Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

358. Cūḷadhammapālajātakaṃ (5-1-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဟမေဝ ဒူသိယာဘူနဟတာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠဓမ္မပါလဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်သည် သဗ္ဗညုမြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

စန္ဒာဒေဝီသည်၊ မြတ်သောမင်းကြီး၊ ခုနှစ်လမျှရှိသော ငယ်သေးစွာသော အကျွန်ုပ်၏သားသည် တစ်စုံတစ်ခုကိုမျှ မသိသေး၊ သားအားအပြစ်သည်မရှိ။ ထိုအပြစ်သည် ဖြစ်လတ်သော် အကျွန်ုပ်၌သာဖြစ်ရာ၏။ ထို့ကြောင့် အကျွန်ုပ်၏လက်ကိုဖြတ်လော့ဟုဆိုလိုရကား။ ။

(၇၅၁)အဟ-မေဝ ဒူသိယာ ဘူန-ဟတာ၊ရညော မဟာပတာပဿ။

ဧတံ မုဉ္စတု ဓမ္မပါလံ၊ဟတ္ထေ မေ ဒေဝ ဆေဒေဟိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၇၅၁)အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာ ပတာ ပဿ ရညော၊ မဟာပတာပမင်းအား။ ဒူသိယာဒူသိကာ၊ အရှင်မင်းကိုမြင်လျက် မထမူ၍ပြစ်မှားတတ်သည်မည်ပေ၏။ ဝါ၊ ပြစ်မှားမှုကိုပြုတတ်သောမိန်းမမိုက်မည်ပေ၏။ ဘူနဟတာဟတဘူနာဟတဝုဍ္ဎိ၊ အကျွန်ုပ်အစီးအပွါးကို အကျွန်ုပ်သည်ပင်ဖျက်ဆီးသည်မည်ပေ၏။ တသ္မာ၊ ထို့ကြောင့်။ ဒေဝ၊ မင်းမြတ်။ နိပ္ပရာဓံ၊ အပြစ်မရှိသော။ ဧတံဓမ္မပါလံ၊ ဤဓမ္မပါလသူငယ်ကို။ မုဉ္စတု၊ လွှတ်တော်မူလော့။ ဒေါသကာရိကာယ၊ ပြစ်မှားမှုကိုပြုတတ်သော။ မေ၊ အကျွန်ုပ်၏သာလျှင်။ ဟတ္ထေ၊ လက်တို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။ ။

မင်းသည်ခိုးသူသတ်ကိုကြည့်၏။ မြတ်သောမင်းကြီး၊ အဘယ်သို့ပြုရအံ့နည်းဟုခိုးသူသတ်သည်ဆို၏။ ကြာမြင့်ခြင်းကို မပြုမူ၍ လက်တို့ကို ဖြတ်လော့ဟုဆို၏။ ထိုခဏ၌ခိုးသူသတ်သည်ထက်စွာသောပုဆိန်ကိုယူ၍ မင်းသား၏လက်နှစ်ဘက်တို့ကိုနုစွာသောဝါးညှောက်တို့ကဲ့သို့ ဖြတ်၏။ မင်းသားသည် လက်တို့ကိုဖြတ်အပ်ကုန်သည်ရှိသော် မျက်ရည်မယိုမငိုမူ၍လျှင်ခန္တိ မေတ္တာကိုရှေ့ထား၍ သည်းခံ၏။ စန္ဒာဒေဝီသည်ကားဖြတ်အပ်သောလက်စွန်းကိုယူ၍ ခါးပိုက်၌ထား၍ သွေးလိမ်းကျံသည်ဖြစ်၍ ငိုလျက်သွား၏။ တဘန် ခိုးသူသတ်သည်၊ မြတ်သောမင်းကြီး၊ အဘယ်သို့ပြုရအံ့နည်းဟုမေး၏။ ခြေနှစ်ဘက်တို့ကိုလည်း ဖြတ်လော့ဟုဆို၏။ ။

