Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

217. Seggujātakaṃ (2-7-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗော လောကော, အစရှိသောဂါထာပုဒ်တို့ဖြင့်တန်းဆာဆင်အပ်သော ဤသေဂ္ဂုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊တစ်ယောက်သောဟင်းရွက်သည်ဖြစ်သောဒါယကာကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ၌ ဟင်းရွက်သည် သည်လျှင်သ္မီးကိုစုံစမ်းအံ့ ဟူ၍တောသို့ဆောင်၍ ကိလေသာ၏ အစွမ်းအားဖြင့် အလိုရှိသကဲ့သို့ပြု၍လက်၌ကိုင်၏။ ထိုအခါ၌ငိုလတ်သောထိုသ္မီးကို၊အဘသည်။ ။

(၂၈၉)သဗ္ဗော လောကော အတ္တမနော အဟောသိ၊အ-ကောဝိဒါ ဂါမ-ဓမ္မဿ သေဂ္ဂု။

ကောမာရိ ကာ နာမ တဝ-ဇ္ဇ ဓမ္မော၊ယံ တွံ ဂဟိတာ ပဝနေ ပရောဒသိ။ ။

ဟူသောဤရှေးဦးစွာသောဂါထာဖြင့်မေး၏။ ။

(၂၈၉)အမ္မ၊ အမိ။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ သတ္တဝါသည်။ ဧတိဿာကာမသေဝနာယ၊ ထိုကာမဂုဏ်ကို မှီဝဲခြင်း၌။ အတ္တမနော၊ ဝမ်းမြောက် ဝမ်းသာရှိသည်။ အဟောသိ၊ ဖြစ်၏။ သေဂ္ဂု၊ ချစ်သ္မီးသေဂ္ဂု။ တွံပန၊ သင်သည်တမူကား။ ဂါမ-ဓမ္မဿ၊ ရွာသူတို့၏အကျင့်၌။ အ-ကောဝိဒါ၊ အဘယ်ကြောင့် မလိမ္မာဘိသနည်း။ တွံ၊ သင်သည်။ ပဝနေ၊ တောအရပ်၌။ မယာ၊ ငါသည်။ သန္ဓာဝသေန၊ ပေါင်းဖော်လိုသည်၏ အစွမ်းအားဖြင့်။ ဂဟိတာ၊ လက်၌ကိုင်အပ်သည်ရှိသော်။ ယံပရောဒသိ၊ အကြင်ငို၏။ အဇ္ဇ၊ ယခု။ ဧသဧသော၊ ဤသို့ငိုခြင်းဟု ဆိုအပ်သော။ တဝ၊ သင်၏။ ဓမ္မော၊ သဘောသည်။ ကော၊ အသို့နည်း။ (ထည့်)။ တွံ၊ သင်သည်။ ကောမာရိကာနာမ၊ ကုမာရိကစင်စစ်ဖြစ်သော သဘောလော။ ဣတိ၊ ဤသို့။ ပုစ္ဆတိ၊ မေး၏။

ထိုစကားကိုကြား၍ သူငယ်မသည်၊ ဘခင်၊ အကျွန်ုပ်သည် သူငယ်မဟုတ်သလျှင်ကတည်း။ ကျွန်ုပ်သည် မေထုန်အကျင့်မည်သည်ကို မသိဟုဆို၍ငိုကြွေးလျက်။ ။

(၂၉၀)ယော ဒုက္ခ-ဖုဋ္ဌာယ ဘဝေယျ တာဏံ၊သော မေ ပိတာ ဒုဗ္ဘိ ဝနေ ကရောတိ။

သာ ကဿ ကန္ဒာမိ ဝနဿ မဇ္ဈေ၊ယော တာယိတာ သော သဟသံ ကရောတိ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၉၀)တာတ၊ ဘခင်။ ယောပိတာ၊ အကြင်အဘသည်။ ဒုက္ခ-ဖုဋ္ဌာယ၊ ဆင်းရဲတွေ့သည်ရှိသော်။ တာဏံ၊ စောင့်ရှောက်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ သောပိတာ၊ ထိုအဘသည်။ ဝနေ၊ လူသူမနီး တောကြီးအရပ်၌။ ဒုဗ္ဘိံ၊ ကိုယ်မှဖြစ်သောသ္မီး၌လွန်ကျူးပြစ်မှားခြင်းကို(နိဂ္ဂဟိတ်ကျေ)။ ကရောတိကတံမညတိ၊ ပြုကောင်း၏ဟု ထင်မှတ်သိ၏။ သာဟံ၊ ထိုအကျွန်ုပ်သည်။ ဝနဿ၊ တောအရပ်၏။ မဇ္ဈေ၊ အလယ်၌။ ကဿ၊ အဘယ်သူ၏။ သန္တိကေ၊ အထံ၌။ တာဏဂဟဏတ္ထာယ၊ စောင့်ရှောက်ခြင်းကိုယူအံ့သောငှါ။ ကန္ဒာမိ၊ ငိုပါရအံ့နည်း။ ယောပိတာ၊ အကြင်အဘသည်။ တာယိတာ၊ စောင့်ရှောက်ထိုက်၏။ သောပိတာ၊ ထိုစောင့်ရှောက်ရမည့် အဘသည်လျှင်။ သဟသံသာဟသံ၊ နိုင်ထက်ကလူအမူသွမ်းဖြင့်ရုန့်ရင်းသောအမှုကို။ ကရောတိ၊ ပြုအံ့ကြံခဲ့ဘိ၏။

သေဂ္ဂုဇာတကံသတ္တမံ။၂၁၇။