Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

401. Paṇṇakajātakaṃ (7-1-6)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ပဏ္ဏကံတိခိဏံဓာရံ, အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်းဆာဆင်အပ်သော ဤပဏ္ဏကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုနောင်မှ ထိုသုံးယောက်ကုန်သော ပညာရှိတို့သည်လည်း မင်း၏ အထံသို့သွား၍၊ မြတ်သောမင်းကြီး၊ မင်းရင်ပြင်၌ပွဲသဘင်သည်ဖြစ်၏။ ထိုပွဲသဘင်ကို ကြည့်ကုန်သောသူတို့အားဒုက္ခသည်လည်း သုခဖြစ်၏။ ကြွတော်မူလော့သွားကုန်အံ့ဟု မင်းကိုဆောင်၍ခြင်္သေ့ခံသောလေသာပြူတင်းကိုဖွင့်၍ ပွဲသဘင်ကိုကြည့်စေကုန်၏။ များစွာကုန်သော လူတို့သည် မိမိတို့သည် တတ်သောအတတ်ကို ပြကုန်၏။ တစ်ယောက်သော ယောက်ျားသည်ကား သုံးဆယ့်သုံးလက်သစ်ရှိသော ထက်စွာသော အသွားရှိသောသန်လျက်ကိုမျို၏။ မင်းသည် ထိုယောက်ျားကိုမြင်၍ ဤယောက်ျားသည်သန်လျက်ကိုမျို၏။ ဤသန်လျက်ကိုမျိုခြင်းထက် အလွန်ခဲခက်သောအမှုသည်ရှိသလောဟုပညာရှိတို့ကိုမေးအံ့ဟုကြံ၍ အာယုရကိုမေးလိုရကား။ ။

(၁၀၂၈)ပဏ္ဏကံ တိခိဏဓါရံ၊အသိံ သမ္ပန္န-ပါယိနံ။

ပရိသာယံ ပုရိသော ဂိလတိ၊ကိံ ဒုက္ကရတရံ တတော။

ယဒညံ ဒုက္ကရံ ဌာနံ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၀၂၈)ပဏ္ဍိတ၊ ပညာရှိ။ ပဏ္ဏကံ၊ ပဏ္ဏကတိုင်း၌ဖြစ်သော။ တိခိဏံဓာရံ၊ ထက်စွာသွေးသော အသွားရှိသော။ သမ္ပန္နပါယိနံ၊ ချောမြေ့ကောင်းမွန်စွာသော။ ဝါ၊ သန်လျက်လက္ခဏာပြည့်စုံစွာသောသူတစ်ပါးတို့၏သွေးကိုသောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ပုရိသော၊ ယောက်ျားသည်။ ပရိသာယံ၊ ပရိသတ်တို့၏ အလယ်၌။ ဂိလတိ၊ မျို၏။ တတော၊ ထိုသန်လျက်ကိုမျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်သော အကြောင်းသည်။ အတ္ထိကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခဲခက်သော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိ၏။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သောသင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ။

ထိုအခါမင်းအား အာယုရအမတ်သည် ထိုအကြောင်းကို ဖြေလိုသည်ဖြစ်၍။ ။

(၁ဝ၂၉)ဂိလေယျ ပုရိသော လောဘာ၊အသိံ သမ္ပန္နပါယိနံ။

ယော စ ဝဇ္ဇာ ဒဒါမီတိ၊တံ ဒုက္ကရတရံ တတော။

သဗ္ဗညံ သုကရံ ဌာနံ၊ဧဝံ ဇာနာဟိ မဒ္ဒဝ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၁၀၂၉)မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သောမင်းကြီး။ ပုရိသော၊ ယောက်ျားသည်။ လောဘာ၊ လောဘကြောင့်။ သမ္ပန္နပါယိနံ၊ ချောမြေ့ကောင်းမွန်စွာသော။ ဝါ၊ သန်လျက်လက္ခဏာပြည့်စုံစွာသော သူတစ်ပါးတို့၏ သွေးကိုသောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ဂိလေယျ၊ မျိုရာ၏။ ယောစ၊ အကြင်သူသည်လည်း။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဇ္ဇာ၊ ဆိုရာ၏။ တံ၊ ထိုပေးအံ့ဟုဆိုသောစကားသည်။ တတော၊ ထိုသန်လျက်ကိုမျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။ ။

