Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

283. Vaḍḍhakīsūkarajātakaṃ (3-4-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝရံဝရံတွံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝဍ္ဎကီသူကရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ဓနုဂ္ဂဟတိဿ,မည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါထိုကျားသည် ရှေး၌ဝက်တို့သည် ငါကြည့်သောကာလ၌ပြေးကုန်၏။ ပြေးအံ့သောငှာလည်းမတတ်နိုင်ကုန်။ ယနေ့ကားမပြေးမူ၍ ငါ၏ဆန့်ကျင်ဘက်ရန်သူဖြစ်ကုန်၏။ ငါပြုတိုင်းလျှင်အတူပြုကုန်၏။ ထိုမြေဦးခေါင်းအရပ်၌ တည်သောထိုဝက်တို့ကို စီရင်သော တစ်ခုသော ဝက်သည်လည်းရှိ၏။ ယနေ့သွားသော် ငါ့အားအောင်ခြင်းသည်မထင်ဟုကြံ၏။ ကြံ၍ထိုကျားသည်ပြန်လည်၍မိမိနေရာအရပ်သို့လျှင်သွား၏။ ထိုကျားသည်ယူခဲ့သောအစာကိုစားသောတစ်ယောက်သောရသေ့စဉ်းလဲသည်ရှိ၏။ ထိုရသေ့စဉ်းလဲသည် လက်ချည်းစည်းလာသောကျားကို မြင်၍ထိုကျားနှင့်တကွစကားပြောလိုရကား။ ။

(၄၅၄)ဝရံ ဝရံ တွံ နိဟနံ ပုရေ စရိ၊အသ္မိံ ပဒေသေ အဘိဘုယျ သူကရေ။

သော ဒါနိ ဧကော ဗျဂ္ဃါ-ပဂမ္မ ဈာယသိ၊ဗလံ နု တေ ဗျဂ္ဃ န စ-ဇ္ဇ ဝိဇ္ဇတိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၄၅၄)ဗျဂ္ဃ၊ အထူးထူးသောသတ္တဝါတို့ကို လွန်စွာသတ်ညှဉ်းဆဲတတ်သောကျားမင်း။ တွံ၊ သင်သည်။ ပုရေ၊ ရှေးကာလ၌။ အသ္မိံ ပဒေသေ၊ ဤအရပ်၌။ သူကရေ၊ ကုန်အောင်စုံသောဝက်တို့ကို။ အဘိဘူယ၊ နှိပ်စက်၍။ ဝရံဝရံ၊ ကောင်းမြတ်ကောင်းမြတ်သောဝက်ကို။ ဝါ၊ ကောင်းနိုးရာ ကောင်းနိုးရာသောဝက်ကို။ နိဟနံနိဟနန္တော၊ သတ်လျက်။ စရိ၊ စားပြီ။ ဣဒါနိ၊ ယခုအခါ၌။ သောတွံ၊ ထိုသင်သည်။ အညတရံသူကရံ၊ တစ်ကောင် ကောင်သောဝက်ကို။ အဂ္ဂဟေတွာ၊ မယူခဲ့မူ၍။ ဧကောဧကကော၊ အစာမပါလက်ချည်းကိုယ်ထည်းသာလျှင်။ အပဂမ္မ၊ ဖဲခွါထွက်ပြေးခဲ့၍။ ဈာယသိ၊ ဥစ္စာတစ်ထောင် ရှုံးသောယောက်ျားကဲ့သို့ စားရာမဲ့မှိုင်၏။ ဗျဂ္ဃ၊ ကျားမင်း။ တေ၊ သင့်အား။ အဇ္ဇ၊ ယနေ့။ ဗလံ၊ စွမ်းပကားသည်။ နစဝိဇ္ဇတိနု၊ အလျှင်းပင်မရှိလေသလော။ ။

ရသေ့စဉ်းလဲဆိုသားထိုစကားကိုကြား၍ကျားသည်။ ။

(၄၅၅)ဣမ-ဿုတာ ယန္တိ ဒိသောဒိသံ ပုရေ၊ဘယ-ဋ္ဋိတာ လေဏ ဂဝေသိနော ပုထု။

တေ ဒါနိ သင်္ဂမ္မ ဝသန္တိ ဧကတော၊ယတ္ထ-ဋ္ဌိတာ ဒုပ္ပသဟ-ဇ္ဇမေ မယာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၅၅)ထိုဂါထာ၌အဿုတာ,ကားနိပါတ်မျှတည်း။ ။

