Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

373. Mūsikajātakaṃ (5-3-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကုဟိံ ဂတာ ကတ္ထ ဂတာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမူသိကဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အဇာတသတ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

အရှင်မင်းသား၊ အရှင်မင်းသား၏ ခမည်းတော်ကို တစ်စုံတစ်ခုသော ဥပါယ်ဖြင့်သတ်၍ မင်းအဖြစ်ကို ယူလော့ဟု အလုပ်အကျွေးတို့ဆိုကုန်၏။ ထိုမင်းသားသည်၊ ကောင်းပြီဟု နန်းတွင်းဝယ် ညအခါ မင်း၏ရေချိုးရာ ရေကန်အနီးသို့သွား၍၊ ထိုအရပ်၌ မင်းကိုသတ်အံ့ဟု သန်လျက်ကို ကိုင်၍ရပ်၏။ မင်းသည် ညချမ်းအခါ၌ မူသိကာမည်သော ကျွန်မကို သင်သည် သွား၍ရေကန်အပြင်၌ သုတ်သင်၍လာလော့၊ ငါရေချိုးအံ့ဟုသန်လျက်ကိုကိုင်၍ သွားစေ၏။ မူသိကာသည်သွား၍ ရေကန်အပြင်၌ သုတ်သင်သည်ရှိသော်မင်းသားကိုမြင်၏။ မင်းသားသည် မိမိအမှုထင်ရှားဖြစ်အံ့သည်မှ ကြောက်သောကြောင့် မူသိကာကိုနှစ်ပိုင်းဖြတ်၍ရေကန်၌ ချ၏။ မင်းသည်ရေချိုးအံ့သောငှါသွား၏။ ကြွင်းသောသူအပေါင်းသည် ယနေ့မူသိကာမည်သောကျွန်မသည် တဘန်မလာ။ အဘယ်သို့သွားသနည်းဟုဆို၏။ ။ မင်းသည်။ ။

(၈၂၉)ကုဟိံ ဂတာ ကတ္ထ ဂတာ၊ဣတိ လာလပ္ပတီ ဇနော။

အဟမေဝေကော ဇာနာမိ၊ဥဒပါနေ မူသိကာ ဟတာ။ ။

ဟူသောရှေးဦးစွာသော ဂါထာကို ရွတ်လျက်ရေကန်ကမ်းနားသို့သွား၏။ ။

(၈၂၉)မူသိကာ၊ မူသိကာသည်။ ကုဟိံ၊ အဘယ်သို့။ ဂတာ၊ သွားသနည်း။ ကတ္ထ၊ အဘယ်သို့။ ဂတာ၊ သွားသနည်း။ ဣတိ၊ ဤသို့။ ဇနော၊ လူများသည်။ လာလပ္ပတေ၊ မြည်တမ်း၏။ မူသိကာ၊ မူသိကာကို။ ဥဒပါနေ၊ ရေကန်၌။ ဟတာ၊ မင်းသားနှစ်ပိုင်းဖြတ်၍ သတ်အပ်ပြီး၍။ ပါတိတာတိ၊ ချအပ်ပြီဟူ၍။ ဧကော၊ တစ်ယောက်သော။ အဟမေဝ၊ ငါသည်သာလျှင်။ ဇာနာမိ၊ သိ၏။ ။

မင်းသားသည်ငါပြုအပ်သောအမှုကို ငါ၏ခမည်းတော် သိအပ်ပြီဟုပြေး၍ထိုအကြောင်းကို အလုပ်အကျွေးတို့အားကြား၏။ ထိုအလုပ်အကျွေးတို့သည် ခုနှစ်ရက်လွန်လတ်သော် တဘန်ထိုမင်းသားကို၊ ရှင်မင်းသား၊ မင်းသည်အကယ်၍သိငြားအံ့။ ဆိတ်ဆိတ်မနေရာ။ သင်မင်းသားအား ကြံ၍ဆိုသည်ဖြစ်လတ္တံ့။ ခမည်းတော်ကို သတ်လော့ဟုဆိုကုန်၏။ မင်းသားသည်တဘန်တစ်နေ့သ၌ သန်လျက်စွဲလျက်စောင်းတန်းခြေရင်း၌ ရပ်၍မင်းသည်လာသောကာလ၌ထိုမှဤမှသတ်ခွင့်ကိုကြည့်၏။ ။ မင်းသည်။

