ဥသဘာ၊ နွားနက်ဥသဘလေးခုတို့သည်ဝှေ့အံ့သောအခြင်းအရာကိုပြ၍ဘဲကုန်၏။ ရုက္ခာ၊ ငယ်စွာကုန်သောသစ်ပင်ချုံတို့သည် ပွင့်ကုန်သီးကုန်၏။ ဂါဝိယော၊ နွားမကြီးတို့သည်ယနေ့မွေးသောနွားမငယ်၏နို့ကိုစို့ကုန်၏။ ဂဝါစ၊ လှည်း၌ ကအပ်ကုန်သော နို့စို့နို့ခွါ နွားငယ်တို့သည်ဝန်ကို မရွက်ဆောင်နိုင်ကုန်။ အဿော၊ နှစ်ဘက်မျက်နှာရှိသော မြင်းသည်နှစ်ဘက်သောခံတွင်းဖြင့်အစာကိုစား၏။ ကံသော၊ အဖိုးတစ်သိန်းထိုက်သောရွှေလင်ပန်းကို ဤ၌ကျင်ငယ်စွန့်လော့ဟု မြေခွေးအားဆောင်ရှင်း၏။ သိင်္ဂါလီစ၊ အထက်ကကျစ်အပ်သောလွန်ကိုအောက်ကမြေခွေးမစား၏။ ကုမ္ဘော၊ အချည်းနှီးသောအိုးတို့ဖြင့် ခြံရံအပ်သောရေပြည့်အိုး၌သာရေလောင်း၏။ ပေါက္ခရဏီစ၊ ရေကန်အလယ်၌ ရေတို့သည်နောက်ကုန်၍အနား၌ရေတို့သည်ကြည်ကုန်၏။ အပါကံ၊ တစ်လုံးထည်းသောအိုးဖြင့်ချက်အပ်သောထမင်းသည်သုံးစုအားဖြင့်ကျက်၏။ စန္ဒနံ၊ အဖိုးတစ်သိန်းထိုက်သောစန္ဒကူးနံ့သာကို ရက်တက်ရည်ပုပ်ဖြင့်ရောင်းစား၏။ လာဗူနိ၊ ဗူးတောင်းတို့သည်။ သီဒန္တိ၊ ရေ၌နစ်ကုန်၏။ သိလာ၊ ကျောက်ဖျာကြီးတို့သည်။ ပ္လဝန္တိ၊ ရေ၌ပေါ်ကုန်၏။ မဏ္ဍူကိယော၊ ဖားမငယ်တို့သည်။ ကဏှ-သပ္ပေ၊ မြွေဟောက်တို့ကို။ ဂိလန္တိ၊ မြိုကုန်၏။ ကာကံ၊ ကျီးကို။ သုဝဏ္ဏာ၊ ရွှေဟင်္သာတို့သည်။ ပရိဝါရယန္တိ၊ ခြံရံကုန်၏။ တသာ၊ သူတစ်ပါးတို့အား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်သော။ ဝကာ၊ ကျားသစ်တို့သည်။ ဧဠကာနံ၊ ဆိတ်တို့မှ။ ဘယာ၊ ကြောက်ကုန်၏။ ဝါ၊ ကြောက်ကုန်သည်ဖြစ်၍။ ပလာယိတွာ၊ ပြေးကုန်၍။ ဂုမ္ဗဂဟနာနိ၊ တောချုံထူရာအရပ်တို့သို့။ ပဝိသိတွာ၊ ဝင်၍။ နိလီယိံသု၊ ပုန်းကုန်၏။ (ဟိကာရော ပနေတ္ထနိပါတမတ္တမေဝ)။ ။ ဤသို့လျှင်ဘုရားလောင်းရသေ့သည်လည်း ထိုတစ်ဆယ့်ခြောက်ချက်အိပ်မက်တို့၏ ယခုမျက်မြင်ပစ္စက္ခပစ္ဆိမဘဝ၌ သဗ္ဗညုရှင်တော်ဘုရားသည် ဟောတော်မူအပ်သောနည်းဖြင့်သာလျှင် အကျယ်အားဖြင့်အပြီးတိုင်သောအကျိုးကို ဟောပြီး၍အဆုံး၌ မင်းကြီးလျှောက်ဆိုသည်မဟုတ် ကိုယ်တိုင်ထုတ်အပ်သော၊ ဝိပရိယာယောဝတ္တတိ နယိဓမတ္ထိ၊ ဟူသောစကားကိုဟောသတည်း။ ။ (ဤစကားကားဘုရားလောင်းရသေ့ဟောသောစကားတည်း)။ ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အယံ၊ ဤငါဆိုအပ်ပြီးသောအနက်အဓိပ္ပါယ်သည်ကား။ ဣမေသံသုပိနာနံ၊ ဤတစ်ဆယ့်ခြောက်ချက် အိပ်မက်ကြီးတို့၏။ နိပ္ဖတ္တ၊ အပြီးတိုင်သောအကျိုးတည်း။ ပန၊ ဗျတိရိက်ကိုဆိုဦးအံ့။ တေသံ၊ ထိုတစ်ဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကို။ ပဋိဃာတတ္ထာယ၊ တားမြစ်ကွယ်ကာခြင်းငှါ။ ယံဧတံယညကမ္မံ၊ အကြင်ထိုပုဏ္ဏားတို့ဆိုအပ်သော ယဇ်ပူဇော်သောအမှုသည်။ ဝတ္တတိ၊ ဖြစ်၏။ ဘံယညကမ္မံ၊ ထိုတစ်ဦးကိုသတ်၍ တစ်ဦးကိုကုစားကြောင်းဖြစ်သော ယဇ်ပူဇော်သောအမှုသည်။ (ဤကားပါဌသေသ)။ ဝိပရိယာယော ဝိပရီတတော ဝိပလ္လာသေန၊ ဖောက်ပြန်သောအားဖြင့်။ ဝတ္တတိ၊ ဖြစ်၏။ ဣဒါနိပန၊ ယခုမျက်မြင်ပစ္စက္ခ၌ကား။ တဝဝါ၊ သင်၏၎င်း။ မမဝါ၊ ငါ၏၎င်း။ ကာလေ၊ လက်ထက်၌။ (ဤကားပါဌသေသ)။ ဣဓဣမသ္မိံပုရိသယုဂေ၊ ဤသတ္တဝါတို့ အသက်ပမာဏသည်။ ဝတ္တမာနေ၊ ဖြစ်စဉ်။ ဧတေသံသုပိနာနံ၊ ထိုတစ်ဆယ့်ခြောက်ချက်သော အိပ်မက်တို့၏။ နိဗ္ဗတ္တိ၊ အပြီးတိုင်သောအကျိုးသည်။ နအတ္ထိ၊ မဖြစ်သေးဘူး။ (ယုဂကားယုဂ် ဟောတည်း။ ကလိယုဂ်ဟူသကဲ့သို့မှတ်၊ယုဂ်ဟူသည်လည်း၊အာယုပ္ပမာဏကိုဆိုလိုသည်။ ထို့ကြောင့်၊ ပုရိသာနံအာယုပ္ပမာဏေဝတ္တမာနေတိဝုတ္တံဟောတိ,ဟု၊ ဇာတ်ဋီကာမိန့်သကား။ သုဝဏ္ဏ, သုဗဏ္ဏ,ကား၊အတ္ထအတူတူ၊ ဤအဋ္ဌကထာအလို,ရွှေဟင်္သာကို ဟောသည်။ ဝိမာနဝတ္ထု အဋ္ဌကထာအလို, ဂဠုန်ကိုဟောသည်။ ဝိမာနဝတ္ထုအဋ္ဌကထာ၌၊သုဝဏ္ဏသဒ္ဒါ၏အနက်ကိုထုတ်ရာဝယ်၊ ကာကံ သုဝဏ္ဏပရိဝါရယန္တိတိ အာဒီသုဂရုဠေ, ဟု၊မိန့်သည်ကိုရှု။ ဘုရားသခင်ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်သင်္ဂါယနာတင်ကုန်သောသခင်မြတ်တို့တို့သည်ဥသဘာ,အစ၊ စန္နနအဆုံးသုံးပဒတို့ကိုအဋ္ဌကထာသို့တင်၍၊ လာဗူနိ,စသောလေးပဒတို့ကို တစ်ခုသောဂါထာပြု၍ဧကနိပါတ်ပါဠိသို့တင်ကုန်သည်။ ထို့ကြောင့်လာဗူနိသီဒန္တိတိ ဣဒံသတ္ထာ ဇေတဝနေ ဝိဟရန္တော,အစရှိသည်ကိုမိန့်သကား။ ယင်းသို့ဖြစ်၍ဥသဘာရုက္ခာ,အစရှိသောသုံးပဒသည်ပါဌဇာတ်ပါဠိ၌ရှိပြန်သည်ကားနောက်ဆရာများ စကားပြည့်စုံအောင် သွတ်ပြန်သည်ဟုမှတ်ရာသည်။ ထို့ကြောင့်နှစ်ဂါထာဖြစ်၍ဤဇာတ်သည် ဒုကနိပါတ်၌ရှိသင့်ရာသည်။ ဤဧကနိပါတ်၌မရှိသင့်ရာဟူသောစောဒနာသည်ခွင့်မရ။ ဝိပရိယာယော ဝတ္တတိနယိဓမတ္ထိ,ဟူသော ဤစကားသည်လည်း ဘုရားလောင်းရသေ့ဟောသောစကားဖြစ်၍ပြည့်စုံအောင် နောက်ဆရာများသွတ်ထား၍ ငါးပဒဖြစ်ပြန်သည်။ ထို့ကြောင့်၊ လာဗူနီတိ အာဒီနိ စတ္တာရိပဒါနိဧကံဂါထံကတွာဧကနိပါတပါဠိံ အာရောပေသုံ,ဟူသောအဋ္ဌကထာနှင့်မတန်သည်)။ ။
မဟာသုပိနဇာတကံသတ္တမံ။၇၇။