အတရမာနာနံ၊ ပညာရှိတို့၏အဆုံးအမ၌တည်လျက်အဆောတလျင်မပြုမူ၍မြော်ရှုထောက်လှမ်းဉာဏ်စွမ်းကူပင့်အသင့်အားဖြင့်အမှုကိုပြုကုန်သောသူတို့အား။ (အဝိကါးနိပါတ်မျှသာ)။ ဖလာ-သာ၊ တောင့်တသောအာသာ၏အကျိုးသည်။ သမိဇ္ဈတိဝ၊ ပြည့်စုံသည်သာလျှင်တည်း။ ဂါမဏိ၊ ပြည်သူ့အဓိပတိဂါမဏိ။ အဟံ၊ ငါသည်။ ဝိပက္က-ဗြဟ္မ-စရိယော၊ အကျိုးဖြစ်ပြီး၍မှည့်ပြီးကျက်ပြီးသောလေးပါးသောသင်္ဂဟဝတ္ထုဟုဆိုအပ်သောမြတ်သောအကျင့်ရှိသည်။ အသ္မိံ၊ ဖြစ်လတ်ပြီ။ ဧဝံ၊ ဤသို့။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိလော့။ ။
(အိုဂါမဏိ၊ သင်သည်ထိုအကြောင်းကိုဤသို့သိလော့။ ဆရာကိုမှီ၍အစ်ကိုတစ်ရာကိုလွန်၍ဤကြီးစွာသောမင်းအဖြစ်သို့သင်သည်ရောက်၏ဟုဝမ်းမြောက်သောစကားကိုကျူးရင့်၏)။ ။
ဂါမဏိဇာတကံအဋ္ဌမံ။ ။