နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အကာသိရောဂံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘခင်၊သင်သည်မင်း၏အထံသို့သွား၍၊ မင်းမြတ်၊ အသျှင်သည်အောင်တော်မူစေသတည်းဟုဆို၍။
ဒွေ မေ ဂေါဏာ မဟာ-ရာဇ၊ယေထိ ခေတ္တံ ကသာမသေ။
တေသုဧကော မတော ဒေဝ၊ဒုတိယံ ဒေယိ ခတ္တိယ။ ။
ဟူသော ဤဂါထာကိုရွတ်၍နွားကိုတောင်းလော့ဟု သောမဒတ္တသည် အဘကိုဤဂါထာကိုသင်စေ၏။ ။
မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ တစ်ခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဖော်ဖြစ်သောနွားကို။ ဒေတိ၊ ပေးတော်မူပါလော့။ ။
ဤသို့ပုဏ္ဏားသည် တစ်နှစ်သည်သဖြင့်ဂါထာကို လေ့လာသည်ကိုပြု၍၊ ဘုရားလောင်းကို၊ ချစ်သား သောမဒတ်၊ ဂါထာသည် လေ့လာသည် ဖြစ်ပြီ၊ ယခုအခါငါသည် အမှတ်မရှိသောသူ၏ အထံ၌ဆိုအံ့သောငှါစွမ်းနိုင်အံ့။ ငါ့ကိုမင်း၏အထံသို့ ဆောင်လေဟုဆို၏။ ဘုရားလောင်းသည်၊ ဘခင်၊ ကောင်းပြီဟုဆို၍၊ သင့်တင့်လျောက်ပတ်သောလက်ဆောင်ကို ယူစေ၍ အဘကိုမင်း၏အထံသို့ဆောင်၏။ ပုဏ္ဏားသည်၊ မင်းမြတ်၊ အသျှင်သည်အောင်စေ သတည်းဟုဆို၍ လက်ဆောင်ကို ဆက်၏။ မင်းသည်သောမဒတ်၊ ဤပုဏ္ဏားသည်သင်နှင့် အဘယ်သို့ တော်ကြသနည်းဟုမေး၏။ မင်းမြတ်၊ အကျွန်ုပ်၏အဘတည်းဟု၊ သောမဒတ်သည်လျှောက်၏။ အဘယ်အမှုကြောင့်လာသနည်းဟုမင်းသည်မေး၏။ထိုခဏ၌ပုဏ္ဏားသည်နွားကိုတောင်းအံ့သောငှါ။ ။
ဒွေ မေ ဂေါဏာ မဟာ-ရာဇ၊ယေဟိ ခေတ္တံ ကသာမသေ။
တေသုဧကော မတော ဒေဝ၊ဒုတိယံ ဂဏှ ခတ္တိယ။ ။
ဟူသောဤဂါထာကိုဆို၏။ ။
မဟာ-ရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ပါကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတစ်ခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဖော်ဖြစ်သောနွားကို။ ဂဏှ၊ ယူတော်မှုလော့။
(ဤဆိုအပ်ပြီးသော နှစ်ဂါထာသည် လိုရင်းပဋ္ဌာန စကားမဟုတ်၊ ပုဗ္ဗကိစ္စ အနုသန္ဓေမျှဖြစ်၍ အဋ္ဌကထာ၌ သင်္ဂါယနာတင်သည်။ ။ ပါဌဇာတ် ပါဠိတော်၌လာသော ဂါထာမဟုတ်သေး)။ ။ မင်းသည်၊ ပုဏ္ဏားသည် ချွတ်ယွင်း၍ဆိုသည်၏အဖြစ်ကိုသိ၍ ရယ်ခြင်းကိုပြု၏။ သောမဒတ်သင်တို့အိမ်၌နွားတို့သည် များကုန်ယောင် တကားဟုဆိုသည်ရှိသော်၊ မင်းမြတ်၊ နွားတို့ကို အသျှင်မင်းမြတ်တို့သည်ပေးတော်မူအပ်ကုန်သည်ဖြစ်ကုန်လတ္တံ့ဟုသောမဒတ်သည် လျှောက်၏။ မင်းသည် ဘုရားလောင်းအား နှစ်သက်၍ပုဏ္ဏားအား တစ်ဆယ့်ခြောက်ခုသော နွားတို့ကို၎င်း၊ တန်းဆာဘဏ္ဍာတို့ကို၎င်း၊ ထိုပုဏ္ဏား၏ နေသောရွာကို၎င်း မြတ်သောပေးခြင်းဖြင့် ပေးလိုက်၍များစွာသောအခြံအရံဖြင့်ပုဏ္ဏားကိုလွှတ်လိုက်၏။ ပုဏ္ဏားသည်ကိုယ်လုံးဖြူသော သိန္ဓောမြင်းတို့ဖြင့် ကအပ်သောရထားကိုစီး၍ များစွာသောအခြံအရံဖြင့် ရွာသို့သွား၏။ ဘုရားလောင်းသည် အဘနှင့်တကွရထား၌စီး၍ သွားသည်ရှိသော်၊ ဘခင်၊ အကျွန်ုပ်သည်သင်တို့ကို တစ်နှစ်ပတ်လုံး လေ့ကျက်ခြင်းကိုပြုစေ၏။ ထိုသို့ပြုပါစေလျက်တောင်းခြင်းကို ပြီးစေသောကာလ၌သင်တို့၏ နွားကိုမင်းအားပေး၏ဟုဆို၍။ ။
(၂၇၇)အကာသိ ယောဂံ ဓုဝ-မပ္ပမတ္တော၊သံဝစ္ဆရံ ဗီရဏထမ္ဘကသ္မိံ။
ဗျာကာသိ အညံ ပရိသံ ဝိဂယှ၊န နိယျမော တာယတိ အပ္ပ-ပညံ။
ဟူသောရှေးဦးစွာသောဤဂါထာကိုဆို၏။ ။
ထိုအခါဘုရားလောင်း၏စကားကိုကြား၍ပုဏ္ဏားသည်။ ။
(၂၇၈)ဒွယံ ယာစကော တာတ၊သောမဒတ္တ နိဂစ္ဆတိ။
အ-လာဘံ ဓန-လာဘံ ဝါ၊ဧဝံ ဓမ္မာ ဟိ ယာစနာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၇၈)တာတသောမဒတ္တ၊ ချစ်သားသောမဒတ်။ ဓနံ၊ ဥစ္စာကို။ ယာစနကော၊ တောင်းသောသူသည်။ အ-လာဘံဝါ၊ မရခြင်းသို့၎င်း။ ဓန-လာဘံဝါ၊ ဥစ္စာရခြင်းသို့၎င်း။ ဣတိ၊ ဤသို့။ ဒွသံ၊ နှစ်ပါးအပြားသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိသစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းသည်။ ဧဝံ-ဓမ္မာ၊ ဤသို့သဘောရှိ၏။ ။
သောမဒတ္တဇာတကံ ပဌမံ။၂၁၁။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အညောဥပရိမောဝဏ္ဏော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဥစ္ဆိဋ္ဌဘတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ပုဏ္ဏေးမသည်ထိုပုဏ္ဏားလာသည်ကိုမြင်၍ လျင်မြန်စွာဝင်၍၊ ထလော့၊ ပုဏ္ဏားသည်လာ၏ဟုသယောက်လင်ကို ကျီဘွင်းသို့သွင်း၍ ပုဏ္ဏားသည် ဝင်နေသောကာလ၌လက်ဆေးရေခွက်ကိုဆောင်၍ လက်ဆေးရေကိုပေး၍ သယောက်လင်၏ စားကြွင်းဖြစ်သော အေးသောထမင်း၏အပေါ်၌နွေးသော ထမင်းကိုခူး၍ပုဏ္ဏားအားပေး၏။ ထိုပုဏ္ဏားသည်ထမင်း၌လက်ကိုချ၍ အထက်၌ပူသောအောက်၌အေးသောထမင်းကိုမြင်၍ ဤထမင်းသည်ကား တစ်ပါးသောသူ၏ စားကြွင်းထမင်းဖြစ်ရာ၏ဟုကြံ၏။ ကြံပြီး၍ထိုပုဏ္ဏားသည် ပုဏ္ဏေးမကိုမေးလိုရကား။ ။
(၂၇၉)အညော ဥပရိမော ဝဏ္ဏော၊အညော ဝဏ္ဏော စ ဟေဋ္ဌိမော။
ဗြာဟ္မဏိ တွေ-ဝ ပုစ္ဆာမိ၊ကိံ ဟေဋ္ဌာ ကိဉ္စ ဥပ္ပရိ။
ဟူသောပဌမဂါထာကိုဆို၏။ ။
(၂၇၉)ဗြာဟ္မဏိ၊ ပုဏ္ဏေးမ။ ဘတ္တဿ၊ ထမင်း၏။ ဥပရိမော၊ အထက်၌ဖြစ်သော။ ဝဏ္ဏော၊ အခြင်းအရာသဘောလက္ခဏာသည်။ အညော၊ တစ်ပါးတည်း။ ဟေဋ္ဌိမော၊ အောက်၌ဖြစ်သော။ ဝဏ္ဏောစ၊ အခြင်းအရာသဘော လက္ခဏာသည်ကား။ အညော၊ တစ်ပါးတည်း။ တွေဝတွံဧဝ၊ သင့်ကိုပင်လျှင်။ ပုစ္ဆာမိ၊ ငါမေးအံ့။ ဟေဋ္ဌာ၊ အောက်၌ဖြစ်သောထမင်းကား။ ကိံ၊ အသို့နည်း။ ဥပရိစ၊ အထက်၌ဖြစ်သော ထမင်းကား။ ကိံ၊ အသို့နည်း။ ။
(ခူးအပ်သော ထမင်းမည်သည်ကား၊အထက်၌အေးသည်ဖြစ်ရာ၏။ အောက်၌ပူသည်ဖြစ်ရာ၏။ ဤထမင်းမူကား ထိုကဲ့သို့သဘောရှိသည်မဟုတ်၊ ထို့ကြောင့်သင့်ကိုငါမေးအံ့။ အဘယ်အကြောင်းကြောင့် အထက်ထမင်းပူသနည်း။ အောက်ထမင်းအေးသနည်းဟူလိုသတည်း)။ ။
ပုဏ္ဏေးမသည်မိမိပြုအပ်သော အမှုထင်ရှားအံ့သည်မှ ကြောက်သောကြောင့်၊ ပုဏ္ဏားသည် အဖန်တလဲလဲ မေးသော်လည်း ဆိတ်ဆိတ်နေသည်လျှင်ဖြစ်၏။ ထိုခဏ၌နဋမျိုး၏သားအားကျီ၌ နေစေအပ်သော ယောက်ျားသည်သယောက်လင်ဖြစ်ရာ၏။ ဤပုဏ္ဏားသည်အိမ်ရှင်ဖြစ်ရာ၏။ ပုဏ္ဏေးမသည်တမူကား မိမိသည် ပြုအပ်သော အမှု၏ထင်ရှားအံ့သည့်အဖြစ်မှကြောက်သောကြောင့်တစ်စုံတစ်ခုသောစကားကိုမဆို။ ယခုငါသည်ဤပုဏ္ဏေးမသည်ပြုအပ်သော အမှုကိုထင်ရှားပြ၍ သယောက်လင်ကိုကျီထဲ၌နေစေသည်၏အဖြစ်ကိုပုဏ္ဏားအားဆိုအံ့၊ ဤသို့သောအကြံဖြစ်၏။ ကြံပြီး၍၊ ထိုနဋအမျိုး၏သားသည် ပုဏ္ဏားသည်အိမ်မှထွက်သောကာလမှစ၍ သယောက်လင်သည် အိမ်သို့ဝင်ခြင်းကို၎င်း၊ အလွန်အကျူးကျင့်ခြင်းကို၎င်း၊ ထမင်းစားခြင်းကို၎င်း၊ ပုဏ္ဏေးမသည် တံခါး၌ရပ်၍ ခရီးကိုမျှော်ခြင်းကို၎င်း၊ သယောက်လင်သည် ကျီသို့ဝင်သည်၏အဖြစ်ကို၎င်း အလုံးစုံသောအကြောင်းကိုကြားလို၍။ ။
(၂၈ဝ)အဟံ နဋောသ္မိ ဘဒ္ဒန္တေ၊ဘိက္ခကော-သ္မိ ဣဓာ-ဂတော။
အယံ ဟိ ကောဋ္ဌ-မောတိဏ္ဏော၊အယံ သော တွံ ဂဝေသတိ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၈၀)ဘဒ္ဒန္တေ၊ အိုအသျှင်ပုဏ္ဏား။ အဟံ၊ ငါသည်။ နဋော၊ နဋအမျိုးသည်။ အသ္မိ၊ ဖြစ်၏။ ဘိက္ခကော၊ ထမင်းတောင်းလို၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ သောတွံ၊ ထိုအသျှင်သည်။ ဣမိနာ၊ ဤထမင်းသည်။ ကိဿနုခေါ၊ အဘယ်သူ၏လျှင်။ ဥစ္ဆိဋ္ဌကေန၊ စားကြွင်းထမင်းသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာသနည်း။ ဣတိ၊ ဤသို့။ ဂဝေသသိ၊ ရှာ၏။ ဣမံဘတ္တံ၊ ဤထမင်းကို။ ဘုဉ္ဇန္တော၊ စားသော။ အယံဟိ၊ ဤပုဏ္ဏေးမ၏သယောက်လင်သည်ကား။ တဝ၊ သင်မှ။ ဘယေန၊ ကြောက်သောကြောင့်။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏော၊ ဝင်၏။ တွံ၊ အသျှင်ပုဏ္ဏားသည်။ နံ၊ ထိုသယောက်လင်ကို။ စူဠာယ၊ ဥသျှောင်၌။ ဂဟေတွာ၊ ကိုင်ဆွဲ၍။ ယထာ၊ အကြင်အခြင်းဖြင့်။ ပုန၊ တဖန်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ပါပံ၊ ယုတ်မာသောအမှုကို။ နကရောတိ၊ မပြုဝံ့။ တထာ၊ ထိုအခြင်းဖြင့်။ ဇာနာဟိ၊ သိအောင်မူလိုက် ဆုံးမလိုက်လော့။ ။
(ဝဏ္ဏောတိအာကာရော၊ အယံဟိဥပရိမဿ ဥဏှဘာဝ္နံဟေဋ္ဌိမဿ သီဟဘာဝံ ပုစ္ဆန္တော ဧဝမာဟ။ ။ အဋ္ဌကထာ ဟူရကား၊ဝဏ္ဏသည် အာကာရကို ဟောသည်၊ အာကာရဟူသည်လည်း ထမင်း၏ပူသည့်အဖြစ်အေးသည့်အဖြစ်တည်းဟူသော သဘောလက္ခဏာကို ဆိုလိုသည်)။ ။
ဥစ္ဆိဋ္ဌဘတ္တဇာတကံ ဒုတိယံ။၂၂၁။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣသီနမန္တရံကတွာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုရုဇာတ်ကို ၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အလုံးစုံသောကုရုတိုင်း၌နေကုန်သောနတ်တို့သည် တပေါင်းတည်းဖြစ်ကုန်၍၊ သီလရှိကုန်သောရသေ့တို့ကို ငြင်းခုံခြင်းကိုပြုစေသဖြင့် မင်းသည်မသင့်သည်ကိုပြုအပ်၏ဟု၊ ကုရုမင်းအား အမျက်ထွက်ကုန်၍ ယူဇနာသုံးရာရှိသောကုရုတိုင်းကိုသမုဒ္ဒရာရေကိုလျှံတက်စေပင်လယ်ဝေစေ၍တိုင်းမဟုတ်သည်ကိုပြုကုန်၏။ ဤသို့လျှင်တစ်ယောက်သော ကုရုမင်းကိုအမှီပြု၍ တိုင်းအလုံး၌နေကုန်သောသူတို့သည်လည်းပျက်စီးခြင်းသို့ရောက်ကုန်၏ဟု မြတ်စွာဘုရားသည်လွန်လေပြီးသောအကြောင်းကိုဆောင်တော်မူ၍ဘုရားဖြစ်တော်မူ၍။ ။
(၂၈၁)ဣသီန-မန္တရံ ကတွာ၊ကုရု-ရာဇာ-တိ မေ သုတံ။
ဥစ္ဆိန္နော သဟ ရဋ္ဌေဟိ၊သရာဇာ ဝိဘဝံ ဂတော။ ။
(၂၈၂)တသ္မာ ဟိ ဆန္ဒာဂမနံ၊နပသံသန္တိ ပဏ္ဍိတာ။
အ-ဒုဋ္ဌ-စိတ္တော ဘာသေယျ၊ဂိရံ သစ္စုပသံဟိတံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၂၈၁-၂၈၂)မဟာ ရာဇ၊ မြတ်သောမင်းကြီး။ ပုဗ္ဗေ၊ ရှေး၌။ ကုရုရာဇာ၊ ကုရုမင်းသည်။ ဣသီနံ၊ ရသေ့နှစ်ဦးတို့၏၊ တို့အား။ အန္တရံ၊ မည်ကွဲပြား၊ အပေါက်အကြားကို။ ကတွာအကာသိ၊ ပြုဘူးပြီ။ ကတွာ၊ ပြုပြီး၍။ သရာဇာလောရာဇာ၊ ထိုမင်းသည်။ ရဋ္ဌေဟိ၊ တိုင်းနိုင်ငံသူတို့နှင့်။ သဟ၊ တကွ။ ဥစ္ဆိန္နော၊ အမြစ်အရင်းပြတ်သတ်၍။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတော၊ ရောက်လတ်ပြီ။ ဣတိဧဝံ၊ ဤသို့။ မေ၊ ငါသည်။ သုတံ၊ ကြားဖူး၏။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိသို့လိုက်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နပသံသန္တိ၊ မချီးမွမ်းကုန်။ အ-ဒုဋ္ဌ-စိတ္တော၊ ကိလေသာတို့သည်မဖျက်ဆီးအပ်သောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ပစ္စုပသံဟိတံ၊ သဘောမှန်သည်နှင့်စပ်သော။ ဂိရံ၊ အကျိုးအကြောင်းကိုမှီသောစကားကိုသာ။ ဘာသေယျ၊ ဆိုရာ၏။ ။ (အဒုဋ္ဌစိတ္တောတိကိလေသေဟိအဒူသိတစိတ္တောဟုတွာ)။ ။
ကုရုဇာတကံတတိယံ။၂၁၃။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပုဏ္ဏံနဒိံ ယေနစ ပေယျမာဟု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပုဏ္ဏနဒီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
မင်းသည်ထိုဘုရားလောင်း၏ကျေးဇူးကို အောက်မေ့၍ တစ်စုံတစ်ယောက်သောသူကိုစေ၍ ဆရာကိုခေါ်အံ့သောငှါ ငါ့အားမလျောက်ပတ်။ စင်စစ်သော်ကား တစ်ခုသောဂါထာကိုဖွဲ့၍ ထန်းရွက်၌ရေး၍ ကျီးသားကိုချက်စေ၍စာခွေကို၎င်း၊ ကျီးသားကို၎င်း၊ ပဝါဖြူဖြင့်ထုတ်၍ မင်း၏တံဆိပ်ဖြင့်ခတ်၍ပို့စေအံ့၊ ထိုဆရာလည်းပညာရှိဖြစ်အံ့။ မှာစာကိုဖတ်၍ ကျီးသား၏အဖြစ်ကိုသိ၍ လာလတ္တံ့။ ပညာမရှိသည်ဖြစ်အံ့ မလာလတ္တံ့ဟုကြံ၍ထိုမင်းသည်။ ။
(၂၈၂)ပုဏ္ဏံ နဒိံ ယေနစ ပေယျမာဟု၊ဇေတံ ယဝံ ယေန စ ဂုယှ-မာဟု။
ဒူရံ ဂတံ ယေန စ အဝှယန္တိ၊သော တျာ-ဘတောဟန္ဒ စ ဘုဉ္ဇ ဗြာဟ္မဏ။ ။
ဟူသောဤပဌမဂါထာကိုထန်းရွက်၌ရေး၍စေ၏။ ။
မင်းသည် ဤဂါထာကို ထန်းရွက်၌ ရေးစေ၍ ဘုရားလောင်းအား ပို့စေ၏။ ဘုရားလောင်းသည် မှာစာကိုဖတ်၍ မင်းသည် ငါ့ကိုမြင်လိုပြီဟုဆို၍။ ။
(၂၈၄)ယတော မံ သရတိ ရာဇာ၊ဝါယသံပိ ပဟေတဝေ။
ဟံသ-ကောဉ္စ-မယူရာနံ၊အ-သတိယေ-ဝ ပါပိယော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၈၄)ရာဇာ၊ ထမင်းသခင်ပြည့်ရှင်မင်းသည်။ ယတောယဒါကာလေ၊ အကြင်ကာလ၌။ ဝါယသ-မံသံ၊ ကျီးသားကို။ လဘိတွာ၊ ရ၍။ ဝါယသံပိ၊ ကျီးသားကိုစဉ်လျက်။ ပဟေတဝေ၊ ပို့လာခြင်းငှါ။ မံ၊ ငါ့ကို။ သရတိ၊ အောက်မေ့တော် မူပေသေး၏။ ဟံသာစ၊ ဟင်္သာတို့ကို၎င်း။ ကောဉ္စာစ၊ ကြိုးကြာတို့ကို၎င်း။ မယူရာစ၊ ဥဒေါင်းတို့ကို၎င်း။ ဥပနီတာ၊ ဆက်လာကုန်သည်ရှိသော်။ တာနိ၊ ထိုဟင်္သာ, ကြိုးကြာ,ဥဒေါင်း,တို့ကို။ ပဟေတဝေ၊ ပို့လာခြင်းငှါ။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ နသရိဿတိ၊ မအောက်မေ့လေအံ့နည်း။ သရိဿတိဧဝ၊ အောက်မေ့လအံ့သည်လျှင်ကတည်း။ လောကသ္မိံ၊ လူ့ရွာ၌။ အ-သတိယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ သတိ၊ အောက်မေ့တော်မူခြင်းသည်။ သေဋ္ဌော၊ မြတ်၏။
