Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

253. Maṇikaṇṭhajātakaṃ (3-1-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မမန္နပါနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဏိကဏ္ဌဇာတ်ကို၊ အာဠဝီပြည်ကိုအမှီပြု၍ အဂ္ဂါဠဝစေတီ၌သီတင်းသုံးနေတော်မူစဉ်၊ ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ညီတော် ရသေ့သည်မဏိကဏ္ဌနဂါးမင်းကျောင်းသို့လာ၍ ရပ်စဉ်လျှင်နဂါးမင်းကို ဤသင်၏တန်းဆာဖြစ်သောပတ္တမြားကို ငါ့အားပေးလော့ဟုတောင်း၏။ ထိုနဂါးမင်းသည် မထိုင်မူ၍လျှင်ပြေး၏။ ထိုနောင် နှစ်ရက်မြောက်သောနေ့၌ ကျောင်းတံခါး၌ ရပ်၍လာစဉ်လျှင်ထိုနဂါးမင်းကို ယမန်နေ့ကငါ့အား ပတ္တမြားရတနာကိုသင်မပေး၊ ယနေ့ပေးလော့ဟုဆို၏။ နဂါးမင်းသည် ကျောင်းသို့မဝင်မူ၍လျှင်ပြေးလေ၏။ သုံးရက်မြောက်သောနေ့၌ကား ရေ၌ရပ်၍ပေါ်စဉ်လျှင် ထိုနဂါးမင်းကို ယနေ့ပတ္တမြားကိုတောင်းသောငါ့အားသုံးရက်ရှိပြီ။ ယခုငါ့အားထိုပတ္တမြားရတနာကို ပေးလော့ဟုဆို၏။ နဂါးမင်းသည်ရေ၌ရပ်၍ရသေ့ကိုပယ်လိုရကား။ ။

(၃၆၄)မမ-န္န-ပါနံ ဝိပုလံ ဥဠာရံ၊ဥပ္ပဇ္ဇတီ-မဿ မဏိဿ ဟေတု။

တံ တေ န ဒဿံ အတိယာစကော-သိ၊န စာပိ တေ အဿမမာဂမိဿံ။ ။

(၃၆၅)သုသူ ယထာ သက္ခရ-ဓောတ-ပါဏိ၊တာသေသိ-မံ သေလံ ယာစမာနော။

တ-န္တေ န ဒဿံ အတိယာစကော-သိ၊န စာပိ တေ အဿမ-မာဂမိဿံ။ ။

ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၆၄-၃၆၅)ဘောတာပသ၊ အိုရသေ့။ ဣမဿမဏိဿ၊ ဤပတ္တမြား၏။ ဟေတု၊ အကြောင်းကြောင့်။ မမ၊ ငါအား။ ဝိပုလံ၊ ပြန့်ပြောသော။ ဥဠာရံ၊ မြတ်သော။ အန္န-ပါနံ၊ နတ်ဘောဇဉ်နတ်အဖျော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ နဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ ကာလပမာဏကိုလွန်၍ တောင်းများသည်။ အသိ၊ ဖြစ်၏။‌ တေ၊ သင်၏။ အဿမဉ္စာပိ၊ ကျောင်းသို့လည်း။ နအာဂမိဿံ၊ ငါမလာအံ့။ ။

သက္ခရဓောတပါဏိ၊ ကျောက်၌သွေးအပ်သောဓားလက်နက်စွဲသော။ သုသု၊ လုလင်ပျိုသည်။ တာသေတိယထာ၊ သင့်ဦးခေါင်းကို ဖြတ်အံ့ဟုဆိုလျက်ခြိမ်းခြောက်သကဲ့သို့။ တထာ၊ ထို့အတူ။ သေလံ၊ ပတ္တမြားကို။ ယာစမာနော၊ တောင်းများသော။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ တာသေသိ၊ ကြောက်စေ၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ နဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ ကာလပမာဏကိုလွန်၍တောင်းများသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ အဿမဉ္စာပိ၊ ကျောင်းသို့လည်း။ နအာဂမိဿံ၊ ငါမလာအံ့။ ။

