္စတိပညာ။ တာယပညာယသမန္နာဂတာဓီရာ။ ဗုဒ္ဓါပစ္စေက ဗုဒ္ဓါသာဝကာ ဗောဓိသတ္တာစ ဣမေဓီရာနာမ။ (၎င်းအဋ္ဌကထာ)။ အယသာ နိဗ္ဗတ္တံအာယသံ,ပြု။ သံခြေခြင်းလည်၌စွပ်သော သံကွင်းစသည်ရ၏)။ ။

ဗန္ဓနာဂါရဇာတကံပဌမံ။၂၀၁။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဟံသာကောဉ္စာမယူရာစ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကေလိသီလဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေမူစဉ်၊ အသျှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

မြတ်စွာဘုရားသည်၊ ဤလွန်လေပြီးသောအကြောင်းကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍။ ။

(၂၅၅)ဟံသာ ကောဉ္စာ မယူရာစ၊ဟတ္ထယော ပသဒါ မိဂါ။

သဗ္ဗေ သီဟဿ ဘာယန္တိ၊နတ္ထိ ကာယသ္မိ တုလျတာ။

(၂၅၆)ဧဝမေဝ မနုဿေသု၊ဒဟရော စေပိ ပညဝါ။

သော ဟိ တတ္ထ မဟာ ဟောတိ၊နေဝ ဗာလော သရီရဝါ။

ဟူသောဤဂါထာတို့ကိုဆို၏။

(၂၅၅-၂၅၆)ဘိက္ခဝေ၊ ရဟန်းတို့။ ကာယသ္မိ၊ ကိုယ်၌။ တုလျတာ၊ နှိုင်းယှဉ်အပ်သည်၏အဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ ဟံသာစ၊ ဟင်္သာတို့သည်၎င်း။ ကောဉ္စာစ၊ ကြိုးကြာတို့သည်၎င်း။ မယူရာစ၊ ဥဒေါင်းတို့သည်၎င်း။ ဟတ္ထယောစ၊ ဆင်တို့သည်၎င်း။ ပသဒါစ၊ ချေတို့သည်၎င်း။ မဂါစ၊ ဆိုအပ်ပြီးသည်မှကြွင်းကုန်သောသားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သီဟဿ၊ ခြင်္သေ့မှ။ ဘာယန္တိ၊ ကြောက်ကုန်၏။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ဒဟရောပိ၊ ငယ်သော်လည်း။ ပညဝါ၊ ပညာရှိသည်။ စေဟောသိ၊ အကယ်၍ဖြစ်အံ့။ သောဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူတို့၌။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဗာလော၊ ပညာမရှိသောသူသည်။ သရီရဝါ၊ ကိုယ်ကြီးသော်လည်း။ မဟာနာမ၊ ကြီးသောမည်သည်။ နေ-ဝဟောတိ၊ မဖြစ်သလျှင်တည်း။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍကဘဒ္ဒိယသည်။ သရီရေန၊ ကိုယ်အားဖြင့်။ ခုဒ္ဒကောတိ၊ ငယ်သကားဟူ၍။ တံ၊ ထိုလကုဏ္ဍကဘဒ္ဒိယကို။ ဉာဏေနပိ၊ ဉာဏ်အားဖြင့်လည်း။ ခုဒ္ဒကောတိ၊ ငယ်၏ဟူ၍။ မာမညိတ္ထ၊ မမှတ်ကြလင့်ကုန်။

ကေလိသီလဇာတကံဒုတိယံ။၂၀၂။

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိရူပက္ခေဟိမေ မေတ္တံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္ဓဇာတ်ကိုဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။

ဘုရားလောင်းသည် ခပ်သိမ်းကုန်သော ရသေ့တို့ကို စည်းဝေးစေ၍၊ ရသေ့တို့၊ သင်တို့သည် လေးပါးကုန်သော မြွေမင်းမျိုးတို့၌ မေတ္တာကို အကယ်၍ပွါးစေငြားအံ့၊ သင်တို့ကိုမြွေတို့သည်မခဲကုန်ရာ၊ ထို့ကြောင့်ယနေ့မှ စ၍လေးပါးကုန်သောမြွေမင်းမျိုးတို့၌၊ ဤသို့မေတ္တာကိုပွါးစေကုန်လော့ဟုဆို၍။ ။

(၂၅၇)ဝိရူပက္ခေဟိ မေ မေတ္တံ၊မေတ္တံဧရာပထေဟိမေ။

ဆဗျာပုတ္တေဟိ မေ မေတ္တံ၊မေတ္တံ ကဏှာဂေါတမကေဟိစ။ ။

(၂၅၈)အပါဒကေဟိ မေ မေတ္တံ၊မေတ္တံ ဒွိပါဒကေဟိ မေ။

စတုပ္ပဒေဟိ မေ မေတ္တံ၊မေတ္တံ ဗဟုပ္ပဒေဟိ မေ။ ။

(၂၅၉)မာ မံ အပါဒကော ဟိံသိ၊မာ မံ ဟိံသိ ဒွိပါဒကော။

မာ မံ စတုပ္ပဒေါ ဟိံသိ၊မာ မံ ဟိံသိ ဗဟုပ္ပဒေါ။ ။

(၂၆၀)သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊သဗ္ဗေ ဘူတာ စ ကေဝလာ။

သဗ္ဗေ ဘဒြာနိ ပဿန္တု၊မာ ကဉ္စိပါပ-မာဂမာ။ ။

(၂၆၁)အပ္ပမာဏော ဗုဒ္ဓေါ၊အပ္ပမာဏော ဓမ္မော။

အပ္ပမာဏော သံဃော၊ပမာဏဝန္တာနိ သရီသပါနိ။

အဟိဝိစ္ဆိကသတပဒီ၊ဥဏ္ဏနာဘိ သရဗူမူသိကာ။ ။

(၂၆၂)ကတာ မေ ရက္ခာ ကတာ မေ ပရိတ္တာ၊ပဋိက္ကမန္တု ဘူတာနိ။

သောဟံ နမော ဘဂဝတော၊နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၅၇)ဘဝန္တောဘာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ ဝိရူပက္ခေဟိ၊ ဝိရူပက္ခနဂါးမင်း၏ အမျိုးဖြစ်ကုန်သောမြွေတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဧရာပထေဟိ၊ ဧရာပထနဂါးမင်း၏ အမျိုးဖြစ်ကုန်သောမြွေတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဆဗျာပုတ္တေဟိ၊ ဆဗျာပုတ္တ နဂါးမင်း၏ အမျိုးဖြစ်ကုန်သောမြွေတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ကဏှာဂေါတမကေဟိစ၊ ကဏှာဂေါတမနဂါးမင်း၏ အမျိုးဖြစ်ကုန်သော မြွေတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ ချစ်ခြင်းကို။ ဘာဝေထ၊ ပွါးစေကြကုန်လော့။ ။
(၂၅၈)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ အပါဒကေဟိ၊ အခြေမရှိကုန်သော မြွေနဂါးငါးအစရှိသောသတ္တဝါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်းရှိကုန်သောသတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ စတုပ္ပဒေဟိ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဗဟုပ္ပဒေဟိ၊ များသောအခြေရှိကုန်သော သတ္တဝါတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ ချစ်ခြင်းကို။ ဘာဝေထ၊ ပွါးစေကြကုန်လော့။ ။
(၂၅၉)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ မံ၊ ငါ့ကို။ အပါဒကော၊ အခြေမရှိသောသတ္တဝါသည်။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဗဟုပ္ပဒေါစ၊ အခြေများစွာရှိသော သတ္တဝါသည်လည်း။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ ဣတိ၊ ဤသို့။ မေတ္တံ၊ ချစ်ခြင်းကို။ ဘာဝေထ၊ ပွါးစေကြကုန်လော။ ။
(၂၆၀)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ ဝဋ်တရား ခန္ဓာငါးပါးတို့၌ ငြိစွန်းတတ်ကုန်သော သတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏာ၊ ထွက်သက်ဝင်သက်နှင့် ပြည့်စုံကုန်သောသတ္တဝါတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာ၊ ဖြစ်ပြီးဖြစ်ဆဲကုန်သော သတ္တဝါတို့သည်၎င်း။ ကေဝလာ၊ ထိုဆိုအပ်ပြီးကုန်အောင်စုံသော သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ချက်ရှိကုံမဲ့သရွေ့ စေ့စေ့ စပ်စပ် မလပ်ကုန်အောင် စုံသောသတ္တဝါတို့သည်။ ဘဒြာနိ၊ ကောင်းသော အာရုံတို့ကိုသာလျှင်။ ပဿန္တု၊ မြင်ကြရစေကုန်သတည်း။ ဧတေသု၊ ထိုဆိုအပ်ပြီးသော သတ္တဝါတို့တွင်။ ကိဉ္စိဧကံဝိသတ္တံ၊ တစ်စုံတစ်ရာ တစ်ယောက်မျှသော သတ္တဝါသို့လည်း။ ပါပကံ၊ ယုတ်မာသောဆင်းရဲသည်။ မာအာဂမာ၊ မရောက်လာပါစေသတည်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ အဝေရာ၊ ရန်ဆူးရန်ငြောင့် အနှောင့်အရှက်ကင်းကုန်သည်။ အဗျာပဇ္ဇာ၊ နှလုံးဒုက္ခဗျာပါဒကင်းကုန်သည်။ သုခီ၊ ချမ်းသာခြင်းရှိကုန်သည်။ နိဒ္ဒုက္ခာ၊ ကိုယ်၏ဆင်းရဲဒုက္ခကင်းကုန်သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သဗ္ဗသတ္တေသု၊ ကုန်အောင်စုံသော သတ္တဝါတို့၌။ အနောဒိဿကဝသေန၊ မရည်မှတ်သည်၏ အစွမ်းဖြင့်။ မေတ္တံ၊ ချစ်ခြင်းကို။ ဘာဝေထ၊ ပွါးစေကြကုန်လော့။ ။

