အ-ကတညုဿ၊ သူ့ကျေးဇူးကိုမသိတတ်သော။ နိစ္စံ၊ အမြဲ။ ဝိဝရ-ဒဿိနော၊ အခွင့်ကိုရှုလေ့ရှိသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေအပြင်ကိုအစိုးရသော စကြဝတေးမင်းအဖြစ်ကို။ စေဒဇ္ဇာ၊ အကယ်၍ပေးငြားအံ့။ နံ၊ ထိုယောက်ျားကို။ နေဝအဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာ။ ။
သီလဝနာဂရာဇဇာတကံဒုတိယံ။၇၂။
နိပ္လဝိတံ၊ ဆယ်တင်အပ်သော။ ကဋ္ဌံ၊ ရေ၌မျောသော ထင်းသည်။ သေယျော၊ မြတ်သေး၏။ ဥတ္တရိတော၊ ဆယ်တင်ဆောင်ယူအပ်သော။ (ထည့်)။ ဧကစ္စိယော၊ အချို့သော။ နရော၊ အဆွေခင်ပွန်းပြစ်မှားတတ်သော ယောက်ျားယုတ်သည်။ နတွေဝသေယျော၊ မမြတ်သည်သာတည်း။ ဧဝံ၊ ဤသို့။ ဣဓ၊ ဤလူ့ရွာ၌။ ဝဒမာနာ၊ ဆိုကုန်သော။ ဧကစ္စိယာ၊ အချို့ကုန်သော။ နရာ၊ ပညာရှိတို့သည်။ သစ္စံ၊ မှန်သောစကားကို။ အာဟံသုကိရ၊ ဆိုကုန်သတတ်။ ။ (ဧကစ္စမေဝကစ္စိယာ၊ဣယပစ္စည်းကားသွတ္ထ)။ ။
သစ္စံကိရဇာတကံတတိယံ။၇၃။
သမ္ဗဟုလာ၊ စည်းရုံးညီညာ များစွာကုန်သော။ ဉာတီဉာတကာ၊ ဆွေမျိုးတို့သည်။ သာဓူ၊ တင့်တယ်ကောင်းမြတ် ချီးမွမ်းအပ်ကုန်၏။ ။ (ရန်သူတပါးမဖျက်ဆီးနိုင်ဟူလို)။ အရည-ဇာ၊ တော၌ရောက်ကုန်သော။ ရုက္ခာအပိ၊ သစ်ပင်တို့သော်လည်း။ သမ္ဗဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ ဧကဋ္ဌံ၊ တစ်ပင်ထည်းသားတည်သော။ ဗြဟ္မန္တံ၊ ကြီးစွာသော။ ဝနပ္ပတိမ္ပိ၊ တောစိုးသစ်ပင်ကိုသော်လည်း။ ဝါတော၊ လေသည်။ ဝဟတိ၊ လှည်းနိုင်၏။ (သစ်ထီးကိုလေညှဉ်းဆဲသည်ဟူလို)။ ။
ရုက္ခဓမ္မဇာတကံစတုတ္ထံ။၇၄။
ပဇ္ဇုန၊ ပဇ္ဇုန်နတ်မင်း။ အဘိတ္ထနယ၊ ထစ်ချုန်းလော့။ ကာကဿ၊ ကျီး၏။ နိဓိံ၊ ဥစ္စာအိုးသဖွယ်ဖြစ်သောညွန်၌တည်သောငါးကို။ နာသယ၊ ကျီးမစားအောင်ရေလွှမ်းသောအားဖြင့် ဖျက်ဆီးလော့။ ကာကံ၊ ကျီးကို။ သောကာယ၊ စိုးရိမ်ခြင်းဟူသောမီးဖြင့်။ ရန္ဓေဟိ၊ ကျက်စေလော့။ (ရန္ဓပါကေ။ ကာကံ သောကာယရန္ဓေဟိ။ သဒ္ဒနီတိ၊ရုန္ဓေဟိ,ရှိသည်ကားပါဌ်ပျက်)။ မဉ္စ၊ သီလရှိသောငါ့ကို၎င်း။ မမ၊ ငါ၏။ ဉာတကေစ၊ ဆွေမျိုးတို့ကို၎င်း။ သောကာ၊ စိုးရိမ်ခြင်းမှ။ ပမောစယ၊ လွတ်စေလော့။ ။ စကာရော သမ္ပိဏ္ဍနတ္ထော။ မဉ္စ မမညာတကေစ သဗ္ဗေဝ ဣမမှာ မရဏသောကာမောစေဟိ။အဋ္ဌကထာ။ မစ္ဆေသောကာ, ရှိသည်ကား၊ အဋ္ဌကထာနှင့်မညီ)။ ။
မစ္ဆဇာတကံပဉ္စမံ။၇၅။
