နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုသုခံဝတဇီဝန္တိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝိဃာသာဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကစားလေ့ရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည်သိကြားမင်းဖြစ်၏။ မထင်မရှားသော ကာသိကရွာ၌ ခုနှစ်ယောက်ကုန်သောညီနောင်တို့သည် ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တော၏အလယ်၌နေလျက် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကိုမပြုမူ၍၊ ကိုယ်ဆူဖြိုးခြင်းကိုပြုခြင်း များကုန်သည်ဖြစ်၍၊ အထူးထူးအပြားပြားသော ကစားခြင်းတို့ကို ကစားလျက် သွားကုန်၏။ သိကြားမင်းသည် ဤရသေ့တို့ကို ထိတ်လန့်စေအံ့ဟု ကျေးသားဖြစ်၍။ ထိုသူ၏နေရာအရပ်သို့သွား၍ တစ်ခုသောသစ်ပင်၌နား၍ ရသေ့တို့ကိုထိတ်လန့်စေလိုရကား။ ။
(၉၇၂)သုသုခံ ဝတ ဇီဝန္တိ၊ယေ ဇနာ ဝိဃာသာဒိနော။
ဒိဋ္ဌေဝ ဓမ္မေ ပါသံသာ၊သမ္ပရာယေ စ သုဂ္ဂတိံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါရသေ့တို့တွင် တစ်ယောက်သောရသေ့သည် ကျေးသား၏စကားကိုကြား၍ ကြွင်းသောရသေ့တို့ကိုခေါ်၍။ ။
(၉၇၃)သုကဿ ဘာသမာနဿ၊န နိသာမေထ ပဏ္ဍိတာ။
ဣဒံ သုဏာထ သောဒရိယာ၊အမှေဝါယံ ပသံသတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုအခါ ရသေ့တို့ကိုပယ်လိုသည်ဖြစ်၍ကျေးသားသည်။ ။
(၉၇၄)နာဟံ တုမှေ ပသံသာမိ၊ကုဏပါဒါ သုဏာထ မေ။
ဥစ္ဆိဋ္ဌဘောဇနာ တုမှေ၊န တုမှေ ဝိဃာသာဒိနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့တို့သည် ကျေးသား၏စကားကိုကြားကုန်၍။ ။
(၉၇၅)သတ္တဝဿာ ပဗ္ဗဇိတာ၊မဇ္ဈေရညေ သိခဏ္ဍိနော။
ဝိဃာသေနေဝ ယာပေန္တာ၊မယံ စေ ဘောတော ဂါရယှာ။
ကေ နု ဘောတော ပသံသိယာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ထိုရသေ့တို့ကိုရှက်စေလိုသည်ဖြစ်၍ဘုရားလောင်းသည်။ ။
(၉၇၆)တုမှေ သီဟာနံ ဗျဂ္ဃါနံ၊ဝါဠာနဉ္စာဝသိဋ္ဌကံ။
ဥစ္ဆိဋ္ဌေနေဝ ယာပေန္တာ၊မညိဝှော ဝိဃာသာဒိနော။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ရသေ့တို့သည် ငါတို့သည်။ ဝိဃာသာဒိမမည်ကုန်အံ့၊ ထိုသို့ဖြစ်သော်လည်းအဘယ်သူသည် ဝိဃာသာဒိမည်သနည်း ဟုမေးကြကုန်၏။ ထိုအခါ ဘုရားလောင်းကျေးသားသည်ထိုအကြောင်းကိုကြားလို၍။ ။
(၉၇၇)ယေ ဗြာဟ္မဏဿ သမဏဿ၊အညဿ ဝါဝနိဗ္ဗိနော။
ဒတွာဝ သေသံ ဘုဉ္ဇန္တိ၊တေ ဇနာ ဝိဃာသာဒိနော။ ။
ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။
(၉၇၇)ယေဇနာ၊ အကြင်သူတို့သည်။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား၎င်း။ သမဏဿ၊ ရဟန်းအား၎င်း။ အညဿ၊ ရဟန်းပုဏ္ဏားမှတစ်ပါးသော။ ဝနိဗ္ဗိနောဝါ၊ တောင်းစားတတ်သောသူအား၎င်း။ ဒတွာ၊ ပေးလှူ၍။ အဝသေသံ၊ အကြွင်းကို။ ဘုဉ္ဇန္တိ၊ စားကုန်၏။ တေဇနာ၊ ထိုသူတို့သည်။ ဝိဃာသာဒိနော၊ ဝိဃာသာဒိမည်ကုန်၏။ ။
(ဥစ္ဆိဋ္ဌန္တိပရေဟိအက္ခာယိတသေသံ။(ဋီကာ)။ ။ မညိဝှေါ၌ဝှေါဝိဘတ်။ ဝနိဗ္ဗိနောတိတံတံဘဏ္ဍံယာစကဿ။(အဋ္ဌကထာ)။ ။
ဝိဃာသာဒဇာတကံ အဋ္ဌမံ။၃၉၃။