ဘန္တေ၊ သျှင်ရသေ့။ ဣမေသူကရာ၊ ဤဝက်တို့သည်။ ပုရေ၊ ရှေး၌။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်၍။ ဘယဋ္ဋိတာ၊ ကြောက်ခြင်းသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ လေဏံ၊ မိမိတို့ပုန်းအောင်းရာကို။ ဂဝေသိနော၊ ရှာကုန်လျက်။ ပုထူ၊ ဝါးအစည်း ပြည်သကဲ့သို့အသီးအသီးဖြစ်ကုန်၍။ ဒိသောဒိသံတဟံတဟံဒိသံ၊ ထိုထိုအရပ်သို့။ အဘိမုခါ၊ ရှေးရှုဖြစ်ကုန်၍။ ယန္တိပလာယန္တိ၊ ပြေးကုန်၏။ ဣဒါနိ၊ ယခုအခါ၌။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတာ၊ တည်ကုန်သော။ ဣမေ၊ ဤဝက်တို့ကို။ အဇ္ဇ၊ ယနေ့။ မယာ၊ ငါသည်။ ဒုပ္ပသဟာ၊ နှိပ်နင်းခြင်းငှါခဲကုန်၏။ ဝါ၊ အောင်နိုင်ခဲကုန်၏။ တတ္ထ၊ ထိုအောင်နိုင်ခဲရာ မြေဦးခေါင်း၌။ တေသဗ္ဗေ၊ ထိုကုန်အောင်စုံသော ဝက်တို့သည်။ သင်္ဂမ္မ၊ တစ်ညီတစ်ညွတ် စည်းဝေးကုန်၍။ ဧကတော၊ တစ်ပေါင်းတည်း။ ဝသန္တိ၊ မလှုပ်မရှားနေကုန်၏။ ။