ဘောန္တောသတ္ထဝါသိနော၊ အိုလှည်းကုန်သည်တို့။ အဟံ၊ ငါသည်။ ဂါမမှိ၊ ရွာ၌။ အသင်္ကိယော၊ ရွံရှာခြင်းမရှိသည်။ အမှိ၊ ဖြစ်၏။ မေ၊ ငါ့အား။ အရညေ၊ တော၌။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ မေတ္တာယ၊ မေတ္တာဈာန်ဖြင့်၎င်း။ ကရုဏာယစ၊ ကရုဏာဈာန်ဖြင့်၎င်း။ ဥဇုံ၊ ဖြောင့်စွာ။ မဂ္ဂံ၊ ဗြဟ္မာ့ပြည်ခရီးသို့။ သမာရူဠှော၊ ကောင်းစွာတက်၏။ ။
အသင်္ကိယဇာတကံဆဋ္ဌံ။၇၆။
ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည်ဝှေ့အံ့သောအခြင်းအရာကိုပြ၍ဘဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သောသစ်ပင်ချုံတို့သည် ပွင့်ကုန်သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည်ယနေ့မွေးသောနွားမငယ်၏နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ ကအပ်ကုန်သော နို့စို့နို့ခွါ နွားငယ်တို့သည်ဝန်ကို မရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသော မြင်းသည်နှစ်ဘက်သောခံတွင်းဖြင့်အစာကိုစား၏။ ကံသော၊ အဖိုးတစ်သိန်းထိုက်သောရွှေလင်ပန်းကို ဤ၌ကျင်ငယ်စွန့်လော့ဟု မြေခွေးအားဆောင်ရှင်း၏။ သိင်္ဂါလီစ၊ အထက်ကကျစ်အပ်သောလွန်ကိုအောက်ကမြေခွေးမစား၏။ ကုမ္ဘော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သောရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီစ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍အနား၌ရေတို့သည်ကြည်ကုန်၏။ အပါကံ၊ တစ်လုံးထည်းသောအိုးဖြင့်ချက်အပ်သောထမင်းသည်သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဖိုးတစ်သိန်းထိုက်သောစန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့်ရောင်းစား၏။ လာဗူနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှ-သပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မြိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ သူတစ်ပါးတို့အား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ ကျားသစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့မှ။ ဘယာ၊ ကြောက်ကုန်၏။ ဝါ၊ ကြောက်ကုန်သည်ဖြစ်၍။ ပလာယိတွာ၊ ပြေးကုန်၍။ ဂုမ္ဗဂဟနာနိ၊ တောချုံထူရာအရပ်တို့သို့။ ပဝိသိတွာ၊ ဝင်၍။ နိလီယိံသု၊ ပုန်းကုန်၏။ (ဟိကာရော ပနေတ္ထနိပါတမတ္တမေဝ)။ ။ ဤသို့လျှင်ဘုရားလောင်းရသေ့သည်လည်း ထိုတစ်ဆယ့်ခြောက်ချက်အိပ်မက်တို့၏ ယခုမျက်မြင်ပစ္စက္ခပစ္ဆိမဘဝ၌ သဗ္ဗညုရှင်တော်ဘုရားသည် ဟောတော်မူအပ်သောနည်းဖြင့်သာလျှင် အကျယ်အားဖြင့်အပြီးတိုင်သောအကျိုးကို ဟောပြီး၍အဆုံး၌ မင်းကြီးလျှောက်ဆိုသည်မဟုတ် ကိုယ်တိုင်ထုတ်အပ်သော၊ ဝိပရိယာယောဝတ္တတိ နယိဓမတ္ထိ၊ ဟူသောစကားကိုဟောသတည်း။ ။ (ဤစကားကားဘုရားလောင်းရသေ့ဟောသောစကားတည်း)။ ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အယံ၊ ဤငါဆိုအပ်ပြီးသောအနက်အဓိပ္ပါယ်သည်ကား။ ဣမေသံသုပိနာနံ၊ ဤတစ်ဆယ့်ခြောက်ချက် အိပ်မက်ကြီးတို့၏။ နိပ္ဖတ္တ၊ အပြီးတိုင်သောအကျိုးတည်း။ ပန၊ ဗျတိရိက်ကိုဆိုဦးအံ့။ တေသံ၊ ထိုတစ်ဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကို။ ပဋိဃာတတ္ထာယ၊ တားမြစ်ကွယ်ကာခြင်းငှါ။ ယံဧတံယညကမ္မံ၊ အကြင်ထိုပုဏ္ဏားတို့ဆိုအပ်သော ယဇ်ပူဇော်သောအမှုသည်။ ဝတ္တတိ၊ ဖြစ်၏။ ဘံယညကမ္မံ၊ ထိုတစ်ဦးကိုသတ်၍ တစ်ဦးကိုကုစားကြောင်းဖြစ်သော ယဇ်ပူဇော်သောအမှုသည်။ (ဤကားပါဌသေသ)။ ဝိပရိယာယော ဝိပရီတတော ဝိပလ္လာသေန၊ ဖောက်ပြန်သောအားဖြင့်။ ဝတ္တတိ၊ ဖြစ်၏။ ဣဒါနိပန၊ ယခုမျက်မြင်ပစ္စက္ခ၌ကား။ တဝဝါ၊ သင်၏၎င်း။ မမဝါ၊ ငါ၏၎င်း။ ကာလေ၊ လက်ထက်၌။ (ဤကားပါဌသေသ)။ ဣဓဣမသ္မိံပုရိသယုဂေ၊ ဤသတ္တဝါတို့ အသက်ပမာဏသည်။ ဝတ္တမာနေ၊ ဖြစ်စဉ်။ ဧတေသံသုပိနာနံ၊ ထိုတစ်ဆယ့်ခြောက်ချက်သော အိပ်မက်တို့၏။ နိဗ္ဗတ္တိ၊ အပြီးတိုင်သောအကျိုးသည်။ နအတ္ထိ၊ မဖြစ်သေးဘူး။ (ယုဂကားယုဂ် ဟောတည်း။ ကလိယုဂ်ဟူသကဲ့သို့မှတ်၊ယုဂ်ဟူသည်လည်း၊အာယုပ္ပမာဏကိုဆိုလိုသည်။ ထို့ကြောင့်၊ ပုရိသာနံအာယုပ္ပမာဏေဝတ္တမာနေတိဝုတ္တံဟောတိ,ဟု၊ ဇာတ်ဋီကာမိန့်သကား။ သုဝဏ္ဏ, သုဗဏ္ဏ,ကား၊အတ္ထအတူတူ၊ ဤအဋ္ဌကထာအလို,ရွှေဟင်္သာကို ဟောသည်။ ဝိမာနဝတ္ထု အဋ္ဌကထာအလို, ဂဠုန်ကိုဟောသည်။ ဝိမာနဝတ္ထုအဋ္ဌကထာ၌၊သုဝဏ္ဏသဒ္ဒါ၏အနက်ကိုထုတ်ရာဝယ်၊ ကာကံ သုဝဏ္ဏပရိဝါရယန္တိတိ အာဒီသုဂရုဠေ, ဟု၊မိန့်သည်ကိုရှု။ ဘုရားသခင်ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်သင်္ဂါယနာတင်ကုန်သောသခင်မြတ်တို့တို့သည်ဥသဘာ,အစ၊ စန္နနအဆုံးသုံးပဒတို့ကိုအဋ္ဌကထာသို့တင်၍၊ လာဗူနိ,စသောလေးပဒတို့ကို တစ်ခုသောဂါထာပြု၍ဧကနိပါတ်ပါဠိသို့တင်ကုန်သည်။ ထို့ကြောင့်လာဗူနိသီဒန္တိတိ ဣဒံသတ္ထာ ဇေတဝနေ ဝိဟရန္တော,အစရှိသည်ကိုမိန့်သကား။ ယင်းသို့ဖြစ်၍ဥသဘာရုက္ခာ,အစရှိသောသုံးပဒသည်ပါဌဇာတ်ပါဠိ၌ရှိပြန်သည်ကားနောက်ဆရာများ စကားပြည့်စုံအောင် သွတ်ပြန်သည်ဟုမှတ်ရာသည်။ ထို့ကြောင့်နှစ်ဂါထာဖြစ်၍ဤဇာတ်သည် ဒုကနိပါတ်၌ရှိသင့်ရာသည်။ ဤဧကနိပါတ်၌မရှိသင့်ရာဟူသောစောဒနာသည်ခွင့်မရ။ ဝိပရိယာယော ဝတ္တတိနယိဓမတ္ထိ,ဟူသော ဤစကားသည်လည်း ဘုရားလောင်းရသေ့ဟောသောစကားဖြစ်၍ပြည့်စုံအောင် နောက်ဆရာများသွတ်ထား၍ ငါးပဒဖြစ်ပြန်သည်။ ထို့ကြောင့်၊ လာဗူနီတိ အာဒီနိ စတ္တာရိပဒါနိဧကံဂါထံကတွာဧကနိပါတပါဠိံ အာရောပေသုံ,ဟူသောအဋ္ဌကထာနှင့်မတန်သည်)။ ။
မဟာသုပိနဇာတကံသတ္တမံ။၇၇။
မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ခဉ္ဇာ၊ ခြေခွင်ကုန်၏။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ကုဏီ၊ လက်ကောက်ကုန်၏။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ဝိသမ-စက္ခုကာ၊ မညီမညွတ်သော မျက်လုံးရှိကုန်၏။ ဝါ၊ မျက်စိစွေကုန်၏။ ဝါ၊ ဟောက်တွင်းအချောင်နက်သောမျက်စိရှိကုန်၏။ ။ (ကေကရာတိ ဂမ္ဘီရ- စက္ခုကာ။ ဇာတ်ဋီကာ)။ ဥဘိန္နံ၊ နှစ်ဦးသောသူတို့အား။ ပီဠကာ၊ ဦးခေါင်း၌မှဲ့တို့သည်။ ဇာတာ၊ ရောက်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ အယံ၊ ဤသူသည်။ ဣလ္လိသောတိ၊ ဣလ္လိသသူဋ္ဌေးပင်ဟူ၍။ ဣလ္လိသံ၊ ဣလ္လိသကို။ နပဿာမိ၊ မြင်၍မသိနိုင်။ (ဓာတူနံအတ္ထာတိ သယတည်း။ နာဟံ ပဿာမီတိ အယံဣလ္လိသောတိ နဇာနာမိ။ဇာတ်ဋီကာ)။ ။
ဣလ္လိသဇာတကံအဋ္ဌမံ။၇၈။
ဘော၊ အချင်းတို့။ ယတော၊ အကြင်အခါ၌။ ဝိလုတ္တာစ၊ ခိုးသူတို့ဥစ္စာကို လုယက်အပ်ကုန် ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂါဝေါ၊ နွားတို့ကို။ ဟတာစ၊ အသားကို စားအံ့သောငှါသတ်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂေဟာနိ၊ အိမ်တို့ကို။ ဒဍ္ဎာနိစ၊ မီးတိုက်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဇနော၊ ရွာသူရွာသားအပေါင်းကို။ နီတောစ၊ သုံးခပ်၍ဆောင်ယူအပ်ပြီးသည်လည်း။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ပုတ္တဟတာယ၊ တရားသတ်၍သေပြီးသောသားရှိသောမိန်းမ၏။ ပုတ္တော၊ သားဖြစ်သောအရှက်အကြောက်မရှိ ဟိရီသြတ္တပ္ပကင်းသောရွာစားပျက်သည်။ ခရဿရံ၊ ကြမ်းသောအသံရှိသော။ ဒိန္ဒိမံ၊ စည်ကြီးကို။ ဝါဒယန္တော၊ တီးလျက်။ အာဂမာ၊ လာလတ်ပြီ။ (ဟတောပုတ္တောယဿာတိဟတပုတ္တာ။ ယဿာ၊ အကြင်မိန်းမအား။ ဟတော၊ တရားသည်သတ်အပ်သော။ ပုတ္တော၊ ဟိရီသြတ္တပ္ပကင်းသောသားသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သာ၊ ထိုမိန်းမသည်။ ဟတပုတ္တာ၊ ဟတပုတ္တမည်၏။ အဂျာဟိတော,ကဲ့သို့ရှေ့နောက်ပြန်၍ပုတ္တဟတာ,ရှိလေသည်။ ။
