Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

163. Susīmajātakaṃ (2-2-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ကာဋ္ဌာမိဂါသေတဒန္တာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုသီမဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်း သုံးနေတော်မူစဉ်၊ အလိုဆန္ဒကိုညှိညွတ်၍လှူခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ထိုသုသီမမင်းသည် ခပ်သိမ်းသောတန်းဆာတို့ဖြင့်တန်းဆာဆင်လျက်ဆင်မင်္ဂလာအားလျောက်ပတ်သင့်တင့်သောအဆောက်အဦဘဏ္ဍာကိုယူစေ၍မင်္ဂလာပြုရာအရပ်သို့သွား၏။ဘုရားလောင်းသည်လည်းသူငယ်အဆောင်အယောင်ဖြင့်တန်းဆာဆင်အပ်သည်ဖြစ်၍မိမိ၏ပရိသတ်ဖြင့်ခြံရံအပ်သော အခြွေအရံရှိသည်ဖြစ်၍ မင်း၏အထံသို့သွား၍၊ မြတ်သောမင်းကြီး၊သျှင်မင်းကြီးတို့သည်အကျွန်ုပ်တို့၏၎င်း၊ သျှင်မင်းကြီးတို့၏၎င်း အနွယ်ကိုဖျက်၍တစ်ပါးကုန်သောပုဏ္ဏားတို့ကိုဆင်မင်္ဂလာကိုပြုစေ၍သင်တို့၏တန်းဆာတို့ကို၎င်း၊အဆောက်အဦတို့ကို၎င်း ထိုတစ်ပါးကုန်သောပုဏ္ဏားတို့အား ပေးအံ့ဟူ၍ဆိုတော်မူကုန်သည်ဟုကြားရသည်ကားမှန်သလောဟုဆို၍။ ။

(၁၇၇) ကာဠာမိဂါ သေတဒန္တာ တဝီ-မေ၊ပရော-သတံ ဟေမ-ဇာလာ-ဘိဆန္နာ။

တေ-တေ ဒဒါမီ-တိ သုသီမဗြူသိ၊အနုဿရံ ပေတ္တိ-ပိတာမဟာနံ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၇၈) သုသီမ၊ မင်းမြတ်သုသီမ။ တဝ၊ သျှင်မင်းမြတ်၏။ သန္တိကေ၊ အထံတော်၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုးဖြစ်ကုန်ထသော။ သေတ-ဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရော-သတံ၊ တစ်ရာထက်လွန်ကုန်ထသော။ ဟေမဇာလာဘိဆန္နာ၊ ရွှေကွန်ရက်ဖြင့်ကောင်းစွာဖုံးလွှမ်းအပ်ကုန်သော။ ဣမေဟတ္ထီ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ သုသီမ၊ မင်းမြတ်သုသီမ။ တွံ၊ သျှင်မင်းမြတ်သည်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်မြတ်၏၎င်း။ ဝံသေ၊ အနွယ်၌။ ပေတ္တိ-ပိတာမဟာနံ၊ အဘအဘိုးတို့၏။ အာစိဏ္ဏံ၊ အလေ့အကျက်ကို။ အနုဿရံအနုဿရန္တော၊ အောက်မေ့တော်မူနိုင်လျက်ပင်။ အမှာကဉ္စ၊ အကျွန်ုပ်တို့၏၎င်း။ အတ္တနောစ၊ ကိုယ်တော်မြတ်၏၎င်း။ ဝံသံ၊ အနွယ်ကို။ နာသေတုံ၊ ဖျက်ဆီးခြင်းငှါ။ တေ-တေ တေဧတေ၊ ထိုဆိုအပ်ပြီးသော ဤဆင်တော်တို့ကို။ မယာ၊ အကျွန်ုပ်မှ။ အညေသံ၊ တစ်ပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဗြူသိကိရ၊ အမိန့်တော်ပြန်တော်မူသည်ဟု ကြားရသည်ကား။ သစ္စံ၊ မှန်သလော။ ။

