Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

74. Rukkhadhammajātakaṃ

Author: နိဿယ-1 @ IAPT

(၇၄) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သာဓုသမ္ဗဟုလာဉာတီ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤရုက္ခဓမ္မဇာတ်ကို၊ ဇေဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ရေကြောင့်ခိုက်ရန်ဖြစ်သောအခါ၌ကိုယ်တော်၏ဆွေတော်မျိုးတော်တို့အား ဖြစ်လတ္တံ့သော ကြီးစွာသောပျက်စီးခြင်းကိုသိတော်မူ၍ကောင်းကင်သို့ပျံတက်တော်မူ၍ ရောဟိနီမြစ်၏အထက်၌ ထက်ဝယ်ဖွဲ့သဖြင့် နေတော်မူပြီးလျှင် ညိုသောရောင်ခြည်တော်ကို လွှတ်တော်မူ၍ ဆွေတော်မျိုးတော်တို့ကို ထိတ်လန့်စေ၍ကောင်းကင်မှသက်တော်မူပြီးလျှင်မြစ်နား၌နေတော်မူလျက်ထိုခိုက်ရန်ဖြစ်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

သမ္ဗဟုလာ၊ စည်းရုံးညီညာ များစွာကုန်သော။ ဉာတီဉာတကာ၊ ဆွေမျိုးတို့သည်။ သာဓူ၊ တင့်တယ်ကောင်းမြတ် ချီးမွမ်းအပ်ကုန်၏။ ။ (ရန်သူတပါးမဖျက်ဆီးနိုင်ဟူလို)။ အရည-ဇာ၊ တော၌ရောက်ကုန်သော။ ရုက္ခာအပိ၊ သစ်ပင်တို့သော်လည်း။ သမ္ဗဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ ဧကဋ္ဌံ၊ တစ်ပင်ထည်းသားတည်သော။ ဗြဟ္မန္တံ၊ ကြီးစွာသော။ ဝနပ္ပတိမ္ပိ၊ တောစိုးသစ်ပင်ကိုသော်လည်း။ ဝါတော၊ လေသည်။ ဝဟတိ၊ လှည်းနိုင်၏။ (သစ်ထီးကိုလေညှဉ်းဆဲသည်ဟူလို)။ ။

ရုက္ခဓမ္မဇာတကံစတုတ္ထံ။၇၄။