တနည်းကား။ ဟံသကောဉ္စမယူရာနံ၊ ဟင်္သာ ကြိုးကြာ ဥဒေါင်းတို့၏။ မံသံ၊ အသားကို။ လဘိတွာ၊ ရ၍။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ နသရိသာတိ၊ မအောက်မေ့လအံ့နည်း။ သရိဿတိဧဝ၊ အောက်မေ့လအံ့သည်သာလျှင်တည်း။ လောကသ္မိံ၊ လူ့ရွာ၌။ ယံဝါသံဝါ၊ ဟုတ်ဟုတ် ငြားငြား စားကောင်း သောက်ဖွယ်ကို။ လဘိတွာ၊ ရ၍။ သရဏံနာမ၊ အောက်မေ့ခြင်းမည်သည်။ သုန္ဒရံ၊ ကောင်း၏။ အ-သတိယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ ။ (ထိုသို့စားကောင်း သောက်ဖွယ်ရလျက် စားဖော်သောက်ဖက် ဖြစ်သောငါ့ကို မအောက်မေ့ မေ့လျော့ ခြင်းသည် ငါတို့မင်းအား မရှိပေ၊ ငါ့ကိုအသျှင်မင်းသည် ကျီးသားကို ရလျှင်ပင် ငါ့ကိုအောက်မေ့ ပေသည်၊ ငါ၏လာခြင်းကို တောင့်တတော်မူပေသည်။ ထို့ကြောင့် ငါသည်သွားအံ့ဟု လှည်းကစေ၍ မင်းကို ဖူးလေ၏။ မင်းသည်နှစ်သက်၍ ပုရောဟိတ်အရာ၌တည်စေ၏။ ပုဏ္ဏံဒိယေနစပေယျမာဟု၊ ဟူသောပါဌ်၌ အဓိပ္ပါယ်ကား၊ ကာကပေယျနဒီဟူသော စကားကို ဆိုကုန်သော သူတို့သည် အကြင် ငှက်ကြောင့် ရေပြည့်သောမြစ်ကို ကာကပေယျဟုဆိုကုန်၏။ ထိုစကားဟုတ်စွ၊ ရေမပြည့်သောမြစ်ကို ကာကပေယျ,ဟု၊ လောက၌ မဆိုအပ်။ အကြင်အခါ၌ကား မြစ်ကမ်း၌တည်၍ လည်ကိုဆန့်ကာကျီးသည် ရေသောက်ခြင်းငှါတတ်ကောင်း၏။ ထိုအခါ၌ ရေပြည့်သော မြစ်ကို ကာကပေယျ, ဟုဆိုကြကုန်၏။
ဇာတံယဝံယေနဂုယှမာဟု, ဟူသောပါဌ်၌ အဓိပ္ပါယ်ကား၊ ယဝံသည်ဒေသနာမတ္တဖြစ်၍ဤ၌အလုံးစုံသောကောက်ကိုယူအပ်၏။ ထိုပေါက်သစ်သော ကောက်နုသည် အကြင်ရောအခါ မိမိအတွင်းသို့ဝင်သောကျီးကို ဖုံးလွှမ်းခြင်းငှါ တက်နိုင်၏။ ထိုအခါ၊ ဂုယှတိ၊ ဖုံးလွှမ်းနိုင်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဂုယှံ၊ ဂုယှမည်၏။ ကိံ၊ အဘယ်ကို။ ဂုယှတိ၊ ဖုံးလွှမ်းနိုင်သနည်း။ ကာကံ၊ ကျီးကို။ ဂုယှတိ၊ ဖုံးလွှမ်းနိုင်၏။ ဣတိ၊ ဤသို့။ ကာကဿ၊ ကျီးကို။ ဂုယှံ၊ ဖုံးလွှမ်းနိုင်သည်တည်း။ ကာကဂုယှံ၊ ကျီးကို ဖုံးလွှမ်းနိုင်သည်။ ဤသို့ကာကဂုယှ,ဟူ၍ကောက်ကိုဆိုကုန်သောသူတို့သည် ဂုယှ,သဒ္ဒါ၏ အကြောင်းဖြစ်သော ကျီးကြောင့်ကောက်ကို ကာကဂုယှ, ဟုဆိုကုန်၏။ ထို့ကြောင့်၊ ယေနစဂုယှမာဟု, ဟူသောစကားကိုဆိုသတည်း။ ဒူရံဂတံ ယေနစအဝှယန္တိ, ပါဌ်ဝယ် အဓိပ္ပါယ်ကား ဝေးသော အရပ်သို့သွား၍ ကွေကွင်းသော ချစ်မြတ် နိုးအပ်သော ပုဂ္ဂိုလ်ကို တောင့်တကုန်သော သူတို့သည်လာ၍ နားလာသော အကြင်ကျီးကိုမြင်၍၊ ဤမည်သောငါ့အချစ်သည် အကယ်၍ လာလတ်အံ့၊ ရွှေကျီးသည် သာလိုက်ပါ၊အာလိုက်ပါဟူ၍ ဆိုကြကုန်၏။ မဆိုဘဲပင် သူ့သဘာဝ အာသောကျီးသံကိုကြား၍၊ ရွှေကျီးသာလေပြီ အာလေပြီ။ ဤမည်သော ငါ့အဆွေသည် လာပေလတ္တံ့ဟု ဆိုကြကုန်၏။ ထို့ကြောင့်၊ ဒူရံဂတံ ယေနစ အဝှယန္တိ, ဆိုသ တည်း။ ။ ဟန္ဒ, ကိုဂဏှ, ဖွင့်သောကြောင့်၊ ယော့သူလော့, ဟူသောအနက်ကို မှတ်အပ်သတည်း။ ။ ဟံသာ,စသောပါဌ်၌ ပဌမအ္နံကား အဋ္ဌကထာသစ်အ္နံတည်း။ ။ နောက်အနက်ကား။ ။ အဋ္ဌကထာယံပနဟံသ္န ကောဉ္စမယူရာနန္တိ ပါဌော၊ သောသုန္ဒရ တရော, ဟူရကား ပေါရာဏ အဋ္ဌကထာအနက်တည်း။ ။ အသတိယေဝပါပိယောသိ ယံဝါထံဝါသဘိတွာသရဏံနာမသုန္ဒရံ၊ လောကသ္မိံ ပနအသတိယေဝပါပိယော၊ အသတိ ကရဏံယေဝတီနံလာမတံ, ဟူရကား၊ အသတီတိ ဝိဇ္ဇမာနေ၊ဋီကာဖွင့် သည်ကိုဆင်ခြင်)။ ။
ပုဏ္ဏနဒီဇာတကံ စတုတ္ထံ။၂၁၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဝဓီဝတအတ္တာနံ, အစရှိသောဂါထာဖြင့် တန်းဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည် ဘုရားလောင်းကိုခေါ်၍ အမတ်အပေါင်းခြံရံလျက်ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကိုပညာရှိ၊ ဤလိပ်သည်အသို့ပြု၍ ကျသနည်းဟုမေး၏။ ဘုရားလောင်းသည် ငါသည်မင်းကိုဆုံးမလိုသည်ဖြစ်၍ အကြောင်းကိုစုံစမ်းလျက်ကြာမြင့်စွာသော ကာလပတ်လုံးလျှင်သွား၏။ ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့။ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကိုကိုက်စေ၍ ကောင်းကင်သို့ ပျံသည်ဖြစ်ရာ၏။ ထိုသို့ပျံကုန်သည် ရှိသော် ဤလိပ်သည် တစ်စုံတစ်ယောက်သောသူ၏စကားကိုကြား၍ နှုတ်မစောင့်သည်၏အဖြစ်ဖြင့် တစ်စုံတစ်ခုသောစကားကိုဆိုလိုခြင်းကြောင့် တုတ်တံကို လွှတ်သည်ဖြစ်လတ္တံ့။ဤသို့လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်လျှင်ဖြစ်ရာ၏။ ဤသို့ကြံ၍၊ မင်းမြတ်၊အ လွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိ ပြောဆိုတတ်သောသူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟုဆို၍။ ။
(၂၈၅)အဝဓီ ဝတ အတ္တာနံ၊ကစ္ဆပေါ သော ပဗျာဟရံ။
သုဂ္ဂဟီတသ္မိံ ကဋ္ဌသ္မိံ၊ဝါစာယ သကိယာဝဓိ။
(၂၈၆)ဧတံပိ ဒိတွာ-နရ-ဝီရ-သေဋ္ဌ၊ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ကစ္ဆပံ ဗျသနံ ဂတံ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၂၈၅-၂၈၆)မဟာရာဇ၊ မင်းမြတ်။ သောကစ္ဆပေါ၊ ထိုလိပ်သည်။ သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ချီအပ်သော။ ကဋ္ဌသ္မိံ၊ တုတ်တံ၌။ ပဗျာဟရံ ပဗျာဟရန္တော၊ နှုတ်ကိုမစောင့်စကားဆိုခြင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓီဝတ၊ သတ်လေသည်ဟု ကျွန်ုပ်ကြံမိ၏။ သကိယာ၊ မိမိဥစ္စာဖြစ်သော။ ဝါစာယ၊ စကားဖြင့်။ အဝဓိ၊ မိမိကိုပင်မိမိသတ်၏။ ။ နရ-ဝိရ-သေဋ္ဌ၊ လူအပေါင်းတို့သွင်မြတ်သောလုံ့လရှိသောအသျှင်မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ဧတံပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ ကုသလံဝါစံ၊ အပြစ်မရှိသောစကားကိုသာလျှင်။ ပမုဉ္စေ၊ ပြောဆိုရာ၏။ တသ္မိံပိ၊ ထိုအပြစ်မရှိသောစကား၌လည်း။ အတိဝေလံ၊ အခါလေးမြင့်။ ဝါ၊ ကာလကိုလွန်စေ၍။ အပရိယန္တဝါစံ၊ အပိုင်းအခြားမရှိ များစွာသောစကားကို။ နပမုဉ္စေ၊ မဆိုရာ။ ဗဟုဘာဏေန၊ စကားများခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပဿသိ၊ မြင်၏လော။ ။ (နှစ်ဂါထာတို့တွင် နောက်ဂါထာပုဗ္ဗဍ္ဎဣန္ဒဝဇိရာ၊ အပရဍ္ဎ ထျာဝတ္တ။ ။ ကုသလံနာတိဝေလံ,၌တစ်လုံးပိုသည်။ ပိုမှလည်းအနက်ပြည့်စုံသည်)။ ။