(၂၆၁)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ ဗုဒ္ဓေါ၊ သဗ္ဗညု သျှင်တော်ဘုရားသည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးတော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဓမ္မော၊ ဆယ်ပါးသော တရားတော်သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ၏။ သံဃော၊ ရှစ်ယောက်သော ပရမတ္ထသင်္ဃာတော်သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးတော်ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဣတိ၊ ဤသို့။ တုမှေ၊ သင်တို့သည်။ တိဏ္ဏံရတနာနံ၊ ရတနာသုံးပါးတို့၏။ ဂုဏေ၊ ကျေးဇူးတို့ကို။ အနုဿာရေထ၊ အောက်မေ့ကြကုန်လော့။

ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ သရိံသပါနိ၊ ကောက်တကျစ်ဖြစ်၍ သွားတတ်ကုန်သော။ ဝါ၊ ရွရွတွား၍ သွားတတ်ကုန်သော။ ဝါ၊ ကိုယ်ဖြင့် သွားတတ်ကုန်သော။ ဒီဃဇာသိကာနိ၊ ကြောက်ရှည်မျိုးဖြစ်သော သတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာရှိကုန်၏။ အဟိဝိစ္ဆိကသတပဒီ၊ မြွေ,ကင်းမြီးကောက်, ကင်းခြေများတို့၎င်း။ ဥဏ္ဏနာဘိ၊ ချက်မှပိုးမွေးကဲ့သို့ ထွက်သောအမျှင်ရှိသော ပင့်ခူ၎င်း။ သရဗူ၊ တက်တူတို့၎င်း။ မူသိကာ၊ ကြွက်တို့၎င်း။ ဣမာနိဘူတာနိ၊ ဤသတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာရှိကုန်၏။ ဣမေသတ္တာ၊ ဤကိလေသာရှိသော သတ္တဝါတို့သည်။ အပ္ပမာဏာနံ၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာမရှိကုန်သော။ တိဏ္ဏံရတနာနံ၊ ရတနာသုံးပါးတို့၏။ အာနုဘာဝေန၊ အာနုဘော်တော်ဖြင့်။ ရတ္တိဒိဝံ၊ နေ့ညဉ့်ပတ်လုံး။ ပရိတ္တကမ္မံ၊ စောင့်ရှောက်သော အမှုကို။ ကရောန္တု၊ ပြုစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ ။

(၂၆၂)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတော်တို့ကို။ အနုဿရန္တေန၊ အဖန်တလဲလဲအောက်မေ့သော။ မေ၊ အကျွန်ုပ်သည်။ ရက္ခံ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ အကျွန်ုပ်သည်။ ပရိတ္တံ၊ ထက်ဝန်းကျင်မှ အရံအတား အကွယ်အကာကို။ ကတာ၊ ပြုအပ်ပြီ။ ဘူတာနိ၊ ငါ၏အကျိုးမဲ့ကိုအလိုရှိသောသတ္တဝါတို့သည်။ ပဋိမက္ကန္တု၊ ဖဲစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ သောဟံ၊ ထိုငါသည်။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ‌တော်မူသော ပရိနိဗ္ဗာန်လွန်လေပြီးအတီးဖြစ်သောသျှင်တော် ဘုရားအား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြု၏။ သတ္တန္နံ၊ ခုနှစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဝိပဿီ,သိခီ,စသော သျှင်တော်ဘုရားတို့အား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြု၏။ ဣတိ၊ ဤသို့။ နမက္ကာရံ၊ ရှိခိုးခြင်းကို။ ကရောထ၊ ပြုကုန်လော့။ ။

ဝိရူပက္ခေဟိ, စသော ပဌမဂါထာဖြင့် သင်တို့သည်လေးပါးကုန်သော မြွေမင်းမျိုးတို့၌ မေတ္တာကိုပွါးစေကုန်ငြားအံ့၊ သင်တို့ကို မြွေမကိုက်ရာဟု, အဆုံးအမပေးသော အနုသန္ဓေအားလျော်စွာ၊ လေးပါးသော မြွေမင်းတို့ကိုပြပြီး၍၊ သင်တို့သည်ကား ထိုလေးပါးသောမြွေမင်းမျိုးတို့၌ မေတ္တာကိုပွါးစေခြင်းငှါ တတ်နိုင်ကုန်ငြားအံ့။ ဒီဃဇာထိကဖြစ်သော မြွေမျိုးတို့သည်သင်တို့ကို မကိုက်ကုန် မညှဉ်းဆဲကုန်လတ္တံ့ဟု အဆုံးအမဩဝါဒပေးပြီး၍၊ တဖန် အပါဒကေဟိ, စသော ဒုတိယဂါထာကို ဟောပြန်၏။ ထိုဒုတိယဂါထာ၌၊ အပါဒကေဟိ မေမေတ္တံ, ဟူသော ပဌမပါဒဖြင့် ဩဒိဿကပြု၍ ခပ်သိမ်းသော အပါဒက ဒီဃဇာတိကအမျိုးတို့၌၎င်း၊ခရု, ယောက်သွား,ငါး, အစရှိသည်တို့၌၎င်း မေတ္တာဘာဝနာကိုပြ၏။ မေတ္တံ ဒွိပါဒကေဟိမေ,ဟူသော ဒုတိယပါဒဖြင့် အခြေနှစ်ချောင်းရှိသော သတ္တဝါလူ,ဘီလူး, ပြိတ္တာ, ငှက်, စသည်တို့၌ မေတ္တာဘာဝနာကိုပြ၏။ စတုပ္ပဒေဟိ မေမေတ္တံ, ဟူသောတတိယ ပါဒဖြင့်၊ ဆင်,မြင်း,အစရှိသောခပ်သိမ်းသော အခြေလေးချောင်းရှိသော သတ္တဝါတို့၌ မေတ္တာဘာဝနာကိုပြ၏။ မေတ္တံဗဟုပ္ပဒေဟိမေ, ဟူသောစတုတ္ထပါဒဖြင့်၊ ဝိစ္ဆိကာသတပဒီ ဥဏ္ဏနာဘီဥစ္စာလိင်္ဂပါဏက, ပင့်ခူ,အစရှိသောအခြေများသော သတ္တဝါတို့၌ မေတ္တာဘာဝနာကိုပြ၏။ ဥစ္စာလိင်္ဂါတိသသောဓာဗဟုပါဒါပါဏကာ၊ဋီကာဟူရကား၊ အမွေးထူ၍ အခြေသည်းများ ယားယံစေတတ်သောခူ, စသောသတ္တဝါကို ဆိုလိုသည်။ ။ ဤသို့လျှင် သရုပ်အားဖြင့် မေတ္တာဘာဝနာကို ပြပြီး၍၊ ယခုအခါတောင်းပန်သည်၏ အစွမ်းအားဖြင့် မေတ္တာ ဘာဝနာကိုပြလိုရကား။ မာမံအပါဒကောဟိံသိ, စသော တတိယဂါထာကို ဟောပြန်သည်။ ဤတတိယဂါထာဖြင့် တောင်းပန် ခယ၍မေတ္တာကို ပွါးစေကုန်ကြဟု၊ ဩဝါဒပေးသည်။ ။ ယခုအခါမရည်မှတ်မူ၍ အနောဒိဿ အစွမ်းဖြင့်မေတ္တာဘာဝနာကို ပြလိုရကား။ သဗ္ဗေသတ္တာ, စသော စတုတ္ထဂါထာကိုဟောပြန်သည်။ သတ္တာ,ပါဏာ,ဘူတာ,တို့သည်ကား သဒ္ဒါမျှသာ ထူးသည်ဖြစ်၍သာမညအားဖြင့် အလုံးစုံသော သုံးပုဒ်တို့သည်လည်း ကုန်အောင်စုံသော သတ္တဝါကိုသိမ်းယူနိုင် ကုန်သည်သာတည်း။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာဟု သုံးပုဒ်တို့ဖြင့် ယူအပ်သော အနက်ကိုပင်သိမ်းယူ၍ကေဝလာဟူသောပုဒ်ဖြင့် ချုပ်ပြန်ရသည်။ ။

