Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

3. Kuruṅgavaggo

Author: နိဿယ-1 @ IAPT

(၂၁)နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ဉာတမေတံ ကုရုင်္ဂဿ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကုရုင်္ဂဇာတ်ကို၊ဝေဠုကျောင်း၌နေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။

သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ယံသိယျသိ၊ အကြင်ငါ့ရှေ့သို့သစ်သီးကိုဖရိုဖရဲကြဲ၏။ ။ (သိယျသီတိဝိကိရေသိ။ ဋီကာ)။ ။ ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်သည်။ ဉာတံ၊ သိအပ်ပြီ။ တနည်း။ ဧတံ၊ ထိုအကြောင်းသည်။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ ထင်ရှားပြီ။ မေ၊ ငါသည်။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးကို။ နရုစ္စတေ၊ မနှစ်သက်အပ်။ တနည်း။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးသည်။ မေ၊ ငါအား။ နရုစ္စတေနရုစိံဥပ္ပါဒေတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ သေပဏ္ဏိ၊ ယမနေပင်။ အဟံ၊ ငါသည်။ အညံ၊ တစ်ပါးသောသစ်ပင်သို့။ ဂစ္ဆာမိ၊ သွားအံ့။

ကုရုင်္ဂမိဂဇာတကံ ပဌမံ။ ။

(၂၂) နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ် သောသဗ္ဗညုမြတ်စွာဘုရားသည်၊ယေကုက္ကုရာ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤကုက္ကုရဇာတ်ကို၊ ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ ဆွေမျိုးတို့၏အကျိုးကိုကျင့်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ယေကုက္ကုရာ၊ အကြင်ခွေးတို့သည်။ ရာဇ-ကုလမှိ၊ မင်းအိမ်၌။ ဝဒ္ဓါ၊ ကြီးကုန်၏။ ကောလေယျကာ၊ မင်းအိမ်၌ဖြစ်ကုန်၏။ ဝဏ္ဏ-ဗလူ-ပပန္နာ၊ အဆင်းခွန်အားနှင့်ပြည့်စုံကုန်၏။ တေမေတေဣမေ၊ ထိုခွေးတို့ကား။ နဝဇ္ဈာ၊ မသတ်အပ်ကုန်သောခွေးတို့တည်း။ မယံ၊ ငါတို့သည်သာ။ ဝဇ္ဈာ၊ သတ်အပ်ကုန်သောခွေးတို့သည်။ အသ္မ၊ ဖြစ်ကုန်၏။ အယံ၊ ဤခွေးသတ်ခြင်းသည်ကား။ သံဃစ္စာ၊ အလုံးစုံသောခွေးတို့အားဆက်ဆံသောသတ်ခြင်းသည်။ န၊ မဟုတ်ခဲ့။ အယံ၊ ဤခွေးသတ်ခြင်းသည်ကား။ ဒုဗ္ဗလ-ဃာတိကာ၊ အရှင်အစောင့်အရှောက်မရှိအားနည်း၍ မျက်နှာငယ်သောခွေးတို့ကိုသာ သတ်ခြင်းသည်။ ဟောတိ၊ ဖြစ်ခဲ့၏။ ။ (သဃစ္စာနာမသာဓာရဏမာရဏံ။ဋီကာ။ ဃာတာဧဝဃစ္စာ၊ သာဓာရဏာဃစ္စာ သဃ,စ္စာ,ပြု။ သံ၌နိဂ္ဂဟိတ် ကျေသည်။ ထို့ကြောင့်မဟုတ်လော။ ဃာတိကာယံဟောသကား။ ဤအလိုသော်၊ဃစ္စာရှိရမည်။ ဝဇာဒီဟိသုတ်ဖြင့်စီရင်၍ ဃစ္ဆာသော်လည်းရှိကောင်း၏)။ ။

