Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

65. Anabhiratijātakaṃ

Author: နိဿယ-1 @ IAPT

(၆၅) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယထာနဒီစပန္ထောစ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး ၌သီတင်းသုံးနေတော်မူစဉ်၊ ထိုအခြားမဲ့ဖြစ်သောဇာတ်၌ ဆိုခဲ့ပြီးသောသီတင်းသည်နှင့် တူသည်သာလျှင် ဖြစ်သော သီတင်းသည်ကိုအကြောင်းပြု၍ဟောတော်မူ၏။

နဒီ၊ မြစ်သည်။ သဗ္ဗသာဓာရဏာယထာ၊ သူခပ်သိမ်းတို့နှင့် ဆက်ဆံသကဲ့သို့၎င်း။ ပန္ထော၊ ခရီးသည်။ သဗ္ဗသာဓာရဏောယထာ၊ သူခပ်သိမ်းတို့နှင့်ဆက်ဆံသကဲ့သို့၎င်း။ ပါနာဂါရံ၊ သေတင်းကုပ်သည်။ သဗ္ဗသာဓာရဏံယထာ၊ သူခပ်သိမ်းတို့နှင့်ဆက်ဆံသကဲ့သို့၎င်း။ သဘာ၊ ဇရပ်သည်။ သဗ္ဗသာဓာရဏာယထာ၊ သူခပ်သိမ်းတို့နှင့်ဆက်ဆံသကဲ့သို့၎င်း။ ပပါ၊ ရေအိုးစင်သည်။ သဗ္ဗသာဓာရဏာယထာ၊ သူခပ်သိမ်းတို့နှင့်ဆက်ဆံသကဲ့သို့၎င်း။ မာဏဝ၊ မောင်လုလင်။ ဧဝံတထာ၊ ထို့အတူ။ လောကေ၊ လူ့ ရွာ၌။ ဣတ္ထိယောနာမ၊ မိန်းမတို့မည်သည်လည်း။ သဗ္ဗသာဓာရဏာဝ၊ သူခပ်သိမ်းတို့နှင့်ဆက်ဆံကုန်သည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ အာသံဣတ္ထီနံ၊ ထိုမိန်းမတို့အား။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နကုဇ္ဈန္တိ၊ အမျက်မထွက်ကြကုန်။

အနဘိရတိဇာတကံပဉ္စမံ။၆၅။