သုသီမမင်းသည်ဘုရားလောင်း၏စကားကိုကြား၍။ ။

(၁၇၈)ကာဠာ မိဂါ သေတဒန္တာ မမီမေ၊ပရော-သတံ ဟေမဇာလာဘိစ္ဆန္နာ။

တေ-တေ ဒဒါမီ-တိ ဝဒါမိ မာဏဝ၊အနုဿရံ ပေတ္တိ-ပိတာမဟာနံ။

ဟူသောဒုတိယဂါထာကိုရွတ်၏။ ။

(၁၇၈)မာဏဝ၊ မောင်လုလင်။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ ကာဠာ၊ မည်းညိုကုန်ထသော။ မိဂါ၊ သားမျိုး ဖြစ်ကုန်ထသော။ သေတ-ဒန္တာ၊ ဖြူသောအစွယ်ရှိကုန်ထသော။ ပရော-သတံ၊ တစ်ရာထက်လွန်ကုန်ထသော။ ဟေမ-ဇာလာ-ဘိဆန္နာ၊ ရွှေကွန်ရက်ဖြင့်ကောင်းစွာဖုံးလွှမ်းအပ်ကုန်ထသော။ ဣမေ၊ ဤဆင်တော်တို့သည်။ သန္တိ၊ ရှိကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ပေတ္တိ-ပိတာမဟာနံ၊ အဘအဘိုးတို့၏။ ကြိယံ၊ အမှုကို။ အနုဿရံအနုဿရန္တော၊ အောက်မေ့လျက်။ တေ-တေတေဧတေ၊ ထိုဆိုအပ်ပြီးသောဤဆင်တော်တို့ကို။ တယာ၊ သင်မှ။ အညေသံ၊ တစ်ပါးကုန်သော။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ မင်္ဂလကရဏတ္ထာယ၊ မင်္ဂလာပြုစိမ့်သောငှါ။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဒါမိ၊ ဆိုသည်ကား။ သစ္စမေဝ၊ မှန်သလျှင်ကတည်း။

