နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒိဋ္ဌာမယာဝနေရုက္ခာ, အစရှိဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တရားစစ်သူကြီးဖြစ်သော အသျှင်သာရိပုတ္တရာမထေရ်၏အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မုဆိုးသည်ကိုယ်ကို သစ်ခက်သစ်ရွက်နုတို့ဖြင့်ဖုံးလွှမ်း၍ အဖန်တလဲလဲကြော့ကွင်းတံကို၎င်း၊ ကြော့ကွင်းကို၎င်းထောင်၏။ကြက်သည် ထိုမုဆိုးကိုရှက်စေလိုသည်ဖြစ်၍လူ့စကားကိုမြွက်၍။ ။
(၂၇၃)ဒိဋ္ဌာ မယာ ဝနေ ရုက္ခာ၊အဿကဏ္ဏာ ဝိဘေဒကာ။
နတာနိ ဧဝံ သက္ကန္တိ၊ယထာ တွံ ရုက္ခသက္ကသိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ဤသို့ဆို၍ ထိုကြက်သည်တစ်ပါးသောအရပ်သို့ပြေးသွားလေ၏။ ထိုကြက်ပြေးသွားသောကာလ၌မုဆိုးသည်။ ။
(၂၇၄)ပုရာဏ-ကုက္ကုဋော အယံ၊သိတွာ ပဉ္ဇရ-မာဂတော။
ကုသလော ဝါဠ-ပါသာနံ၊အပက္ကမတိ ဘာသတိ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၇၄)ပဉ္ဇရံ၊ လှောင်သောဆောင်းကို။ ဘိတွာ၊ ဖောက်၍။ အာဂတော၊ လာသော။ အယံပုရာဏကုက္ကုဋော၊ ဤကြက်ဟောင်းသည်။ ဝါဠ-ပါသာနံ၊ သားမြီးကြော့ကွင်းတို့၌။ ကုသလော၊ လိမ်မာသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗန္ဓိတုံ၊ မိစိမ့်သောငှါ။ အဒတွာ၊ မပေးမူ၍။ (ထည့်)။ အပက္ကမတိစ၊ ကြော့ကွင်းမှရှောင်လည်းရှောင်၏။ ဘာသတိစ၊ ငါ့ကိုလည်းလူ့ဘာသာဖြင့်ဆိုလည်းဆို၏။ ဘာသိတွာ၊ ဆိုပြီး၍။ ပလာတော၊ ပြေးလေ၏။ ။
အဿဿကဏ္ဏောအဿကဏ္ဏော။
အဿဿ၊ မြင်း၏။
ကဏ္ဏော၊ နားတည်း။
အဿကဏ္ဏော၊ မြင်း၏နား။
ဤသို့သောဝစနတ္ထကို ပြုမူလည်း၊ ပကတိသော မြင်း၏နားကို ဤအရာ၌မယူကောင်း။ ။
ယထာကလဉ္စိဗျုပ္ပတ္တိ၊ရူဠှိယာအတ္ထနိစ္ဆယော။
ဣတိရူဠှိပသိဒ္ဓေန၊ ဗျုပ္ပတ္တိယေနကေနစိ။
ဟု-သဒ္ဒဝိဒူတို့ဆိုရကား ရူဠှီအားဖြင့် အင်ကြင်းပင်ကို ဤ၌အဿကဏ္ဏ,လိုသည်)။ ။
ကုက္ကုဋဇာတကံ နဝမံ။၂၉၀။