(၈၃၀)ယဝေ တံ ဣတိ စီတိ စ၊ဂဒြဘောဝ နိဝတ္တသိ။

ဥဒပါနေ မူသိကံ ဟန္တွာ၊ယဝံ ဘက္ခေတုမိစ္ဆသိ။ ။

ဟူသောဤဒုတိယဂါထာကိုသရဇ္ဈာယ်၍သွား၏။ ။

(၈၃၀)တွံ၊ သင်သည်။ ဣတိစီတိစဣတောစီတောစ၊ ထိုမှဤမှလည်း။ ပဟရဏောကာသံ၊ သတ်ခွင့်ကို။ ဩလောကေန္တော၊ ကြည့်လျက်။ (ထည့်)။ ယဂေ၊ မယောခင်း၌။ ဂဒြဘောဝ၊ မြည်းကဲ့သို့။ နိဝတ္တသိ၊ နစ်၏။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ ငါသိ၏။ ပုရိမဒိဝသံ၊ ရှေးနေ့၌။ မူသိကံ၊ မူသိကာကို။ ဥဒပါနေ၊ ရေကန်၌။ ဟန္တွာ၊ သတ်ချပြီး၍။ အဇ္ဇ၊ ယနေ့။ ယဝံ၊ ငါယဝမင်းကို။ ဘက္ခေတုံ၊ သတ်ခြင်းငှါ။ ဣစ္ဆသိ၊ အလိုရှိ၏။ ။

မင်းသားသည် ခမည်းတော်သည် ငါ့ကို မြင်ပြီဟုထိတ်လန့်၍ပြေး၏။ မင်းသားသည် တဘန်လခွဲကိုလွန်စေ၍ မင်းကိုယောက်မဖြင့် ရိုက်သတ်အံ့ဟုရှည်သော အရိုးရှိသောတစ်ခုသော ယောက်မကိုကိုင်၍ရပ်၏။ မင်းသည်။ ။

(၈၃၁)ဒဟရော စာ-သိ ဒုမ္မေဓ၊ပဌမု-ပ္ပတ္တိကော သုသု။

ဒီဃ-ဉ္စေ-တံ သမာပဇ္ဇ၊န တေ ဒဿာမိ ဇီဝိတံ။ ။

ဟူသောဤတတိယဂါထာကိုရွတ်လျက်စောင်းတန်းထိပ်သို့တက်၏။

(၈၃၁)ဒုမ္မေဓ၊ ပညာနည်းသောမင်းသား။ တွံ၊ သင်သည်။ ဒဟရော၊ ငယ်သည်။ ပဌမုပ္ပတ္တိကော၊ ပဌမအရွယ်၌တည်သည်။ သုသုစ၊ ပျိုမျစ်သည်လည်း။ အာသိ၊ ဖြစ်၏။ ဒီဃံ၊ ရှည်သောအရိုးရှိသော။ ဧတဉ္စ၊ ဤရိုက်နှက်စရာယောက်မကိုလည်း။ သမာပဇ္ဇဂဟေတွာ၊ ကိုင်၍။ ဩလမ္ဗေတွာ၊ ထောက်၍။ ဌိတော၊ တည်သည်။ အာသိ၊ ဖြစ်၏။ တေ၊ သင်အား။ ဇီဝိတံ၊ အသက်ကို။ နဒဿာမိ၊ ယနေ့ငါမပေးအံ့။ ။

ထိုမင်းသားသည် ထိုနေ့၌ ပြေးအံ့သောငှါမတတ်နိုင်၍၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်အားအသက်ကို ပေးလော့ဟုမင်း၏ခြေရင်း၌ရပ်၏။ မင်းသည် မင်းသားကို ခြိမ်းခြောက်၍သံခြေချင်းတို့ဖြင့် နှောင်ဘွဲ့စေ၍ နှောင်အိမ်၌သွင်းစေ၍ ထီးဖြူအောက်ဝယ်တန်းဆာဆင်အပ်သောမင်း၏ နေရာ၌နေ၍ ငါတို့ဆရာဒိသာပါမောက္ခ ပုဏ္ဏားသည် ငါ၏ဤအန္တရာယ်ကိုမြင်၍ဤသုံးဂါထာတို့ကိုဆို၏။ ဟု-ရွှင်လန်းနှစ်သက်လျက် ဥဒါန်းကျူးလိုရကား။ ။

