(၈၆)နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သီလံကိရေဝကလျာဏံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသီလဝီမံသနဇာတ်ကို၊ ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ သီလကိုစုံစမ်းတတ်သောတစ်ယောက်သောပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ လောကေ၊ လူ့ရွာ၌။ သီလံဧဝ၊ ကိုယ်နှုတ်စိတ်တို့ဖြင့် မလွန်ကျူးခြင်းဟုဆိုအပ်သောအာစာရသီလသည်သာလျှင်။ ကလျာဏံကိရ၊ ကောင်းသတတ်။ သီလံဧဝ၊ သီလသည်သာလျှင်။ အနု-တ္တရံ၊ အတုမရှိအလုံးစုံသောကျေးဇူးကိုပေးတတ်၏။ ပဿ၊ ရှုပါလော့။ ဃောရ-ဝိသော၊ ကြမ်းသောအဆိပ်ရှိသော။ နာဂေါ၊ မြွေကိုစင်လျက်။ အ-ဍံသက-ဝိဟေဌန-မတ္တကေန၊ မကိုက်ခြင်းမညှဉ်းဆဲခြင်းမျှဖြင့်။ သီလဝါ-တိ၊ သီလရှိသောမြွေဟူ၍။ ပသံသိတော၊ ချီးမွမ်းအပ်၏။ နဟညတိ၊ ညှဉ်းလည်းမညှဉ်းဆဲအပ်။ ။
သီလဝီမံသနဇာတကံဆဋ္ဌံ။၈၆။