Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

243. Guttilajātakaṃ (2-10-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သတ္တတန္တိံ သုမဓုရံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂုတ္တိလဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုခဏ၌သိကြားမင်း၏နေရာကျောက်ဖျာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည်ဆင်ခြင်လတ်သည်ရှိသော်၊ ထိုအကြောင်းကိုသိ၍ ဂုတ္တိလစောင်းသမားသည် တပည့်မှ ကြောက်ခြင်းကြောင့် တော၌ကြီးစွာသောဆင်းရဲကိုခံရ၏။ ငါသည်ထိုဂုတ္တိလစောင်းသမား၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟုကြံ၍ လျင်စွာလာလတ်၍ ဘုရား လောင်း၏ရှေ့မှရပ်၍၊ ဆရာ၊ဆရာသည် အဘယ့်ကြောင့် တောသို့ဝင်သနည်းဟုမေး၏။ သင်သည် အဘယ်သူနည်းဟုမေးလတ်သည်ရှိသော်၊ ငါသည်သိကြားဖြစ်၏ဟုဆို၏။ ထိုအခါထိုသိကြားမင်းကိုဘုရားလောင်းသည်၊ သိကြားမင်း၊ ငါသည်လျှင်တပည့်မှရှုံးအံ့သည်မှကြောက်သော ကြောင့်တောသို့ဝင်၏ဟုဆိုလို၍။ ။

(၃၄၂)သတ္တ-တန္တိံ သုမဓုရံ၊ရာမဏေယျံ အဝါစယိံ။

သော မံ ရင်္ဂမှိ အဝှေတိ၊သရဏံ မေ ဟောဟိ ကောသိယ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၄၂)ကောသိယ၊ ကောသိယအနွယ်ဖြစ်သောသိကြားမင်း။ အဟံ၊ ငါဂုတ္တိလစောင်းသမားသည်။ သတ္တ-တန္တိံ၊ ညှို့ခုနှစ်ချောင်းရှိထသော။ သုမဓုရံ၊ အလွန်သာယာသောအသံရှိထသော။ ရာမဏေယျံ၊ မွေ့လျော်ဘွယ်ရှိထသော။ ဝီဏံ၊ စောင်းအတတ်ကို။ အတ္တနော၊ မိမိ၏။ ဇာနန နိယာမေန၊ သိသောအမှတ်ဖြင့်။ မူသိလံ၊ တပည့်ဆိုးမူသိလလုလင်ကို။ အဝါစယိံ၊ ဆရာလက်ဆုပ်,မှန်ထုပ်လျှို့ဝှက်,ထါးကောင်းလျက်ကို,လက်တွင်းမကျန်,အကုန်သင်မိ၏။ သော၊ ထိုတပည့်ဆိုးမူသိလလုလင်သည်။ မံ၊ ငါ့ကို။ ဣဒါနိ၊ ယခုအခါ၌။ ရင်္ဂမှိ၊ ပွဲသဘင်အလယ်၌။ အဝှေတိ၊ ချုပ်ချယ်ထိပါးရမ်းကားခေါ်ငင်၏။ တွံ၊ သင်သိကြားမင်းသည်။ တဿမေ၊ ထိုငါ၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်ပါလော့။ ။

သိကြားမင်းသည်ဂုတ္တိလ၏ စကားကိုကြား၍၊ ဆရာ၊ဆရာသည်မကြောက်လင့်၊ ငါသည်ဆရာ၏ကိုးကွယ်ရာမှီခိုရာဖြစ်အံ့ဟုဆို၍။ ။

(၃၄၃)အဟံ တံ သရဏံ သမ္မ၊အဟ-မာစရိယ-ပူဇကော။

န တံ ဇယိဿတိ သိဿော၊သိဿ-မာစရိယ ဇေဿတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၄၃)သမ္မအာစရိယ၊ ကောင်းမြတ်သောဆရာ။ အဟံ၊ ငါသည်။ တဝ၊ ဆရာ၏။ သရဏံ၊ ကိုးကွယ်မှီခိုရာသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ဆရာကို။ တာယိဿာမိ၊ မ,စအံ့။ အဟံ၊ ငါသည်။ အာစရိယပူဇကော၊ မူသိလကဲ့သို့ကျေးဇူးမဲ့မမူ,ဆရာကို ပူဇော်တတ်သောတပည့်ကောင်းတည်း။ တံ၊ သင့်ကို။ သိဿော၊ ကျေးဇူးမဲ့ထွေ, သန္ဓေဆိုးသောမူသိလတပည့်သည်။ နဇယိဿတိ၊ မအောင်လတ္တံ့။ အာစရိယ၊ ဆရာ။ တွံ၊ ဆရာသည်။ သိဿံ၊ ဘက်မဟုတ်ဘဲ ပွဲလယ်ဝယ်ပြိုင်အံ့ပြုသော မူသိလတပည့်ဆိုးကို။ ဇေဿတိ၊ ပွဲကြီးအတွင်းအောင်ခြင်းကြီးအောင်လတ္တံ့။ ။

(အဝှေတိ,၌၊အာရှေးရှိသောဝှေဓာတ်။ ဝှေ အဝှါယနေ ဗဒ္ဓါယံသဒ္ဒေစ။ ဗဒ္ဓါအဟင်္ကာရော၊ ဃဋ္ဋနံဝါ၊ သာရဗ္ဘကရဏံဝါ။ သဒ္ဒေါရဝေါ။ ။ ဝှေ၊ဝှေဓာတ်သည်။ အဝှါယနေ၊ ခေါ်ခြင်း၌၎င်း။ ဗဒ္ဓါယံ၊ ငါတကားဟုမာန်ပြုခြင်း၌၎င်း။ သဒ္ဒေစ၊ အသံ၌၎င်း။ ဝတ္တတိ၊ ဖြစ်၏။ အဟင်္ကာရောဝါ၊ ငါတကားဟုမာန်ပြုခြင်းသည်၎င်း။ ဃဋ္ဋနံဝါ၊ ထိခိုက်ခြင်းသည်၎င်း။ သာရဗ္ဘကရဏံဝါ၊ ချုပ်ချယ်နှိပ်စက်ခြင်းကိုပြုခြင်းသည်၎င်း။ ဗဒ္ဓါ၊ ဗဒ္ဓါမည်၏။ ရဝေါ၊ အသံသည်။ သဒ္ဒေါ၊ သဒ္ဒမည်၏။ ။ သဒ္ဒနီတိ)။ ။

ဂုတ္တိလဇာတကံ တတိယံ။၂၄၃။