(၈၃၂)နာ-န္တလိက္ခ-ဘဝနေန၊နာ-င်္ဂ-ပုတ္တ-ပိနေန ဝါ။

ပုတ္တေန ဟိ ပတ္ထယိတော၊သိလောကေဟိ ပမောစိတော။ ။

(၈၃၃)သဗ္ဗံ သုတ-မဓီယေထ၊ဟီန-မုက္ကဋ္ဌ-မဇ္ဈိမံ။

သဗ္ဗဿ အတ္ထံ ဇာနေယျ၊န စ သဗ္ဗံ ပယောဇယေ။

ဟောတိ တာဒိသကော ကာလော၊ယတ္ထ အတ္ထာဝဟံ သုတံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၈၃၂-၈၃၃)အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ အန္တလိက္ခဘဝနေန၊ ကောင်းကင်ဗိမာန်၌တက်၍နေသဖြင့်။ မရဏတော၊ သေဘေးမှ။ ပမောစိတော၊ လွတ်စေအပ်သည်။ နအမှိ၊ မဖြစ်။ အင်္ဂပုတ္တပိနေနဝါ၊ အင်္ဂါကြီးငယ်နှင့်တူသောသား၏ ချစ်ခြင်းဖြင့်မူလည်း။ ပမောစိတော၊ လွတ်စေအပ်သည်။ နအမှိ၊ မဖြစ်။ ဟိသစ္စံ၊ မှန်၏။ ပုတ္တေန၊ ငါ၏ချစ်စွာသောသားသည်။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါ့ကို။ မာရေတုံ၊ သတ်ခြင်းငှါ။ ပတ္ထယိတော၊ တောင့်တအပ်၏။ သောအဟံ၊ ထိုငါသည်။ သိလောကေဟိ၊ ဆရာသည်ဖွဲ့၍ ပေးအပ်သောဂါထာ,ထိုဆရာ၏ဂါထာတို့သည်။ ပမောစိတော၊ သေဘေးမှထွက်စေအပ်သည်။ အမှိ၊ ဖြစ်၏။ ။

ဟီနမုက္ကဋ္ဌမဇ္ဈိမံ၊ အယုတ်အမြတ်အလတ်ဖြစ်သော။ သဗ္ဗံ၊ အလုံးစုံသော။ သုတံ၊ အကြားအမြင်ကို။ အဓီယေထသိက္ခေယျ၊ သင်ရာ၏။ သဗ္ဗဿ၊ အလုံးစုံသောသုတ၏။ အတ္ထံ၊ အနက်ကို။ ဇာနေယျ၊ သိအောင်ပြုရာ၏။ သဗ္ဗံ၊ ယုတ်သည်မူလည်းဖြစ်စေ, အလတ်မူလည်းဖြစ်စေ, အလုံးစုံသောမန္တန်ကို။ နစပယောဇယေ၊ မယှဉ်ရာ။ ။