မာကိဉ္စိပါပမာဂမာတိ ဧတေသုကိဉ္စ ဧကံသတ္တံပိ ပါပံသာမကံဒုက္ခံ မာအဂမာ မာဂစ္ဆတု မာပါပုဏာတု။ ။ ဟု-အဋ္ဌကထာ ဖွဲ့ရကား၊ ကိဉ္စိဧကံသတ္တံပိ,ဟု ကံအ္နံကိုမှတ်ရသည်။ ပါပကံ,၌လည်း ယုတ်မာသော ဆင်းရဲသည်,ဟူသော ကတ္တားအ္နံကိုမှတ်ရသည်။ ဤဂါထာဖြင့် ကုန်အောင်စုံသော သတ္တဝါတို့၌ အနောဒိဿ၏ အစွမ်းအားဖြင့် မေတ္တာကိုပွါးစေကုန်ကြဟု အဆုံးအမပေးပြီး၍၊ တဖန်သုံးပါးသော ရတနာတို့၏ကျေးဇူးတော် ဂုဏ်တော်တို့ကို တလုံလဲလဲအောက်မေ့စေခြင်းငှါ၊ အပ္ပမာဏောဗုဒ္ဓေါ၊အပ္ပမာဏောဓမ္မော၊ အပ္ပမာဏောသံဃော, ဟူသောသုံးပါဒကို ဟောပြန်သည်။ ။

တတ္ထပမာဏကရာနံ ကိလေသာနံ အဘာဝေန ဂုဏာနဉ္စ ပမာဏာဘာဝေန ဗုဒ္ဓရတနံအပ္ပမာဏံ။ ။ အဋ္ဌကထာလာရကား၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာသည် ပမာဏမည်၏။ ထိုနှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာ မရှိခြင်းကြောင့် ဘုရားရတနာသည် အပ္ပမာဏမည်၏။ ။ ကိလေသာသည် အဘယ်သို့ နှိုင်းယှဉ်ခြင်းကို ပြုတတ်သနည်း ဟူမူ။ တစ်စုံတစ်ယောက်သော သတ္တဝါကို ကိုယ်အမူ, နှုတ်အမူ ငြိမ်သက်သည်ဖြစ်၍၊ ကိုယ်အမူနှုတ်အမူမငြိမ်မသက် မပေါ်မထွက် သေးသည်ဖြစ်၍၊ သီလဝန္တ ပုဂ္ဂိုလ်လော၊ သောတာပန်, သကဒါဂံ, စသောအရိယာပုဂ္ဂိုလ်လောဟု တွေးတောဆင်ခြင်လတ်သော်။ အကြင်ရောအခါ အစေးထန်သော သစ်ပင်ကိုပဲခွပ်စသည်ဖြင့် ခုတ်ဖြတ်ကပြွမ်းပြွမ်းအစေးကျလာ၏သို့ ရာဂ ဒေါသ မာန စသည်တို့၏ အာရုံတွေ့ကြုံလတ်သော် အဆိပ်ထန်သောမြွေဟောက်ကိုတုတ်ဖြင့်ခြောက်က ငေါက်ငေါက်ပါးပျဉ်းထ၏သို့။ ရာဂဒေါသမာနစသည် ငေါငေါပေါ်လာသည်ရှိသော် ဤသူသည် သီလဝန္တမဟုတ်၊ ဒုဿီလတကား။ ဤသူသည် အရိယာ သောတာပန်, စသည် မဟုတ်ဟုသိရသောကြောင့်၊ ရာဂစသောကိလေသာကိုပမာဏကို ပြုတတ်သည်ဆိုရသည်။ ။ တနည်းသော်တုံ၊ ကောင်းကင်ကို တက်ပြု၍ ခြင့်တွက်သော်လည်းမကုန်။ ဘုရားတစ်ဆူ့ဂုဏ်ကို ဘုရားတစ်ဆူသည် အသက်ထက်ဆုံးဟောငြားသော်လည်းမကုန်။ အသင်္ချေယျ အပ္ပမေယျ ဂုဏ်နှင့်ပြည့်စုံသောကြောင့် ဘုရားရတနာကို အပ္ပမာဏ,ဟုဆိုရလေသည်။ ။ ဤနည်းကိုမှီသဖြင့် အပ္ပမာဏောဓမ္မော, အပ္ပမာဏောသံဃော, ဟူသောနှစ်ပါဒ၌လည်း အဓိပ္ပါယတ္ထကိုသိအပ်၏။ ။ ဤသို့လျှင် ဘုရားလောင်းရသေ့သည် ဤသုံးပါးကုန်သော ရတနာတို့၏ကျေးဇူးဂုဏ်တော်ကို အဖန်တလဲလဲအောက်မေ့ကြကုန်ဟုဆုံးမ၍၊ သုံးပါးကုန်သောရတနာတို့၏ အပ္ပမာဏဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကိုပြပြီး၍၊ ယခုအခါ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာများစွာရှိသော သတ္တဝါတို့ကို ပြခြင်းငှါ။ ပမာဏဝန္တာနိ။ပ။မူသိကာ, ဟူသော သုံးပါဒတို့ကို ဟောပြန်သည်။ ။ သရိံသပါနီတိသဗ္ဗဒီဃ ဇာတိကာနံနာမံ, ဟူရကား။ သရိံသပ, ဟူသောအမည်သည် အလုံးစုံသောကြောက်ရှည်မျိုးတို့၏အမည်တည်း။ ။ သရန္တာ ဂစ္ဆန္တိသရီရေနဝါသပန္တိတိ သရိံသပါ,ပြု။ သရန္တာတိကုဋိသာဟုတွာ, ဋီကာဆိုရကား။ သရန္တာ၊ ကောက်ကောက်ကျစ်ကျစ်ဖြစ်ကုန်၍။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏၊ပေး။ ။ သရန္တောသပ္ပတီတိသရိံသပေါ၊အဿိ၊သံယောဂလောပေါ၊ အလုတ္တသမာသောယံ။ ။ ဤအဘိဓာန်ဋီကာ အလို၊ သရံသပ္ပတီတိံသရံသပ္ပေါ,ဆိုလိုလျက်၊ ရ,အစိတ်အ,ကို ဣ,ပြု၍ သရိ ၊ ပသံယုဂ်ကိုချေ၍ သပေါ၊ သရိံသပေါ, နေရမည်ဟူလို။ ။ စာအများ၌ သရိသပ္ပါနိ,ဟု၊ နိဂ္ဂဟိတ်ကင်းလျက် သံယုဂ်နှင့်ချည်းရှိကြရကား သတိထားရာသည်။ ။ အဟီတိအာဒိ တေသံသရူပနိဒဿနံ, ဟူရကား ဝိစ္ဆိကသတပဒိ စသည်ကိုလည်း သရိံသပ,၏ သရုပ်ပင် ဟူလိုသည်။ ယင်းသို့သော် သရိံသပါနီတိ သဗ္ဗဒီဃဇာတိကာနံ, ဟူသောရှေးစကားနှင့် မဆန့်ကျင်လောဟူမူ၊ ရှေးစကားဖြင့်မုချသရိံသပမည်သည်ကိုပြသည်။ နောက်စကားဖြင့် ကိုက်ခဲညှဉ်းဆဲတတ်သည်ဖြစ်၍ အနုလောမ အဖျော်ကဲ့သို့ အလျော်ယူရမည်ကို ပြသည်ဖြစ်၍ မဆန့်။ ။ ဥဏ္ဏနာဘီတိ မက္ကဋကော၊ တဿဟိနာဘိတော ဥဏ္ဏာသဒိသံ သုတ္တံ နိက္ခမတိ။ တသ္မာ ဥဏ္ဏနာဘီတိ ဝုစ္စတိ။ ။ ဟု အဋ္ဌကထာကို မြော်၍ အ္နံဆိုခဲ့သည်။ ။ ဤသို့လျှင် ဘုရားလောင်းရသေ့သည် အကြင်ကြောင့် ထိုသရိံသပတို့၏ကိုယ်တွင်း၌ ရာဂစသော နှိုင်းယှဉ်အပ်သော ကိလေသာတို့သည် ရှိကုန်၏။ ထိုသို့ရှိသောကြောင့် ထိုသရိံသပတို့သည် ပမာဏဝန္တ, မည်ကုန်၏ဟုပြ၍ အပ္ပမာဏ,ဖြစ်ကုန်သော သုံးပါးကုန်သော ရတနာတို့၏ အာနုဘော်ဖြင့် ဤပမာဏဝန္တ,ဖြစ်သောသတ္တဝါတို့သည် နေ့ညဉ့်ပတ်လုံး စောင့်ရှောက်သောအမှုကို ပြုကြစေကုန်သတည်းဟု၊ ဤသို့သုံးပါးကုန်သော ရတနာတို့၏ဂုဏ်ကို အောက်မေ့ကြကုန်ဟုဆိုပြီး၍၊ ထိုဆိုအပ်ပြီးသည်ထက်အလွန်ပြုအပ်သော အမှုကိုပြခြင်းငှါ။ ကတာမေ ရက္ခာ, စသောဆဋ္ဌဩသာန ဂါထာကိုဟောသည်။ ထိုဂါထာ၌။ နမောဘဂဝတော, ဟူသောပါဌ်ဖြင့် လွန်လေပြီး ပရိနိဗ္ဗာန် စံလေပြီးသော သဗ္ဗညုဘုရား ကုန်အောင်စုံက အကျဉ်း ချုံး၍ ပြသည်။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ, ဟူသောပါဌ်ဖြင့်၊ ဝိပဿီ,စသည်အစဉ်အတိုင်း ပရိနိဗ္ဗာန်ယူတော်မူကုန်ပြီးသော သဗ္ဗညုဘုရားဝိသေသ,ကိုပြသည်။ ။ ဤဇာတ်ကို ဘုရားလောင်းရသေ့ဟောစဉ် ကာလ၊ ကိုယ်တော်မြတ်မရှိသေးရကား။ ဆန္နံသမ္မာ သမ္ဗုဒ္ဓါနံ, ဟောသင့်သည် တကားဟူမူ၊ ငါတို့သဗ္ဗညု သျှင်တော်ဘုရားသည် ကိုယ်တော်မြတ်တပည့်သင်္ဃာတော်တို့အား မန္တရားပြု၍ဆောင်ရွက်စိမ့်သောငှါ၊ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသော ကာလ၊ ကိုယ်တော်မြတ်နှင့် တကွ၊ သတ္တန္နံ,ဟု ဟောတော်မူသည်။ အလောင်းတော်ရသေ့ဟောတော်မူသောကာလ၌ကား။ ကိုယ်တော်မြတ်မရှိသေးဖြစ်၍၊ ဆန္နံ,ပင်ဟောတော် မူရာသည်ဟုမှတ်ရာသည်)။ ။