အာယုရပညာရှိ၏စကားကိုကြား၍ သန်လျက်ကိုမျိုခြင်းထက် ဤအမည်ရှိသောဥစ္စာကိုပေးအံ့ဟု ဆိုခြင်းသည်ခဲခက်၏။ ငါသည်လည်းပုရောဟိတ်သားအားမိဘုရားကိုပေးအံ့ဟုဆို၏။ စင်စစ်ငါသည် အလွန်ခဲခက်သည်ကို ပြုအပ်၏ဟု စုံစမ်း ဆင်ခြင်စဉ်လျှင် မင်း၏နှလုံး၌ စိုးရိမ်ခြင်းသည်အတန်ငယ်ခေါင်းပါးခြင်းသို့ရောက်၏။ မင်းသည် ထိုနောင်မှ သူတစ်ပါးအား ဤဥစ္စာကိုပေးအံ့ဟု ဆိုသောစကားထက် အလွန်ခဲခက်သောတစ်ပါးသောအမှုရှိသေးသလောဟုကြံ၍ ပုက္ကုသပညာရှိနှင့်တကွ စကားပြောလိုရကား။ ။

(၁ဝ၃ဝ)ဗျာကာသိ အာယုရော ပဉှံ၊အတ္ထံ ဓမ္မဿ ကောဝိဒေါ။

ပုက္ကုသံ ဒါနိ ပုစ္ဆာမိ၊ကိံ ဒုက္ကရတရံ တတော။

ယဒညံ ဒုက္ကရံ ဌာနံ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၁၀၃၀)ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ အာယုရော၊ အာယုရသည်။ ပဉှံပဉှာဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ ပုက္ကုသံ၊ ပုက္ကုသကို။ ပုစ္ဆာမိ၊ မေးအံ့။ တတော၊ ထိုပေးအံ့ဟုဆိုသောစကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်သော အကြောင်းသည်။ အတ္ထိကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခဲခက်သော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သောသင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ။

ထိုအခါမင်းအားဖြေလိုသည်ဖြစ်၍ပုက္ကုသပညာရှိသည်။ ။

(၁ဝ၃၁)န ဝါစမုပဇီဝန္တိ၊အဖလံ ဂိရမုဒီရိတံ။

ယော စ ဒတွာ အဝါကယိရာ၊တံ ဒုက္ကရတရံ တတော။

သဗ္ဗညံ သုကရံ ဌာနံ၊ဧဝံ ဇာနာဟိ မဒ္ဒဝ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၁၀၃၁)မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သောမင်းကြီး။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ အဖလံ၊ အကျိုးမရှိသော။ ဂိရံ၊ မြွက်အပ်သော။ ဥဒီရိတံ၊ ဆိုအပ်သော။ ဝါစံ၊ စကားကို။ နဥပဇီဝန္တိ၊ မှီ၍အသက်မမွေးကုန်။ ယောစ၊ အကြင်သူသည်ကား။ ဒတွာ၊ ပေးပြီး၍။ အဝါကယိရာ၊ တပ်စွန်းရာ၏။ တံ၊ ထိုသို့ပေးခြင်းသည်။ တတော၊ ထိုဥစ္စာကိုပေးအံ့ဟု ဆိုသောစကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။ ။

ထိုစကားကိုကြား၍ငါသည် ပုရောဟိတ်သားအား မိဘုရားကိုပေးအံ့ဟုရှေးဦးစွာဆို၍ ဆိုသည်နှင့်လျော်စွာ မိဘုရားကိုပေး၏။ စင်စစ်ငါသည် အလွန်ခဲခက်သည်ကိုပြု၏ဟု ကြံသောမင်းအားစိုးရိမ်ခြင်းသည် အလွန်ခေါင်းပါး၏။ ထိုနောင်မှ သေနကသုခမိန်မှတစ်ပါးအလွန်ပညာရှိသောသူမည်သည်မရှိ။ ဤပြဿနာကို သေနကသုခမိန်အား မေးအံ့ဟု မင်းအားအကြံသည်ဖြစ်၏။ ထိုနောင်မှ သေနက ပညာရှိကို မေးလိုရကား။ ။