(ဤဂါထာတို့၌ကာဠာ,ဟူသောပါဌ်ဖြင့် ဆင်ဖြူ,ဆင်နီ,စသည်မဟုတ်၊ဆင်မည်းအဖြစ်ကိုသိအပ်၏။ မိဂ,သဒ္ဒါသည်အခြေလေးချောင်းရှိသောသားမျိုးကိုဟောသည်ဖြစ်၍မိဂါဆိုသည်။ ဣမေ၌ဣမ,သည်အစ္စန္တသမီပပစ္စက္ခအနက်ကိုဟောသည်ဖြစ်၍။ တဝ၊ သင်အား,ဟုသမ္ပဒါနတ္ထယူသည်ရှိသော်၊ နိုင်ငံတော်အတွင်းအဝေးအနီးရှိသမျှကိုရသောကြောင့်၊ သန္တိကေ,ဟူသောပါဌသေသကိုသိသာသည်။ ဣမေ,သည်သဗ္ဗနာမ်ပုဒ်ဖြစ်၍ဝိသေသနဖြစ်ရကား၊ဟတ္ထီ,ဟူသောပဌာနပုဒ်ထည့်ရသည်။ ကြိယာသုညံကာရကံနာမနတ္ထိ,ဟု၊ပရိဘာသာလာသောကြောင့်၎င်း၊ ခပ်သိမ်းသော ပဒတ္ထသည်သတ္တာသဘောမကင်းသောကြောင့်၎င်း၊ ကုသလာဓမ္မာ,ဟောသော်၊သံဝိဇ္ဇန္တိ ကြိယာကိုသိရသကဲ့သို့၊သန္တိ,ဟူသောကြိယာကိုသိသာသည်။ ဒွီသုသဗ္ဗနာမေသုမေဝပဋ္ဌာနံ,ဟူသောပရိဘာသာကိုအရာခပ်သိမ်းမမှတ်အပ်။ လွန်လေပြီးသည်ကိုစွဲသောကြောင့်၊ တေ,ဟုဆိုပြီး၍ထိုအတ္ထသည်မျက်ကွယ်မဟုတ်ပစ္စက္ခဖြစ်သောကြောင့်၊ တေ,ဧတေ,ဟုနှစ်ထွေဆိုရကား၊ထိုဆိုအပ်ပြီးသောဤဆင်တော်တို့ကို ဟုယောဇနာရသည်။ ယဿဒါတုကာမောရောစတေဓာရယတေဝါတံ သမ္ပဒါနံ,ဟူသောကစ္စည်းစာရှိ၍ ဒဒါမိကြိယာသည် သမ္ပဒါန်ကို ငဲ့ရကား၊အရာအားလျော်စွာ ဗြာဟ္မဏာနံ,ဟူသောသမ္ပဒါန်ကိုသိသာသည်။ လုလင်သည်ပုရောဟိတ်သားဖြစ်လျက် သူ့ကိုမပေးခဲ့ရကား၊ အညေသံ,ဟူသောဝိသေသနနှင့်တကွ မယာ,ဟူသောအပါဒါန်ကိုသိသာသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို အပိုင်လှူသကဲ့သို့မဟုတ်သောကြောင့်၊ မင်္ဂလကရဏတ္ထာယ,ဟူသော ပါဌသေသကိုသိသာသည်။ ပေတ္တိပိတာမဟာနံ,ဟူသောပုဒ်သည်ဝိသေသနကိုငဲ့သောကြောင့်၊ဝံသေ,ဟူသော ပါဌသေသကိုထည့်ရသည်။ ထိုဝံသေ,ဟူသောသတ္တမီဝိသေသနသည်လည်းသမ္ဗန္ဓဝိသေသနကိုငဲ့သောကြောင့် ဝဒန္တပုဂ္ဂိုလ်၏အလိုအားလျော်စွာ အမှာကဉ္စအတ္တနောစ,ဟူသောဆဋ္ဌီဝိသေသနကိုထည့်ပြန်ရသည်။ ပေတ္တိပိတာမဟာနံ, ဟူသောသမ္ဗန်ကို အနုဿရံ,၌မစပ်ကောင်း။ အနုဿရံ,သည်လည်းကံကိုငဲ့သောကြောင့်၊ အာစိဏ္ဏံ,ဟူသောပါဌသေသကိုထည့်ရသည်။ အနွယ်၌အလေ့အကျက်ကိုသိလျက် အောက်မေ့နိုင်လျက်တစ်ပါးသောပုဏ္ဏားတို့အားပေးခြင်းသည် အနွယ်ကိုဖျက်ဆီး၏ဟူသောအတ္ထသည် ပြီးသောကြောင့်၊ဝံသံနာသေတုံ,ဟူသောပါဌသေသကိုသိသာသည်။ ဗြူသိ, ကြိယာသည်သူ့ကိုတူရူမဆို။ အဆင့်စကားကြားရသည်ကို လျှောက်သောကြောင့်၊ အနုဿဝထင်စိမ့်သောငှာ၊တူရူပင်မရှိသော်လည်း၊ကိရ,ပုဒ်ကိုထည့်၍ ဗြူသိကိရ,ဟုယောဇနာရသည်။ ထိုစကားသည် အကြားနှင့်တန္ထုထိုက်သော စကားဖြစ်၍သစ္စံ,ဟူသော ပါဌသေသကိုသိသာသည်။ ဤသို့အသီးအသီးစိစစ်၍ ရသောကြောင့် ပါဌသေသကိုပိုမိုသည်ဟု မဆိုသာ။ အဋ္ဌကထာနှင့်တိုက်ပါလေ)။ ။

သုသီမဇာတကံ တတိယံ။ ။