ကစ္ဆပဇာတကံပဉ္စမံ။၂၁၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နမာယမဂ္ဂိတပတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌တံငါတို့သည်ကွန်၌မိသောငါးကိုဆယ်၍ပူသောသံအပြင်၌ထားကုန်၍မီးကျီးတို့၌ ငါးကိုကင်၍စားကုန်အံ့ဟုတံစို့ကိုချွန်သည်ရှိသော်ငါးသည်ငါးမကိုအာရုံပြု၍ငိုလျက်။ ။
(၂၈၇)န မာယ-မဂ္ဂိ တပတိ၊န သူလော သာဓုတစ္ဆိတော။
ယဉ္စ မံ မညတေ မစ္ဆီ၊အညံ သော ရတိယာ ဂတော။
(၂၈၈)သော မံ ဒဟတိ ရာဂဂ္ဂိ၊စိတ္တံ စူပတပေတိ မံ။
ဇာလိနော မုဉ္စထာယိရာ မံ၊န ကာမေ ဟညတေ ကွစိ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၂၈၇-၂၈၈)ဇာလိနော၊ အသျှင် တံငါတို့။ အယံအဂ္ဂိ၊ ဤမီးသည်။ မံ၊ ငါ့ကို။ နတပတိ၊ မပူစေ။ သာဓု-တစ္ဆိတော၊ ကောင်းစွာ ချွန်အပ်သော။ အယံသူလော၊ ဤတံစို့သည်လည်း။ မံ၊ ငါ့ကို။ နတပတိ၊ မစူးစေ။ ဝါ၊ ပူပန်ခြင်းကိုမဖြစ်စေ။ သော၊ ထိုငါ့လင် ငါးဖိုသည်။ ရတိယာ၊ ငါးပါးသော ကာမဂုဏ်၌ မွေ့လျော် သဖြင့်။ အညံ့၊ ငါမှတစ်ပါးသော ငါးမနောက်သို့။ ဂတော၊ လိုက်လေပြီ။ ဣတိ၊ ဤသို့။ မစ္ဆီ၊ ငါ့မယား ငါးမသည်။ မံ၊ ငါ့ကို။ ယဉ္စမညတေ၊ အကြင်အောက်မေ့ရှာလတ္တံ့။ တဒေဝ၊ ထိုငါ့မယား ငါးမ၏အောက်မေ့ခြင်းသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။ ။ သောရာဂဂ္ဂိ၊ ထိုငါးမကို တပ်စွန်းခြင်း တည်းဟူသော ရာဂမီးသည်သာလျှင်။ မံ၊ ငါ့ကို။ ဒဟတိ၊ လောင်၏။ စိတ္တဉ္စ၊ ရာဂနှင့်ယှဉ်သောငါ၏စိတ်သည်သာလျှင်။ မံ၊ ငါ့ကို။ ဥပတပေတိ၊ ပူလောင်စေ၏။ အယိရာ၊ အသျှင်တံငါတို့။ တုမှေ၊ သင်တို့သည်။ မံ၊ ငါ့ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပတ္ထိတော၊ တောင့်တသော။ သတ္တော၊ သတ္တဝါကို။ ကွစိ၊ တရံတဆစ်၌။ နဟညတေ၊ မသတ်မညှဉ်းဆဲထိုက်။ ။
(တနည်းကား)။ ကာမေ၊ ကာမဂုဏ်ဟူသော အကြောင်းကြောင့်။ မစ္ဆိံ၊ ငါးမသို့။ အနုဗန္ဓမာနော၊ လိုက်သောသူကို။ တုမှာဒိသေဟိ၊ အသျှင်တို့ကဲ့သို့သောသူတို့သည်။ ကွစိ၊ တရံတဆစ်၌။ နဟညတေ၊ သတ်ခြင်းငှါမထိုက်။ ။ (ဇာလာဧတေသံအတ္ထီတိဇာလိနော။ တံငါရသတည်း။ ။ ဇာလိနောတိ ကေဝဋ္ဋေ အာလပတိ၊ တေဟိဇာလဿ အတ္ထိတာယဇာလိနောတိဝုစ္စန္တိ။ (အဋ္ဌကထာ)။ ။ မုဉ္စထာယိရာမန္တိ မုဉ္စထ မေဿမိနောတိယာစတိ။ ။ ဟုအဋ္ဌကထာ ဖွင့်ရကား။ အယိရသည်သာမိ၏ ပရိယာယ်ဟု မှတ်ရာသည်။ ဝိုးဝါးသာတွေးဆ၍ မှတ်ရသည်မဟုတ်။ ကျမ်း ငုတ်တုပ် ရှိသည်ကား။ ။ ပရိယာဒီနံရယာဒိဝဏ္ဏဿယရာဒီဟိဝိပရိယယော။ ။ ပရိယုဒါဟာသိ, ပယိရုဒါဟာသိ၊ အရိယဿ, အယိရဿ။ ဗဟုအာဗာဓော,ဗဝှါဗာဓော။ မသကာ,မကသာ။ နအဘိနေယျ, အနဘိနေယျ၊အရိယာ, အယိရာ၊ အရိယသဒ္ဒေန သာမိပိဝတ္တဗ္ဗော။ အရိယောအယိရော၊ သာမီတိပိ အတ္တော။ ။ ဤသဒ္ဒနီတိ ကျမ်းငုတ်တုပ် ရှိသတည်း။ ။ ပရိယာဒီနံ၊ ပရိယအစရှိသည်တို့၏။ ရ,ယာဒိဝဏ္ဏဿ၊ ရ,ယ, အစရှိသော ဝဏ္ဏ၏။ ယ,ရာဒီဟိ၊ ယ,ရ,အစရှိသည်တို့ဖြင့်။ ဝိပရိယာယော၊ ရှေ့နောက်ပြန်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ။ သုတအ္နံ။ ။ အရိယ သဒ္ဒေန သာမိပိ ဝတ္တဗ္ဗော, ဟူသောပါဌ်၌ ပိသဒ္ဒါဖြင့် သောတာပန်စသော အရိယာစစ် ကိုသာ ဆိုအပ်သည် မဟုတ်၊ အရှင်ကိုလည်း အရိယ,ဆိုအပ်၏ ဟုပေါင်း။ ။ ဤအလိုသော်၊ မုဉ္စထာယိရာဖြစ်၍ သံယုဂ်ကင်းယလိုသည်။ ။ အကယ်၍ မုဉ္စထယျိရာ,ဟု၊ သသံယောဂနှင့် ရှိငြားအံ့၊ အယျိရာသည် အယျ၏ ပရိယာယဟု မှတ်အပ် ၏။ မှတ်အပ်၏ လိုသော်လည်း မှိုဥကဲ့သို့ အခြေအမြစ်မရှိသော စကားမဟုတ်၊ ကျမ်းငုတ်တုပ် ရှိသည်ပင်။ ။ ဝန္ဒေတေ အယျိရေ ဗြဟ္မေ၊ ( စန္ဒကိန္နရီဇာတ်)၊ ဝန္ဒာမိတေအယျိရေ ပသန္နစိတ္တော၊ အယျိရေတိ အယျေ၊(သရဘင်္ဂဇာတ်။ ။နှစ်တွေရှိသင့်သော်လည်း။ ဤ၌အဋ္ဌကထာကိုလိုက်လျော၍ သံယောဂနှင့်ရှိသင့်သည်။ သရဘင်္ဂဇာတ်၌အယျိရေကို အယျေဖွင့်ခြင်းသည်ကား၊ သုက,သုဝက၊ သာမိ,သွာမိ,သုပါမိ၊ သတ္တော, သတ္တဝေါတို့ကဲ့သို့၊ အယျ, ဟူသော အပ္ပက္ခရသည် အယျိရ,ဟု၊ဗဝှက္ခရဖြစ်သည် ဟူလို။ ။ အပ္ပက္ခရာနံ ဗဟုတ္တမည ထတ္တဉ္စ။ ။ အပ္ပက္ခရာနံ၊ အက္ခရာနည်းသော ပုဒ်တို့၏။ ဗဟုတ္တံ၊ အက္ခရာ များသည်၏ အဖြစ်သည်၎င်း။ အညထတ္တဉ္စ၊ တစ်ပါးသော အက္ခရာ၏ အဖြစ်သည်၎င်း။ ဟောတိ၊ ဖြစ်၏။ သုတအ္နံ။ ။ သရတိ,သုသရတိ၊ သုကေဟိ,သုဝကေဟိ၊ သွာမိ, သုဝါမိ၊ သာမိနီ, သုဝါမိနိ၊ သတ္တော, သတ္တဝေါ၊ မစ္စော, မာတိယော၊ ဒွေ,ဒုဝေ၊ တဏှာ,တသိဏာ၊ ပမှံ,ပခုမံဣစ္စာဒိ။ ။ ဤကားဥဒါဟရုဏ်။ ဣစ္စာဒိ၌အာဒိသဒ္ဒါဖြင့်၊ အယျ, အယျိရ, စသည်တို့ကိုယူ။ ။ (သဒ္ဒနီတိ)။ ။
မစ္ဆဇာတကံဆဋ္ဌံ။၂၁၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗော လောကော, အစရှိသောဂါထာပုဒ်တို့ဖြင့်တန်းဆာဆင်အပ်သော ဤသေဂ္ဂုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊တစ်ယောက်သောဟင်းရွက်သည်ဖြစ်သောဒါယကာကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၌ ဟင်းရွက်သည် သည်လျှင်သ္မီးကိုစုံစမ်းအံ့ ဟူ၍တောသို့ဆောင်၍ ကိလေသာ၏ အစွမ်းအားဖြင့် အလိုရှိသကဲ့သို့ပြု၍လက်၌ကိုင်၏။ ထိုအခါ၌ငိုလတ်သောထိုသ္မီးကို၊အဘသည်။ ။
(၂၈၉)သဗ္ဗော လောကော အတ္တမနော အဟောသိ၊အ-ကောဝိဒါ ဂါမ-ဓမ္မဿ သေဂ္ဂု။
ကောမာရိ ကာ နာမ တဝ-ဇ္ဇ ဓမ္မော၊ယံ တွံ ဂဟိတာ ပဝနေ ပရောဒသိ။ ။
ဟူသောဤရှေးဦးစွာသောဂါထာဖြင့်မေး၏။ ။
ထိုစကားကိုကြား၍ သူငယ်မသည်၊ ဘခင်၊ အကျွန်ုပ်သည် သူငယ်မဟုတ်သလျှင်ကတည်း။ ကျွန်ုပ်သည် မေထုန်အကျင့်မည်သည်ကို မသိဟုဆို၍ငိုကြွေးလျက်။ ။
(၂၉၀)ယော ဒုက္ခ-ဖုဋ္ဌာယ ဘဝေယျ တာဏံ၊သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။
သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ၊ယော တာယိတာ သော သဟသံ ကရောတိ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၉၀)တာတ၊ ဘခင်။ ယောပိတာ၊ အကြင်အဘသည်။ ဒုက္ခ-ဖုဋ္ဌာယ၊ ဆင်းရဲတွေ့သည်ရှိသော်။ တာဏံ၊ စောင့်ရှောက်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ သောပိတာ၊ ထိုအဘသည်။ ဝနေ၊ လူသူမနီး တောကြီးအရပ်၌။ ဒုဗ္ဘိံ၊ ကိုယ်မှဖြစ်သောသ္မီး၌လွန်ကျူးပြစ်မှားခြင်းကို(နိဂ္ဂဟိတ်ကျေ)။ ကရောတိကတံမညတိ၊ ပြုကောင်း၏ဟု ထင်မှတ်သိ၏။ သာဟံ၊ ထိုအကျွန်ုပ်သည်။ ဝနဿ၊ တောအရပ်၏။ မဇ္ဈေ၊ အလယ်၌။ ကဿ၊ အဘယ်သူ၏။ သန္တိကေ၊ အထံ၌။ တာဏဂဟဏတ္ထာယ၊ စောင့်ရှောက်ခြင်းကိုယူအံ့သောငှါ။ ကန္ဒာမိ၊ ငိုပါရအံ့နည်း။ ယောပိတာ၊ အကြင်အဘသည်။ တာယိတာ၊ စောင့်ရှောက်ထိုက်၏။ သောပိတာ၊ ထိုစောင့်ရှောက်ရမည့် အဘသည်လျှင်။ သဟသံသာဟသံ၊ နိုင်ထက်ကလူအမူသွမ်းဖြင့်ရုန့်ရင်းသောအမှုကို။ ကရောတိ၊ ပြုအံ့ကြံခဲ့ဘိ၏။
