Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

24. Ājaññajātakaṃ

Author: နိဿယ-1 @ IAPT

(၂၄) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ယဒါယဒါ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤအာဇညဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်၊လျော့သောဝီရိယရှိသောရဟန်းကိုပင်လျှင် အကြောင်းပြု၍ဟောတော်မူ၏။ ။

သာရထိ၊ ရထားစီးသူရဲ။ ယဒါယဒါ၊ ပုဗ္ဗနှစသည်တို့တွင်အကြင်အကြင်သို့သဘောရှိသောကာလ၌။ ယတ္ထ၊ ခရီးမူလည်းဖြစ်စေစပ်မြေမှုလည်းဖြစ်စေအကြင်သို့သဘောရှိသောအရပ်၌။ ယဒါ၊ အကြင်သို့ သဘောရှိသောခဏ၌။ ယတ္ထယတ္ထ၊ သူရဲသိမ်းစုဗိုလ်ထုခုနှစ်ပါးတို့၏အစွမ်းဖြင့် အကြင်အကြင်သဘောရှိသော များကုန်သောစစ်ထိုးရာတို့၌။ ယဒါယဒါ၊ လက်နက်ဒဏ်ချက်ကို ရသောကာလမူလည်း ဖြစ်စေ မရသောကာလမူလည်းဖြစ်စေအကြင်အကြင်သို့သောကာလ၌။ အာဇညော၊ ရထားထိန်း၏စိတ်နှစ်သက်သောအကြောင်းကို သိတတ်သောသဘောရှိသော သိန္ဓောမြင်းသည်သာလျှင်။ ဝေဂံ၊ သည်းသောလုံ့လကို။ ကုရုတေ၊ ပြု၏။ တတ္ထတသ္မိံ ဝေဂေကရိယမာနေ၊ ထိုသည်းသောလုံ့လကိုပြုအပ်သည်ရှိသော်။ ဝါဠဝါ၊ မြင်းညံ့မြင်းယုတ်တို့သည်။ ဟာယန္တိ၊ ယုတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမသ္မိံရထေ၊ ဤရထား၌။ မညေဝ၊ ငါ့ကိုသာလျှင်။ ယောဇေဟိ၊ ကလော့။ ။

အာဇညဇာတကံစတုတ္ထံ။၂၄။