ခန္ဓဇာတကံတတိယံ။၂၀၃။

ဤဇာတ်ကိုခန္ဓဇာတ်ဟု အဘယ့်ကြောင့် ဆိုသနည်းဟူမူ၊ ခန္ဓသဒ္ဒါသည် ရူပက္ခန္ဓော, ဝေဒနာက္ခန္ဓော, စသည်၌ တို့ကဲ့သို့ အပေါင်းအစုကို ဟောသည်။ ဣန္ဒသမာနဂေါတ္တဇာတ်, စသည်တို့ကဲ့သို့ တစ်ဦးသော သူကိုသာ အကြောင်းပြု၍ဟောသည်မဟုတ်။ ကုန်အောင်စုံသော တပည့်အပေါင်းအစုတို့အား မန္တရားပြု၍ ဆောင်စိမ့်သောငှါ ဟောတော်မူသောကြောင့် ပရိတ်ကိုခန္ဓပရိတ် ဆိုသတည်း။ ထိုပရိတ် ပါသောဇာတ်ကိုလည်း ခန္ဓဇာတ်ဆိုသတည်း။ တနည်း သော်တုံ၊ သိက္ခာပုဒ်အစု အပေါင်းကို ခန္ဓ,ဆိုသည်။ ထိုသိက္ခာပုဒ် အစုအပေါင်းကို ဟောရာ မဟာဝါ,စူဠဝါ,ကျမ်းကို ခန္ဓက, ဆိုသည်။ ထိုခန္ဓက ကျမ်း၌လာသော ပရိတ်ကိုကား၊ က,ကိုသိမ်း၍ ခန္ဓ,ဟုဆိုသည်။ ထိုခန္ဓပရိတ် ပါသောဇာတ်ကိုလည်း ရှေးနည်းအတူပင် ခန္ဓဇာတ်ဆိုသည်။ ။ ဤဇာတ်သည် ခြောက်ဂါထာရှိသောကြောင့်၊ ဆတ္တနိပါတ်၌ လာသင့်သည် မဟုတ်လောဟူမူ၊ သို့သော်လည်း၊ အစ၌ ဝိရူပက္ခေဟိ, အစရှိသောနှစ်ဂါထာတို့ဖြင့် လေးဦးကုန်သောမြွေမင်းအမျိုးတို့၌ မေတ္တာကိုပြုအပ်သည်၏ အဖြစ်ကြောင့် ပဋ္ဌာနဖြစ်သော နှစ်ဂါထာကိုစွဲ၍ ဤဒုကနိပါတ်၌ ဆိုသည်။ တနည်းသော်တုံ၊ ဩဒိဿက,အနောဒိဿက, အစွမ်းအားဖြင့် နှစ်ပါးကုန်သော မေတ္တာဘာဝနာတို့ကို ပြုအပ်သည်၏ အဖြစ်ကြောင့် သဒ္ဒါပင်များသော်လည်းအ္နံနှစ်ပါးကိုစွဲ၍ ဤဒုကနိပါတ်၌ ဆိုသည်ဟု ဖြေရာသည်။ ။ ဤမှတစ်ပါးသော အပြားအားလည်းအကြောင်း ပဝတ္တိနိမိတ်ကို ပညာရှိတို့ရှာသင့်သေး၏)။ ။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိဝီရကပဿေသိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝိရကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မြတ်စွာဘုရား၏ အတုပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသဝိဋ္ဌက၏မယားသည် လာလတ်သည်ကိုမမြင်သည်ရှိသော်အကြောင်းကိုသိစိမ့်သောငှါ ဝိရက၏အထံသို့သွား၍၊ အသျှင်၊ သဝိဋ္ဌကသည်မထင်။ ထိုသဝိဋ္ဌကသည် အဘယ့်မှာလျှင်ရှိလေသနည်း။ ဤသို့မေးလိုသည်ဖြစ်၍။ ။

(၂၆၃)အပိ ဝီရက ပဿေသိ၊သကုဏံ မဉ္ဇု-ဘာဏိကံ။

မယူရဂီဝ-သင်္ကာသံ၊ပတိံ မယှံ သဝိဋ္ဌကံ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၆၃)ဝီရက၊ အသျှင်ဝီရက။ မဉ္ဇုဘာဏိကံ၊ သာယာသောအသံရှိထသော။ မယူရ-ဂီဝ-သင်္ကာသံ၊ ဥဒေါင်းလည်နှင့်တူသော အဆင်းရှိထသော။ မယှံ၊ ငါ၏။ ပတိံ၊ လင်ဖြစ်သော။ သဝိဋ္ဌကံ၊ သဝိဋ္ဌကအမည်ရှိသော။ သကုဏံ၊ ငှက်ကို။ တွံ၊ အသျှင်သည်။ ပဿေသိပိ၊ မြင်ပါ၏လော။ ။ (အပိ,ကားပုစ္ဆာအ္နံ)။ ။

ထိုစကားကိုကြား၍ ဝိရကသည် သင်၏လင်သွားရာအရပ်ကိုငါသိ၏ဟုဆိုလိုရကား။ ။

(၂၆၄)ဥဒက-ထလ-စရဿ ပက္ခိနော၊နိစ္စံ အာမက-မစ္ဆ-ဘောဇိနော။

တဿာ-နုကရံ သဝိဋ္ဌကော၊သေဝါလေ ပလိဂုဏ္ဌိတော မတော။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၆၄)ကာကိ၊ ကျီးမ။ ဥဒက-ထလ-စရဿ၊ ရေကြည်းအရပ်၌ကျက်စားခြင်းငှါစွမ်းနိုင်သော။ နိစ္စံ၊ အမြဲ။ အာမက-မစ္ဆ-ဘောဇိနော၊ ငါးစိမ်းကိုစားလေ့ရှိသော။ တဿတာဒိသဿ၊ ထိုသို့သသူသော။ ပက္ခိနော၊ ငှက်၏။ အနုကရံ အနုကရောန္တော၊ အတုပြုသည်ဖြစ်၍၊အတုပြုခြင်းကြောင့်။ သဝိဋ္ဌကော၊ သင့်လင်သဝိဋ္ဌကသည်။ သေဝါလေ၊ မှော်၌။ ပလိဂုဏ္ဌိတော၊ လွှမ်းဖုံးအပ်သည်ဖြစ်၍။ ဝါ၊ ငြိသည်ဖြစ်၍။ မတော၊ သေလေပြီ။ ။ (ဤဂါထာသည် ဝေသာလီဂါထာဖြစ်၍။ သေဝါလေလိုသည်။န,ရှိက၊ဂါထာပိုသည်)။ ။

ဝီရကဇာတကံစတုတ္ထံ။၂၀၄။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သောဘတိမစ္ဆော ဂင်္ဂေယျော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ပဉ္စင်းငယ်နှစ်ယောက်တို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ဂင်္ဂါ ငါး, ယမုနာ ငါး, နှစ်ခုတို့သည် ငါတင့်တယ်၏။ သင်သည်မတင့်တယ်ဟု အဆင်းကိုအမှီပြုကုန်၍ ငြင်းခုံသည်ရှိသော်၊ အနီးဖြစ်သော ဂင်္ဂါကမ်းနား၌ နေသောလိပ်ကို မြင်ကုန်၍ဤလိပ်သည် ငါတို့၏တင့်တယ်သည်၏အဖြစ်ကို၎င်း၊ မတင့်တယ်သည်၏အဖြစ်ကို၎င်း သိလတ္တံ့ဟုဆိုကုန်၍၊ ထိုလိပ်သို့ကပ်ကုန်၍၊ အဆွေလိပ်၊ ဂင်္ဂါငါးသည်တည်း တင့်တယ်သလော။ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်း တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း၊ ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏၊ ယမုနာငါးသည်လည်းတင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကားငါသည်သာလျှင် အတိုင်းထက်အလွန် တင့်တယ်၏။ ဤသို့သောအ္နံကို ပြလိုရကား။ ။