ပုတ္တဟတာယ ပုတ္တောတိဟတပုတ္တာယပုတ္တော၊ နိလ္လဇ္ဇောတိအတ္ထော။ ဆိန္နဟိရောတ္တပ္ပဿဟိမာတာနာမနတ္ထိ။ ဣတိသော တဿာဇီဝန္တောပိ ပုတ္တဋ္ဌာနေနတိဋ္ဌတီတိ ဟတပုတ္တာယပုတ္တောနာမဟောတိ။ အဋ္ဌကထာ။ တရားကိုမကျင့်တရားကိုဖျက်ဆီးသောသူသည် တရားသတ်၍သေသည်မည်၏။ ။
ဓမ္မောဟဝေဟတောဟနိ၊နာဟတောဟနိကိဉ္စနံ၊ တသ္မာဟိဓမ္မံနဟနေ၊ ဟထံဓမ္မောဟတောဟနိ။
ဤကားသာဓကပါဠိ။
ဟတော၊ သတ်အပ်ဖျက်ဆီးအပ်သော။ ဓမ္မော၊ တရားသည်။ ဟဝေ၊ စင်စစ်။ ဟနိ၊ မိမိကိုသတ်သသူဖျက်ဆီးသသူကို လက်တုံ့ပြန်သကဲ့သို့ သတ်တတ် ဖျက်ဆီးတတ်ချေ၏။ အဟတော၊ မသတ်အပ်မဖျက်ဆီးအပ်သော။ ဓမ္မော၊ တရားသည်။ ကိဉ္စနံ၊ တစ်စုံတစ်ယောက်သောသူကို။ နဟနိ၊ မသတ်တတ်မဖျက်ဆီးတတ်ပေ။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ဓမ္မံ၊ တရားကို။ နဟနေ၊ မသတ်မဖျက်ဆီးရာ။ ဟတော၊ သတ်အပ်ဖျက်ဆီးအပ်သော။ ဓမ္မော၊ တရားသည်။ ဟတံ၊ မိမိကိုသတ်သသူ ဖျက်ဆီးသသူကို။ ဟနိ၊ လက်တုံ့ ပြန်သကဲ့သို့သတ်တတ်ဖျက်ဆီးတတ်ချေ၏)။
ခရဿရဇာတကံနဝမံ။၇၉။
ဘိမ္မသေန၊ ဘိမ္မသေန။ တေတယာ၊ သင်သည်။ ပုရေ၊ စစ်ကြီးမတွေ့မီရှေးကာလ၌။ ယံဝိကတ္ထိတံ၊ အကြင်သူတစ်ပါးတို့အားရှုတ်ချသောစကားကို။ ဝါ၊ မိမိကိုယ်ကိုချီးမွမ်းပလွှား ဝါကြွားသောစကားကို။ (ကတ္ထသိလာဃာယံ။ဓာတုမာလာ)။ ဝုတ္တံ၊ ဆိုအပ်ပြီ။ အထ၊ ထိုသို့စစ်ကြီးမတွေ့မီကာလ,သမ္ပဟုံးစုံးဘက်မဲ့ကြုံးလျက်။ ပစ္ဆာ၊ နောက်ပြီးယခု ဗိုလ်ထုနီး၍စစ်ကြီးတွေ့သောကာလ၌။ တေ၊ သင်အား။ ပူတိဿရာ၊ ပုပ်သောကျင်ကြီးကျင်ငယ်တို့သည်။ သဇန္တိ၊ ယိုစီးကုန်၏။ တေ၊ သင်၏။ ယုဒ္ဓကထာစ၊ တောင်လိုဘိစီး၍စစ်ကြီးရောက်သော်လည်းငါမရှောင်ခေါင်၊ခေါင်ထိုးပစ်အံ့ဟူသောစစ်မက်စကားသည်၎င်း။ ဝိဟညဉ္စ၊ စစ်ရေးရောက်ကကြောက်ထိတ်လန့်လျက် ဆင်ကုံးကိုဖျက်ဆီးသော အခြင်းအရာသို့ ရောက်သော ပင်ပန်းခြင်းသည်၎င်း။ ဣဒံဘယံ၊ ဤရှေးအမှု နောက်အမှုနှစ်ပါးသည်။ နသမေတိ၊ မညီကြလေ။
ဘိမ္မဟု,မ္မသံယုဂ်နှင့်ရှိမှဩပစ္ဆန္ဒသကဂါထာမှန်သည်။ ဘိမ္မောယက္ခောဘိမ္မာသေနာ,စသည်တို့၌လည်းဤနည်းမှတ်)။ ။
ဘိမ္မသေနဇာတကံဒသမံ။၈၀။ ဝရုဏဝဂ္ဂေါအဋ္ဌမော။ တဿုဒါနံ။
ဝရုဏံ သီလဝနာဂံ၊သစ္စံကိရ-ရုက္ခဓမ္မံ။
မစ္ဆရာဇာ အသင်္ကိယံ၊မဟာသုပိန-ဣလ္လိသံ။
ခရဿရံ ဘိမ္မသေန။ ။