(၃၂) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ရုဒံမနုညံ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤနစ္စဇာတ်ကို၊ ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ များစွာသောဘဏ္ဍာရှိသောတစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။
(၃၂)မောရ၊ ဥဒေါင်း။
တေ၊ သင်၏။
ရုဒံ၊ တွန်သံသည်။
မနုညံ၊ သာယာ၏။
ပိဋ္ဌိစ၊ ကျောက်ကုန်းသည်လည်း။
ရုစိယာ၊ နှစ်သက်ဖွယ်ရှိ၏။
ဂီဝါစ၊ လည်သည်လည်း။
ဝေဠုရိယ-ဝဏ္ဏ-သန္နိဘာ၊ ကျောက်မျက်ရွဲမြညိုအဆင်းနှင့်တူ၏။
ပေခုနာနိစ၊ မြီးဆံတို့သည်လည်း။
ဗျာမ-မတ္တာနိ၊ တစ်လံမျှလောက်ပေါက်ရောက်ရှည်သွယ်ကြည့်စဖွယ်ရှိကုန်၏။
အထ၊ ထိုသို့သ္မီးပေးလောက်၊လျောက်ပတ်အင်္ဂါ၊ပြည့်စုံပါလျက်။
(ထည့်)။
နစ္စေန၊ အရှက်အကြောက်ကင်း၍ကခြင်းကြောင့်။
တေ၊ သင်အား။
မမ၊ ငါ၏။
ဓီတရံ၊ သ္မီးကို။
နောဒဒါမိ၊ ငါမပေး။ ။
နစ္စဇာတကံဒုတိယံ။၃၂။