(၂၆၅)သောဘတိ မစ္ဆော ဂင်္ဂေယျော၊အထော သောဘတိ ယာမုနော။

စတုပ္ပဒေါ-ယံ ပုရိသော၊နိဂြောဓ-ပရိမဏ္ဍလော။

ဤသာ-မာယတ-ဂီဝေါစ၊သဗ္ဗေ-ဝ အတိရောစတိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၆၅)ဂင်္ဂေယျော၊ ဂင်္ဂါမြစ်၌ဖြစ်သော။ မစ္ဆော၊ ငါးသည်။ သောဘတိ၊ တင့်တယ်ပေ၏။ အထော၊ ထိုမြို့။ ယာမုနော၊ ယမုနာမြစ်၌ဖြစ်သော။ မစ္ဆောပိ၊ ငါးသည်လည်း။ သောဘတိ၊ တင့်တယ်ပေ၏။ စ၊ ထိုငါးနှစ်ဦးတို့ထက် ထူးသည်ကိုဆိုအံ့။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိထသော။ နိဂြောဓ-ပရိမဏ္ဍလော၊ ပြည်ညောင်ပင်ကဲ့သို့ဝန်းဝန်း စက်စက် ဖြစ်ထသော။ ဤသာ-မာယတ-ဂီဝေါ၊ ရထားသန် သဖွယ် ရှည်သွယ် ညွတ်ကော့သော လည်ရှိထသော။ အယံပုရိသော၊ ဤယောက်ျားသည်ကား။ သဗ္ဗေ-ဝ၊ အလုံးစုံကုန်သော သင်တို့ကိုလျှင်။ အတိရောစတိ၊ လွန်၍တင့်တယ်သေး၏။ ။

ငါးတို့သည်လိပ်၏ စကားကိုကြားကုန်၍၊ အိုလိင်ယုတ်မာ၊ငါတို့သည် မေးအပ်သည်ကိုမဖြေမူ၍တစ်ပါးကိုသာလျှင်ဆို၏ဟုကဲ့ရဲ့လို၍။ ။

(၂၆၆)ယံ ပုစ္ဆိတော န တံ အက္ခာသိ၊အညံ အက္ခာသိ ပုစ္ဆိတော။

အတ္တ-ပသံသကော ပေါသော၊နာ-ယံ အသ္မာက ရုစ္စတိ။

ဟူသောဤဒုတိယဂါထာကိုဆိုကုန်၏။ ။

(၂၆၆)အမ္ဘောပါပကစ္ဆပ၊ အိုလိပ်ယုတ်မာ။ ပုစ္ဆိတော၊ ငါတို့မေးအပ်သော။ တွံ၊ သင်သည်။ ယံ၊ အကြင်ပြဿနာကို။ မေ၊ ငါတို့သည်။ ပုစ္ဆတော၊ မေးအပ်၏။ တံ၊ ထိုမေးအပ်သောပြဿနာကို။ နအက္ခာသိ၊ မဖြေ။ အညံ၊ တစ်ပါးကို။ အက္ခာသိ၊ ဖြေဆို၏။ အတ္တ-ပသံသကော၊ မိမိကိုယ်ကိုချီးမွမ်းတတ်သော။ အယံပေါသော၊ ဤသတ္တဝါသည်။ အမှာကံ၊ ငါတို့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ။

(ဂင်္ဂါယံဇာတော ဂင်္ဂေယျော။ ။ ဇာတာဒီနမိမိယာစ, ဟူသောသုတ်၌ စဂြိုဟ်ဖြင့်ဏေယျပစ္စည်းရောက်သည်။ ။ ယမုနာယံဇာတောယာမုနော၊ဏပစ္စည်း။ နိဂြောဓောဝိယပရိမဏ္ဍလောပုရိသောသောယံ နိဂြောဓ-ပရိမဏ္ဍလော,ပြု။ ။ ထို့ကြောင့်အဋ္ဌကထာ၌၊ နိဂြောဓပရိမဏ္ဍလောတိ သုဇာတော နိဂြောဓောဝိယ ပရိမဏ္ဍလော၊ မိန့်သော ဤအဋ္ဌကထာကို နှလုံးပိုက်မိမူ။ နိဂြောဓဿပရိမဏ္ဍလောနိဂြောဓ-ပရိမဏ္ဍလော၊နိဂြောဓ-ပရိမဏ္ဍလော ဣဝယောရာဇကုမာရော သောယံနိဂြောဓ-ပရိမဏ္ဍလော,ဟုသမာသ်ပါဠိ၌ရှိသော ပဌမာဗဟုဗ္ဗီဟိသမာသဝိဂ္ဂဟသည် ပါဠိအနေ မကျသေးသည်ကိုဆင်ခြင်နိုင်လိမ့်မည်။ ။ အနေကျပါဠိအသို့ရှိရာအံ့နည်းဟူမူ။ ။ နိဂြောဓောဣဝပရိမဏ္ဍလောယေါရာဇကုမာရောသောယံနိဂြောဓပရိမဏ္ဍလော၊ဤကားပဌမာဗဟုဗ္ဗီဟိ၊အထဝါ၊ နိဂြောဓဿပရိမဏ္ဍလော နိဂြောဓပရိမဏ္ဍလေါ၊နိဂြောဓပရိမဏ္ဍလောဣဝ ပရိမဏ္ဍလောယဿ ရာဇကုမာရဿသောယံ နိဂြောဓပရိမဏ္ဍလော,ဟု၊ ပါဠိအနေကျရှိရာသည်။ ဤပါဠိပျက်ပြားသည်ကားကာလရှည်လျားလှလေပြီ။ ။

ယောရာဇကုမာရော၊ အကြင်မင်းသားသည်။ နိဂြောဓော၊ ပင်စည်ကိုင်းခက်မျှသောပြည်ညောင်ပင်သည်။ ပရိမဏ္ဍလောဣဝ၊ ဝန်းဝန်းစက်စက်ရှိ၏သို့။ ပရိမဏ္ဍလော၊ အရပ်နှင့်အလံတော်မျှသဖြင့်ဝန်းဝန်းစက်စက်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအယံရာဇကုမာရော၊ ထိုမင်းသားသည်။ နိဂြောဓပရိမဏ္ဍလော၊ နိဂြောဓပရိမဏ္ဍလမည်၏။ နိဂြောဓပရိမဏ္ဍလော၊ ပင်စည်ကိုင်းခက်မျှသည်ဖြစ်၍ ဝန်းဝန်းစက်စက်ရှိသောပြည်ညောင်ပင်ကဲ့သို့ အရပ်နှင့်အလံမျှသဖြင့်ဝန်းဝန်းစက်စက်ရှိသောမင်းသား။ အထဝါ၊ တနည်းကား။ နိဂြောဓဿ၊ ပြည်ညောင်ပင်၏။ ပရိမဏ္ဍလော၊ အချင်းချင်းမျှသဖြင့်ဝန်းဝန်းစက်စက်သောပင်စည်ကိုင်းခက်။ ဝါ၊ စက်ချသကဲ့သို့ဝန်းသောပင်စည်ကိုင်းခက်။ နိဂြောဓပရိမဏ္ဍလော၊ ပြည်ညောင်ပင်၏ဝန်းသောပင်စည်ကိုင်းခက်။ ။ ယဿရာဇကုမာရဿ၊ အကြင်မင်းသားအား။ နိဂြောဓပရိမဏ္ဍလောဣဝ၊ ပြည်ညောင်ပင်၏ဝန်းသောပင်စည်ကိုင်းခက်ကဲ့သို့။ ပရိမဏ္ဍလော၊ အရပ်နှင့်အလံမျှသဖြင့် ဝန်းဝန်းစက်စက်သောကိုယ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအယံရာဇကုမာရော၊ ထိုမင်းသားသည်။ နိဂြောဓပရိမဏ္ဍလော၊ မည်၏။ နိဂြောဓပရိမဏ္ဍလော၊ ပြည်ညောင်ပင်၏ဝန်းဝန်းစက်စက်သောပင်စည်ကိုင်းခက်ကဲ့သို့အရပ်နှင့်အလံမျှသဖြင့် ဝန်းဝန်းစက်စက် သောတင့်တယ်သောကိုယ်ရှိသောမင်းသား။ ။

ဤအဆုံးအဖြတ်ကို ဒုလ္လဘဖြစ်၍ သံမှိုနှက်သကဲ့သို့စိတ်ထက်မြဲစွာမှတ်ရာသည်။ ။ ဤသမာယတဂီဂေါတိ ရထီသံဝိယအာယတဂီဝေါ၊ ဟု-အဋ္ဌကထာဖွင့်ရကား။ ဤသိကာယတဂီဝေါစ၊ဖြူဆံမြက်ကဲ့သို့ရှည်သောလည်လည်းရှိထသော။ ဟုယောဇနာသည်ကား၊ မကြည့်မရှုကိုင်ကာပြုသောကြောင့် ဂရုပြု၍မမှတ်ရာသည်)။ ။

ဂင်္ဂေယျဇာတကံပဉ္စမံ။၂၀၅။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣင်္ဃ ဝဋ္ဋမယံပါသံအစရှိသော ဂါထာပုဒ်တို့ဖြင့်တန်းဆာဆင်အပ်သော ဤကုရုင်္ဂမိဂဇာတ်ကို ဇေတဝန်ကျောင်းတော်၌သီ တင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ ခေါက်ရှာငှက်သည် လိပ်ကိုခေါ်၍၊ အဆွေလိပ်၊ သင်အားသွားတို့သည်ရှိကုန်၏။ သင်သည် ဤကြော့ကွင်းကိုဖြတ်လော့၊ ငါသည်သွား၍ အကြင်သို့ပြုအပ်သည်ရှိသော် ထိုမူဆိုးသည်မလာလတ္တံ့၊ ထိုသို့ပြုချေအံ့။ ဤသို့နှစ်ယောက်ကုန်သောငါတို့သည် ပြုအပ်သောလုံ့လဖြင့်ငါတို့၏ အဆွေသည် အသက်ကိုရလတ္တံ့၊ ဤသို့သောအနက်ကိုပြလိုသည်ဖြစ်၍။ ။