ကုက္ကုရဇာတကံဒုတိယံ။၂၂။

(၂၃) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊အပိပဿေနမာနော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဇာနီယသိန္ဓဝဇာတ်ကို၊ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊လျော့သောဝီရိယရှိသောတစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သာရထိ၊ မြင်းစီးသူရဲ။ သလ္လေဘိ၊ မြားတို့ဖြင့်။ သလ္လလီ-ကတော၊ စူးဝင်ထွင်းသွားသောမြားရာဒဏ်ချက်ရှိသည်ကိုပြုအပ်သည်ဖြစ်၍။ ။

( ဤ၌သလ္လသဒ္ဒါသည် မြားစူးထွင်းသွားသောအရာအဆာဒဏ်ချက်ကိုဟောသည်။ သလ္လောအဿတ္ထိီတိသလ္လလီ၊ ဤပစ္စည်းသက်၍လအက္ခရာလာ။ တနည်း။ လီပစ္စည်းသက်)။ ။ ဝါ၊ ထိုးပစ်အပ်သည်ဖြစ်၍။ (သလ္လေဘိသလ္လလီကတောတိသလ္လေဟိဝိဒ္ဓေါ။အဋ္ဌကထာ)။ ။

ပဿန၊ လက်ျာနံပါးဖြင့်။ သေမာနောအပိ၊ လျောင်းငြားသော်လည်း။ ဂေါဇောဝ၊ ဂေါဇာနီယသိန္ဓောမြင်းသည်သာလျှင်။ ဝဠဝါ၊ မြင်းယုတ်ထက်။ သေယျော၊ မြတ်သေး၏။ တသ္မာ၊ ထို့ကြောင့်။ မ-ညေ-‌ဝ၊ ငါ့ကိုသာလျှင်။ ယုဉ္ဇ၊ ကလော့။ ။

(မြင်းစီးသူရဲသည်ဘုရားလောင်းကိုထစေ၍၊ မြားမှန်ရာကို ဘွဲ့စည်း၍ ကောင်းစွာ ချပ်တန်းဆာတို့ဖြင့်ဘွဲ့၍ မြင်း၏ ကျောက်ကုန်း၌စီး၍ ခုနှစ်ခုမြောက်သော ဗိုလ်စုကိုဖျက်၍ ခုနှစ်ယောက်မြောက်သောမင်းကိုအရှင်ဖမ်း၍ ဗိုလ်ပါအား ပေးအပ်၏။ ဘုရားလောင်းကိုလည်းမင်းအိမ်တံခါးသို့ဆောင်ကုန်၏။ မင်းသည်ဘုရားလောင်းကိုရှုအံ့သောငှါထွက်၏။ ဘုရားလောင်းသည်မင်းကို၊မင်းကြီး၊ခုနှစ်ပြည်ထောင်သောမင်းတို့ကိုမသတ်ပါကုန်လင့်။ သစ္စာဆိုစေ၍လွှတ်ပါကုန်လော့၊ ငါ့အား၎င်းမြင်းစီးသူရဲအား၎င်း ပေးအပ်သော စည်းစိမ်ကို မြင်းစီးသူရဲ အားသာလျှင်ပေးကုန်လော့။ ခုနှစ်ပြည်ထောင်သော မင်းတို့ကိုဖမ်း၍ ပေးပေသောသူရဲကိုဖျက်ခြင်းငှါမသင့်။ သင်မင်းကြီးတို့သည်လည်း အလှူပေးကုန်လော့၊ သီလစောင့်ကုန်လော့၊ တရားသဖြင့်မင်းပြုကုန်လော့ ဟုဆို၏။ ဤသို့ဘုရားလောင်းသည် မင်းအားအဆုံးအမကိုပေးပြီးသည်ရှိသော်၊ဘုရားလောင်းအားဘွဲ့အပ်သော ချပ်တန်းဆာကိုဖြေကုန်၏။ ဘုရားလောင်းသည် ချပ်တန်းဆာကိုဖြေစဉ်လျှင်ချုပ်၏)။ ။

ဂေါဇာနီယသိန္ဓဝဇာတကံတတိယံ။ ၂၃။

(၂၄) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ယဒါယဒါ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤအာဇညဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်၊လျော့သောဝီရိယရှိသောရဟန်းကိုပင်လျှင် အကြောင်းပြု၍ဟောတော်မူ၏။ ။