(မြတ်သောမန္တန်ကိုသာလျှင်မှီဝဲရာ၏ယှဉ်ရာ၏ဟူလိုသည်)။ ။ ယတ္ထယသ္မိံကာလေ၊ အကြင်ကာလ၌။ သုတံ၊ အကြားအမြင်အတတ် ပညာသုတသည်။ အတ္ထာဝဟံ၊ အစီးအပွါးကိုဆောင်နိုင်သည်။ ဟောတိ၊ ၏။ တာဒိသကော၊ ထိုသို့သဘောရှိသော။ ကာလော၊ ကာလသည်။ ဟောတိ၊ ဖြစ်သည်သာတည်း။ ။ (ပေါက္ခရဏိယံ,ဟု-အဋ္ဌကထာဖွင့်ရကား။ ဥဒပါနသည်ဤ၌ရေကန်ကိုဟောသည်။ ။ ယသ္မာတံဣတိစီတိစဣတော စိတောစ ပဟရဏော ကာသံ ဩလောကေန္တော ယဝေဂဒြဘောဝ နိဝတ္တသိ၊ တသ္မာ တံဇာနာမိ,ဟု-အဋ္ဌကထာရှိရကား။ ဣတိစီတိစ,လိုသည်။ ဣတိစီတိစ,ကို ဣတောစိတောစ,ဘွင့်သည်။ ဣတိစိန္တိစ,ဟု-ရေးမှား၍ပင်ရှိငြားသော်လည်း။ ဣတောစိတောစ,ဟူသောအဘွင့်နှင့်အင်းမကိုက်။ ဣတိစီတိစ,ရှိမှလျှင် ဣတောစိတောစ,ဟူသောအဖွင့်နှင့်အင်းကိုက်သည်။ ။ သတိမရဉာဏ်မဝသည်၏ အဖြစ်ကြောင့်၎င်း၊ ပျင်းရိသည်၏အဖြစ်ကြောင့်၎င်း သဒ္ဒါပျက်ကိုဆိုမိသော်လည်း အနက်ကိုရှာသည်ရှိသော် သဒ္ဒါကောင်း၏အဖြစ်ကိုပညာရှိကသိအပ်၏။ ပမာသော်ကား။ အမု,ဟူ၍ သဒ္ဒါပျက်ကို ဆိုမိသော်လည်း အနက်ကိုရှာသည်ရှိသော် အမ္မ,ဟူသော သဒ္ဒါကောင်း၏အဖြစ်ကို သိအပ်၏သို့တည်း။ ထိုကြောင့်။ ။ အသတိတ္တာလသတ္တာစ၊ အပသဒ္ဒေပိ သာဓုတာ။ အတ္ထေသနေယထာမူတိ၊ပုတ္တေပျမ္မာတိမနုတေ။ ။ဟု-သဒ္ဒဝိဒူတို့ဆိုကုန်သည်။ ။ ပဌမုပ္ပတ္တိကောတိ ပဌမဝယေန ဥပ္ပတ္တိကော ဥပ္ပတ္တိတော, ဘွင့်သည်ကားသဒ္ဒါနက်။ ပဌမဝယေဌိတေါ,ဘွင့်သည်ကား အဓိပ္ပါယ်နက်။ ပဌမုပ္ပတ္တိတော,ဟု-ဒန္တဇနှင့်ရှိသည်ကား မသင့်။ ။ သမာပဇ္ဇာတိဂဟေတွာ,အဋ္ဌကထာဖွင့်ရကား သံရှေးအာရှေးရှိသော ပဒဓာတ်သည် အနေကတ္ထဖြစ်၍ ဂဟဏအနက်ကို ဟောသည်ယူ။ ။ ဩလမ္ဗေတွာ ဌိတောသီတိ အတ္ထော,ဆက်ပြန်သည်ကား အဓိပ္ပါယတ္ထ။ ။ အန္တလိက္ခဘဝနံဝုစ္စတိဒိဗ္ဗဝိမာနံ။ အဟံအဇ္ဇအန္တလိက္ခဘဝနံပိနအာရူဠှော။ တသ္မာ နာန္တလိက္ခဘဝနေနါပိအဇ္ဇမရဏတောပမောစိတောမှိ,ဟု-အဋ္ဌကထာဘွင့်သည့်အလို။ အန္တလိက္ခ ဘဝနသည် ကောင်းကင်ဗိမာန်ကို ဟောသည်ကားမုချ။ ဗိမာန်၌တက်၍နေခြင်းကြိယာကားဥပစာ။ ။ နစသဗ္ဗံပယောဇယေတိ ဟီနံမန္တံမဇ္ဈိမံဝါသဗ္ဗံနပယောဇယေ။ ဥတ္တမမေဝသေ ဝေယျာတိအတ္ထော။ (အဋ္ဌကထာ)။ တနည်း။ အလုံးစုံသော အတတ်ပညာဝိဇ္ဇာသုတကိုကာလမဟုတ်သည်၌, မယှဉ်အပ်။ ကာလမဟုတ်သည်၌ ယှဉ်သော် သဉ္ဇီဝလုလင်ကဲ့သို့ ဘေးပင်ရောက်သေးသည်ဟူလို။ ထိုကြောင့် ဟောတိတာဒိသကော ကာလော။ ယတ္ထအတ္ထာ ဝဟံသုတံ,ဟူသောဝ်။ ။ ယတ္ထအတ္ထာ ဝဟံသုတန္တိ ယသ္မိံ ကာလေ မဟောသဓ ပဏ္ဍိတောကုမ္ဘကာရကမ္မကရဏံဝိယယံကိဉ္စိသိက္ခိတံ သိပ္ပံအတ္ထာဝဟံ ဟောတိ၊ တာဒိသောပိ ကာလောဟောတိ ယေဝါတိအတ္ထော။(အဋ္ဌကထာ)။ ။

မူသိကဇာတကံ တတိယံ။၃၇၃။