(၁ဝ၃၂)ဗျာကာသိ ပုက္ကုသော ပဉှံ၊အတ္ထံ ဓမ္မဿ ကောဝိဒေါ။

သေနကံ ဒါနိ ပုစ္ဆာမိ၊ကိံ ဒုက္ကရတရံ တတော။

ယဒညံ ဒုက္ကရံ ဌာနံ၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။

ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။

(၁ဝ၃၂)ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ ပုက္ကုသော၊ ပုက္ကုသသည်။ ပဉှံပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေပြီ။ ဒါနိ၊ ယခု။ သေနကံ၊ သေနကကို။ ပုစ္ဆာမိ၊ ငါမေးအံ့။ တတော၊ ထိုသန်လျက်ကို မျိုခြင်း, ပေးအံ့ဆိုခြင်း, ပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲယဉ်းသော အကြောင်းသည်။ အတ္ထိကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိ၏။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ ငါမေးအပ်သောသင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ။

ထိုအခါ မင်းအားဖြေလိုသည်ဖြစ်၍သေနကအမတ်သည်။ ။

(၁ဝ၃၃)ဒဒေယျ ပုရိသော ဒါနံ၊အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။

ယော စ ဒတွာ နာနုတပ္ပေ၊တံ ဒုက္ကရတရံ တတော။

သဗ္ဗညံ သုကရံ ဌာနံ၊ဧဝံ ဇာနာဟိ မဒ္ဒဝ။ ။

ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။

(၁၀၃၃)မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သော ရှင်မင်းမြတ်။ ပုရိသော၊ ယောက်ျားသည်။ အပ္ပံဝါ၊ နည်းသည်လည်းဖြစ်ထသော။ ယဒိ၊ ထိုမြို့။ ဗဟုံဝါ၊ များသည်လည်းဖြစ်သော။ ဒါနံ၊ အလှူကို။ ဒဒေယျ၊ ပေးလှူရာ၏။ ယောစ၊ အကြင်သူသည်ကား။ အတ္တနော၊ မိမိ၏။ ပိယဘဏ္ဍံ၊ ချစ်မြတ်နိုးအပ်သောဘဏ္ဍာကို။ ပရဿ၊ သူတစ်ပါးအား။ ဒတွာ၊ ပေးပြီး၍။ ကိမတ္ထံ၊ အဘယ်အကြောင်းကြောင့်။ မယာ၊ ငါသည်။ ဣဒံ၊ ဤချစ်မြတ်နိုးအပ်သော ဘဏ္ဍာကို။ ဒိန္နန္တိ၊ ပေးအပ်ဘိသနည်းဟု။ ဧဝံ၊ ဤသို့။ တံပိယဘဏ္ဍံ၊ ထိုပိယဘဏ္ဍာကို။ အာရဗ္ဘ၊ အာရုံပြု၍။ နာနုတပ္ပေ၊ နောင်တတဘန်ပူပန်စိုးရိမ်ခြင်းကိုမဖြစ်စေ။ တံ၊ ထိုပေးပြီးတဘန်ပူပန်စိုးရိမ် မဖြစ်ခြင်းသည်။ တတော၊ ထိုသန်လျက်ကိုမျိုခြင်း,ပေးအံ့ဆိုခြင်း, ပေးခြင်း,ထက်။ ဒုက္ကရတရံ၊ အလွန်ပင်ခဲယဉ်း၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ ပြုလွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။ ။

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ ငါသည်မိမိစိတ်ဖြင့်လျှင် ပုရောဟိတ်သားအား မိဘုရားကိုပေးပြီး၍မိမိစိတ်ကို ခိုင်စိမ့်သောငှါမတတ်နိုင်စိုးရိမ်ပင်ပန်း၏။ ငါ့အားထိုသို့ စိုးရိမ်ပင်ပန်းခြင်းသည် မလျောက်ပတ်။ ထိုမိဘုရားသည် ငါ့အားချစ်ခြင်းရှိသည်အကယ်၍ ဖြစ်ငြားအံ့။ ဤစည်းစိမ်ကိုစွန့်၍ မပြေးရာ။ ငါ၌ချစ်ခြင်းကိုမပြုမူ၍ပြေးသော မိဘုရားဖြင့်ငါ့အားအဘယ်ပြုအံ့နည်းဟုကြံသောမင်းအား ပဒုမာရွက်မှ ရေပေါက်ကဲ့တို့အလုံးစုံသောစိုးရိမ်ခြင်းသည်လျှောကျ၍ကင်း၏။ ထိုခဏ၌လျှင်မင်း၏ ဝမ်းသွေးသွန်ခြင်းသည်ရပ်၏။ မင်းသည်ရောဂါမရှိချမ်းသာသည်ဖြစ်၍ဘုရားလောင်းအားချီးမွမ်းလိုသည်ဖြစ်၍။ ။