ထိုအခါကျားအား ရသေ့စဉ်းလဲသည်အားထုတ်ခြင်းကိုဖြစ်စေလို၍မကြောက်လင့်၊ ရွှေကျားသွားချေ၊သင်သည်ဟုန်း၍သွားသည်ရှိသော် အလုံးစုံသောဝက်တို့သည် ကြောက်လန့်တကြား ပြိုကွဲ၍ ပြေးကုန်လတ္တံ့ဟုဆို၏။ ကျားသည် ထိုရသေ့ စဉ်းလဲအားထုတ်ခြင်းကို ဖြစ်စေသည်ရှိသော် ရဲသည်ဖြစ်၍ တဖန်သွား၍တောင်အပြင်၌ရပ်၏။ ဝဍ္ဎကီသူကရမည်သောဝက်သည်တွင်းနှစ်ခုတို့အလယ်၌နေ၏။ ဝက်တို့သည်၊ အသျှင်၊ ခိုးသူကြီးလာပြန်၏ဟု ဆိုကုန်၏။ မကြောက်ကြကုန်လင့်၊ ယခု ဖမ်းအံ့ဟုဆို၏။ ကျားသည်ဟုန်း၍ ဝဍ္ဎကီသူကရမည်သောဝက်၏အပေါ်သို့ပြေးလာ၏။ ဝက်သည်ကျား၏မိမိအပေါ်သို့ပြေးလာသောကာလ၌ ပြန်၍လျင်မြန်သဖြင့်ဖြောင့်စွာတူးသောတွင်းသို့ သက်၏။ ကျားသည်အဟုန်ကို ချုပ်အံ့သောငှာ မတတ်နိုင်ရကား အထက်အဖို့ဖြင့် သွား၍ဆောင်းကဲ့သို့မျက်နှာရှိသည်ဖြစ်၍ဘီလာ တူးအပ်သောတွင်း၏အလွန် ကျဉ်းသောမျက်နှာဝ၌ကျ၍၊ဖုံး၍ထားသကဲ့သို့နေ၏။ ဝက်သည်တွင်းမှ တက်၍မိုဃ်းကြိုးကဲ့သို့သောလျင်မြန်ခြင်းဖြင့်သွား၍ကျား၏ပေါင်ကြား၌ အစွယ်ဖြင့်မြှင်း၍အညှို့တိုင်အောင်ခွဲ၍ကောင်းသောအသားငါးပါးကို အစွယ်ဖြင့်ထွင်း၍ ကျား၏ထိပ်ထက်၌ကိုက်ဖောက်၍သင်တို့ရန်သူကိုယူကြကုန်လော့ဟုချီ၍တွင်းပသို့ပစ်၏။ ရှေးဦးစွာလာကုန်သောဝက်တို့သည်ကျား၏အသားကိုရကုန်၏။ နောက်မှလာကုန်သောဝက်တို့သည် ကျားသားကားအသို့သဘောရှိသနည်းဟုကျားကိုစားသော ဝက်တို့၏ နှုတ်သီးကိုနမ်း၍သွားကုန်၏။ ဝက်တို့သည် ကျားသေကာမျှဖြင့် မနှစ်သက်ကုန်သေး။ ဝဍ္ဎကီသူကရမည်သောဝက်သည် ထိုဝက်တို့၏ မနှစ်သက်သော အမူအရာကိုမြင်၍ သင်တို့သည်အဘယ့်ကြောင့် မနှစ်သက်ကြကုန်သနည်းဟုဆို၏အသျှင်၊ စားတတ်သောတစ်ခုသောကျားသေသဖြင့်အဘယ်ပြုအံ့နည်း။ တစ်ပါးသောကျားကို စေခြင်းငှါ စွမ်းနိုင်သောရသေ့စဉ်းလဲရှိသလျှင်ကတည်းဟု ဆိုကုန်၏။ အဘယ်မည်သောရသေ့နည်းဟုဆို၏။ တစ်ယောက်သောသီလမရှိသောရသေ့တည်းဟုဆိုကုန်၏။ ကျားကိုလည်း ငါသည် သတ်အပ်ပြီ။ ထိုရသေ့ကိုကားအဘယ်မှာသတ်လောက်အံ့နည်း၊ လာကြကုန်၊ ထိုရသေ့ကိုဖမ်းကြကုန်အံ့ဟု ဝက်အပေါင်းနှင့်တကွ သွား၏။ ရသေ့စဉ်းလဲ သည်လည်း ကျားကြာမြင့်သည်ရှိသော် ဝက်တို့သည်ကျားကိုဖမ်းလေကုန်သလောဟု ခရီးဦးကြိုသွားလတ်သော် လာကုန်သောထိုဝက်တို့ကိုမြင်၍ မိမိပရိက္ခရာကိုယူ၍ပြေး၏။ ဝက်တို့သည်လိုက်လတ်သော် ပရိက္ခရာကိုစွန့်၍ လျင်မြန်သဖြင့် ရေသဖန်းပင်သို့တက်၏။ ဝက်တို့သည်၊သခင်၊ ယခုရသေ့ပြေး၍သစ်ပင်ကိုတက်၏ဟုဆိုကုန်၏။ အဘယ်သို့သောသစ်ပင်ကို တက်သနည်းဟုမေး၏။ ရေသဖန်းပင်ကိုတက်၏ဟုဆိုကုန်၏။ ထိုဝဍ္ဎကီသူကရသည် ဝက်မတို့သည်ရေကိုဆောင်ကြကုန်။ ဝက်ငယ်တို့သည် မြေကိုတူးကြကုန်။ အစွယ်ရှည်ကုန်သော ဝက်တို့သည်အမြစ်ကိုဖြတ်ကြကုန်၊ ကြွင်းသောဝက်တို့သည်ခြံရံ၍စောင့်ကြကုန်ဟုစီရင်၍ထိုဝက်တို့သည် စီရင်တိုင်းပြုကြကုန်သော်၊ မိမိသည် ရေသဖန်းပင်၏ဖြောင့်စွာသွားသောအမြစ်မကိုပုဆိန်ဖြင့်ဖြတ်ဘိသကဲ့သို့၊ တစ်ချက်ထည်းဖြင့်ဖြတ်၍ ရေသဖန်းပင်ကိုလဲစေ၏။ ခြံရံလျက်နေကုန်သောဝက်တို့သည် ရသေ့စဉ်းထဲကို မြေသို့ကျစေ၍အပိုင်းအပိုင်းဖြတ်၍ အရိုးတိုင်အောင်စား၍ ဝဍ္ဎကီသူကရမည်သောဝက်ကိုရေသဖန်းတုံး၌နေစေ၍ ရသေ့စဉ်းလဲ၏ အသုံးအဆောင်ခရုသင်းဖြင့် ရေကိုဆောင်၍ဘိသိက်သွန်း၍မင်းပြုကုန်၏။ တစ်ခုသောပျိုသောဝက်မကိုလည်းထိုဝက်မင်း၏မိဖုရားကြီးပြုကြကုန်၏။ ထိုကာလမှစ၍ ယနေ့ထက်တိုင် မင်းတို့ကိုရေသဖန်းပျဉ်၌နေစေ၍ ခရုသင်းသုံးခုတို့ဖြင့် အဘိသိက်သွန်းကုန်သတတ်။ ထိုတောအုပ်၌နေသော နတ်သည်အံ့ဘွယ်သရဲကိုမြင်၍ တစ်ခုသောသစ်ခွကြား၌ဝက်တို့သို့ရှေးရှုနေ၍။ ။