သေဂ္ဂုဇာတကံသတ္တမံ။၂၁၇။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဌဿသာဌေယျမိဒံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောကုန်သည်စဉ်းလဲကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အသျှင်၊ အကျွန်ုပ်တို့သည် ထိုသူ့အိမ်၌ သံထွန်သွါးငါးရာတို့ကို ထားအပ်ကုန်၏။ ထိုသူသည်လင်၏ထွန်သွားတို့ကိုကြွက်တို့သည် စားအပ်ကုန်၏ဟုဆို၍၊ ဤသည်ကားသင်၏ထွန်သွားတို့ကို စားကုန်သောကြွက်တို့၏ မစင်တည်းဟုမစင်ကိုပြ၏။ အသျှင်၊ကြွက်တို့သည်ထွန်သွားတို့ကိုအကယ်၍ စားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း သူငယ်တို့ကိုချီနိုင်ကုန်လတ္တံ့။ ကြွက်တို့သည်ထွန်သွားတို့ကိုအကယ်၍မစားနိုင်ကုန်အံ့၊ စွန်တို့သည်လည်းထိုသူငယ်ကို မချီနိုင်ကုန်လတ္တံ့။ ဤသူသည်ကား သင့်ထွန်သွားတို့ကို ကြွက်တို့သည် ခဲအပ်ကုန်၏ဟူ၍ဆို၏။ ထိုကြွက်တို့၏ခဲသည်၏ အဖြစ်ကို၎င်း မခဲသည်၏အဖြစ်ကို၎င်းသိပါကုန်လော့။ တရားကိုဆုံးဖြတ်တော်မူပါကုန်လော့ဟုဆို၏။ ဘုရားလောင်းသည်ထိုကုန်သည်၏အတုစဉ်းလဲသည်၏အဖြစ်ကို သိ၍သိစေအံ့ဟူ၍၊ဤကုန်သည်သည်ကြံအပ်သည်ဖြစ်လတ္တံ့ဟုသိ၍ သင်သည်ကောင်းစွာကြံအပ်၏ဟုဆို၍။ ။
(၂၉၁)သဌဿ သာဌေယျမိဒံ သုစိန္တိတံ၊ပစ္စောဍ္ဍိတံ ပဋိကူဋဿ ကူဋံ။
ဖာလံစေ ခါဒေယျုံ မူသိကာ၊ ကသ္မာ ကုမာရံ ကုလလာ နဟရေယျုံ။
(၂၉၂)ကူဋဿ ဟိ သန္တီ-ဓ ကူဋ-ကူဋာ၊ဘဝန္တိ စာပိ နိကတိနော နိကတျာ။
ဒေဟိ ပုတ္တနဋ္ဌ ဖာလ-နဋ္ဌဿ ဖာလံ၊မာ တေ ပုတ္တ-မဟာသိ ဖာလ-နဋ္ဌော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။
(၂၉၁-၂၉၂)ဘဏေ၊ အချင်း။ တယာ၊ သင်သည်။ သဌဿ၊ စဉ်းလဲသောသူ၏။ ဣဒံဿဌေယျံ၊ ဤအတုစဉ်းလဲသည်၏အဖြစ်ကို။ သုစိန္တိတံ၊ လှလှကြံအပ်၏။ ကူဋဿ၊ ကောက်ကျစ်သောသူ၏။ ပဋိကူဋံ၊ အတုကောက်ကျစ်သည်၏အဖြစ်ကို။ ကတွာ၊ ပြု၍။ ပစ္စောဍ္ဍိတံ ပဋိဩဍ္ဍိတံ၊ ကောက်ကျစ်တုပြု၍ ကြော့အပ်၏။ ဝါ၊ တဖန်လက်တုံ့ပြန်၍ ကြော့အပ်၏။ ဖာလံ၊ သံထွန်သွားကို။ မူသိကာ၊ ကြွက်တို့သည်။ စေခါဒေယျုံ၊ အကယ်၍စားနိုင်ကုန်အံ့။ ကုမာရံ၊ သူငယ်ကို။ ကုလလာ၊ စွန်တို့သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ နဟရေယျုံ၊ မချီနိုင်ချေကုန်အံ့နည်း။ ဟရေယျုံဧဝ၊ ချီနိုင်ကုန်သည်သာလျှင်တည်း။
ဣဓလောကေ၊ ဤလူ့ပြည်၌။ ကူဋဿ၊ ကောက်သောသူ၏။ ကူဋ-ကုဋာ၊ ကောက်တုံ့ ကောက်ကုန်သောသူတို့သည်။ သန္တိဟိ၊ ရှိကုန်ရာသလျှင်ကတည်း။ နိကတိနော၊ စဉ်းလဲတတ်သောသူကို။ နိကတျာနိကတိယာ၊ အတုစဉ်းလဲသောအမှုကို။ ကာရကာစာပိ၊ ပြုတတ်သောသူတို့သည်လည်း။ ဘဝန္တိ၊ ရှိကုန်သည်သာတည်း။ ပုတ္တနဋ္ဌ၊ သားပျောက်သောယောက်ျား။ ဖာလ-နဋ္ဌဿ၊ ထွန်သွားပျောက်သသူအား။ ဖာလံ၊ ထွန်သွားကို။ ဒေဟိ၊ ပေးပေ။ ဖာလ-နဋ္ဌော၊ ထွန်သွားပျောက်သောသူသည်။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ မာအဟာသိ၊ ဆောင်ယူ၍မသွားစေလင့်။ ။ (သဌ ကေတဝေဟိံသာသံကိလေသေသုစ။ သဌတိ။သဌော။သဌောတိ ကေရာဋိကော။ ။ သဒ္ဒနီတိရှိရကား။ သဌဿ,ဟု၊မုဒ္ဒဇဌနှင့်လိုသည်။ ။ ဍိ-ခိပနုဍ္ဍနေသု။ ဍေတိ၊ဥဍ္ဍေတိ။ ပါသံဍေန္တီတိပါသဏ္ဍာ။ ။ သဒ္ဒနီတိ လာရကား၊ တတိယက္ခရာဍ,နှင့်လိုသည်)။ ။
ကူဋဝါဏိဇဇာတကံ အဋ္ဌမံ။၂၁၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဟိရညံမေ,သုဝဏ္ဏံမေ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂရဟိတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊တစ်ယောက်သောသာသနာတော်၌ငြီးငွေ့သော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၌ ထိုဘုရားလောင်းကိုထိုမျောက်တို့သည် လူ့ပြည်၌လူတို့၏ဖြစ်သောအမူအရာမည်သည်ကိုသင်တို့သည်သိကုန်လတ္တံ့၊ ငါတို့အားလည်းပြောဆိုကုန်လော့၊ ငါတို့သည်နာလိုကုန်၏ဟုဆိုကြကုန်၏။ လူတို့၏အမူအရာကိုသင်တို့သည် ငါ့ကိုမမေးကြကုန်လင့်ဟု ဘုရားလောင်းသည်ဆိုလတ်သည်ရှိသော်၊ ဆိုပါကုန်ဦးလော့၊ နာလိုကုန်၏ဟုမျောက်တို့သည်ဆိုကုန်၏။ ဘုရားလောင်းသည်လည်း၊ အချင်းတို့၊ လူတို့မည်သည်ကား၊ မင်းတို့သည်၎င်း၊ ပုဏ္ဏားတို့သည်၎င်း၊ ငါ့ဥစ္စာငါ့ဥစ္စာဟူ၍သာလျှင် ဆိုကုန်လျက်၊ ဖြစ်ကုန်၍အတည်မရှိသော သဘောကြောင့် အနိစ္စ၏အဖြစ်ကိုမသိကြကုန်။ ယခုအခါ၌ထိုအလွန်မိုက်သောလူတို့၏အကြောင်းကိုသင်တို့သည်နားထောင်ကုန်လော့ဟုဆို၍။ ။
(၂၉၃)ဟိရညံ မေ သုဝဏ္ဏံ မေ၊ဧသာ ရတ္တိံ ဒိဝါ ကထာ။
ဒုမ္မေဓါနံ မနုဿာနံ၊အရိယ-ဓမ္မံ အ-ပဿတံ။
(၂၉၄)ဒွေ ဒွေ ဂဟပတယော ဂေဟေ၊ဧကော တတ္ထ အ-မဿုကော။
လမ္ဗ-တ္ထနော ဝေဏိ-ကတော၊အထော အင်္ကိတကဏ္ဏကော။
ကီတော ဓနေန ဗဟုနာ၊သော တံ ဝိတုဒတေ ဇနံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၂၉၃-၂၉၄)ဘဝန္တော၊ အချင်းမျောက်အပေါင်းတို့။ ဒုမ္မေဓာနံ၊ ပညာမရှိကုန်သော။ အရိယ-ဓမ္မံ၊ ဘုရားအစရှိသောအရိယာတို့၏တရားကို။ ဝါ၊ အပြစ်ကင်းသောကိုးပါးသောလောကုတ္တရာတရားကို။ အ-ပဿတံ အ-ပဿန္တာနံ၊ မမြင်ကုန်ထသော။ မနုဿာနံ၊ လူတို့၏။ ရတ္တိံ၊ ညဉ့်၌၎င်း။ ဒိဝါ၊ နေ့၌၎င်း။ ကထာ၊ မပြတ်ပြောသောစကားသည်ကား။ မေ၊ ငါ၏။ ဟိရညံ၊ ငွေ။ မေ၊ ငါ၏။ သုဝဏ္ဏံ၊ ရွှေ။ ဣတိ၊ ဤသို့။ ဧသာကထာ၊ ငါ့ငွေငါ့ရွှေဟူ၍ဆိုသောစကားသာလျှင်တည်း။ အညံ၊ ငါ့ငွေငါ့ရွှေပြောသည်မှတစ်ပါးကို။ တေ၊ ထိုအိမ်ရှင်တို့သည်။ ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ ဟုတွာ၊ အကြောင်းအားလျော်စွာဖြစ်၍။ နဘဝန္တိ၊ အရှည်မတည်ပျက်စီးကုန်၏။ ဣတိ၊ ဤသို့။ နဇာနန္တိ၊ မသိကုန်။ တနည်း။ အညာ၊ ငါ့ငွေငါ့ရွှေပြောသည်မှတစ်ပါးသော။ အနိစ္စံဝါ၊ အနိစ္စဟူ၍၎င်း။ ဒုက္ခံပိ၊ ဒုက္ခဟူ၍၎င်း။ ဣတိ၊ ဤသို့။ တေသံ၊ ထိုအိမ်၌နေသောသူတို့အား။ ကထာနာမ၊ အနိစ္စဒုက္ခနှင့်စပ်သောစကားမည်သည်။ နတ္ထေဝ၊ အလျှင်းပင်မရှိခဲ့။ ဂေဟေ၊ အိမ်၌။ ဒွေဒွေ၊ နှစ်ယောက်နှစ်ယောက်ကုန်သော။ ဂဟပတယော၊ အိမ်ရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်ကုန်သော အိမ်ရှင်တို့တွင်။ ဧကော၊ တယောက်သောအိမ်ရှင်သည်ကား။ အ-မဿုကော၊ မုတ်ဆိတ်ကြင်စွယ်လည်းမရှိ။ လမ္ဗတ္ထနော၊ ရှည်သောသားမြတ်လည်းရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြား အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်းရှိ၏။ အထော၊ ထိုမြို့။ အင်္ကိတ-ကဏ္ဏကော၊ နားဍောင်းပန်ဆင်ဝတ်စရာဖောက်အပ်သောနားလည်းရှိ၏။ ဗဟုနာ၊ များစွာသော။ ဓနေန၊ အတွင်းဥစ္စာဖြင့်။ ကီတော၊ ဝယ်ယူဆောင်အပ်၏။ တနည်းကား။ ဗဟုနာဗဟုံ၊ များစွာသော။ ဓနေနဓနံ၊ ဥစ္စာကို။ မာတာပိတူနံ၊ သူ့မိသူ့ဘတို့အား။ ဒတွာ၊ ပေး၍။ ကီတော၊ ဝယ်ယူဆောင်အပ်၏။ သော၊ ထိုအဖိုးဥစ္စာများစွာပေး၍ ဝယ်အပ်သောအိမ်ရှင်တဦးသည်။ တံဇနံ၊ ထိုကျွန်အမှုလုပ်အစရှိသောသူကို။ ဝိတုဒတေ၊ ဟယ်ကျွန်ပျက်၊ နင်သည်အမှုကိုမပြုကောင်းသလောဟု နှုတ်သီးလှံဖြင့်ထိုးတတ်၏။ ဧဝံ၊ ဤသို့။ လောကေ၊ လူ့ ပြည်၌။ အတိဝိယ၊ အလွန်လျှင်။ အ-ယုတ္တံ၊ မသင့်ဟူ၍။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ မနုဿလောကံ၊ လူ့ပြည်အရပ်ကို။ ဂရဟိ၊ ကဲ့ရဲ့တော်မူ၏။ တံ၊ ထိုဘုရားလောင်းလူတို့ကြောင်းကြားပြောစကားကို။ သုတွာ၊ ကြား၍။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ ဝါနရာ၊ မျောက်တို့သည်။ မာကထေထမာကထေထ၊ ထံပါ ထံပါ မပြောပါ ကုန်လင့်။ မယံ၊ ငါတို့သည်။ အသောတဗ္ဗယုတ္တကံ၊ မကြားကောင်းမနာသာယုတ်မာသောစကားဆိုးကို။ အသုမှာတိ၊ ကြားရကုန်၏ဟု။ ဥဘောဟိဟတ္တေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ ကဏ္ဏေ၊ နားနှစ်ဖက်တို့ကို။ ဒဠှံ၊ ကြပ်ကြပ်။ ပိဒဟိံသု၊ ပိတ်ကုန်၏။ ဣမသ္မိံဌာနေ၊ ဤကျောက်ဖျာအရပ်၌။ အမှေဟိ၊ ငါတို့သည်။ ဣဒံအ-ယုတ္တံ၊ ဤစကားညစ်စကားယုတ်ကို။ သုတံ၊ ကြားအပ်၏။ ဣတိ၊ ဤသို့။ တံဌာနံ၊ ထိုအရပ်ကို။ ဝိဂရဟိတွာ၊ အထူးထူးအပြားပြားကဲ့ရဲ့၍။ အညတ္ထ၊ တစ်ပါးသောအရပ်သို့။ အဂမံသု၊ သွားကြလေကုန်၏။ သောပိဋ္ဌိပါသာဏော၊ ထိုကျောက်ဖျာသည်။ ဂရဟိတ ပိဋ္ဌိပါသာဏောယေဝနာမ၊ မျောက်တို့ကဲ့ရဲ့ရာကျောက်ဖျာဟူသောအမည်ရှိသည်လာလျှင်။ ဇာတောကိရ၊ ဖြစ်သတတ်။ ။ (ဧဝံစသည်ကားအဋ္ဌကထာစကား)။ ။
ဂရဟိတဇာတကံနဝမံ။၂၁၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုဇီဝိတရူပေါသိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်၏သတ်အံ့သောငှါလုံ့လပြုခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်တစ်စုံတစ်ယောက်သောသူအားမကြားမူ၍ ပြာသာဒ်မှသက်၍ အဦးဖွင့်သောတံခါးဖြင့်လျှင်မြို့မှထွက်၍တောသို့ဝင်၍ တစ်ခုသောသစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရားရှစ်ပါး နှိပ်စက်လတ်သော် မတုန်လှုပ်ခြင်းဟုဆိုအပ်သော သဘောကိုဆင်ခြင် လျက်နေ၏။ သိကြားသည်ထိုအကြောင်းကိုသိ၍ တောသားမုဆိုးကဲ့သို့ ဖြစ်၍ဘုရားလောင်းသို့ကပ်လေ၍၊ ပုဏ္ဏား၊သင်သည်နူးညံ့သိမ်မွေ့သော သဘောရှိလျက်အလွန်ဆင်းရဲသော သဘောရှိဘိသကဲ့သို့ ဤတောသို့ဝင်၍အဘယ်ပြုလျက်နေသနည်း၊ ဤအနက်ကိုမေးလိုရကား။ ။
(၂၉၅)သုခံ ဇီဝိတ-ရူပေါ-သိ၊ရဋ္ဌာ ဝိဝန-မာဂတော။
သော ဧကကော ရုက္ခ-မူလေ၊ကပဏော ဝိယ ဈာယသိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၂၉၆)သုခံ ဇီဝိတ-ရူပေါ-သ္မိ၊ရဋ္ဌာ ဝိဝန-မာဂတော။
သော ဧကကော ရုက္ခ-မူလေ၊ကပဏော ဝိယ ဈာယာမိ။
သတံ ဓမ္မံအနုဿရံ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၉၆)သမ္မ၊ အဆွေ။ ဧတံ၊ ဤသင်ဆိုသောစကားသည်။ သစ္စံ၊ မှန်ပေ၏။ အဟံ၊ ငါသည်။ သုခံ၊ ချမ်းသာစွာ။ ဝါ။ သုခံသုခေန၊ ချမ်းသာသဖြင့်။ ဇီဝိတ-ရူပေါ၊ အသက်ရှည်သော သဘောရှိသည်။ အသ္မိ၊ ဖြစ်၏။ သောအဟံ၊ ထိုငါသည်။ ရဋ္ဌာ၊ ပြည့်သောလူရှိရာမြို့ရွာအရပ်မှ။ ဝိဝနံနိရုဒကဋ္ဌါနံအရညံ၊ ရေမရှိသောတောကြီးအရပ်သို့။ အာဂတော၊ ဝင်လတ်၍။ ရုက္ခ-မူလေ၊ သစ်ပင်ရင်း၌။ ကပဏောဝိယ၊ အထီးကျန်သောသူကဲ့သို့။ ဧကကော၊ တစ်ယောက်ထီးထီး။ နိသိန္နော၊ နေလျက်။ ဈာယာမိ၊ ကြံမှိုင်၏။ သတံ၊ ဘုရားပစ္စေကဗုဒ္ဓါသာဝကဟုဆိုအပ်သော သူတော်ကောင်းတို့၏။ ဓမ္မံ၊ လာဘာလာဘစသောလောကဓံတရားရှစ်ပါးသည်နှိပ်စက်သော်လည်းမတုန်လှုပ်ခြင်းဟုဆိုအပ်သော တရားသဘောကို။ အနုဿရံ အနုဿရန္တော၊ အဖန်တလဲလဲအောက်မေ့လျက်။ နိသိန္နော၊ နေသည်။ အမှိ၊ ဖြစ်၏။ ။
(ဝိဝနံ၌ဝန,ကားရေကိုဟောသည်။ ဝိဂတံဝနံဥဒကံဧတ္ထာတိဝိဝနံ,ပြု။ ရေမရှိရာတောကိုရသတည်း။ ထို့ကြောင့်မဟုတ်လော။ နိရုဒက ဋ္ဌာနံအရညံ,ဟု၊အဋ္ဌကထာဖွင့်သတည်း။ ကိံ နာမေတံ စိန္တေ သိ,ကား ပါဌသေသတည်း။ ဧတံကားအနက်မရှိ။ တွံ၊ သင်သည်။ စိန္တေသိ၊ ကြံ၏။ ဧတံ၊ ဤသင်ကြံသောအကြံသည်။ ကိံနာမ၊ အဘယ်အကြံနည်း။ ဤသို့ပေးမူအနက်ရှိ၏။ ကိံနာမေတံစိန္တေသိကားပါဌသေသမဟုတ်။ စျာယသိ၏အဖွင့်ဆိုငြားအံ့။ ပါဌသေသဟုတ်ကြောင်းကိုဆိုပေအံ့၊ဒုတိယဂါထာအဖွင့်၌ ကပဏောဝိယဈာယာမိ,ဖွင့်ပြီး၍။ ယံပနဝဒေသိ ကိံ နာမေတံ စိန္တေသီတိသန္တေပဝေဒေမိ၊ ဟုအနုသန္ဓေအသစ်တက်ပြန်သောကြောင့် ပါဌသေသဖြစ်ကြောင်းကိုသိရသတည်း။ ဤနှစ်ဂါထာသာ ပါဌဇာတ် ဝယ်လာရှိသတည်း။ ယခုအခါအဋ္ဌကထာ၌လာသည်ကိုလည်းသိသာအောင်ဇိုးဇဉ်းဆိုလိုက်အံ့။ ။
