နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံပဿတိတံနဣစ္ဆတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိဂတိစ္ဆဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောပြေးသောပရိဗိုဇ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါထိုပရိဗိုဇ်ကိုဘုရားလောင်းသည်။ အဆင်းအနံ့နှင့် ပြည့်စုံသောပန်းတို့ဖြင့်ထုံအပ်သောဂင်္ဂါရေကိုသောက်လတ္တံ့လောဟုမေး၏။ ပရိဗိုဇ်သည်ဝါဒဖြင့်လွှမ်းမိုး၍ ဂင်္ဂါသဲသည်ကား အဘယ်နည်း၊ဂင်္ဂါရေသည်ကားအဘယ်နည်း၊ ဂင်္ဂါ၏ဤမှာဘက်ကမ်းကားအဘယ်နည်း၊ ဂင်္ဂါ၏ ထိုမှာဘက်ကမ်းကား အဘယ်နည်းဟုမေး၏။ ဘုရားလောင်းသည်ကား၊ ထိုပရိဗိုဇ်ကိုရေကို၎င်း၊ သဲကို၎င်း၊ ဤမှာဘက်ကမ်းကို၎င်း၊ ထိုမှာဘက်ကမ်းကို၎င်းထား၍ ဂင်္ဂါရေကိုအဘယ်မှာရလတ္တံ့နည်းဟုဆို၏။ ပရိဗိုဇ်သည်ဆိုဖွယ်မဲ့လျှင်း ပညာကင်းသည်ဖြစ်၍ထ၍ပြေး၏။ ထိုပရိဗိုဇ် ပြေးသည်ရှိသော်၊ ဘုရားလောင်းသည် စည်းဝေးသောပရိသတ်အားတရားဟောလိုသည်ဖြစ်၍။ ။
(၃၄၄)ယံ ပဿတိ န တံ ဣစ္ဆတိ၊ယဉ္စ န ပဿတိ တံ ကိရိ-စ္ဆတိ။
မညာမိ စိရံ စရိဿတိ၊န ဟိ တံ လစ္ဆတိ ယံ သ ဣစ္ဆတိ။
(၃၄၅)ယံ လဘတိ န တေန တုဿတိ၊ယဉ္စ ပတ္ထေတိ လဒ္ဓံ ဟီဠတိ။
ဣစ္ဆာ ဟိ အနန္တ-ဂေါစရာ၊ဝိဂတိစ္ဆာန နမော ကရောမသေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၃၄၄-၃၄၅)ဘဝန္တော၊ အချင်းတို့။ ယောပရိဗ္ဗာဇကော၊ အကြင်ပရိဗိုဇ်သည်။ ယံ၊ အကြင်ရေအစရှိသည်ကို။ ပဿတိ၊ မြင်၏။ တံ၊ ထိုရေအစရှိသည်ကို။ နဣစ္ဆတိ၊ ဂင်္ဂါဟူ၍အလိုမရှိ။ ယဉ္စ၊ အကြင်ရေအစရှိသည်မှ လွတ်သောဂင်္ဂါကိုလည်း။ နပဿတိ၊ မမြင်။ တံ၊ ထိုရေအစရှိသည်မှလွတ်သောဂင်္ဂါကို။ ဣစ္ဆတိကိရ၊ ဂင်္ဂါဟူ၍ အလိုရှိသတတ်။ အယံပရိဗ္ဗာဇကော၊ ဤပရိဗိုဇ်သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသန္တော၊ ရှာလျက်။ စိရံ၊ အခါလေးမြင့်။ စရိဿတိမညာမိ၊ သွားရလတ္တံ့ဟုငါထင်မိ၏။ အယံပရိဗ္ဗာဇကော၊ ဤပရိဗိုဇ်သည်။ ဥဒကာဒိဝိနိမုတ္တံ၊ ရေအစရှိသည်မှလွတ်သော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသတိယထာ၊ ရှာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ရူပါဒိဝိနိမုတ္တံ၊ ရုပ်ဝေဒနာသညာ သင်္ခါရဝိညာဉ်မှလွတ်သော။ အတ္တာနံပိ၊ ကိုယ်ကိုလည်း။ ပရိယေသန္တော၊ ရှာလျက်။ သံသာရေ၊ အစမထင်သံသရာ၌။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိမညာမိ၊ ကျင်လည်ရလတ္တံ့ဟုငါထင်မိ၏။ စိရံ၊ ကြာမြင့်စွာ။ စရန္တော၊ လှည့်ပတ်ကျင်လည်သော်လည်း။ သသော၊ ထိုပရိဗိုဇ်သည်။ ယံ၊ အကြင်သို့သဘောရှိသော။ ဂင်္ဂံဝါ၊ ဂင်္ဂါကို၎င်း။ အတ္တာနံဝါ၊ အတ္တဘောကို၎င်း။ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ ထိုသို့သဘောရှိသောဂင်္ဂါကို၎င်း အတ္တဘောကို၎င်း။ နဟိလစ္ဆတိ၊ မရလတ္တံ့သလျှင်ကတည်း။ ။
ယံ၊ အကြင်သို့သဘောရှိသောရေအစရှိသောဝတ္ထုရူပါရုံအစရှိသည်ကို။ လဘတိ၊ ရ၏။ တေန၊ ထိုရအပ်သောရေအစရှိသောဝတ္ထုရူပါရုံအစရှိသည်ဖြင့်။ နတုဿတိ၊ မရောင့်ရဲ။ လဒ္ဓေန၊ ရအပ်သောဝတ္ထုဖြင့်။ အတုဿန္တော၊ မရောင့်ရဲသောသူသည်။ ယဉ္စယံယံသမ္ပတ္တိံ၊ အကြင်အကြင်စည်းစိမ်ကို။ ပတ္ထေတိ၊ တောင့်တ၏။ တံတံ၊ ထိုသို့တောင့်တသောစည်းစိမ်ကို။ လဒ္ဓလဒ္ဓါ၊ ရ၍။ ဧတာယ၊ ဤစည်းစိမ်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ ဟီဠတိအဝမညတိ၊ မထေမဲ့မြင်အောက်မေ့၏။ ဣစ္ဆာ၊ လူတို့တဏှာမည်သည်။ အနန္တ-ဂေါစရာ၊ ကမ်းအဆုံးမရှိသောအာရုံရှိသည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့လူတို့တဏှာမည်သည် အဆုံးမရှိသည်၏အဖြစ်ကြောင့်။ ဝိဂတိစ္ဆာနံ၊ အလိုဣစ္ဆာတဏှာရန်မက်ကင်းတော်မူကုန်ပြီးသော ဘုရား, ပစ္စေကဗုဒ္ဓါ,သာဝကအသျှင်မြတ်တို့အား။ မယံ၊ ငါတို့သည်။ နမောနမက္ကာရံ၊ အကြိမ်ကြိမ်ရှိခိုးခြင်းကို။ ကရောမသေ၊ ပြုပါကုန်၏။ ။ (ဤနှစ်ဂါထာဝေတာလီဂါထာ။ လဒ္ဓ,ကားဆန်းကြောင့်ရဿ။ ဟီ,၌ဒီဃ။ ဝိဂတိစ္ဆာန,၌နိဂ္ဂဟိတ်ကျေ။ ဟီဠအနာဒရေ။ ဟီဠတိ။ ဘူဝါဒိဂိုဏ်း ဖြစ်ရကား၊ ဟီဠေတိ,မလို)။ ။
ဝိဂတိစ္ဆ ဇာတကံ စတုတ္ထံ။၂၄၄။