ထိုစကားကိုကြား၍စန္ဒာဒေဝီသည်။ ။

(၇၅၂)အဟ-မေဝ ဒူသိယာ ဘူန-ဟတာ၊ရညော မဟာပတာပဿ။

ဧတံ မုဉ္စတု ဓမ္မပါလံ၊ပါဒေ မေ ဒေဝ ဆေဒေဟိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၇၅၂)အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿရညော၊ မဟာပတာပမင်းအား။ ဒူသိယာ၊ အရှင်မင်းကိုမြင်လျက်မထမူ၍ပြစ်မှားတတ်သည်မည်ပေ၏။ ဝါ၊ ပြစ်မှားမှုကိုပြုတတ်သောမိန်းမမိုက်မည်ပေ၏။ ဟတာ၊ အကျွန့်အစီးအပွါးကိုအကျွန်သည်ပင်ဖျက်ဆီးသည်မည်ပေ၏။ တသ္မာ၊ ထို့ကြောင့်။ ဒေဝ၊ မင်းမြတ်။ နိပ္ပရာဓံ၊ အပြစ်မရှိသော။ ဧတံဓမ္မပါလံ၊ ဤဓမ္မပါလသူငယ်ကို။ မုဉ္စတု၊ လွှတ်တော်မူလော့။ ဒေါသကာရိကာယ၊ ပြစ်မှားမှုကိုပြုတတ်သော။ မေ၊ အကျွန်၏သာလျှင်။ ပါဒေ၊ ခြေတို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။ ။

မင်းသည်လည်းတဖန်ခိုးသူသတ်ကိုစေ၏။ ခိုးသူသတ်သည်ခြေနှစ်ဘက်တို့ကိုလည်း ဖြတ်၏။ စန္ဒာဒေဝီသည်ခြေတို့ကိုလည်း ခါးပိုက်၌ထား၍ သွေးလိမ်းကျံသည်ဖြစ်၍ ငိုလျက်၊ အရှင်မဟာပတာပမင်း၊ လက်ခြေပြတ်ကုန်သောသားတို့ကို အမိသည်လုပ်ကျွေးအပ်ကုန်၏။ ကျွန်ုပ်သည် ခစားပြု၍ကျွန်ုပ်သားကိုလုပ်ကျွေးအံ့။ ကျွန်ုပ်အား ဤသားကိုပေးလော့ဟုဆို၏။ ခိုးသူသတ်သည်၊ မင်းကြီး၊ အကျွန်ုပ်ကိစ္စပြီးပြီလောဟုမေး၏။ မပြီးသေးဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ်သို့ပြုရအံ့နည်းဟုဆို၏။ ဓမ္မပါလ၏ ဦးခေါင်းကိုဖြတ်လော့ဟုဆို၏။

ထိုစကားကိုကြား၍စန္ဒာဒေဝီသည်။ ။

(၇၅၃)အဟမေဝ ဒူသိယာ ဘူနဟတာ၊ရညော မဟာပတာပဿ။

ဧတံ မုဉ္စတု ဓမ္မပါလံ၊သီသံ မေ ဒေဝ ဆေဒေဟိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၇၅၃)အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿရညော၊ မဟာပတာပမင်းအား။ ဒူသိယာ၊ အရှင်မင်းကိုမြင်လျက်မထမူ၍ပြစ်မှားတတ်သည်မည်ပေ၏။ ဝါ၊ ပြစ်မှားမှုကိုပြုတတ်သောမိန်းမမိုက်မည်ပေ၏။ ဘူနဟတာ၊ အကျွန့်အစီးအပွါးကိုအကျွန်သည်ပင်ဖျက်ဆီးသည်မည်ပေ၏။ တသ္မာ၊ ထို့ကြောင့်။ ဒေဝ၊ မင်းမြတ်။ နိပ္ပရာဓံ၊ အပြစ်မရှိသော။ ဧတံဓမ္မပါလံ၊ ဤဓမ္မပါလသူငယ်ကို။ မုဉ္စတု၊ လွှတ်တော်မူလော့။ ဒေါသကာရိကာယ၊ ပြစ်မှားမှုကိုပြုတတ်သော။ မေ၊ အကျွန်၏သာလျှင်။ သီသံ၊ ဦးခေါင်းကို။ ဆေဒေဟိ၊ ဖြတ်စေလော့။ ။