သာရထိ၊ ရထားစီးသူရဲ။ ယဒါယဒါ၊ ပုဗ္ဗနှစသည်တို့တွင်အကြင်အကြင်သို့သဘောရှိသောကာလ၌။ ယတ္ထ၊ ခရီးမူလည်းဖြစ်စေစပ်မြေမှုလည်းဖြစ်စေအကြင်သို့သဘောရှိသောအရပ်၌။ ယဒါ၊ အကြင်သို့ သဘောရှိသောခဏ၌။ ယတ္ထယတ္ထ၊ သူရဲသိမ်းစုဗိုလ်ထုခုနှစ်ပါးတို့၏အစွမ်းဖြင့် အကြင်အကြင်သဘောရှိသော များကုန်သောစစ်ထိုးရာတို့၌။ ယဒါယဒါ၊ လက်နက်ဒဏ်ချက်ကို ရသောကာလမူလည်း ဖြစ်စေ မရသောကာလမူလည်းဖြစ်စေအကြင်အကြင်သို့သောကာလ၌။ အာဇညော၊ ရထားထိန်း၏စိတ်နှစ်သက်သောအကြောင်းကို သိတတ်သောသဘောရှိသော သိန္ဓောမြင်းသည်သာလျှင်။ ဝေဂံ၊ သည်းသောလုံ့လကို။ ကုရုတေ၊ ပြု၏။ တတ္ထတသ္မိံ ဝေဂေကရိယမာနေ၊ ထိုသည်းသောလုံ့လကိုပြုအပ်သည်ရှိသော်။ ဝါဠဝါ၊ မြင်းညံ့မြင်းယုတ်တို့သည်။ ဟာယန္တိ၊ ယုတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမသ္မိံရထေ၊ ဤရထား၌။ မညေဝ၊ ငါ့ကိုသာလျှင်။ ယောဇေဟိ၊ ကလော့။ ။

အာဇညဇာတကံစတုတ္ထံ။၂၄။

(၂ ၅) နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊အညမညေဟိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သောဤတိတ္ထဇာတ်ကို၊ ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ တရားစစ်သူကြီးဖြစ်သောအသျှင်သာရိပုတ္တရာမထေရ်၏အတူနေ တပည့်ဖြစ်သောတယောက်သော ရွှေပန်းထိမ်သည့်သားရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သာရထိ၊ မြင်းထိန်း။ အစ္စာ-သနဿအစ္စာသနေန၊ အလွန်စားအပ်သော။ ပါယာသဿပိပါယာသေနပိ၊ ဃနာထမင်းဖြင့်လည်း။ သုဟိတော၊ ဝသည်ဖြစ်၍။ တပ္ပတိ၊ ရောင့်ရဲ၏။ အညမညေဟိအညေဟိအညေဟိ၊ တစ်ပါးတစ်ပါးကုန်သော။ တိတ္ထေဟိ၊ ရေဆိပ်တို့ဖြင့်။ အဿံ၊ မင်္ဂလာမြင်းကို။ ပါယေဟိ၊ ချိုးစေသောက်စေလော့။ ။

တိတ္ထဇာတကံပဉ္စမံ။၂၅။

(၂၆) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ပုရာဏစောရာနဝစောနိသမ္မ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤမဟိဠာမုခဇာတ်ကို၊ဝေဠုဝန်ကျောင်း၌နေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။