ထိုအခါ၌ထိုဘုရားလောင်းကိုသိကြားမင်းသည်၊ပုဏ္ဏား၊ ဤသို့သူတော်ကောင်းတို့၏သဘောကိုဆင်ခြင်သည် ဖြစ်လတ်သော် သင်သည်ဤအရပ်၌ အဘယ့်ကြောင့် နေဘိသနည်းဟုဆို၏။ အဆွေ၊ မင်းသည် လေးပါးသောအင်္ဂါနှင့်ပြည့်စုံသောဥယျာဉ်စောင့်ကိုဆောင်စေ၏။ ထိုသို့ သဘောရှိသော ဥယျာဉ်စောင့်ကို ရအံ့သောငှါမစွမ်းနိုင်။ ထိုငါသည်သူတစ်ပါး၏လက်၌သေသဖြင့် အဘယ်ပြုအံ့နည်း။ တောသို့ဝင်၍ ကိုးကွယ်ရာမရှိသောသေခြင်းဖြင့် သေအံ့ဟုကြံ၍ ဤသို့လာ၍နေ၏ဟု ဘုရားလောင်းသည်ဆို၏။ ပုဏ္ဏား၊ ငါသည် သိကြားနတ်မင်းတည်း။ ငါသည် သင့်တို့ဥယျာဉ်အစရှိသည်တို့ကို ဖန်ဆင်းအပ်ကုန်ပြီ။ အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥယျာဉ်စောင့်ကိုဖန်ဆင်းအံ့သောငှါမတတ်ကောင်း။ သင်တို့၏မင်း၏ဦးခေါင်းကို တန်းဆာဆင်တတ်သော ဆေတ္တာသည်သည် ဆတ္တပါဏိမည်၏။ ထိုဆတ္တပါဏိသည်အင်္ဂါလေးပါးနှင့်ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့် ပြည့်စုံသောဥယျာဉ်စောင့်ဖြင့်အလိုရှိသည်ရှိသော် ထိုဆေတ္တာသည်ကိုဥယျာဉ်စောင့်ကိုပြုစိမ့်သောငှါဆိုလေလော့ဟုသိကြားမင်းသည် ဘုရားလောင်းအားအဆုံးအမကိုပေး၍မကြောက်လင့်ဟုနှစ်သိမ့်စေ၍မိမိ၏နတ်ပြည်သို့လျှင် သွား၏။ ဘုရားလောင်းသည် အိမ်သို့သွား၍ နံနက်စာစားပြီးသော်မင်းအိမ်တံခါးသို့သွား၍ ဆတ္တပါဏိကိုလည်းထိုမင်းအိမ်တံခါး၌လျှင် မြင်၍ လက်၌ကိုင်၍၊ အဆွေဆတ္တပါဏိ၊ သင်သည် လေးပါးသောအင်္ဂါနှင့်ပြည့်စုံသလောဟုမေး၍၊ ငါ၏အင်္ဂါလေးပါးနှင့်ပြည့်စုံသည်၏အဖြစ်ကို သင်အား အဘယ်သူသည် ကြားသနည်းဟု ဆိုသည်ရှိသော်၊ သိကြားနတ်မင်းသည်ကြား၏ဟုဆို၍၊ အဘယ်အကြောင်းကြောင့်ကြားသနည်းဟုမေး သည်ရှိသော်၊ ဤမည်သောအကြောင်းကြောင့် ကြား၏ဟု အလုံးစုံကိုပြောဆို၏။ ထိုဆတ္တပါဏိသည် ငါသည်လေးပါးသော အင်္ဂါနှင့်ပြည့်စုံသည်မှန်၏ဟုဆို၏။ ထိုအခါ၌ထိုဆတ္တပါဏိကိုဘုရားလောင်းသည် လက်၌ကိုင်၍လျှင်မင်း၏ အထံသို့သွား၍၊ မင်းမြတ်၊ ဤဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့်ပြည့်စုံ၏။ အင်္ဂါလေးပါးနှင့်ပြည့်စုံသောဥယျာဉ်စောင့်ဖြင့်အလိုသည်ရှိသော် ဤဆတ္တပါဏိကို ဥယျာဉ်စောင့်ပြုကုန်လော့ဟုဆို၏။ ထိုအခါ၌ထိုဆတ္တပါဏိကို မင်းသည်၊ အချင်း၊ သင်သည်အင်္ဂါလေးပါးနှင့်ပြည့်စုံသလောဟုမေး၏။ မင်းမြတ်၊ အကျွန်ုပ်သည်ငြူစူခြင်းမရှိ၊ ရစ်မျိုးကိုလည်းမသောက်၊ နမူးနထူးအလွန်အကျူးချစ်ခြင်းလည်းမရှိ၊ အမျက်မထွက်သောအကျင့်ကိုလည်း ဆောက်တည်၏။ ဤသို့အင်္ဂါလေးပါးနှင့်ပြည့်စုံ၏ဟုဆို၏။ ထိုအခါမင်းသည်၊ အိုဆတ္တပါဏိ၊သင်သည်အဘယ်ကိုအာရုံပြု၍ ငြူစူခြင်းမရှိသနည်းဟုမေး၏။ မင်းမြတ်၊ နာတော်မူလော့ဟုလျှောက်၍၊ မိမိ၏ငြူစူခြင်းမရှိသည်၏အကြောင်းကိုဆိုလိုရကား။
ဣတ္ထိယာ ကာရဏာ ရာဇ၊ဗန္ဓာပေသိံ ပုရောဟိတံ။
သော မံ အတ္ထေ နိဝေဒေသိ၊တသ္မာ-ဟံ အနုဿုယျကော။ ။
ဟူသောဂါထာကိုရွတ်၏။ ။
ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဣမသ္မိံ ယေဝဗာရာဏသီနဂရေ၊ ဤဗာရာဏသီပြည်၌သာလျှင်။ တာဒိသောဝ၊ သင်မင်းမြတ်ကဲ့သို့သဘောရှိသည်သာလျှင်ဖြစ်သော။ ရာဇာ၊ မင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဣတ္ထိယာ၊ မိန်းမ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ပုရောဟိတံ၊ ပညာရှိပုရောဟိတ်ကို။ ဗန္ဓာပေသိံ၊ နှောင်ဖွဲ့စေ၏။ သော၊ ထိုပုရောဟိတ်သည်။ မံ၊ အကျွန်ုပ်ကို။ အတ္ထေ၊ အကျိုးစီးပွါးတို့ကို။ နိဝေဒေသိ၊ ဟောကြားပေ၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အနုဿုယျကော၊ ငြူစူခြင်းမရှိ။ ။
အဗန္ဓာ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။ ဗန္ဓာပိတတ္ထမုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။ ။ ဟူသောဗန္ဓနဇာတ်၌လာသောနည်းဖြင့်လျှင်တစ်ပါးသောကာလ၌ ဤဆတ္တပါဏိသည်မင်းဖြစ်၍ခြေရင်း၌မြဲကုန်သော ခြောက်ကျိပ်လေးယောက်ကုန်သောအမတ်တို့နှင့်တကွ ချွတ်ယွင်းပြီး၍ မိမိ၏နှလုံးအလိုကို မဖြည့်သောဘုရားလောင်းကိုဖျက်ဆီးလိုသောမိဖုရားသည် ချောပစ်၍ နှောင်ဖွဲ့စေ၏။ ထိုအခါ၌ ထိုဘုရားလောင်းကို နှောင်ဖွဲ့၍ဆောင်အပ်သည်ရှိသော်၊ ဘုရားလောင်းသည် မိဖုရား၏အဟုတ်အမှန်ဖြစ်သောအပြစ်ကိုကြား၍မိမိသည်လွတ်သည် ရှိသော်၊ မင်းသည်နှောင်ဖွဲ့ စေအပ်ကုန်သော အလုံးစုံလည်း ဖြစ်ကုန်သောခြေရင်း၌မြဲစွဲကုန်သောအမတ်တို့ကိုလွှတ်စေ၍၊ မင်းမြတ်၊ ထိုခြောက်ကျိပ်လေးယောက်ကုန်သောအမတ်တို့၏၎င်း၊ မိဖုရား၏၎င်းအပြစ်ကို အသျှင်မင်းမြတ်တို့သည် သည်းခံတော်မူကုန်လော့ဟုဆုံးမ၏။ အလုံးစုံကို အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်အကျယ်အားဖြင့်သိအပ်၏။ ထိုစကားကိုကြား၍။ ။ ဣတ္ထိယာကာရဏာရာဇ၊ ဗန္ဓာပေသိံပုရောဟိတံ။ သောမံအတ္ထေနိဝေဒေသိ၊ တသ္မာဟံအနုဿုယျကော။ ။ ဟူ၍ဆို၏။ ထိုအခါ၌ကား၊ ထိုမင်းသည် ငါသည်တစ်သောင်းခြောက်ထောင်ကုန်သောမိန်းမကိုစွန့်ပစ်၍ ထိုတစ်ယောက်ထည်းသောမိန်းမကိုသာလျှင် ကိလေသာ၏အစွမ်းအားဖြင့် ထောက်ပံ့ပါသော်လည်း ရောင့်ရဲစိမ့်သောငှါ မစွမ်းနိုင်။ ဤသို့အလိုဆန္ဒ ပြည့်နိုင်ခဲကုန်သော မိန်းမတို့အား အမျက်ထွက်ခြင်းမည်သည်ကား၊ ဝတ်သောအဝတ်သည် ညစ်နွမ်းလတ်သည်ရှိသော်၊ အဘယ့်ကြောင့် နင်ညစ်နွမ်းဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ စားသောထမင်းသည်မစင်၏အဖြစ်သို့ရောက်သည်ရှိသော်၊ အဘယ့်ကြောင့်မစင်၏အဖြစ်သို့ နင်ရောက်ရဘိသနည်းဟု အမျက်ထွက်သည် နှင့်တူ၏။ ယခုအခါယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့မရောက်သေး၊ ထိုမျှလောက်သောကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ့အား ငြူစူခြင်းတို့သည် မဖြစ်စေကုန် သတည်း၊ဟု ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ငြူစူခြင်းမရှိသည်ဖြစ်၏။ ဤအကြောင်းကိုရည်၍။ တသ္မာဟံအနုဿုယျကော, ဟူ၍ဆို၏။ ။
ထိုအခါ၌ထိုဆတ္တပါဏိကို မင်းသည်၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ ရစ်မျိုးကို မသောက်သနည်းဟုမေး၏။ ထိုဆတ္တပါဏိသည်ထိုအကြောင်းကိုကြားလိုရကား။ ။
မတ္တော အဟံ မဟာ-ရာဇ၊ပုတ္တ-မံသာနိ ခါဒယိံ။
တဿ သောကေနဟံ ဖုဋ္ဌော၊မဇ္ဇ-ပါနံ ဝိဝဇ္ဇယိံ။ ။
ဟူသောဤဂါထာကိုဆို၏။ ။
မဟာ-ရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ မတ္တော၊ ရစ်သည်ဖြစ်၍။ ပုတ္တ-မံသာနိ၊ သား၏အသားတို့ကို။ ခါဒယိံ၊ စားဖူး၏။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသေလေသောသားအား။ သောကေန၊ အောက်မေ့စိုးရိမ်ခြင်းသည်။ ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ မဇ္ဇပါနံ၊ သေသောက်ခြင်းကို။ ဝိဝဇ္ဇယိံ၊ ကြဉ်ရှောင်၏။ ။
