နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တဝသဒ္ဓဉ္စသီလဉ္စ၊အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂရုဓမ္မဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဟင်္သာကိုသတ်သောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ကလိင်္ဂတိုင်းသား ရှစ်ယောက်သော ပုဏ္ဏားတို့သည် တောင်တံခါးသို့ဝင်ရောက်လာလတ်သော် လက်ကိုမြှောက်၍၊ ဇယတုဘဝံမဟာရာဇ။ မဟာရာဇ၊ မင်းမြတ်။ ဘဝံ၊ အသျှင်မင်းမြတ်သည်။ ဇယတု၊ ရန်အမျိုးကို၊နှိမ်ချိုးဆောလျင်၊အောင်မြင်စေသောဟုအောင်ဆုဆက်ကုန်၏။ ထိုအခါ ဓနဉ္စယကောရဗျမင်းသည် ဝဇီရစိန်ချွန်းဖြင့် ဆင်ကိုနစ်စေ၍ ထိုပုဏ္ဏားတို့၏အထံသို့သွား၍၊အိုပုဏ္ဏားတို့၊ သင်တို့သည် အဘယ်ကိုအလိုရှိကုန်သနည်းဟုမေးကုန်၏။ ပုဏ္ဏားတို့သည် ဘုရားလောင်း၏ ကျေးဇူးကိုချီးမွမ်းလိုရကား။ ။
(၄၃၃)တဝ သဒ္ဓဉ္စ သီလဉ္စ၊ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္ဇန-ဝဏ္ဏေန၊ကာလိင်္ဂသ္မိံ ဝနိမှသေ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်၊ သောင်းဇမ္ဗူဒိပ်၊ မဏ္ဍထိပ်၌၊ မြရိပ်အောင်ပန်း၊ ညွန့်လန်းသပြေ၊ နေဇာမြက်နု၊ ခရုလက်ယာ၊ ကိုင်စွဲကာလျှင်၊ မင်္ဂလာဘိသိက်၊ အောင်နိမိတ်ဖြင့်၊ သိဒ္ဓိတင်ကာ၊ ငါ့ထံလာသည်၊ ဆရာရှစ်ပါး၊ အိုပုဏ္ဏားတို့၊ သင်တို့သည်ဤဆင်ကိုရောင်း၍ဥစ္စာကိုပြုလိုကုန်သည်ဖြစ်အံ့၊ မစိုးရိမ်ကုန်လင့်။ တန်းဆာဆင်တိုင်းသောဆင်ကိုလျှင်သင်တို့အားပေးအံ့ဟုနှစ်သိမ့်စေ၍။ ။
(၄၃၄)အန္န-ဘစ္စာစ-ဘစ္စာ စ၊ယော-ဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေ တေ အပ္ပဋိက္ခိပ္ပါ၊ပုဗ္ဗာစရိယဝစော ဣဒံ။ ။
(၄၃၅)ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂ-မေတံ၊ရာဇာ-ရဟံ ရာဇ-ဘောဂံ ယသဿိနံ။
အလင်္ကတံ ဟေမ-ဇာလာဘိဆန္နံ၊သ-သာရထိံ ဂစ္ဆထ ယေန ကာမံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၄၃၄-၄၃၅)ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ အန္န-ဘစ္စာ၊ ရိက္ခာထမင်းပေးကမ်းခြင်းဖြင့်ကြွေးမွေးအပ်ကုန်သော။ ယေသတ္တာစ၊ အကြင်သတ္တဝါတို့သည်၎င်း။ အ-ဘစ္စာ၊ ရိက္ခာထမင်းပေးကမ်းခြင်းဖြင့် မကျွေးမွေးအပ်ကုန်သော။ ယေသတ္တာစ၊ အကြင်သတ္တဝါတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဣဓဇီဝလောကေ၊ ဤအသက်ရှင်သောလူ့ပြည်၌။ တေသုသတ္တေသု၊ ထိုနှစ်ဦးသောသတ္တဝါတို့တွင်။ ယောသတ္တော၊ အကြင်အမှတ်မရှိသောအလှူခံပုဂ္ဂိုလ်သည်။ ပစ္စာသိသမာနော၊ တစ်စုံတစ်ရာငါအလှူခံက ရလတ္တံ့ဟုတောင့်တအာသာရှိသည်ဖြစ်၍။ ယံပုရိသံ၊ အကြင်အလှူပေးတတ်သော ယောက်ျားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဂစ္ဆတိ၊ သွား၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဂစ္ဆန္တာ၊ သွားကုန်သောသူတို့သည်။ ဗဟူ၊ များကုန်သည်။ သစေပိဟောန္တိ၊ အကယ်၍ဖြစ်စေကုန်မူ။ တထာပိ၊ ထိုသို့များကုန်သော်လည်း။ တေနပုရိသေန၊ ထိုအလှူပေးတတ်သောယောက်ျားသည်။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ တေသတ္တာ၊ ထိုလက်ဝါး ဖွေးဖွေး၊ပေးတော်မူပါ ကမ်းတော်မူပါ တောင်းလာကုန်သော သတ္တဝါတို့ကို။ အပ္ပဋိက္ခိပ္ပါ၊ ဖဲကြကုန်လေ သွားကြကုန်လေ သင်တို့တတွေကိုငါမပေးနိုင်ဟုမဖယ်မလှန်အပ်ကုန်။ ဣဒံ၊ ဤသို့အလှူခံလယ်မြေရောက်လာလျက်, မနှစ်သက်သော အမျက်မာန်ဖြင့် မပယ်လှန်အပ်, မလပ်စေရ, ကုသိုလ် မျိုးစိုက်ပျိုးချရမည်ဟူသောစကားသည်။ (တနည်း)။ ဣဒံ၊ ဤသို့မပယ်မလှန်၊ မျက်မာန်မသည်း၊ပစ္စည်းဝန်ပုပ်၊ မသိုမြှုပ်ဘဲ၊ လက်ဆုပ်ဖြေဆန့်၊ ပေးဝေဖြန့်လျက်၊ နိဗ္ဗာန်မျိုးကိုစိုက်ပျိုးချရမည်ဟူသောစကားသည်။ ပုဗ္ဗာ-စရိယ-ဝစော၊ လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ မာတာပိတ၊ မိနှင့်ဘတို့ဆုံးမစကားပေတည်း။ ။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ တသ္မာ၊ ထိုသို့မိဘစကား ထင်ရှားရှိသည်၏အဖြစ်ကြောင့်။ ရာဇာရဟံ၊ မင်းအားထိုက်သော။ ရာဇဘောဂံ၊ မင်းတို့အသုံးအဆောင်ဖြစ်သော။ ယသဿိနံ၊ ဆေးသမားက၊ စသည်တန်တန်၊ ခြွေရံများဘိ၊ ငါးရာရှိသော။ အလင်္ကတံ၊ ထူးထွေများစွာတန်းဆာဆင်အပ်ပြီးသော။ ဟေမဇာလာဘိဆန္နံ၊ ရွှေကွန်ရက်ဖြင့်ဖြန့်လျက်ဖုံးလွှမ်းထသော။ သ-သာရထိံ၊ ဆင်ဆရာနှင့်တကွသော။ ဧတံနာဂံ၊ ဤမင်္ဂလာဆင်တော်ကို။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့အား။ ဒဒါမိ၊ ပေးလှူ၏။ တသ္မာ၊ ထိုသို့ကြည်ဖြူငါလှူပြီးဖြစ်သောကြောင့်။ တုမှေ၊ သင်ပုဏ္ဏားတို့သည်။ သ-ပရိဝါရံ၊ အခြံအရံနှင့်တကွသော။ ဣမံနာဂံ၊ ဤမင်္ဂလာဆင်တော်ကို။ ဂဟေတွာ၊ ယူ၍။ ယေနကာမံ၊ အလိုရှိရာသို့။ ဂစ္ဆထ၊ သွားကြလေကုန်။ ။
(ဂဏိကာဥပ္ပလဝဏ္ဏာစ၊ပုဏ္ဏောဒေါဝါရိကောတဒါ။ ရဇ္ဇုဂါဟောကစ္စာယနော၊မောဂ္ဂလာနောဒေါဏမာမကော။ ။ သာရိပုတ္တောတဒါသေဋ္ဌိ၊ အနုရုဒ္ဓေါစသာရထိ။ ဗြာဟ္မဏောကဿပေါထေရော၊ ဥပရာဇာနန္ဒပဏ္ဍိတော။ ။ မဟေသီရာဟုလမာတာ၊မာယာဒေဝီဇနေတ္တိစ။ ကုရုရာဇာဗောဓိသတ္တော၊ ဧဝံဓာရေထဇာတကံ။ ။ ဤကားဇာတ်ပေါင်းဂါထာ)။ ။
ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဂဏိကာ၊ ပြည့်တန်းဆာမသည်။ ဥပ္ပလဝဏ္ဏာ၊ ယခုအခါဥပ္ပလဝဏ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဒေါဝါရိကော၊ တံခါးစောင့်သည်။ ပုဏ္ဏော၊ ယခုအခါပုဏ္ဏထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ရဇ္ဇုဂါဟော၊ မြေတိုင်းအမတ်သည်။ ကစ္စါယနော၊ ယခုအခါမဟာကစ္စည်းထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဒေါဏမာမကော၊ တည်သည်အမတ်သည်။ မောဂ္ဂလာနော၊ ယခုအခါမဟာမောဂ္ဂလာန်ထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ သေဋ္ဌိ၊ သူဋ္ဌေးကြီးသည်။ သာရိပုတ္တော၊ ယခုအခါ သာရိပုတ္တရာသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ သာရထိစ၊ ရထားထိန်းသည်ကား။ အနုရုဒ္ဓေါ၊ ယခုအခါအနုရုဒ္ဓါသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ကဿပေါ၊ ယခုအခါ၌မဟာကဿပအမည်ရှိသော။ ထေရော၊ မထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဥပရာဇာ၊ အိမ်ရှေ့မင်းသည်။ အာနန္ဒ ပဏ္ဍိတော၊ ယခုအခါအာနန္ဒာပညာရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ မဟေသီ၊ မိဖုရားကြီးသည်။ ရာဟုလမာတာ၊ ယခုအခါရာဟုလမယ်တော် ယသော်ဓရာသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဇနေတ္တိစ၊ မယ်တော်သည်ကား။ မာယာဒေဝီ၊ ယခုအခါမာယာဒေဝီသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဗောဓိသတ္တော၊ ဘုရားလောင်းဖြစ်သော။ ကုရုရာဇာ၊ ကုရုမင်းသည်။ သမ္မာသမ္ဗုဒ္ဓေါ၊ ယခုအခါသစ္စာလေးဆင့်ပွင့်တော်မူသော မြတ်စွာဘုရားသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်။ ဇာတကံ၊ ဇာတ်တော်ကို။ တုမှေ၊ သင်တို့သည်။ ဓာရေထ၊ မှတ်ကြကုန်လော့။ ဣတိ၊ ဤသို့။ သမောဓာနေသိ၊ ပေါင်းတော်မူ၏။ ။ ဝဏ္ဏံအဉ္ဇနဝဏ္ဏေန၌၊ထိုအခါထိုအရပ်ဒေသ၌ရွှေကိုဝဏ္ဏ,ဟူ၍ဆိုသတည်း။ ဝဏ္ဏ,ဟူသောဤစကားသည်လည်းဒေသနာသီသမျှသာတည်း။ ဤဝဏ္ဏ,ဟူသောပုဒ်ဖြင့်အလုံးစုံလည်းဖြစ်သော ဟိရည,သုဝဏ္ဏ,စသော ဓန,ဓည,ကို သင်္ဂြိုဟ် အပ်သတည်း။ တနည်း။ ကျေးဇူးကို ဤ၌ဝဏ္ဏ,ယူမူ။ ကလိင်္ဂသ္မိံ၊ ကလိင်္ဂမင်းအထံ၌။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏဆင်တော်ဖြင့်။ တဝ၊ အသျှင်မင်းကြီး၏။ ဝဏ္ဏံ၊ သီလကျေးဇူးကို။ ဝနိမှသေ၊ ချိန်လိုကုန်၏,ပေး။ ကလိင်္ဂမှိ,ဟူ၍၎င်း၊ ကလိင်္ဂသ္မိံ,ဟူ၍၎င်း နှစ်ထွေပါဠိရှိသည်ကား သင့်သည်ချည်း။ ဝနိမှသေ,၌၊ သေ,ကား နိပါတ် မျှသာတည်း။ ။ အန္နဘစ္စာစအဘစ္စာစ,ပုဒ်ဖြတ်၍အ,ကျေသည်။ ဘရိတဗ္ဗာတိ ဘတာ၊ဘတာဧဝဘစ္စာ။ ဏျပစ္စည်းအနက်မရှိ။ တနည်းလည်း၊တကိုဒွေးဘော်နှင့်တကွ၊စ,ပြု၍ဘစ္စာ,ပြီးသည်။
ဂရုဓမ္မဇာတကံဆဋ္ဌံ။၂၇၆။