(၂၆၇)ဣင်္ဃ ဝဋ္ဋမယံ ပါသံ၊ဆိန္ဒ ဒန္တေဟိ ကစ္ဆပ။

အဟံ တထာ ကရိဿာမိ၊ယထာ နေ-ဟိတိ လုဒ္ဒကော။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၆၇)ကစ္ဆပ၊ အဆွေလိပ်။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တွံ၊ သင်သည်။ ဝဋ္ဋမယံ၊ လုံးစွာကျစ်သဖြင့်ပြုအပ်သော။ ပါသံ၊ သားရေကြော့ကွင်းကို။ ဒန္တေဟိ၊ သွားတို့ဖြင့်။ ဆိန္ဒ၊ ဖြတ်ကာမူလော့။ အဟံ၊ ငါသည်ကား။ ယထာ၊ အကြင်အချင်းဖြင့်ပြုအပ်သည်ရှိသော်။ လုဒ္ဒကော၊ မုဆိုးသည်။ နေ-ဟိတိနဧဟိတိ၊ မလာလတ္တံ့။ တထာ၊ ထိုအချင်းဖြင့်။ ကရိဿာမိ၊ ပြုချေအံ့။ ။

ဘုရားလောင်းသည်နှစ်ခုကုန်သောငှက်,လိပ်,တို့အားအဆုံးအမကိုပေးလျက်၊ ငါသည်သင်တို့ကိုမှီ၍ အသက်ကိုရပေ၏။ သင်တို့သည်အဆွေဖြစ်သောငါ၏ပြုအပ်သောကိစ္စကို ပြုပေ၏။ ယခုအခါ၌မူဆိုးသည် လာလတ်၍ သင်တို့ကိုဖမ်းရာ၏။ ထို့ကြောင့်၊ အဆွေခေါက်ရှာငှက်၊ သင်သည်မိမိ၏သားငယ်တို့ကိုယူ၍ တစ်ပါးသောအရပ်သို့ သွားလော့။ အဆွေလိပ်သည်လည်း ရေသို့ ဝင်လော့ဟုဆို၏။ ထိုငှက်,လိပ်,တို့သည် ထိုဘုရားလောင်းဆိုတိုင်းပြုကုန်၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍။

(၂၆၈)ကစ္ဆပေါ ပါဝိသီ ဝါရိံ၊ကုရုင်္ဂေါ ပါဝိသိဝနံ။

သတပတ္တော ဒုမဂ္ဂမှာ၊ဒူရေ ပုတ္တေ အပါနယိ။

ဟူသောဤဒုတိယဂါထာကိုဟောတော်မူ၏။ ။

(၂၆၈)ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မယာ၊ ငါသည်။ ဩဝါဒေ၊ အဆုံးအမကို။ ဒိန္နေ၊ ပေးအပ်ပြီးသည်ရှိသော်။ ကစ္ဆပေါ၊ ရေလိပ်သည်။ ဝါရိံ၊ ရေသို့။ ပါဝိသိ၊ ဝင်လေပြီ။ ကုရုင်္ဂေါ၊ ကုရုင်္ဂမည်သောသားသည်။ ဝနံ၊ တောသို့။ ပါဝိသိ၊ ဝင်လေပြီ။ သတပတ္တော၊ ခေါက်ရှာငှက်သည်ကား။ ဒုမဂ္ဂမှာ၊ သစ်ပင်ဖျားမှ။ ဒူရေ၊ ဝေးသောအရပ်သို့။ ပုတ္တေ၊ သားငယ်တို့ကို။ အပါနယိ၊ ဖဲခွါယူဆောင်လေပြီ။

(ကစ္ဆေနပိဝတီတိကစ္ဆပေါ။ ။ ကစ္ဆေန၊ လက်ကတီးကြားဖြင့်။ ဝိဝတိ၊ ရေသောက်တတ်၏။ပေး။ ။ နေဟိတိကိုနဧဟိတိဖြတ်။ ။ ဧဟိတိ,ကား၊သမ္မောဒမာနါဂစ္ဆန္တိ၊ ဇာလမာဒါယပက္ခိနော။ ယဒါ တေဝိဝဒိဿန္တိ ၊တဒါ ဧဟိန္တိမေဝသံ။ ။ တို့၌ကဲ့သို့ ဣဓာတ်ဖြင့်ပြီးသည်။ ။ ဣဓာတ်နောင် ဘဝိဿန္တိ ဝိဘတ်သက်၍၊ ဟောတိဿရေဟောဟေဘဝိဿန္တိမှိသဿစ။ ။ ဟူသောသုတ်၌စသဒ္ဒါဖြင့်၊ ဣဓာတ်ကိုဧဟပြု၊ဿကိုလည်းချေ၍။ ။ ဣကာရာဂမောအသဗ္ဗဓာတုကမှိ၊ဟူသောသုတ်ဖြင့်ဣအက္ခရာလာ၍ရုပ်ပြီးစေ။ ။ ပါဝိသိဟုဒီဃလိုသည်။ ။ ကုရုင်္ဂမိဂေါတိဧဝံနာမကောမိဂေါ၊ ပသဒမိဂေါတိဝိဝဒန္တိ။ သတပတ္တောတိသကုဏဂ္ဃိ၊ ဋီကာအလို။ သတပတ္တောကို၊ သိန်းပေးလိုသည်)။ ။

ကုရုင်္ဂမိဂဇာတကံဆဋ္ဌံ။၂၀၆။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အယမဿကရာဇေန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဿကဇာတ်ကိုဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သောနွားချေးပိုးဖိုမတို့သည်နွားချေးစိုင်ကိုဖောက်ကုန်လျက် မင်း၏ရှေ့သို့လာစေ ကုန်သတည်းဟု၊ ထိုနှစ်ခုကုန်သောနွားချေးပိုးဖိုမတို့၏လာခြင်းကိုပြု၏။ ထိုနှစ်ခုကုန်သော နွားချေးပိုးဖိုမတို့သည် ဘုရားလောင်း ဓိဋ္ဌာန်တိုင်းလျှင်လာလတ်ကုန်၏။ ဘုရားလောင်းသည်ထိုနွားချေးပိုးမကို ပြလျက်၊ မင်းမြတ်၊ ဤနွားချေးပိုးမသည်သင်မင်းမြတ်၏ ဥပရိမည်သောမိဖုရားတည်း။ သင့်ကိုစွန့်၍ နွားချေးပိုး အဖို၏နောင်မှလိုက်၏။ ထိုနွားချေးပိုးမကိုရှုကုန်လော့ဟုဆို၏။ အသျှင်ဘုရား၊ ဥပရိစဉ်လျက် နွားချေးပိုးအမျိုး၌ဖြစ်လတ္တံ့ဟူ၍အကျွန်ုပ်သည်မယုံဟုဆိုသည်ရှိသော်၊ မင်းမြတ်၊ထိုနွားချေးပိုးမကို ဆိုစေအံ့ဟုဆို၍၊ အသျှင်ဘုရား၊ ဆိုစေကုန်လော့ဟု လျှောက်သည်ရှိသော်၊ ဘုရားလောင်းသည်မိမိ၏ အာနုဘော်အားဖြင့်ထိုနွားချေးပိုးမကိုဆိုစေသတည်းဟုဓိဋ္ဌာန်၍ ဥပရိဟူ၍ခေါ်၏။ နွားချေးပိုးမသည်လူ့ဘာသာဖြင့်၊ အသျှင်ဘုရား၊အဘယ်ပြုအံ့နည်းဟုဆို၏။ သင်သည်လွန်လေပြီးသောဘဝ၌ အဘယ်အမည်ရှိသနည်းဟု ဆိုသည်ရှိသော်၊ အသျှင်ဘုရား၊ အဿကမင်း၏မိဖုရားဖြစ်သော ဥပရိအမည်ရှိသည်ဖြစ်၏ဟုဆို၏။ ယခုအခါ၌သင်သည် အဿကမင်းကိုတည်းချစ်သလော၊ ထိုသို့မဟုတ်မူကားနွားချေးပိုး အဖိုကိုတည်း ချစ်သလောဟုမေး၏။ အသျှင်ဘုရား၊ ထိုအဿကမင်းသည်ရှေးဘဝ၌ အကျွန်ုပ်၏လင်ဖြစ်၏။ ထိုအခါ၌အကျွန်ုပ်သည် ဤဥယျာဉ်၌အဿကမင်းနှင့်တကွ၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကိုခံစားလျက်သွားရ၏။ ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သောကာလမှစ၍ ထိုအဿကမင်းသည်အကျွန်ုပ်အား အသို့တော်သနည်း။ ထို့ကြောင့်ယခုအခါ၌ အကျွန်ုပ်သည် အဿကမင်းကိုသတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်လင်ဖြစ်သော နွားချေးပိုးအဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆိုလို၍၊ ပရိသတ်အလယ်၌လူ့ ဘာသာဖြင့်။ ။