မင်းမြတ်၊ အကျွန်ုပ်သည် ရှေး၌သင်မင်းကဲ့သို့သော သဘောရှိသောဗာရာဏသီမင်းဖြစ်၍ရစ်မျိုးနှင့်ကင်း၍ဖြစ်အံ့သောငှါမစွမ်းနိုင်၊ အမဲမရှိသောထမင်းကိုလည်းစားအံ့သောငှါမစွမ်းနိုင်။မြို့၌ဥပုသ်နေ့တို့၌ သားငါး မသတ်စေလင့်ဟုစည်လည်စေ၏။ စားတော်ချက်သည် ပက္ခ၏တစ်ဆယ့်သုံးရက်နေ့၌လျှင် အမဲကိုယူ၍ထား၏။ မကောင်းသဖြင့်ထိုအမဲကိုထားအပ်သော်ထိုအမဲကိုခွေးတို့သည်စားကုန်၏။ စားတော်ချက်သည် ဥပုသ်နေ့၌ အမဲကိုမရ၍မင်းအားအထူးထူးအပြားပြား မြတ်သောအရသာရှိသော ဘောဇဉ်ကိုချက်၍ ပြာသာဒ်သို့တင်၍ကပ်အံ့သောငှါ မဝံ့ရကား၊မိဖုရားသို့ ကပ်လေ၍၊ အသျှင်မိဖုရား၊ ယနေ့အကျွန်ုပ်သည်အမဲကိုမရ၊ အမဲမရှိသော စားတော်မည်သည်ကို ဆက်ကပ်အံ့သောငှါမဝံ့၊ အသို့ပြုပါရအံ့နည်းဟုလျှောက်၏။ အမောင်စားတော်ချက်၊ ငါ၏သားကိုမင်းသည်ချစ်လေးမြတ်၏နှစ်သက်၏။ ငါ၏သားကိုမြင်၍မင်းသည် ထိုသားတော်ကိုလျှင်နမ်းတော်မူလျက်ဖက်တော်မူလျက်မိမိ၏ရှိသည်၏အဖြစ်ကိုလည်း မသိ။ ငါသည်သားကို တန်းဆာဆင်၍မင်း၏ပေါင်ပေါ်၌နေစေအံ့။ မင်းအားသားတော်နှင့်တကွမွေ့လျော်ပျော်ပါးကစားစဉ်ကာလ၌သင်သည် စားတော်ထမင်းကိုတည်လေလော့ဟုဆို၏။ ထိုမိဖုရားသည်ဤသို့ဆို၍မိမိ၏သားကိုဆင်အပ်သောတန်းဆာကိုဆင်ယင်၍ မင်း၏ပေါင်ပေါ်၌နေစေ၏။ မင်းအားသားတော်နှင့်တကွ ကစားမွေ့လျော် ရွှင်ပျော်စဉ် ကာလ၌စားတော်ချက်သည် စားတော်ကိုတည်၏။ မင်းသည်သုရာရစ်သည်ဖြစ်၍စားတော်ခွက်၌အမဲဟင်းလျာကား အဘယ်မှာနည်းဟုမေး၍။ မင်းမြတ်၊ ယနေ့ဥပုသ်နေ့ဖြစ်ရကား၊ သားငါးမသတ်စေလင့်ဟုစည်လည်သည့်အဖြစ်ကြောင့်အမဲကိုမရဟုလျှောက်သည်ရှိသော်။ ငါ့ဖို့အမဲမည်သည်ကို ရခဲသလောဟုဆို၍ တင်ထက်၌နေသော ချစ်စွာသောသား၏လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ စားတော်ချက်၏ရှေ့သို့ပစ်လိုက်၍ လျင်စွာပြည့်စုံစေ၍ ဆောင်ခဲ့လော့ဟုဆို၏။ စားတော်ချက်သည် ထိုမင်းအမိန့်ရှိတိုင်းပြု၏။ မင်းသည် သား၏အသားဖြင့်စားတော်တည်၏။ မင်းမှကြောက်ခြင်းကြောင့် ငိုအံ့သောငှါ၎င်း၊ မျက်ရည်ထွက်စိမ့်သောငှါ၎င်း စွမ်းနိုင်သောတစ်ယောက်သောသူမည်သည် မရှိ။ မင်းသည်စားပြီး၍ အိပ်ရာအပြင်၌ အိပ်ပျော်ခြင်းသို့ရောက်၍ မိုးသောက်သောကာလ၌ နိုးလတ်၍ သုရာရစ်ခြင်း ပြေလတ်သော် ငါ၏သားတော်ကိုဆောင်ခဲ့ကြကုန်လော့ဟုဆို၏။ ထိုကာလ၌ မိဖုရားသည် ငိုကြွေးလျက်ခြေရင်း၌ဝပ်၏။ သျှင်မ၊ အဘယ်အကြောင်းကြောင့်ငိုသနည်းဟုမေးသည်ရှိသော်၊ မင်းမြတ်၊ ယမန်နေ့က အသျှင်မင်းမြတ်သည် သားကိုသတ်၍ သား၏အသားဖြင့် ပွဲတော်တည်လေပြီဟု လျှောက်၏။ မင်းသည်စိုးရိမ်ခြင်းကြောင့်မျက်ရည်ယို၍ငိုကြွေး၍။ ငါ့အားဤဆင်းရဲသည်သေသောက်ခြင်းကိုအမှီပြု၍ဖြစ်၏ဟု သုရာသောက်ခြင်း၌အပြစ်ကို မြင်၍ဤနေ့မှစ၍အကြင်မျှလောက်အရဟတ္တဖိုလ်သို့မရောက်သေး၊ ထိုမျှလောက် ဤသို့သဘောရှိသောပျက်စီးခြင်းကိုပြုတတ်သောသုရာမည်သည်ကိုမသောက်အံ့ဟု မြေမှုန့်ကိုယူ၍ မျက်နှာကိုပွတ်၍ဓိဋ္ဌာန်၏။ ထိုအခါမှစ၍ရစ်မျိုးမည်သည်ကိုမသောက်စဘူး။ ဤကိုရည်၍၊မတ္တောအဟံမဟာရာဇ,အစရှိသောဤဂါထာကိုရွတ်၏။
ထိုအခါ၌ ဆတ္တပါဏိကိုမင်းသည်၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ ချစ်ခြင်းမရှိသနည်းဟု မေး၏။ ထိုဆတ္တပါဏိသည် ထိုအကြောင်းကြားလိုရကား။ ။
ကိတဝါသောနာမဟံရာဇ၊ပုတ္တော ပစ္စေကဗောဓိဿ မေ။
ပတ္တံ ဘိန္ဒိတွာ စ ဌိတော၊နိသ္နေဟော တဿ ကာရဏာ။ ။
ဟူသောဤဂါထာကိုရွတ်၏။ ။
မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ဗာရာဏသိယေဝ၊ ဗာရာဏသီပြည်၌သာလျှင်။ ကိတဝါသောနာမ၊ ကိတဝါသအမည်ရှိသော။ ရာဇာ၊ မင်းဖြစ်ဖူး၏။ တဒါ၊ ထိုအခါ၌။ မေ၊ အကျွန်ုပ်၏။ ပုတ္တော၊ သားသည်။ ပစ္စေကဗောဓိဿ၊ ပစ္စေကဗုဒ္ဓါ၏။ ပတ္တံ၊ သပိတ်တော်ကို။ ဘိန္ဒိတွာစ၊ ခွဲ၍သာလျှင်။ ဌိတော၊ ငရဲ၌တည်၏။ တဿ၊ ထိုသား၏။ ကာရဏာ၊ အကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ နိသ္နေဟော၊ ချစ်ခြင်းမရှိ။ ။
မင်းသည်ထိုအကြောင်းကိုကြား၍ သားကိုစွဲ၍ဖြစ်သောစိုးရိမ်ခြင်းသည်နှိပ်စက်အပ်သည်ဖြစ်၍ငါ့အားဤစိုးရိမ်ခြင်းသည် ချစ်သောသူကြောင့်ဖြစ်၏။ ချစ်ခြင်းသည်အကယ်၍မဖြစ်ငြားအံ့၊ စိုးရိမ်ခြင်းသည် မဖြစ်လတ္တံ့ဟုကြံ၏။ ကြံပြီး၍ ယခုအခါ၌ဤကာလမှစ၍သဝိညာဏက၏၎င်း၊ အဝိညာဏက၏၎င်း၊ တစ်စုံတစ်ခုသောဝတ္ထု၌ချစ်ခြင်း မည်သည်ကားငါ့အားမဖြစ်စေသတည်းဟုဓိဋ္ဌာန်၏။ ထိုအခါမှစ၍ချစ်ခြင်းမည်သည်ကားမရှိ။ ထိုအကြောင်းကိုရည်၍၊ ကိတဝါသောနာမဟံ,အစရှိသောဂါထာကိုရွတ်၏။ ။
ထိုအခါ၌မင်းသည်၊ ဆတ္တပါဏိကို၊ အချင်းဆတ္တပါဏိ၊ အဘယ်အာရုံကိုမြင်၍ အမျက်ထွက်ခြင်းမရှိသနည်းဟုမေး၏။ ထိုဆတ္တပါဏိသည်ထိုအကြောင်းကိုကြားလိုရကား။ ။
အရကော ဟုတွာ မေတ္တစိတ္တံ၊သတ္တဝဿာနိ ဘာဝယိံ။
သတ္တကပ္ပေ ဗြဟ္မလောကေ၊တသ္မာ အကောဓနော အဟံ။ ။
ဟူသောဤဂါထာကိုရွတ်၏။ ။
မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အရကော၊ အရကအမည်ရှိသောရသေ့သည်။ ဟုတွာ၊ ဖြစ်၍။ သတ္တ-ဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ မေတ္တစိတ္တံ၊ မေတ္တာနှင့် ယှဉ်သော စိတ်ကို။ ဘာဝယိံ၊ ပွါးစေဘူး၏။ ဘာဝေတွာ၊ ပွါးစေသောကြောင့်။ သတ္တကပ္ပေ၊ ခုနှစ်ပါးသောသံဝဋ္ဋဝိဝဋ္ဋကပ်တို့ပတ်လုံး။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ ဝသိံ၊ နေခဲ့ဘူး၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အကောဓနော၊ အမျက်ထွက်ခြင်းမရှိ။ ။
ဤဆတ္တပါဏိသည် မိမိ၏လေးပါးကုန်သောအင်္ဂါတို့ကို ဆိုအပ်ကုန်သည်ရှိသော်၊ မင်းသည်ပရိသတ်အားသတ်စိမ့်သောငှါ အမူအရာအမှတ်ကိုပေး၏။ ထိုခဏ၌ပင်လျှင်၊ အမတ်,ပုဏ္ဏား,သူကြွယ်,အစရှိကုန်သောသူတို့သည်ထကုန်၍ ဟယ်တံစိုးစားသော ခိုးသူပျက်။ သင်သည်တံစိုးမရ၍ပညာရှိကိုစွပ်စွဲ၍သေစေလို၏ဟု၊ ကာလကစစ်သူကြီးကို လက်ခြေတို့၌ကိုင်ကုန်၍ မင်းအိမ်မှချကုန်၍ကိုင်မိတိုင်းကိုင်မိတိုင်းသာလျှင် ဖြစ်ကုန်သောကျောက်,ဆောက်ပုတ်တို့ဖြင့်ဦးခေါင်းကိုခွဲကုန်၍ အသက်သေခြင်းသို့ရောက်စေကုန်၍ငင်ကုန်လျက် တံမြက်ချေးအမှိုက်စုရာ အရပ်၌စွန့်ကုန်၏။ ထိုအခါမှစ၍မင်းသည် တရားသဖြင့်မင်းအဖြစ်ကိုပြုလျက်ကံအားလျော်စွာလား၏)။ ။
ဓမ္မဓဇဇာတကံ ဒသမံ။၂၂၀။ ဗီရဏထမ္ဘဝဂ္ဂေါ သတ္တမော။ တဿုဒ္ဒါနံ။ ။
သောမဒတ္တဉ္စ,ဥစ္ဆိဋ္ဌံ,၊ကုရု, ပုဏ္ဏနဒီပိစ,၊ကစ္ဆပံ,မစ္ဆ,သေဂ္ဂုစ,။
ကူဋဝါဏိဇ,ဂရဟိ,၊ဓမ္မဓဇ,န္တိတေဒသ။ ။