Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

54. Kiṃphalajātakaṃ

Author: နိဿယ-1 @ IAPT

(၅၄) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊နာယံရုက္ခောဒုရာရုဟော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကိံဖလဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော သစ်သီး၌လိမ်မာသော သီတင်းသည်ကိုအကြောင်းပြု၍ဟောတော်မူ၏။

အယံရုက္ခော၊ ဤသစ်ပင်သည်။ ဒုရာ-ရူဟော၊ ငြိုငြင်သဖြင့်တက်အပ်သည်။ န၊ မဟုတ်ခဲ့။ ဂါမတော၊ ရွာမှ။ အာရကာပိ၊ ဝေးသည်လည်း။ န၊ မဟုတ်ခဲ့။ အာ-ကာရဏေန၊ အလွန်ဖြစ်သောဤအကြောင်းနှစ်ပါးကြောင့်။ (အာသည် အတိသယအနက်ကိုဟောသတည်း။ အ,ရှိမူဝုဒ္ဓိအနက်ကြံ)။ အယံရုက္ခော၊ ဤသစ်ပင်သည်။ သာဒု-ဖလော၊ ချိုမြိန်ကောင်းမွန်သောအသီးရှိသော။ ဒုမော၊ သစ်ပင်သည်။ န၊ မဟုတ်တန်ရာ။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ ဇာနာမိ၊ သိ၏။

ကိံဖလဇာတကံစတုတ္ထံ။၅၄။