(၂၆၉)အယ-မဿက-ရာဇေန၊ဒေသော ဝိစရိတော မယာ။

အနုကာမယ-ကာမေန၊ပိယေန ပတိနာ သဟ။

(၂၇ဝ)နဝေန သုခ-ဒုက္ခေန၊ပေါရာဏံ အပိဓီယတိ။

တသ္မာ အဿက-ရညာ-ဝ၊ကီဋော ပိယတရော မမ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၆၉-၂၇၀)ဘန္တေ၊ သျှင်ရသေ့။ အယံဒေသော၊ ဤမွေ့လျော်ပျော်ဖွယ်ရှိသောဥယျာဉ်အရပ်သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ မယာ၊ အကျွန်ုပ်သည်။ အနုကာမယကာမေန၊ ချစ်ချင်းချစ်ထသော။ ဝါ၊ သူ့ကိုချစ်သောအကျွန်ုပ်ကိုသူကလည်းချစ်ထသော။ ပိယေန၊ ရှေးဘဝကအလွန်ချစ်ထသော။ ပတိနာ၊ ထိုရှေးအတ္တဘောကလင်ဖြစ်ထသော။ အဿက-ရာဇေန၊ အဿကမင်းနှင့်။ သဟ၊ တကွ။ ဝိစရိတော၊ ကျင်လည်သွားလာဖူးသော။ ဒေသော၊ အရပ်တည်း။ ။

ဘန္တေ၊ သျှင်ရသေ့။ ဣဒါနိ၊ ယခုအခါ၌ကား။ နဝေန၊ အသစ်ဖြစ်သော။ သုခ-ဒုက္ခေန၊ ချမ်းသာဆင်းရဲသည်။ ပေါရာဏံ၊ အဟောင်းဖြစ်သောချမ်းသာဆင်းရဲကို။ ယသ္မာ၊ အကြင်ကြောင့်။ အဝိဓိယတိ၊ ဖုံးလွှမ်းအပ်၏။ (ဤသို့ဖုံးလွှမ်းအပ်သည်ကားလောကဓမ္မတာဖြစ်၏)။ တသ္မာ၊ ထို့ကြောင့်။ အဿက-ရညာ၊ လင်ဟောင်းဖြစ်သောအဿကမင်းထက်။ ကီဋောဝ၊ လင်သစ်ဖြစ်သောနွားချေးပိုးအဖိုကိုလျှင်။ မမ၊ အကျွန်ုပ်သည်။ ဝိယတရော၊ အလွန်ချစ်အပ်၏။ ။ (အနုကာမယကာမေနာတိ မယာတံကာမယမာနာယတေနမံ ကာမယမာနေန, ဖွင့်သောအဋ္ဌကထာအလို။ ။ တံကာမယတီတိကာမယမနာ။ ။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ ထိုအဿကမင်းကို။ ကာမယတိ၊ ချစ်ခင်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ကာမယမာနာ၊ မည်၏။ ။ မံကာမေတီတိကာမော။ ။ ယောရာဇာ၊ အကြင်အဿကမင်းသည်။ မံ၊ အကျွန်ုပ်ကို။ ကာမေတိ၊ ချစ်ခင်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောရာဇာ၊ ထိုအဿကမင်းသည်။ ကာမော၊ ကာမမည်၏။ ။ ကာမယမာနံကာမော ကာမယကာမော,ပြ၍။ ။ ကညေကာမယမာနံမံ၊ နကာမယသိကိံန္ဓိဒံ။ ။ ဟူသောပြယုဂ်တို့၌ကဲ့သို့။ ။ ကာမယမာနကာမော,ဆိုအပ်လျက်၊မာန ကိုချေ၍ကာမယကာမော,ပြီးသည်။ ။ ဓာဓာတ်၏ရှေးအပိ၏အ,သည်မကျေသည်လည်းရှိ၏။ ကျေ၍ပိဓိယတိ,ဟူ၍လည်းရှိသင့်၏။ ဤကားမကျေမှဆန်းသင့်သည်)။ ။

အဿကဇာတကံ သတ္တမံ။၂၀၇။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အလံ မေတေဟိ အမ္ဗေဟိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုသုမာရဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်သည်ဘုရားသဗ္ဗညုအားသတ်အံ့သောငှါ လုံ့လပြခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

မျောက်မင်း၊ သင်သည်ငါ့အားနှလုံးသားကိုအကယ်၍ပေးအံ့။ ငါသည်သင့်ကိုမသတ်အံ့ဟုမိကျောင်းသည်ဆို၏။ ထိုသို့တပြီးကား ထိုအရပ်သို့ငါ့ကိုဆောင်လော့၊ ငါသည်သင့်အား သစ်ပင်၌ဆွဲထားသော နှလုံးသားကိုပေးအံ့ဟု၊ ဘုရားလောင်းဆို၏။ ထိုမိကျောင်းသည် ထိုဘုရားလောင်းကိုယူ၍ ထိုရေသဖန်းပင်သို့သွား၏။ ဘုရားလောင်းသည် ထိုမိကျောင်း၏ကျောက်ကုန်းမှခုန်၍ရေသဖန်းပင်၌ထိုင်၍၊ အချင်းမိကျောင်းမိုက်၊ သင်သည်သတ္တဝါတို့၏ နှလုံးသားမည်သည်ကား သစ်ပင်ဖျား၌ဖြစ်၏ဟုအမှတ်ရှိသည်ဖြစ်၍ မိုက်လေစွတကား။ ငါသည်သင့်ကိုလှည့်စား၏။ သင်၏သစ်သီးကြီးငယ်သည်သင့်အားပင်လျှင်ဖြစ်စေတော့၊ ငါအလိုမရှိပြီ။ သင်အားကိုယ်သာလျှင်ကြီး၏။ ပညာသည်တမူကားမရှိ။ ဤသို့ဆို၍ဤအနက်ကိုပြလိုရကား။ ။

(၂၇၁)အလံ မေ-တေဟိ အမ္ဗေဟိ၊ဇမ္ဗူဟိ ပနသေဟိ စ။

ယာနိ ပါရံ သမုဒ္ဒဿ၊ဝရံ မယှံ ဥဒုမ္ဗရော။

(၂၇၂)မဟတီ ဝတ တေ ဗောန္ဒိ၊န စ ပညာ တဒူပိကာ။

သုသုမာရ ဝဉ္စိတော မေ၊ဂစ္ဆ ဒါနိ ယထာ-သုခံ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၂၇၁-၂၇၂)သုသုမာရ၊ မိကျောင်း။ သမုဒ္ဒဿ၊ ဂင်္ဂါ၏။ ပါရံ၊ ထိုမှာဘက်၌။ ယာနိ၊ အကြင်သရက်သီးအစရှိသည်တို့ကို။ တယာ၊ သင်သည်။ နိဒ္ဒိဋ္ဌာနိ၊ ညွှန်ပြအပ်ကုန်၏။ ဧတေဟိအမ္ဗေဟိ၊ ထိုသရက်သီးတို့ဖြင့်၎င်း။ ဧတေဟိဇမ္ဗူဟိ၊ ထိုသပြေသီးတို့ဖြင့်၎င်း။ ဧတေဟိပနသေဟိစ၊ ထိုပိန္နဲသီးတို့ဖြင့်၎င်း။ မေ၊ ငါ့အား။ အလံ၊ အလိုမရှိပြီ။ မယှံ၊ ငါ့အား။ ဥဒုမ္ဗရော၊ ရေသဖန်းသီးသည်သာလျှင်။ ဝရံ၊ ကောင်းမြတ်၏။ ။

သုသုမာရ၊ မိကျောင်း။ ဝတ၊ စင်စစ်။ တေ၊ သင်၏။ ဗောန္ဒိ၊ ကိုယ်သည်သာလျှင်။ မဟတီ၊ ကြီး၏။ တဒူပိကာတဿသရီရဿအနုစ္ဆဝိကာ၊ ထိုကြီးသောကိုယ်အားလျောက်ပတ်သော။ ပညာစ၊ ပညာမူကား။ နတ္ထိ၊ မရှိ။ တွံ၊ သင့်ကို။ မေ၊ ငါသည်။ ဝဉ္စိတော၊ လှည့်ပတ်အပ်သည်။ အသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ယထာ-သုခံ၊ ချမ်းသာသည့်အလျောက်။ ဝါ၊ အလိုအလျောက်။ ဂစ္ဆ၊ သွားလေမောင်မင်း။

(ဤဇာတ်၌ဂင်္ဂါကိုပင်သမုဒ္ဒဿဆိုသည်။ ။ ဝရောဒေဝါဒိကေ ဣဋ္ဌေ၊ ဇာမာတရိ ပတိမှိစ။ ဥက္ကမေ ဝါစ္စလိင်္ဂေါသော၊ ဝရံမန္ဒပ္ပိယေ ဗျယံ။ ။ ဤဂါထာအလို၊ဝရောဟုဆိုသင့်လျက်။ သုန္ဒရံမနော တို့ကဲ့သို့နပုံးဆိုသည်။ ။ သသတီတိသသူ။ သသုဧဝသုသု။ မာရေတီတိမာရော၊ သုသုဧဝမာရောသုသုမာရော။ ။ (အဘိဓာန်ဋီကာ)။ ။ တနည်း။ ။ သုသူတိသဒ္ဒံ ကရောန္တောမာရေတီတိသုသုမာရော။ သုသုကမာရော, ဆိုလိုလျက်၊က,ကျေသည်။ ။ သုသုကောသုသုမာရေစ၊ဗာလကေစဥလုဝိနိ၊ ဆိုသောကြောင့်၊က,ကျေကြောင်းကိုသိသာသည်။ ။ သုသုခုဒ္ဒကေပါဏေမာရေတီတိသုသုမာရော။ ။ ဤကားအပဒါန်အဋ္ဌကထာအလို)။ ။

