Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

172. Daddarajātakaṃ (2-3-2)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကောနုသဒ္ဒေန မဟတာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ ဟောတော်မူ၏။

ထိုခြင်္သေ့ တို့၏ဆိတ်ဆိတ်နေသောကာလ၌ ဘုရားလောင်း၏သား ဖြစ်သောခြင်္သေ့ငယ်သည် ဤခြင်္သေ့တို့သည်ရောက်ကုန်၍ခြင်္သေ့ တို့၏ကစားမြူးတူးခြင်းကိုကစားမြူးတူးကုန်စဉ်၊ထိုသတ္တဝါ၏အသံကိုကြားကုန်၍ရှက်ခြင်းကြောင့်ဆိတ်ဆိတ်နေသည်ဖြစ်ကုန်၏။ သားမျိုးကိုအစိုးရသောခြင်္သေ့မင်း၊အကြင်သတ္တဝါသည်မိမိ၏အသံဖြင့်မိမိကိုယ်ကိုသိစေ၏။ဤသတ္တဝါသည်အဘယ်မည်သောသတ္တဝါနည်းဟုအဘခြင်္သေ့မင်းကိုမေးလိုရကား။

(၁၉၅)ကောနုသဒ္ဒေန မဟတာ၊အဘိနာဒေတိ ဒဒ္ဒရံ။

နသီဟာ ပဋိနာဒန္တိ၊ကော နာမေ-သော မိဂါ-ဓိဘူ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။

(၁၉၅)မိဂါ-ဓိဘု၊ သားများသေဌ်နင်းခြင်္သေ့မင်း။ ယော၊ အကြင်သတ္တဝါသည်။ မဟတာ၊ သည်းစွာသော။ သဒ္ဒေန၊ အသံဖြင့်။ ဒဒ္ဒရံ၊ ငွေတောင်ကို။ အဘိနာဒေတိ၊ ပဲ့တင်ထပ်စေ၏။ သော၊ ထိုသတ္တဝါသည်။ ကောနု၊ အဘယ်သတ္တဝါနည်း။ ယဿ၊ အကြင်သတ္တဝါ၏။ တံသဒ္ဒံ၊ ထိုအသံကို။ သုတွာ၊ ကြား၍။ သီဟာ၊ ခြင်္သေ့တို့သည်။ နပဋိနာဒန္တိ၊ တဖန်မဟောကုန်။ ဧသော၊ ဤသတ္တဝါသည်။ ကောနာမ၊ အဘယ်မည်သောသတ္တဝါနည်း။

ခြင်္သေ့ငယ်စကားကိုကြား၍ အဘခြင်္သေ့မင်းသည်။ ။

(၁၉၆)အဓမောမိဂ-ဇာတာနံ၊သိင်္ဂါလော တာတဝဿတိ။

ဇာတိ-မဿ ဇိဂုစ္ဆန္တာ၊တုဏှီ သီဟာ သမစ္ဆရေ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၉၆)တာတ၊ ချစ်သား။ မိဂ-ဇာတာနံ၊ သားမျိုးတို့တွင်။ အဓမော၊ ယုတ်သော။ သိင်္ဂါလော၊ မြေခွေးသည်။ ဝဿတိ၊ ဟောင်၏။ အဿ၊ ထိုမြေခွေး၏။ ဇာတိံ၊ အမျိုးကို။ ဇိဂုစ္ဆန္တာ၊ ရွံရှာကုန်သည်ဖြစ်၍။ သီဟာ၊ ခြင်္သေ့တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်ဖြစ်ကုန်၍။ သမစ္ဆရေအစ္ဆန္တိ၊ နေကုန်၏။ ။ (သန္တိဥပသဂ္ဂမတ္တံ။ ။ ဂရုပုဗ္ဗာရဿာရေန္တေန္တိနံ,ဟူသောသုတ်ဖြင့်အန္တိဝိဘတ်ကိုရေ,ပြုသည်။ သပစ္စရေ,ဟူ၍လည်းပါဠိရှိ၏။ သမစ္ဆရေရှိမှနိသီဒန္တိ,ဟူသောအနက်ထင်ရှားသည်။ အဓောအမတိဂစ္ဆတီတိအဓမော,ပြု၍အဓမိဏေသု,တို့၌ကဲ့သို့မသံယုဂ်မရှိစေရာ။ တုဏှေါမောနံ အဿ အတ္ထီတိတုဏှီ,ဟု၊ဒီဃနှင့်လိုသည်)။ ။

ဒဒ္ဒရဇာတကံဒုတိယံ။၁၇၂။