(၄၅၆)နမ-တ္ထု သင်္ဃာန သမာဂတာနံ၊ဒိသွာ သယံ သချ ဝဒါမိ အဗ္ဘုတံ။

ဗျဂ္ဃံ မိဂါ ယတ္ထ ဇိနိံသု ဒါဌိနော၊သာမဂ္ဂိယာ ဒါဌ-ဗလေသု မုစ္စရေ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၅၆)သမာဂတာနံ၊ အညီအညွတ်စည်းဝေးကုန်သော။ ဝါ၊ အစည်းအဝေးညီညွတ်ကုန်သော။ သင်္ဃာနံ၊ ဝက်အပေါင်းတို့အား။ မမ၊ ငါ၏။ အယံနမောနမက္ကာရော၊ ဤရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အဗ္ဘုတံ၊ ရှေး၌မဖြစ်စဖူးမြဲသော။ သချသခိဘာဝံ၊ ဝက်တို့၏ အချင်းချင်းအဆွေခင်ပွန်းအဖြစ်ကို။ သယံ၊ ကိုယ်တိုင်။ ဒိသွာ၊ မြင်ရ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ရှိခိုးပါ၏ဟု ဆိုပေသတည်း။ ယတ္ထယတြဟိနာမ၊ အကြင်ကြောင့်လျှင်။ ဝါ၊ယတ္ထယတြဟိနာမယာဒိသာ၊ အကြင်သို့သဘောရှိကုန်သော။ ဒါဌိနော၊ အစွယ်ရှိကုန်သော။ မိဂါ၊ ဝက်တို့စဉ်လျက်လည်း။ ဗျဂ္ဃံ၊ ကျားကို။ ဇိနိံသု၊ အောင်ပေကုန်၏။ ဒါဌဗလေသု၊ အစွယ်ဟူသောအားစွမ်းပကားရှိကုန်သောဝက်တို့၌။ ယာသာမဂ္ဂီ၊ အကြင်ညီညွတ်သည့်အဖြစ်,တစ်ကိုယ်တစ်စိတ်ထည်းကဲ့သို့အလိုအဇ္ဈာသယတူကြသည့်အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တေသံ၊ ထိုဝက်တို့၏။ တာယသာမဂ္ဂီယာ၊ ထိုညီညွတ်သည့်အဖြစ်,တစ်ကိုယ်တစ်စိတ်ထည်းကဲ့သို့ အလိုအဇ္ဈာသယတူကြသည့်အဖြစ်ကြောင့်။ တေဒါဌဗလာ၊ ထိုအစွယ်ဟူသောအားစွမ်းပကားရှိသောဝက်တို့သည်။ ပစ္စာမိတ္တံ၊ ရန်သူဖြစ်သောကျားကို။ ဂဟေတွာ၊ ဖမ်း၍။ အဇ္ဇ၊ ယနေ့။ မရဏဘယာ၊ သေဘေးမှ။ မုစ္စရေ၊ လွတ်ကုန်ပြီ။ ။

(ဝရံဝရံ, ကားဝိစ္ဆာ။ ။ နိဟနံ,ကား ဂစ္ဆန္တာဒိဂိုဏ်းဖြစ်၍ နိဟနန္တော,ဖွင့်၍ပေးသည်။ ။ စရိ,၌၊ စရဓာတ်ကား၊ စရ ဂတိ-ဘက္ခနေသု၊ဟုလာသောအနက်နှစ်ပါးတို့တွင်ဤ၌ဘက္ခနအနက်ကိုဟောသည်။ ။

အဘိဘူယ,၌၊အဘိရှေးရှိသောဘူဓာတ်၊ တွာပစ္စည်းကိုယပြု၍ပြီးသည်။ ။ သူကရေ,၌၊သူ,ဟုဒီဃနှင့်လိုသည်။ ဝိဝိဓေပါဏေ အာဘုသောဟနတီတိဗျဂ္ဃေါ။ ဝိရှေးအာရှေးရှိသော ဟနဓာတ်။ သံဟနညာယဝါ ရောဃော,ဟူသောသုတ်ဖြင့် ဟနဓာတ်ကိုဃ,ပြုသည်။ ။ ဣမဿုတာ,၌၊ဣမေအဿုတာဖြတ်။ အဿုတာ,ကားအနက်မရှိ။ ။ ဒိသံဒိသံ,ဆိုအပ်လျက်၊ ဒိသော ဒိသံ,ဟုဆိုသည်။ ။ လေဏ,၌နိဂ္ဂဟိတ်ကျေသည်။ သမာသ်လည်း ဟူသင့်၏။ ။

