Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

388. Tuṇḍilajātakaṃ (6-2-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နဝဆန္နကေ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤတုဏ္ဍိလဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သေဘေးကိုကြောက်တတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကိုမြင်၍၊ ညီထွေးတုဏ္ဍိလ၊ သင်သည် ယခုလည်၏။ ဝင်ရာအရပ်ကို ကြည့်၏။ အဘယ် အကြောင်းကြောင့်ထိုအမှုကိုပြုသနည်းဟုမေး၏။ စူဠတုဏ္ဍိလသည်မိမိမြင်သောအကြောင်းကိုဆိုလို၍။ ။

(၉၃၆)နဝဆန္နကေ ဒေါဏိ ဒိယျတိ၊ပုဏ္ဏာယံ ဒေါဏိ သုဝါမိနီ ဌိတာ။

ဗဟုကေ ဇနေ ပါသပါဏိကေ၊နော စ ခေါ မေ ပဋိဘာတိ ဘုဉ္ဇိတုံ။ ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၉၃၆)ဘာတိက၊ အစ်ကိုယ်။ ပုဗ္ဗေ၊ ရှေး၌။ အမှာကံ၊ ငါတို့အား။ ကုဏ္ဍကယာဂုံ၊ ဆန်ကွဲယာဂုကို၎င်း။ သုဒ္ဓစျာမဘတ္တံဝါ၊ သက်သက်သောထမင်းချိုးကို၎င်း။ ဒိယျတိ၊ ပေးအပ်၏။ ဣဒါနိ၊ ယခုမူကား။ နဝဆန္နကေဒေါဏိနဝဆန္နကဒေါဏိံ၊ အသစ်စက်စက် မြိန်ရှက်စလောက် လျောက်ပတ်သောအစာပြည့်သော ဝက်စားကျင်းကို။ ဒိယျတိ၊ ပေးအပ်၏။ ဒေါဏိ၊ ဤငါတို့စားကျင်းသည်။ ပုဏ္ဏာ၊ စင်ကြယ်သောအစာဖြင့်ပြည့်၏။ သုတနီပိ၊ ငါတို့အမိသည်လည်း။ ဌိတာ၊ စားကျင်း၏အနီး၌တည်၏။ ပါသပါဏိကေပါသပါဏိကော၊ ကြော့ကွင်းလက်စွဲသော။ ဗဟုကေဗဟုကော၊ များသော။ ဇနေဇနောပိ၊ လူအပေါင်းသည်လည်း။ ဌိတော၊ စားကျင်း၏ အနီး၌တည်၏။ ဧဝံ၊ ဤသို့သောအခြင်းအရာအားဖြင့်။ ဧတေသံ၊ ဤကြော့ကွင်းကိုင်စွဲစားပွဲအနား များစွာသောသူတို့၏။ အယံဌိတဘာဝေါပိ၊ ဤတည်သည်၏အဖြစ်သည်လည်း။ မေ၊ ငါ့အား။ နောစခေါပဋိဘာတိနရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ဣဒံဘတ္တံ၊ ဤအစာကို။ ဝါ၊ ဤအစာသည်။ ဘုဉ္ဇိတုံပိ၊ စားခြင်းငှါလည်း။ နောစခေါပဋိဘာတိနရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေးစူဠတုဏ္ဍိလ၊ ဤအရပ်၌လျှင် ဝက်တို့ကိုမွေးသောငါတို့၏ အမိသည်အကြင်အကျိုးငှါ မွေး၏။ ထိုအကျိုးသည်ယနေ့ အပြီးသို့ရောက်ပြီ။ သင်သည်မစိုးရိမ်လင့်ဟု ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့် တရားဟောလိုသည်ဖြစ်၍။ ။

(၉၃၇)တသသိ ဘမသိ လေဏမိစ္ဆသိ၊အတ္တာဏောသိ ကုဟိံ ဂမိဿသိ။

အပ္ပေါဿုက္ကော ဘုဉ္ဇ တုဏ္ဍိလ၊မံသတ္ထာယ ဟိ ပေါသိတာမှသေ။ ။

(၉၃၈)ဩဂဟ ရဟဒံ အကဒ္ဒမံ၊သဗ္ဗံ သေဒမလံ ပဝါဟယ။

ဂဏှာဟိ နဝံ ဝိလေပနံ၊ယဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။

(၉၃၇-၉၃၈)တာတတုဏ္ဍိလ၊ ညီထွေးစူဠတုဏ္ဍိလ။ တွံ၊ သင်သည်။ တသသိ၊ သေဘေးမှထိတ်လန့်ဘိ၏။ ဘမသိ၊ သေဘေးမှထိတ်လန့်သည်ဖြစ်၍ မရပ်မတည်လည်၏။ လေဏံ၊ ပုန်းအောင်းရာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ အတာဏော၊ ကိုးကွယ်ရာမရှိသည်။ အသိ၊ ဖြစ်လတ်ပြီ။ ကုဟိံ၊ အဘယ်သို့။ ဂမိဿသိ၊ သင်သွားလတ္တံနည်း။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့။ ဘုဉ္ဇ၊ စားလော့။ မံသတ္ထာယ၊ အသား၏အကျိုးငှါ။ ပေါသိတာ၊ မွေးအပ်ကုန်သည်။ မယံ၊ ငါတို့သည်။ အမှသေ၊ ဖြစ်လတ်ကုန်၏။ ။

