Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

138. Godhajātakaṃ

Author: နိဿယ-1 @ IAPT

(၁၃၈) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ကိန္တေဇဋာဟိဒုမ္မေဓ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဓဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော တစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဒုမ္မေဓ၊ ပညာနည်းသောရသေ့မိုက်။ ယာဧတာဇဋာ၊ အကြင်ဆံကျစ်တို့ကို။ ပဗ္ဗဇိတေန၊ ရသေ့ရဟန်းပြုသောသူသည်။ ဓာရေတဗ္ဗာ၊ ဆောင်အပ်ကုန်၏။ ပဗ္ဗဇ္ဇာ-ဂုဏ-ရဟိတဿ၊ ရဟန်းကျေးဇူးမှကင်းသော။ တေ၊ သင်အား။ တာဟိဇဋာဟိ၊ ထိုရသေ့ ရဟန်းမြတ်တို့သည် ဆောင်အပ်သောဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တဒနုစ္ဆဝိကဿ၊ ထိုသစ်နက်ရေအား လျောက်ပတ်သော။ သံဝရဿ၊ စောင့်စည်းခြင်း၏။ အဘာဝကာလတော၊ မရှိသောကာလမှ။ ပဋ္ဌာယ၊ စ၍။ တေ၊ သံဝရသီလမရှိသောသင်အား။ အဇိန-သာဋိယာ၊ သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ အတွင်းဖြစ်သောစိတ်နှလုံးသည်။ ဂဟနံပဋိစ္ဆန္နံ၊ ရာဂဒေါသမောဟဟူသောချုံစေးပျစ်သည် အရစ်ရစ်အပတ်ပတ်ဖုံးလွှမ်းအပ်၏။ သောတွံ၊ ထိုသင်သည်။ လိင်္ဂဂ္ဂဟဏေန၊ သစ်နက်ရေလျှော်တေဆံကျစ်စသော ရသေ့အသွင်ကိုယူသဖြင့်။ ဗာဟိရံ၊ အပဖြစ်သောကိုယ်ကို။ ပရိမဇ္ဇသိ၊ သုတ်သင်ပြုပြင်အရောင်တင်၏။ (အဆိပ်ဖြင့်ပြည့်သောအိုးဇရည်းကဲ့သို့၎င်း၊မြွေဟောက်ပြည့်သောတောင်ပို့ကဲ့သို့၎င်း၊မစင်ပြည့်သောဆေးချယ်သောအိုးကဲ့သို့၎င်း၊ သင်၏ကိုယ်သည် အပကသာ ဆံကျစ်သစ်နက်ရေလျှော်တေဖုံးလွှမ်း၍ပြေပြစ်သည်၊အတွင်းတရားစိတ်နှလုံးကားဆိုဝါးသည်ဟူလို)။ ။

ဂေါဓဇာတကံအဋ္ဌမံ။၁၃၈။