မဟာရာဇ၊ မြတ်သောမင်းကြီး။ မဟိဠာမုခေါ၊ ဆင်မ၏မျက်နှာနှင့်တူသောမျက်နှာရှိသောဆင်သည်။ ပုရာဏံ၊ ရှေးမဆွက။ စောရာနံ၊ ခိုးသူတို့၏။ ဝစော၊ စကားကို။ နိသမ္မ၊ ကြား၍။ ပေါထယံပေါထယန္တော၊ ပုတ်သတ်လျက်။ အနွစာရီအနုစာရီ၊ အတုကျင့်၏။ ဂဇုတ္တမော၊ မဟိဠာမုခဆင်မြတ်သည်။ သု-သညတာနံဟိ၊ ကောင်းစွာကိုယ်နှုတ်နှလုံးကိုစောင့်ရှောက်ကုန်သောရဟန်းပုဏ္ဏားတို့၏လျှင်။ ဝစော၊ စကားကို။ နိသမ္မ၊ ကြား၍။ သဗ္ဗ-ဂုဏေသု၊ ခပ်သိမ်းကုန်သောကျေးဇူးတို့၌။ အဋ္ဌာအဋ္ဌာသိ၊ တည်၏။

(မင်းသည် တိရစ္ဆာန်၏လည်းအလိုကိုသိပေ၏ဟုဘုရားလောင်းအားကြီးစွာသောစည်းစိမ်ကိုပေး၏)။ ။

မဟိဠာမုခဇာတကံဆဋ္ဌံ။၂၆။

(၂၇) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊နာလံကဗဠံပဒါတဝေ,အစရှိသောဂါထာပုဒ် ဖြင့်တန်းဆာဆင်အပ်သောဤအဘိဏှဇာတ်ကို၊ ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ တစ်ယောက်သောသီတင်းသည်ကို၎င်း မထေရ်ကြီးကို၎င်း အကြောင်းပြု၍ဟောတော်မူ၏။ ။

မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ နာဂေါ၊ မင်္ဂလာဆင်တော်သည်။ ကဗဠံ၊ ရှေးဦးစွာပေးအပ်သောထမင်းလုပ်ကို။ ပဒါတဝေ ပအာဒါတဝေ၊ ယူခြင်းငှါ။ နာလံအသမတ္ထော၊ မစွမ်းနိုင်။ ပိဏ္ဍံ၊ လုံး၍ပေးအပ်သောထမင်းဆုပ်ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံအသမတ္ထော၊ မစွမ်းနိုင်။ ကုသေ၊ စားစိမ့်သောငှါပေးအပ်ကုန်သောမြက်တို့ကို။ ပဒါတဝေ၊ ယူခြင်းငှါ။ နာလံအသမတ္ထော၊ မစွမ်းနိုင်။ ဃံသိတုံ၊ ရေချိုးသောကာလ၌ကိုယ်ကိုပွတ်ခြင်းငှါ။ နာလံအသမတ္ထော၊ မစွမ်းနိုင်။ နာဂေါ၊ မင်္ဂလာဆင်တော်သည်။ အဘိဏှ-ဒဿနာ၊ မပြတ်မြင်သဖြင့်။ ကုက္ကုရေ၊ ခွေး၌။ သ္နေဟံ၊ ချစ်ခြင်းကို။ အကာသိမညာမိ၊ ပြု၏ဟုအကျွန်ုပ်ထင်မိ၏။

အဘိဏှဇာတကံသတ္တမံ။၂၇။

(၂၈) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊မနုညမေဝ ဘာသေယျ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤနန္ဒိဝိသာလဇာတ်ကို၊ဇေတဝန်ကျောင်း၌နတော်မူစဉ်၊ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဆဲရေးခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ပရေန၊ တစ်ပါးသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ဘာသမာနော၊ ဆိုသောသူသည်။ မနုည-မေဝ၊ နှစ်သက်ဖွယ်သောစကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ အ-မနုညံ၊ မနှစ်သက်ဖွယ်သော စကားကို။ ကုဒါစနံ၊ တရံတဆစ်မျှ။ နဘာသေယျ၊ မဆိုရာ။ မနုညံ၊ နှစ်သက်ဖွယ်သောစကားကို။ ဘာသမာနဿ၊ ဆိုသောပုဏ္ဏား၏။ ဂရုံ၊ လေးသော။ ဘာရံ၊ လှည်းတစ်ရာကို။ ဥဒဒ္ဓရိ၊ ငင်၍လည်စေပြီ။ နံ၊ ထိုပုဏ္ဏားကို။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အလဗ္ဘေသိ၊ ရစေပြီ။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ တေန၊ ထို့ကြောင့်။ အတ္တ-မနော၊ နှစ်သက်သည်။ အဟု၊ ဖြစ်ပြီ။

