Issues
Select Version
နိဿယ-1
မြန်မာဘာသာ
法护-Dhammapāla
中文
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

166. Upasāḷakajātakaṃ (2-2-6)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဥပသာလကနာမာနိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဥပသာလကဇာတ်ကို၊ဝေဠုဝန်ကျောင်းကြီးသီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော ဥပသာလကအမည်ရှိသောသူသေမချဘူးရာ သန့်ရှင်းစင်ကြယ်သော သင်းချိုင်းကိုရှာသောပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းရသေ့သည်၊ လုလင်၊ဤအရပ်၌သာလျှင်သင်္ဂြိုဟ်အပ်ကုန်သောသူတို့၏ အတိုင်းအရှည်သည်မရှိ။ သင်၏ အဘသည်ပင်လျှင် ဤရာဇဂြိုဟ်ပြည်၌ ပုဏ္ဏားမျိုး၌ဖြစ်၍ ဥပသာလကအမည်ရသည်သာလျှင်ဖြစ်၍၊ဤတောင်သုံးလုံးတို့၏အကြား၌ ဘဝတစ်သောင်းလေးထောင်တို့ပတ်လုံးဘုတ်ကြည်းသင်္ဂြိုဟ်သည်ကိုခံရဘူးလေပြီ။ ထိုစကားသည်မှန်၏။ မြေ၌သုသာန်မဟုတ်ရာ အရပ်ကို၎င်း၊မသေဖူးရာအရပ်ကို၎င်း၊ ရအံ့သောငှါမတတ်ကောင်းဟု ပုဗ္ဗေနိဝါသဉာဏ်ဖြင့်ပိုင်းခြား၍။ ။

(၁၈၃)ဥပသာလက-နာမာနိ၊သဟဿာနိ စတုဒ္ဒသ။

အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊နတ္ထိ လောကေ အနာမတံ။

(၁၈၄)ယမှိ သစ္စဉ္စ ဓမ္မောစ၊အဟိံသာ သံယမော ဒမော။

ဧတံ အရိယာ သေဝန္တိ၊ဧတံ လောကေ အနာမတံ။

ဟူသောနှစ်ဂါထာကိုဟော၏။ ။

(၁၈၃-၁၈၄)မာဏဝ၊ လုလင်။ အသ္မိံပဒေသ၊ ဤအရပ်၌။ ဥပသာလက-နာမာနိ၊ ဥပသာလကအမည်ရှိကုန်သော။ စတုဒ္ဒသသဟဿာနိ၊ တစ်သောင်းလေးထောင်ကုန်သောသူတို့ကို။ ဒဍ္ဎာနိ၊ ဘုတ်ကြည်းသင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လူ့ပြည်၌။ အနာမတံ၊ သုသာန်သင်းချိုင်းမဟုတ်သောအရပ်မည်သည်။ နတ္ထိ၊ မရှိ။ မာဏဝ၊ လုလင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ လောကုတ္တရာ၏ ရှေ့အဖို့၌ဖြစ်သော သစ္စာလေးထွေတို့ကို ဝေဖန်နိုင်သောဉာဏ်၎င်း။ ဓမ္မောစ၊ လောကုတ္တရာတရား၎င်း။ အဟိံသာစ၊ သူတပါးကိုမညှဉ်းဆဲကြောင်းကရုဏာ၎င်း။ သံယမောစ၊ ဝိရမိတဗ္ဗဝတ္ထုမှစောင့်ရှောက်သော သီလသံယမ၎င်း။ ဒမောစ၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း ဣန္ဒြိယသံဝရသီလ၎င်း။ ဣဒံဂုဏဇာတံ၊ ဤဂုဏ်လေးပါးအပေါင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့သည်။ သေဝန္တိ၊ မှီဝဲကုန်၏။ ဧတံဂုဏဇာတံ၊ ဤဆိုအပ်ပြီးသော ဂုဏ်လေးပါးအပေါင်းသည်။ လောကေ၊ လောက၌။ အနာမတံ၊ သေခြင်းကင်းသည်၏ အဖြစ်ကိုပြီးစေတတ်သည်၏အဖြစ်ကြောင့်အနာမတမည်၏။ ။

အမတံ,ဟူသောပုဒ်၌သုသာန်အရပ်ကိုပင်လျှင်အမင်္ဂလာကိုမင်္ဂလာကဲ့သို့ လှီးလွှဲဥပစာရအားဖြင့် အမတဟူ၍ဆိုသည်။ ထိုအမတကိုမြစ်၍ အနာမတ,ဟုဆိုရကား။ အနာမတံ၊ သုသာန်သင်းချိုင်းမဟုတ်သောအရပ်မည်သည်,ဟု၊ယောဇနာရသည်။ ဒုတိယဂါထာ၊ ဧတံလောကေ အနာမတံ၌ကား။ ဧတံလောကေအနာမတန္တိ ဧဝံဂုဏဇာတံလောကေ အမတဘာဝသာဓနတောအနာမတံနာမ,ဟု၊အဋ္ဌကထာဟူရကား။ မတမေဝအမတံ။နတ္ထိအမတံ မရဏံဧတသ္မိန္တိ အနာမတံ။ ဧတသ္မိံ၊ ထိုနိဗ္ဗာန်သည်။ ဝါ။ ဧတသ္မိံ၊ ထိုနိဗ္ဗာန်ကို။ အဓိဂတေ၊ ရအပ်သည်ရှိသော်။ အမတံမရဏံ၊ သေခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။ အနာမတံနာမ၊ အနာမတမည်၏။ ဤသို့သောနိဗ္ဗစနဖြင့် နိဗ္ဗာန်သည်မုချ။ နိဗ္ဗာန်သို့ရောက်ကြောင်း သစ္စဓမ္မစသောလေးပါးသောကျေးဇူးတရားအပေါင်းသည်ဖလူပစာရအားဖြင့်အနာမတမည်သတည်း)။ ။

ဥပသာလကဇာတကံဆဋ္ဌံ။ ။