ဤသို့ဆို၍ ထိုနဂါးမင်းသည် ရေ၌ငုပ်၍မိမိနေရာ နဂါးဘုံသို့လျှင်သွား၍တဖန်မလာ။ ။

ထိုအခါထိုရသေ့သည် ရှုဖွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာကြုံလှီ၏။ အဆင်းမလှသည်ဖြစ်၏။ ဖက်ရွက်လျော်ကဲ့သို့ဖြော့တော့ရှိသည်ဖြစ်၏။ အကြောပြိုင်းပြိုင်းထသောကိုယ်ရှိသည်ဖြစ်၏။ ထိုအခါနောင်တော်ရသေ့သည်ညီတော်ရသေ့၏အကြောင်းအရာကိုသိရအောင် ညီတော်ရသေ့ထံသို့သွား၏။ လွန်စွာလျှင် ဖြော့တော့ခြင်းရှိသောညီတော်ရသေ့ကိုမြင်၍၊ သျှင်ရသေ့၊ သင်သည်အဘယ့်ကြောင့်လွန်စွာဖြော့တော့ခြင်းဖြစ်သနည်းဟုဆို၍ ရှုဖွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာလျှင်ဖြော့တော့ ခြင်းဖြစ်၏ဟူသောစကားကိုကြား၍ ဤရသေ့သည်နဂါးမင်းနှင့် ကင်းအံ့သောငှါလည်းမတတ်နိုင်ဟုမှတ်၍။ ။

(၃၆၆)န တံ ယာစေ ယဿ ပိယံ ဇိဂီသေ၊ပိဒေဿော ဟောတိ အတိယာစနာယ။

နာဂေါ မဏိံ ယာစိတော ဗြာဟ္မဏေန၊အ-ဒဿနံယေ-ဝ တဒါ-ဇ္ဈဂမာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၃၆၆)ဘောတာပသ၊ အိုရသေ့။ ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။ ယံဘဏ္ဍံ၊ အကြင်ဥစ္စာကို။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ ဇိဂီသေဇာနေယျ၊ သိရာ၏။ တံ၊ ထိုချစ်အပ်သောဥစ္စာကို။ နယာစေ၊ မတောင်းရာ။ အတိယာစနာယ၊ ပမာဏကိုလွန်၍ တောင်းခြင်းကြောင့်။ ဒေဿောအပ္ပိယော၊ မချစ်မူ၍မုန်းသည်။ ဟောတိ၊ ဖြစ်၏။ ဗြာဟ္မဏေန၊ ရသေ့သည်။ မဏိံ၊ ပတ္တမြားကို။ ယာစိတော၊ တောင်းအပ်သော။ နာဂေါ၊ နဂါးမင်းသည်။ တဒါ၊ ထိုတောင်းသောအခါမှ။ ပဋ္ဌာယ၊ စ၍။ အဒဿနံယေဝ၊ ရသေ့မမြင်ရာအရပ်သို့သာလျှင်။ အဇ္ဈဂမာ၊ သွားလေပြီ။ ။

(နစာပိတေ,၌၊စာပိ,ဟူသော သမ္ပိဏ္ဍနနိပါတ်ဖြင့်သက်သက်မပေးရုံသာမဟုတ်သေး၊ သင်၏ကျောင်းသို့လည်းတဖန်မလာပြီဟုပေါင်းသတည်း။ ။ အာဂန္တွာသမန္တိ ဧတ္ထာတိ အဿမော။ ။ အာရှေးရှိသောသမုဓာတ်။ သဒွေးဘော်ရောက်၍အာရဿဖြစ်သည်။ ။ ဒေဿော၌၊ ဒိသိအပ္ပီတိယံ၊ သဒွေးဘော်ရှိလျက် ပုဒ္ဓိရောက်သည်)။ ။

မဏိကဏ္ဌဇာတကံ တတိယံ။၂၅၃။