(၁၀၃၄)ဗျာကာသိ အာယုရော ပဉှံ၊အထော ပုက္ကုသပေါရိသော။

သဗ္ဗေ ပဉှေ အတိဘောတိ၊ယထာ ဘာသတိ သေနကော။ ။

ဟူသောဩသာနဂါထာကိုဆို၏။ ။

(၁၀၃၄)အာယုရော၊ အာယုရအမတ်သည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေဆို၏။ အထော၊ ထိုမြို့။ ပုက္ကုသပေါရိသော၊ ပုက္ကုသအမတ်သည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေဆို၏။ ဘာသိတော၊ သေနကပညာရှိဆိုအပ်သောစကားသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ အတိဘောတိ၊ လွှမ်းမိုး၍တည်၏။ တသ္မာ၊ ထို့ကြောင့်။ ယထာ၊ အကြင်အခြင်းဖြင့်။ သေနကော၊ သေနကပညာရှိသည်။ ဘာသတိ၊ ဆို၏။ တထေဝ၊ ထိုအခြင်းဖြင့်သာလျှင်။ တံဒါနံနာမ၊ ထိုအလှူမည်သည်ကို။ ဒတွာ၊ ပေးပြီး၍။ နေဝအနုတပ္ပိတဗ္ဗံ၊ နောင်တတဘန်ပူပန်စိုးရိမ်ခြင်းငှါ မလျောက်ပတ်)။ ။

တိခိဏဓာရံဆိုလိုလျက်ဆန်းအလို့ငှါနိဂ္ဂဟိတ်လာ၍တိခိဏံဓာရံရှိသည်။ ပါယနံသီလမေတဿာတိပါယီ၊ ဧတဿ၊ ထိုသန်လျက်၏။ ပါယနံ၊ သောက်ခြင်းဟုဆိုအပ်သော။ သီလံ၊ အလေသည်။ အတ္ထိ၊ ရှိ၏။ ဤသို့ဝစနတ်မူ၍။ အဘယ်ကိုသောက်ခြင်းနည်းဟုသင်္ကာရှိမူ၊ ပရဿလောဟိတံဟူသောကံကိုသာမတ္ထိယအားဖြင့်သိရ၏။ ထိုကြောင့်။ ပါယိနံ၊ သူတစ်ပါးသွေးကိုသောက်လေ့ရှိသော။ ဤသို့သောအနက်ကို အလွယ်သိသာ၏။ သမ္ပန္နဉ္စတံပါယိစာတိသမ္ပန္နပါယိ။ တံ၊ ထိုသန်လျက်သည်။ သမ္ပန္နဉ္စ၊ ချောမြေ့ကောင်းမွန်သည်လည်း။ ဝါ၊ သန်လျက်လက္ခဏာ ပြည်စုံစွာသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပါယိဝ၊ သူတစ်ပါးသွေးကို သောက်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထိုနှစ်ပါးသောသတ္တိကြောင့်။ တံ၊ ထိုသန်လျက်သည်။ သမ္ပန္နပါယိ၊ သမ္ပန္နပါယိမည်၏။ ဤသို့သောအနက်ကို ခက်ရာတွင်သာဖော်ပြခြင်းငှါ။ သမ္ပန္နပါယိနန္တိပရလောဟိတပါယိနံ,ဟု-အဋ္ဌကထာဖွင့်ပြတော်မူသည်။ သမ္ပန္နပါယိကားဝိသေသနောဘယပဒကမ္မဓရည်းတည်း။ ဤသို့သောဂုဠှတ္ထကို ဉာဏ်မစူးရှသောသူသည်၊ သမ္ပန္နသည်ပရလောဟိတကိုဟောလေသလော၊ပရလောဟိတဘယ်ကလာ၍သမ္ပန္နသည် ဘယ်မှာပျောက်လေသနည်းဟု တွေးဆပိုးဝါးရှိတတ်သည်)။ ။

ပဏ္ဏကဇာတကံ ဆဋ္ဌံ။၄၀၁။