(၁၁၆)နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အတိက္ကရမကရ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒုဗ္ဗစဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောဆိုနိုင်ခက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အာစရိယ၊ ဆရာ။ တွံ၊ သင်သည်။ အဇ္ဇ၊ ယနေ့။ အတိက္ကရံ၊ လွန်၍ပြုခြင်းကို။ အကရ၊ ပြုဘိ၏။ ဧတံ၊ ဤအမှုကို။ မယှံပိ၊ ငါ့အားသော်လည်း။ နရုဇ္ဈတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ စတုတ္ထေ၊ လေးခုမြောက်သောလှံသွား၌။ အပတိတွာ၊ မကျမူ၍။ အတ္တာနံ၊ ကိုယ်ကို။ လင်္ဃယိတွာန၊ ခုန်လွှား၍။ ပဉ္စမာယ၊ ငါးခုမြောက်သောလှံသည်။ အာဝုတော၊ ငါးတံစို့ဖြင့်သီသကဲ့သို့ထိုးသီအပ်သည်။ အသိ၊ ဖြစ်၏။
ဒုဗ္ဗစဇာတကံ ဆဋ္ဌံ။၁၁၆။