အကဒ္ဒမံ၊ ညွန့်မရှိသော။ ရဟဒံ၊ ရေကန်သို့။ ဩဂဟ၊ သက်ဆင်းလော့။ သဗ္ဗံ၊ အလုံးစုံသော။ လေဒမလံ၊ ချွေးအညစ်အကြေးကို။ ပဝါဟယ၊ ဆေးကြော သုတ်သင်လော့။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ ရနံ့သည်။ ကဒါစိ၊ တရံတဆစ်၌။ နဆိဇ္ဇတိ၊ မပြတ်မစဲ။ နဝံ၊ အသစ်ဖြစ်သော။ တံဝိလေပနံ၊ ထိုနံ့သာပျောင်းကို။ ဂဏှာဟိ၊ ယူလော့။ ။

ဆယ်ပါးသော ပါရမီတို့ကိုဆင်ခြင်၍မေတ္တာ ပါရမီကိုရှေ့ထား၍ရှေးဦးစွာသောပဒကိုရွတ်သည်သာလျှင် ဖြစ်သောဘုရားလောင်း၏ အသံသည်အလုံးစုံသောတစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်ကိုလွှမ်း၍သွား၏။ ကြားတိုင်းကြားတိုင်းသောခဏ၌လျှင် မင်း,အိမ်ရှေ့မင်း အစရှိကုန်သောသူတို့ကိုအစပြု၍ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည်လာကုန်၏။ မလာကုန်သောသူတို့သည်လည်း အိမ်၌နေလျက်သာလျှင်နာကုန်၏။ မင်း၏ပရိသတ်တို့သည်ချုံတို့ကိုပယ်၍ မြေကိုညီညွတ်စွာ ပြု၍သဲတို့ကိုကြဲကုန်၏။ သေသောက်ကြူးတို့အား သုရာရစ်ခြင်းသည်ပြယ်၏။ ကြော့ကွင်းတို့ကိုစွန့်ကုန်၏။ တရားနာကုန်လျက်သာလျှင် တည်ကုန်၏။ သူအိုမအားလည်း သုရာယစ် ခြင်းသည် ပြယ်၏။ ဘုရားလောင်းသည် လူအပေါင်း၏ အလယ်၌စူဠတုဏ္ဍိလအား ဓမ္မဒေသနာကိုအားထုတ်၏။ ။

ထိုစကားကိုကြား၍ စူဠတုဏ္ဍိလသည် ငါ့အစ်ကိုယ်သည်ဤသို့ဆို၏။ ငါတို့၏အနွယ်၌ ရေကန်သို့သက်၍ ကိုယ်မှချွေးအညစ်အကြေးကိုလျှော်ခြင်းသည်၎င်း၊ နံ့သာဟောင်းကိုပယ်၍ နံ့သာသစ်ကိုယူခြင်းသည်၎င်း တစ်စုံတစ်ခုသောကာလသည်မရှိ။ အဘယ်ကိုရည်၍အစ်ကိုယ်သည်ငါ့ကို ဤသို့ဆိုသနည်းဟုမေးလိုရကား။ ။

(၉၃၉)ကတမော ရဟဒေါ အကဒ္ဒမော၊ကိံသု သေဒမလန္တိ ဝုစ္စတိ။

ကတမဉ္စ နဝံ ဝိလေပနံ၊ယဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။

ဟူသောစတုတ္ထဂါထာကိုဆို၏။ ။

(၉၃၉)ဘာတိက၊ နောင်တော်။ အကဒ္ဒမော၊ ညွှန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူသည်။ ကတမော၊ အဘယ်နည်း။ ကိံသု၊ အဘယ်ကိုလျှင်။ သေဒမလန္တိ၊ ချွေးအညစ်အကြေးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ ရနံ့သည်။ ကဒါစိ၊ တရံတဆစ်၌။ နဆိဇ္ဇတိ၊ မပြတ်မပြယ်။ နဝံ၊ အသစ်ဖြစ်သော။ တံဝိလေပနံ၊ ထိုနံ့သာပျောင်းသည်။ ကတမံ၊ အဘယ်နည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ညီထွေးစူဠတုဏ္ဍိလ၊ ထိုသို့တပြီးကား၊ ချသောနားရှိသည်ဖြစ်၍နာလော့ဟု ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုရကား။ ။