ဤသို့ဆိုပြီး၍ မိမိဦးခေါင်းကိုညွတ်၍ခံ၏။ တဖန်ခိုးသူသတ်သည်၊ မြတ်သောမင်းကြီး၊ အဘယ်သို့ ပြုရအံ့နည်းဟုဆို၏။ ဓမ္မပါလဦးခေါင်းကို ဖြတ်လော့ဟုဆို၏။ ခိုးသူသတ်သည်ဦးခေါင်းကိုဖြတ်၍၊ မြတ်သောမင်းကြီး၊ မင်းအာဏာကိုပြု၍ ပြီးပြီလောဟုမေး၏။ မပြီးသေးဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ်သို့ပြုရအံ့နည်းဟုဆို၏။ သန်လျက်သွားဖြင့်ဓမ္မပါလကိုခံ၍သန်လျက်ပန်းမည်သည်ကိုပြုလော့ဟုဆို၏။ ခိုးသူသတ်သည် မင်းသား၏ကိုယ်ကို ကောင်းကင်သို့ပစ်၍ သန်လျက်သွားဖြင့်ခံ၍ သန်လျက်ပန်းမည်သည်ကိုပြု၍ မြတ်သောပြာသာဒ်အပြင်၌ ဖရိုဖရဲကြဲ၏။ စန္ဒာဒေဝီသည် ဘုရားလောင်း၏ အသားကိုခါးပိုက်၌ထား၍ မြတ်သောပြာသာဒ်အပြင်၌ငိုလျက်။ ။

(၇၅၄)န ဟိ နူနိ-မဿ ရညော၊မိတ္တာ-မစ္စာ စ ဝိဇ္ဇရေ သုဟဒါ။

ယေ န ဝဒန္တိ ရာဇာနံ၊မာ ဃာတယိ ဩရသံ ပုတ္တံ။ ။

(၇၅၅)န ဟိ နူနိ-မဿ ရညော၊ဉာတီ မိတ္တာ စ ဝိဇ္ဇရေ သုဟဒါ။

ယေ န ဝဒန္တိ ရာဇာနံ၊မာ ဃာတယိ အတြဇံ ပုတ္တံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၇၅၄-၇၅၅)ယေဇနာ၊ အကြင်မြဲမြံသော အဆွေခင်ပွန်းမှူးကောင်းမတ်ကောင်းနှလုံးနူးညံ့သောသူတို့သည်။ ရာဇာနံ၊ ဤမင်းကြီးကို။ အာဂန္တွာ၊ လာ၍။ ဒေဝ၊ မင်းမြတ်။ ဩရသံပုတ္တံ၊ ရင်သွေးတော်စစ်ဖြစ်သောသားကို။ မာဃာတယိ၊ သတ်တော်မမူလင့်ဟူ၍။ နဝဒန္တိ၊ မဆိုမမြစ်ကုန်။ ဣမဿရညော၊ ဤမဟာပတာပမင်းအား။ မိတ္တာ၊ မြဲမြံသောအဆွေခင်ပွန်းလည်းဖြစ်ကုန်သော။ အမစ္စာစ၊ မှူးကောင်း မတ်ကောင်းလည်းဖြစ်ကုန်သော။ သုဟဒါ၊ နှလုံးနူးညံ့သည်လည်းဖြစ်ကုန်သော။ ကေစိ၊ တစ်စုံတစ်ယောက်ကုန်သော။ (ထည့်)။ တေဇနာ၊ ထိုသူတို့သည်။ နဟိဝိဇ္ဇရေနူနနတ္ထိယေဝါတိမညေ၊ မရှိကုန်သည်သာဟုငါထင်မှတ်၏။ ။

ယေဇနာ၊ အကြင်ဉာတိမိတ္တဖြစ်သောသူတို့သည်။ ရာဇာနံ၊ ဤမင်းကြီးကို။ အာဂန္တွာ၊ လာ၍။ ဒေဝ၊ မင်းမြတ်။ အတြဇံပုတ္တံ၊ ရင်သွေးတော်စစ်ဖြစ်သောသားကို။ မာဃာတယိ၊ သတ်တော်မမူလင့်ဟူ၍။ နဝဒန္တိ၊ မဆိုမမြစ်ကုန်။ ဣမဿရညော၊ ဤမဟာပတာပမင်းအား။ ဉာတီ၊ ဆွေမျိုးလည်းဖြစ်ကုန်သော။ မိတ္တာစ၊ မြဲမြန်သောအဆွေခင်ပွန်းလည်းဖြစ်ကုန်သော။ သုဟဒါစ၊ နှလုံးနူးညံ့သည်လည်း ဖြစ်ကုန်သော။ ကေစိ၊ တစ်စုံတစ်ယောက်ကုန်သော။ (ထည့်)။ တေဇနာ၊ ထိုသူတို့သည်။ နဟိဝိဇ္ဇရေနူနနတ္ထိယေဝါတိမညေ၊ မရှိကုန်သည်သာဟုငါထင်မှတ်၏။ ။

