Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

247. Pādañjalījātakaṃ (2-10-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒ္ဓါပါဒဉ္ဇလီသဗ္ဗေ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပါဒဉ္ဇလိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လာဠုဒါယီမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

အမတ်တို့သည်အဆုံးအဖြတ်ကိုစီရင်ကုန်၍ မင်းသားကိုအနီး၌နေစေကုန်၍တရားကို ဆုံးဖြတ်ကုန်သည် ရှိသော်၊ ကောင်းစွာ မဆုံးဖြတ်ကုန်။ ထိုအမတ်တို့သည် အရှင်မဟုတ်သောသူကို အရှင်ပြုကုန်၍၊ မင်းသား၊ အသို့သဘောရှိသနည်း။ အကျွန်ုပ်တို့သည် ကောင်းစွာ ဆုံးဖြတ်ကုန်၏လောဟုမင်းသားကိုမေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် နှုတ်ခမ်းကိုခွေလိပ်တွ့န်ရှုပ်လှုပ်၏။ ဘုရားလောင်းသည် ပညာရှိယောင်တကား၊ ထိုမင်းသားသည်ကောင်းစွာမဆုံးဖြတ်သည်၏အဖြစ်ကိုသိသည် ဖြစ်လတ္တံ့ဟုအောက်မေ့သည်ဖြစ်၍။ ။

(၃၅၀)အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ၊ပညာယ အတိရောစတိ။

တထာ ဟိ ဩဋ္ဌံ ဘဉ္ဇတိ၊ဥတ္တရိံ နူန ပဿတိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၅၀)ဘောန္တော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ပါဒဉ္ဇလိမင်းသားသည်။ အဒ္ဓါ၊ စင်စစ်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့ကို။ ပညာယ၊ ပညာဖြင့်။ အတိရောစတိ၊ လွန်၍ထွန်းပ၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဘဉ္ဇတိ၊ ခွေလိပ်တွန့်ရှုပ်လှုပ်၏။ ဥတ္တရိံ၊ အလွန်ဖြစ်သောအကြောင်းကို။ ပဿတိနူန၊ မြင်ယောင်တကား။ ။

တစ်ပါးသော နေ့၌လည်း အဆုံးအဖြတ်ကို စီရင်ကုန်၍ တရားကို ကောင်းစွာဆုံးဖြတ်ကုန်၍၊ မြတ်သောမင်းကြီး၊ အဆုံးအဖြတ်သည်အဘယ်သို့သဘောရှိသနည်းဟုမေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် တဖန်လည်းနှုတ်ခမ်းကိုခွေလိပ်တွန့်ရှုပ်လှုပ်ပြန်၏။ ထိုအခါထိုပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သည်၏ အဖြစ်ကိုသိ၍ဘုရားလောင်းသည်။ ။

(၃၅၁)နာ-ယံ ဓမ္မံ အ-ဓမ္မံ ဝါ၊အတ္ထာ-နတ္ထံ န ဗုဇ္ဈတိ။

အညတြ ဩဋ္ဌ-နိဗ္ဘောဂါ၊နာ-ယံ ဇာနာတိ ကိဉ္စနံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၅၁)ဘောန္တော၊ အချင်းတို့။ အယံ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဓမ္မံဝါ၊ သင့်သောအကြောင်းကို၎င်း။ အ-ဓမ္မံဝါ၊ မသင့်သောအကြောင်းကို၎င်း။ အတ္ထာနတ္ထံဝါ၊ အကျိုးရှိသည်မရှိသည်ကို၎င်း။ နဗုဇ္ဈတိ၊ မသိ။ အယံ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဩဋ္ဌနိဗ္ဘောဂါ၊ နှုတ်ခမ်းကိုခွေလိပ်တွန့်ရှုပ်လှုပ်ခြင်းကို။ အညတြ၊ ကြဉ်၍။ ကိဉ္စနံ၊ တစ်စုံတစ်ခုကို။ နဇာနာတိ၊ မသိ။ ။

အမတ်တို့သည်ပါဒဉ္ဇလိမင်းသား၏မိုက်သည်၏အဖြစ်ကိုသိ၍ ဘုရားလောင်းကိုမင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ။

ပါဒဉ္ဇလိဇာတကံသတ္တမံ။၂၄၇။