Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

178. Kacchapajātakaṃ (2-3-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဇနိတ္တံမေဘာဝိတ္တံမေ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောယဉ့်အနာရောက်သော အမျိုး၏သားကိုအကြောင်းပြု၍ဟောတော်မူ၏။

လိပ်သည်ဝေဒနာသို့ရောက်သည်ဖြစ်၍နေရာအရပ်၌ တပ်စွန်းခြင်းကိုစွန့်အံ့သောငှါမတတ်နိုင်သည်ဖြစ်၍ ဤသို့သောပျက်စီးခြင်းသို့ ရောက်ရ၏ဟုဆို၍ငိုကြွေးလိုရကား။ ။

(၂၀၇)ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ဣတိ ပင်္ကေ အဝဿယိံ။

တံ မံ ပင်္ကော အဇ္ဈဘဝိ၊ယထာ ဒုဗ္ဗလကံ တထာ။

တံ တံ ဝဒါမိ ဘဂ္ဂဝ၊သုဏောဟိ ဝစနံ မမ။

(၂၀၈)ဂါမေ ဝါ ယဒိ ဝါ ရညေ၊သုခံ ယတြာ-ဓိဂစ္ဆတိ။

တံ ဇနိတ္တံ ဘဝိတ္တဉ္စ၊ပုရိသဿ ပဇာနတော။

ယမှိ ဇီဝေ တမှိ ဂစ္ဆေ၊န နိကေတ-ဟတော သိယာ။ ။

ဟူသောဂါထာတို့ကိုဆို၏။ ။

(၂ဝ၇-၂ဝ၈)ဘဂ္ဂဝ၊ ဘဂ္ဂဝ။ ဣဒံဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဇနိတ္တံ၊ ဖွားရာအရပ်တည်း။ ဣဒံဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဘဝိတ္တံ၊ ကြီးပြင်းရာအရပ်တည်း။ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ပင်္ကေ၊ ညွန်၌။ အဝဿယိံ၊ နေမိချေ၏။ တံမံ၊ ထိုငါ့ကို။ ပင်္ကော၊ ညွန်သည်။ ဒုဗ္ဗလကံ၊ အားနည်းသောသူကို။ အဇ္ဈဘဝိယထာ၊ အားရှိသသူနှိပ်စက်သကဲ့သို့။ တထာ၊ ထို့အတူ။ အဇ္ဈဘဝိ၊ နှိပ်စက်၏။ (သေချက်မျက်မှောက်ရောက်စေသည်ဟူလို)။ တံတသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုပေအံ့။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဘိလတ်သေး။ ။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ ယတြ၊ အကြင်အရပ်၌။ သုခံ၊ ကိုယ်စိတ်နှစ်ပါး၌ ဖြစ်သောချမ်းသာကို။ အဓိဂစ္ဆတိ၊ ရ၏။ တံဌာနံ၊ ထိုအရပ်သည်။ ပဇာနတော၊ အကျိုးရှိသည်မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိသော။ ပုရိသဿ၊ ယောက်ျား၏။ ဇနိတ္တဉ္စ၊ ဖွားရာအရပ်သည်၎င်း။ ဘဝိတ္တဉ္စ၊ ကြီးပြင်းရာအရပ်သည်၎င်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ယမှိ၊ အကြင်အရပ်၌။ ဇီဝေ၊ အသက်ရှင်ရာ၏။ တမှိ၊ ထိုအရပ်သို့။ ဂစ္ဆေ၊ သွားရာ၏။ ဧဝံ၊ ဤသို့။ ဂစ္ဆန္တော၊ သွားသည်ရှိသော်။ နိကေတ-ဟတော၊ နေရာအရပ်သတ်အပ်သည်။ နသိယာ၊ မဖြစ်ရာ။