စန္ဒာဒေဝီသည် ဤနှစ်ဂါထာတို့ကို ဆိုပြီး၍လက်နှစ်ဖက်တို့ဖြင့် ရင်သားကိုမလျက်။ ။

(၇၅၆)စန္ဒန-သာရာနုလိတ္တာ၊ဗာဟာ ဆိဇ္ဇန္တိ ဓမ္မပါလဿ။

ဒါယာဒဿ ပထဗျာ၊ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။ ။

ဟူသောဤဂါထာကိုဆို၏။ ။

(၇၅၆)ပထဗျာ၊ အဘဥစ္စာအရပ်လေးမျက်နှာတို့၌ သမုဒ္ဒရာအပိုင်းအခြားရှိသောမြေအပြင်၌။ ဒါယာဒဿ၊ အမွေခံဖြစ်သော။ ဓမ္မပါလဿ၊ ဓမ္မပါလ၏။ စန္ဒန-သာရာ-နုလိတ္တာ၊ စန္ဒကူးနှစ်ဖြင့်လိမ်းကျံအပ်ကုန်သော။ ဗာဟာ၊ မောင်းနှစ်ဘက်တို့သည်။ ဆိဇ္ဇန္တိ၊ ပြတ်ကုန်၏။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ပါဏာပါဏံ၊ ဇီဝိတိန္ဒြေသည်။ ရုဇ္ဈန္တိ ရုဇ္ဈတိ၊ ချုပ်ချေ၏။ (ဒူသိယာတိဒူသိကာ,အဋ္ဌကထာဖွင့်သည့်အလိုသော်၊ ဒုဿတိပဒုဿတီတိဒူသိကာ,ပြု၍၊ ကကိုယရေးသည်ဟူလို။ ထိုကြောင့်၊ ဒူသိကာတိပိပါဌော, ဟု-ဘွင့်ပြန်သောဝ်။ ဘူနဟတာတိဟတဘူနာဟတဝုဍ္ဎီတိအတ္ထော,ဟု-ဖွင့်ရကား၊ ဘူဓာတ်သည်ဝုဍ္ဎိအနက်ဟော။ ရညောတိဣဒံဒူသိယာတိပဒေနေဝယောဇေတဗ္ဗံဟူသော အဋ္ဌကထာအလိုသော်၊ ရညောကိုဒူသိယာ၌ သမ္ပဒါန်စပ်။ ဘူန၌သမ္ဗန်မစပ်လင့်ဟူလိုသည်။ မုဒုဟဒယသုဟဒါဝါ, ဘွင့်သည့်အလိုသော်၊ ဟဒယ၌ယကျေသည်ဟူလိုသည်။ ဒါယာဒဿပသဗျာကား၊ ဝိပဿိဿနမတ္ထုကဲ့သို့ခုနှစ်လုံးသာအက္ခရာရှိသည်။ ဒါယာ ဒဿ ပထဗျာတိပိတုသန္တကာယစာတုရန္တာယ ပထဝိယာဒါယာဒဿ။ (အဋ္ဌကထာ)။ စာတုရန္တာတိစတူသုဒိသာသုသမုဒ္ဒေနအန္တဝန္တော။ဋီကာ ရှိရကား။ အဘဥစ္စာအရပ်လေးမျက်နှာတို့၌သမုဒ္ဒရာအခြားရှိသောမြေအပြင်၌၊ဟု-ယောဇနာသည်။ ။ ပါဏံမေဒေဝရုဇ္စျတိ,ဟု-ဆိုလိုလျက်၊စန္ဒာဒေဝီသည်သောကကြီးလျက်မွန်၍နေရကား၊ပါဏာမေရုဇ္ဈန္တိ, ဟု-ဗဟုဝုစ်ဆိုမိသည်။ ထိုကြောင့်ပါဏာမေဒေဝရုဇ္ဈန္တီတိဒေဝမယှံဣမံသောကံ သန္ဓာရေတုံအသက္ကောန္တိ ယာဝဇီဝိတံရုဇ္ဈတိ,ဟု-အဋ္ဌကထာမိန့်သောဝ်။ ရုဇ္ဇတိ,ဟု-ရုဇဓာတ်ရှိမူ၊ကျင်နာ၏ပေး။ သင့်သည်ချည်း)။ ။

စူဠဓမ္မပါလဇာတကံ အဋ္ဌမံ။၃၅၈။