နတ်ကြီးဖြစ်လျက် ဝက်တို့၏ ညီညွတ်သော သာမဂ္ဂီတရား မပျက်သည်ကို၎င်း၊ အဆွေခင်ပွန်း၏ အဖြစ်မိတ္တ ဓမ္မမပျက်သည်ကို၎င်း ဤတရားနှစ်ပါးကို ရည်၍ရှိခိုးလိုရကား။ ။ နမတ္ထု သင်္ဃာနသမာဂတာနံ,ဟုဆိုသည်။ ။ တိရစ္ဆာန်ပင်ဖြစ်ငြားသော်လည်း တရားစောင့်ပေက တရားကိုစွဲ၍ ရှိခိုးကောင်းသည်ကို နတ်ကြီးပြသတည်း။ ။

အသျှင်နတ်မင်းသည် နတ်ကြီးဖြစ်လျက် အဘယ့်ကြောင့် တိရစ္ဆာန်ဝက်ကိုရှိခိုးရသနည်းဟုသုစောဒနာကိုပယ်လို၍၊ ဒိသွာသယံသချဝဒါမိ,ကိုဆိုပြန်သတည်း။ ။ သခိနောဘာဝေါသချံ,ဟုပြု။ သင်္ချံရှိသည်ကားမသင့်။ ။ အဘူဘပုဗ္ဗံဘူတန္တိ အဗ္ဘုတံ,ပြု။ အဘူတဘူတ,ဟူလိုလျက်ဘူတတစ်ခုကိုချေ၍ဦကိုလည်းရဿပြ၍ ဒွေးဘော်ရောက်သည်။ ဒွေးဘော်မရောက်ဘဲအဘူတ,သာရှိမူ၊မဟုတ် မမှန်ဟူသော အနက်ကိုဟောသည်။ ။ သင်္ဃာန,သချ,တို့၌အရိယသစ္စာနဒဿနံ,ကဲ့သို့နိဂ္ဂဟိတ်ကျေမှဆန်းသင့်သည်။ ။ ယတြဟိနာမဇိနိံသု,ဆိုလိုလျက်ဂါထာဖြစ်၍ယတ္ထဇိနိံသု,ဆိုသည်။ ။ ဒါဌိနော,၌မုဒ္ဓဇဒုတိယက္ခရာ၊ဌ,လိုသည်။ ဒန္တဇစတုတ္ထက္ခရာဓ,နှင့်ရှိမူ၊မသင့်။ ဒါဌဗလေသု, ဟူသောအာစာရသည် အာဓည်နှင့်တကွကြိယာကိုငဲ့သောကြောင့်၊ ယာသာမဂ္ဂီအတ္ထိ,ဟူသော ပါဌသေသကိုထည့်ရသည်။ သာမဂ္ဂိယာ,ဟူသောပုဒ်သည်သမ္ဗန်ကိုငဲ့သောကြောင့်၊ တေသံ,ဟူသောသမ္ဗန်ကိုထည့်ရသည်။ ။ မုစ္စရေ,ဟူသော ကြိယာသည်ကတ္တားနှင့်မကင်းရာသောကြောင့်၊တေဒါဌဗလာ,ဟူသော ကတ္တားကိုထည့်ရသည်။ ။ မုစဓာတ်သည်ဒိဝါဒိဂိုဏ်း၌အပါဒါန်ကိုငဲ့သည်ဖြစ်၍၊မရဏဘယာ,ဟူသောအပါဒါန်ကိုထည့်ရသည်။ မုဉ္စရေ,ဟုရုဓာဒိ ဂိုဏ်းရှိသည်ကားမသင့်။ မုဉ္စရေ,ကားအပါဒါန်ကိုမငဲ့၊ကံကို သာငဲ့သည်။ ရှေးကမလွတ်၊ယခုမှလွတ်သောကြောင့်၊အဇ္ဇ,ဟူသောပုဒ်ကိုထည့်ရသည်။ ရှေးကမလွတ်သည်ကား ကျားကို မဖမ်းနိုင်သောကြောင့်။ ယခုလွတ်သည်ကား ကျားကိုဖမ်းနိုင်သောကြောင့်,ဟုသိစိမ့်သောငှါ၊ပစ္စာမိတ္တံဂဟေတွာ,ဟူသော ပါဌသေသကိုထည့်ရသည်။ ။ ဤနည်းကိုမှီး၍ပါဌသေသကိုထည့်ရာ၌ အကြောင်းရှာရာသည်၊ ပိုလွန်သည်ဟူ၍မမှတ်ရာ)။ ။

ဝဍ္ဎကီသူကရဇာတကံ တတိယံ။၂၈၃။