(၉၄၀)ဓမ္မော ရဟဒေါ အကဒ္ဒမော၊ပါပံ သေဒမလန္တိ ဝုစ္စတိ။

သီလဉ္စ နဝံ ဝိလေပနံ၊တဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။

(၉၄၁)နန္ဒန္တိ သရီရဃာတိနော၊န စ နန္ဒန္တိ သရီရဓါရိနော။

ပုဏ္ဏာယ စ ပုဏ္ဏမာသိယာ၊ရမမာနာဝ ဇဟန္တိ ဇီဝိတံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။

(၉၄၀-၉၄၁)တာတတုဏ္ဍိလ၊ ညီထွေးစူဠတုဏ္ဍိလ။ ဓမ္မော၊ နိဗ္ဗာန်တရားကို။ အကဒ္ဒမော၊ ရာဂဒေါသမောဟမာနဒိဋ္ဌိကိလေသာညွန်မရှိသော။ ရဟဒေါ၊ တဘက်ဆည်ကန်ကြီးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပါပံ၊ မကောင်းမှုအကုသိုလ်တရားကို။ သေဒမလန္တိ၊ ချွေးအညစ်အကြေးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သီလဉ္စ၊ ပဉ္စသီလဒသသီလစတုပါရိသုဒ္ဓိသီလကိုကား။ နဝံ၊ အသစ်ဖြစ်သော။ ဝိလေပနံ၊ နံ့သာပျောင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿသီလဿ၊ ထိုသီလ၏။ ဂန္ဓော၊ ရနံ့သည်။ တီသုဝယေသု၊ သုံးပါးသောအရွယ်တို့၌။ ကဒါစိ၊ တရံတဆစ်၌။ နဆိဇ္ဇတိ၊ မပြတ်မစဲ။ ။

သရီရဃာတိနော၊ သတ္တဝါကိုသတ်ကုန်သောသူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ သရီရဓာရိနော၊ ကိုယ်ကိုဆောင်ကုန်သောသူတို့သည်။ နစနန္ဒန္တိ၊ မနှစ်သက်ကုန်။ ပုဏ္ဏာယ၊ ဂုဏ်ဖြင့်ပြည့်သော။ ပုဏ္ဏမာသိယာ၊ တလပြည့်သောလမင်းနှင့် ယှဉ်သော။ ဝါ၊ တလကိုပြည့်စေ၍တည်သောဥပုသ်နေ့၌။ မာဒိသာ၊ ငါတို့ကဲ့သို့ကြောက်စရာမရှိသီလနှင့်ပြည့်စုံကုန်သောသူတို့သည်။ ရမမာနာဝ၊ နှစ်သက် ရွှင်လန်းကုန်လျက်လျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။ ။

(အကာရောဧကာရဋ္ဌာနေ။ ။ နဝဆန္နကေဒေါဏိဒိယျတိ။ ဟုသဒ္ဒနီတိရှိရကား။ နဝဆန္နကေဒေါဏိကိုနဝဆန္နကဒေါဏိဖြတ်။ ဒေါဏိ၌လည်း နိဂ္ဂဟိတ်ကျေသည်။ ဝေတာလီဖြစ်လျက်ဝိသမနှစ်ပါဒ၌ပင် ခုနှစ်မတြာရှိသည်၊ သတိထား။ ဆန္နကားနစ္ဆန္နံနပတိရူပံ၌ဆန္နကဲ့သို့ပတိရူပတ္ထ နဝဆန္နကေဒေါဏိဒိယျတီတိဧတ္ထ အကာရဿ ဧကာရာပဇ္ဇနတာဝိယ အညက္ခရဿအညက္ခရတာပဇ္ဇနတာဝဏ္ဏဝိကာရောနာမ။ ဟု-လာသောမဟာနိဒ္ဒေသအဋ္ဌကထာကိုရှု၍ သဒ္ဒနီတိဆရာသုတ်ကိုစုသည်။ ။ ပေါသိတာမှသေပေါသိတာအမှ,သေဖြတ်။ အမှ,ကားအာချာတ်။ သေ,ကား နိပါတ်။ ။

ပုဏ္ဏာယာတိဂုဏပုဏ္ဏာယ။ ပုဏ္ဏမာသိယာတိပုဏ္ဏစန္ဒဿယုတ္တာယမာသံဝါပူရေတွာ ဌိတာယ၊တဒါကိရပုဏ္ဏမာသိဥပေါသထဒိဝသေါဟောတိ။(အဋ္ဌကထာ)။ ။

တုဏ္ဍိလဇာတကံ တတိယံ။၃၈၈။