နန္ဒိဝိသာလဇာတကံအဋ္ဌမံ။၂၈။

(၂၉)နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ယတောယတောဂရုဓုရံ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကဏှဇာတ်ကို၊ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ ယမိုက်ပြာဋိဟာကိုအကြောင်းပြု၍ဟောတော်မူ၏။

ယတောယတော၊ အကြင်အကြင်အရပ်၌။ ဓုရံ၊ ဝန်သည်။ ဂရု၊ လေးသည်။ ဟောတိ၊ ဖြစ်ငြားအံ့။ အညေ၊ တစ်ပါးကုန်သော။ ဗလိဗဒ္ဒါ၊ နွားပိုက်တို့သည်။ ဥက္ခိပိတုံ၊ ချီခြင်းငှါ။ နသက္ကောန္တိ၊ မတတ်နိုင်ကုန်။ ယတော၊ အကြင်အရပ်၌။ ဥဒက-စိက္ခလ္လ-မဟတ္တတာယဝါ၊ ရေညွန်များသည်၏အဖြစ်ကြောင့်၎င်း။ ဝိသမ-စ္ဆိန္န-တဋ-ဘာဝေနဝါ၊ မညီမညွတ်ပြတ်သောကမ်းပါးပြတ်ရှိသည်၏အဖြစ်ကြောင့်၎င်း။ ဂမ္ဘီရ-ဝတ္တနိ၊ သွားခြင်းငှါနက်နဲခဲယဉ်းသောခရီးသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ အညေ၊ တစ်ပါးကုန်သော။ ဗလိဗဒ္ဒေ၊ ဝန်ဆောင်နွားတို့ကို။ အပနေတွာ၊ ပယ်၍။ ကဏှံ၊ မျက်စဉ်းတောင်သို့ အရောင်လက်လက်မည်းနက်သောအဆင်းရှိသော အယျိကကာဠကအမည်ရှိသောနွားဥသဘကို။ ယုဉ္ဇန္တိ၊ ကကုန်၏။ သော၊ ထိုအယျိကကာဠကနွားဥသဘသည်။ တံဓုရံ၊ ထိုလေးစွာသောဝန်ကို။ ဝဟတေ၊ ရွက်ဆောင်၏။

ကဏှဇာတကံနဝမံ။၂၉။

(၃၀) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညု မြတ်စွာဘုရားသည်၊မာမုနိကဿပိဟယိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမုနိကဇာတ်ကို၊ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ အပျိုကြီးဖြားယောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

(၃၀)တာတစူဠလောဟိတ၊ ညီထွေးစူဠလောဟိတ။ မုနိကဿ၊ မုနိက၏။ ဘောဇနံ၊ အစာကို။ မာပိဟယိ၊ မချစ်လင့်။ မုနိကော၊ မုနိကသည်။ အာတုရန္နာနိ၊ သေအံ့သောထမင်းတို့ကို။ ဘုဉ္ဇတိ၊ စား၏။ တွံ၊ သင်သည်။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့သည်ဖြစ်၍။ ဘုသံ၊ ဖွဲကို။ ခါဒ၊ စားလော့။ ဧတံ၊ ထိုဖွဲကိုစားခြင်းသည်။ ဒီဃာယု-လက္ခဏံ၊ အသက်ရှည်ခြင်းလက္ခဏာတည်း။

မုနိကဇာတကံဒသမံ။၃၀။ ကုရုင်္ဂဝဂ္ဂေါတတိယော။ ။ တဿုဒါနံ။ ။

ကုရုင်္ဂံ ကုက္ကုရဉ္စေဝ၊ဂေါဇာနီယဉ္စ အာဇညံ။

တိတ္ထံ မဟိဠာမုခါ-ဘိဏှံ၊နန္ဒိ ကဏှဉ္စ မုနိကံ။ ။