သုသုမာရဇာတကံ အဋ္ဌမံ။၂ဝ၈။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒိဋ္ဌာမယာဝနေရုက္ခာ, အစရှိဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တရားစစ်သူကြီးဖြစ်သော အသျှင်သာရိပုတ္တရာမထေရ်၏အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

မုဆိုးသည်ကိုယ်ကို သစ်ခက်သစ်ရွက်နုတို့ဖြင့်ဖုံးလွှမ်း၍ အဖန်တလဲလဲကြော့ကွင်းတံကို၎င်း၊ ကြော့ကွင်းကို၎င်းထောင်၏။ကြက်သည် ထိုမုဆိုးကိုရှက်စေလိုသည်ဖြစ်၍လူ့စကားကိုမြွက်၍။ ။

(၂၇၃)ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ၊အဿကဏ္ဏာ ဝိဘေဒကာ။

နတာနိ ဧဝံ သက္ကန္တိ၊ယထာ တွံ ရုက္ခသက္ကသိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၇၃)သမ္မရုက္ခ၊ အချင်းသစ်ပင်။ ဝနေ၊ တော၌။ အဿကဏ္ဏာရုက္ခာစ၊ အင်ကြင်းပင်တို့ကို၎င်း။ ဝိဘေဒကာရုက္ခာစ၊ သစ်ဆိမ့်ပင်တို့ကို၎င်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဘူးကုန်ပြီ။ ဧတာနိ၊ ထိုသစ်ပင်တို့သည်ကား။ တွံ၊ သင်သစ်ပင်သည်။ သက္ကသိယထာ၊ ထိုမှဤမှတရွရွရွေ့သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ နသက္ကန္တိ၊ ထို့မှဤမှမရွေ့ပါကုန်တကား။ ။

ဤသို့ဆို၍ ထိုကြက်သည်တစ်ပါးသောအရပ်သို့ပြေးသွားလေ၏။ ထိုကြက်ပြေးသွားသောကာလ၌မုဆိုးသည်။ ။

(၂၇၄)ပုရာဏ-ကုက္ကုဋော အယံ၊သိတွာ ပဉ္ဇရ-မာဂတော။

ကုသလော ဝါဠ-ပါသာနံ၊အပက္ကမတိ ဘာသတိ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၇၄)ပဉ္ဇရံ၊ လှောင်သောဆောင်းကို။ ဘိတွာ၊ ဖောက်၍။ အာဂတော၊ လာသော။ အယံပုရာဏကုက္ကုဋော၊ ဤကြက်ဟောင်းသည်။ ဝါဠ-ပါသာနံ၊ သားမြီးကြော့ကွင်းတို့၌။ ကုသလော၊ လိမ်မာသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗန္ဓိတုံ၊ မိစိမ့်သောငှါ။ အဒတွာ၊ မပေးမူ၍။ (ထည့်)။ အပက္ကမတိစ၊ ကြော့ကွင်းမှရှောင်လည်းရှောင်၏။ ဘာသတိစ၊ ငါ့ကိုလည်းလူ့ဘာသာဖြင့်ဆိုလည်းဆို၏။ ဘာသိတွာ၊ ဆိုပြီး၍။ ပလာတော၊ ပြေးလေ၏။ ။

အဿဿကဏ္ဏောအဿကဏ္ဏော။ အဿဿ၊ မြင်း၏။ ကဏ္ဏော၊ နားတည်း။ အဿကဏ္ဏော၊ မြင်း၏နား။ ဤသို့သောဝစနတ္ထကို ပြုမူလည်း၊ ပကတိသော မြင်း၏နားကို ဤအရာ၌မယူကောင်း။ ။ ယထာကလဉ္စိဗျုပ္ပတ္တိ၊ရူဠှိယာအတ္ထနိစ္ဆယော။ ဣတိရူဠှိပသိ​ဒ္ဓေန၊ ဗျုပ္ပတ္တိယေနကေနစိ။
ဟု-သဒ္ဒဝိဒူတို့ဆိုရကား ရူဠှီအားဖြင့် အင်ကြင်းပင်ကို ဤ၌အဿကဏ္ဏ,လိုသည်)။ ။

ကုက္ကုဋဇာတကံ နဝမံ။၂၉၀။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အမ္ဘောကော နာမယံ ရုက္ခော, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကလန္ဒကဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဘုရားအတုပြုခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။

ထိုခဏလျှင် ထိုကလန္ဒက၏နှုတ်သီးသည်ပြတ်၏။ မျက်လုံးတို့သည် ထွက်သောအခြင်းအရာသို့ရောက်ကုန်၏။ ဦးခေါင်းသည်ကွဲ၏။ ထိုကလန္ဒကသည်,ပင်စည်၌တည်အံ့သောငှါ မစွမ်းနိုင်သည်ဖြစ်၍မြေသို့ကျ၍။

(၂၇၅)အမ္ဘော ကော နာမ-ယံ ရုက္ခော၊သိန္န-ပတ္တော သ-ကဏ္ဍကော။

ယတ္ထ ဧကပ္ပဟာရေန၊ဥတ္တမင်္ဂံ ဝိဘိဇ္ဇိတံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၇၅)အမ္ဘော၊ အဆွေခဒိရဝနိယ။ ယတ္ထ၊ အကြင်သစ်ပင်၌။ ဧကပ္ပဟာရေန၊ တစ်ကြိမ်ပေါက်သဖြင့်။ ဥတ္တမင်္ဂံ၊ ငါ၏ဦးခေါင်းသည်။ ဝိဘိဇ္ဇိတံ၊ ခြ၏။ ဝါ၊ ကွဲ၏။ သကဏ္ဍကော၊ အဆူလည်းရှိထသော။ သိန္နပတ္တော၊ သေးသိမ်သောအရွက်လည်းရှိထသော။ အယံရုက္ခော၊ ဤသစ်ပင်သည်ကား။ ကောနာမ၊ အဘယ်သစ်ပင်နည်း။ ။

ထိုကလန္ဒက၏စကားကိုကြား၍ခဒိရဝနိယသည်။ ။

(၂၇၆)အစာရိ ဝတာ-ယံ ဝိတုဒံ ဝနာနိ၊ကဋ္ဌင်္ဂရုက္ခေသု အသာရကေသု။

အထာ-သဒါ ခဒိရံ ဇာတိ-သာရံ၊ယတ္ထ-ဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၇၆)ဘောကလန္ဒက၊ အိုကလန္ဒက။ ဂရုဠော၊ ငှက်မြတ်ဖြစ်သော။ အယံဤဒိသော၊ ဤသို့သဘောရှိသော။ တွံ၊ သင်သည်။ ဝနာနိ၊ အနှစ်မရှိကုန်သော လက်ပံတော,ကသစ်တောတို့ကို။ ဝိသုဒံဝိတုဒန္တော၊ ထွင်းဖောက်လျက်။ အ-သာရကေသု၊ အနှစ်မဲ့ကုန်သော လက်ပံ,ကသစ်,အစရှိကုန်သော။ ကဋ္ဌဂ္ဂရုတွေသုဝနကဋ္ဌရုက္ခကောသေသု၊ တောလင်း အစုသာဖြစ်ကုန်သောသစ်ပင်တို့၌။ ဝတ၊ စင်စစ်။ အစာရိ၊ ကျက်စားလှလေပြီ။ အထ၊ ထိုနောင်မှ။ ဇာတိ-သာရံ၊ ငယ်သောအခါမှစ၍ဇာတ်အားဖြင့်အနှစ်ရှိသော။ ခဒိရံ၊ ရှားတောသို့။ အာသဒါ၊ ရောက်လာပြီ။ ပါပုဏိတွာ၊ ရောက်လာပြီး၍။ ယတ္ထ၊ အကြင်သစ်ပင်၌။ တွံ၊ သင်သည်။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒါအဘိန္ဒယိ၊ ခွဲပြီ။ ဧသောသာရရုက္ခော၊ ဤအနှစ်ပြည့်စွာ တင်တင်မာသောသစ်ပင်သည်။ ခဒိရောနာမ၊ ရှားပင်မည်၏။ ။

(သိန္နပတ္တောတိ သုခုမပတ္တော။ ။ သိန္န, သဒ္ဒါ သေးသိမ်သောအ္နံကို ဟောသည်။ ။ ဂရုဠောတိသကူဏော၊ သဗ္ဗသကုဏာနံ ဟေတံ သဂါရဝ သပ္ပဋိဿဝစနံ။ ။ အဋ္ဌကထာဟူရကား၊ ဂရုဠော၊ ငှက်မြတ်သည်၊ ဟု-သာမန်ပေးသည်။ ဂဠုန်ကိုဤအရာ၌မသို)။ ။

ကလန္ဒကဇာတကံ ဒသမံ။၂၁၀။ ဒဠှဝဂ္ဂေါဆဋ္ဌော။ ။ တဿုဒ္ဒါနံ။ ။

ဗန္ဓနာဂါရံ,ကေလိသီလံ,၊ခန္ဓ,ဝီရက,ဂင်္ဂေယျံ။

ကုရုင်္ဂ,မဿကဉ္စေဝ,၊သုသုမာရဉ္စ,ကုက္ကုဋံ။

ကလန္ဒက,န္တိထေဒသ။ ။