ဤသို့ထိုလိပ်သည်ဘုရားလောင်းနှင့်တကွစကားပြောဆိုလျက်သေ၏။ ။ ဘုရားလောင်းသည် ထိုလိပ်ကိုယူ၍အလုံးစုံသောရွာ၌နေကုန်သောသူတို့ကိုစည်းဝေးစေပြီးလျှင်။ ထိုလူတို့ကိုဆုံးမလို၍ဤသို့ဆို၏။ အချင်းတို့ဤလိပ်ကိုသင်တို့သည်ယူကြကုန်လော့။ ဤလိပ်သည်တစ်ပါးကုန်သောငါးလိပ်တို့၏ မြစ်ကြီးသို့သွားလေသောကာလ၌ မိမိ၏နေရာအရပ်၌တပ်စွန်းခြင်းကို ဖျက်ဆီးအံ့သောငှါမတတ်နိုင်သည်ဖြစ်၍၊ထိုငါးလိပ်တို့နှင့်တကွမသွားမူ၍ငါ၏မြေစိုင်ယူရာအရပ်သို့ဝင်၍နေ၏။ ထိုအခါငါသည်မြေစိုင်ကိုယူသည်ရှိသော်၊ လိပ်၏ကျောက်ကုန်းကို ပေါက်တူးကြီးဖြင့်ပေါက်မိ၍၊ မြေစိုင်ခဲကိုကဲ့သို့ကုန်း၌ကျစေ၏။ ဤလိပ်သည်မိမိ၏ပြုအပ်သောအမှုကိုအောက်မေ့၍နှစ်ဂါထာတို့ဖြင့်ငိုကြွေး၍သေ၏။ ဤသို့ဤလိပ်သည်မိမိနေရာအရပ်၌တပ်စွန်းခြင်းကိုပြု၍သေခြင်းသို့ရောက်၏။ သင်တို့သည်လည်းဤလိပ်နှင့်တူကုန်သည်မဖြစ်ကြကုန်လင့်။ ဤနေ့မှစ၍ ငါ၏ရူပါရုံ၊ငါ၏သဒ္ဒါရုံ၊ ငါ၏ဂန္ဓာရုံ၊ငါ၏ရသာရုံ၊ ငါ၏ဖောဋ္ဌဗ္ဗါရုံ၊ ငါ၏သား၊ငါ၏သ္မီး၊ငါ၏ကျွန်မိန်းမ၊ငါ၏ကျွန်ယောက်ျားအပိုင်းအခြား၊ငါ၏ဥစ္စာရွှေငွေဟု တဏှာ၏အစွမ်းအားဖြင့်၎င်း အသုံးအဆောင်၏အစွမ်းအားဖြင့်၎င်း မယူကြကုန်လင့်။ သတ္တဝါသည် တစ်ယောက်အထီးထည်းသာလျှင် ဘဝသုံးပါးတို့၌တစ်ပြောင်းပြန်ပြန်ဖြစ်၏ဟုဆို၏။ ဤသို့လျှင်ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့် လူများအားအဆုံးအမပေး၏။ ထိုအဆုံးအမသည်ဇမ္ဗူကျွန်းအလုံးကိုပြန်၍ခြောက်သောင်းအတိုင်းအရှည်ရှိကုန်သောနှစ်တို့ပတ်လုံးတည်၏။ လူများသည်ဘုရားလောင်း၏အဆုံးအမ၌တည်၍ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌နတ်ပြည်ကိုပြည့်စေ၏။ ဘုရားလောင်းသည်လည်း ထို့အတူသာလျှင် ကောင်းမှုတို့ကိုပြု၍နတ်ပြည်ကိုပြည့်စေ၏။ စွန့်ခွါမရက်၊ဇာတိကိုမက်သောကြောင့်၊ ပျက်စီးသောလိပ်အမိုက်ကို၊ နှလုံးပိုက်မိ၊သတိရသဖြင့်။ ဒါနသီလဘာဝနာကိုသာ။ ငါ့ငှါမှတ်လျက်၊မပျက်လမ်းမှန်၊ နိဗ္ဗာန်တိုင်ကောင်းစားလွယ်အောင်အကျယ်ဆိုလိုက်သည်။ (ဇာယတိဧတ္ထာတိဇနိတ္တံ။ ဘဝတိဧတ္ထာတိဘဝိတ္တံ,ဟု၊ အဓိကရဏသာမ်ဖြစ်၍၊ဝဒါဒီဟိဏိတ္တော,ယောဂဝိဘာဂဖြင့်ဇနိတ္တ,ဘဝိတ္တ,ပြီးသည်။ ။ ပဌမဂါထာ ခြောက်ပါဒ။ ဒုတိယဂါထာလည်းခြောက်ပါဒ။ နှစ်ဂါထာမျှဖြစ်၍၊ဒုကနိပါတ်၌ဟောသည်။ ပါဒများသည်ဟု သုံးဂါထာမယူသာ၊ ခြောက်ပါဒဂါထာရှိကြောင်းကို။ ။ ဒဏ္ဍကာစဏ္ဍဝုဋ္ဌာဒိ၊ပါဒေဟိဆဟိတီဟိတု။ ဂါထာတိစပရတ္ထေဝံ၊ဆန္ဒေါသညာပကာသိတာ။ ဟုဆန်းကျမ်းဆိုသည်)။

**ကစ္ဆပဇာတကံ အဋ္ဌမံ။**၁၇၈။